Monday, February 03, 2014

KIA မှတောင်းသော တစ်နှစ်စာ ဆက်ကြေးငွေများပြား၍ ဈေးဆိုင်ပိုင်ရှင်များ အခက်ကြုံ

Posted by drmyochit Monday, February 03, 2014, under | No comments

ကချင်ပြည်နယ် ရှင်ဗွေယန်မြို့နယ် ခလုံးရေဆိပ်အနီးတွင် ဈေးဆိုင်ဖွင့် လှစ်ရောင်းချလျက်ရှိသည့် ဆိုင်ပိုင်ရှင် များအား ဇန်န၀ါရီ ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် KIA မှ တောင်းခံသော ဆက်ကြေးငွေမှာ အလွန်များပြား နေ၍ ပေးဆောင်ရန် အခက်ကြုံနေကြကြောင်း ယင်းရေဆိပ်ဝန်းကျင်ရှိ ဒေသခံအချို့ထံမှ သိရသည်။

“ မနှစ်ကတော့ တစ်ဆိုင်ကို တစ်နှစ်စာ ဆက်ကြေးငွေ ၅ သိန်း သွင်းရ တာတော့ သေချာတယ် ၊ အဲဒါကြောင့် ဒီရေဆိပ်မှာ ဆက်ပြီး ဈေးရောင်းခွင့် ပြုတာပါ၊ ဒီနှစ်အတွက် ဘယ်လောက်တောင်းလဲတော့ မသိဘူး ” ဟု ရွာသားတစ်ဦးက ဆိုသည်။

အဆိုပါ ရေဆိပ်အနီးတွင် ဈေးဆိုင် (၅) ဆိုင်ခန့်ရှိပြီး KIA အဖွဲ့အား နှစ်စဉ် ဆက်ကြေးငွေ ပေးဆောင်၍ ရောင်းချနေရကြောင်း၊ ၂၀၁၄ -၁၅ ခုနှစ်အတွက် တောင်းထားသော ဆက်ကြေးငွေအား ဇန်န၀ါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးသွင်းရမည်ဖြစ်၍ အချို့ဆိုင်များမှာ ပေးသွင်းနိုင်သော်လည်း အချို့မှာ ငွေပမာဏများ လွန်းသောကြောင့် အခက်အခဲဖြစ်နေကြောင်း၊ ဈေးဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူ ရွာသားတစ်ဦး၏ ပြောပြချက် အရ သိရသည်။

“ ဈေးဆိုင်ပိုင်ရှင်တွေကတော့ ပြောရဲမှာ မဟုတ်ဘူး၊ KIA က သိသွားရင် မလွယ်ဘူးလေ၊ ဈေးမရောင်းရတဲ့ အပြင် အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်လေ၊ တစ်ချို့ ဈေးဆိုင်တွေဆိုရင် အရှုံးပေါ်နေလို့ မရောင်းတော့ ဘူး လို့တောင်ပြောသံကြားတယ် ” ဟု ရေဆိပ်၌ စက်လှေမောင်းနေသော ရွာသားတစ်ဦးက ပြောကြားသွား သည်။

ဈေးဆိုင်ပိုင်ရှင်များမှာ KIA အဖွဲ့မှ တောင်းသော ဆက်ကြေးငွေ အဆမတန်များပြားလွန်းသော်လည်း မိသားစု စားဝတ်နေရေးအတွက် ဆက်လက်ဖွင့်လှစ်ရောင်းချနေရခြင်းဖြစ်ကြောင်း ၊ ယခင်နှစ်က ၅ သိန်းသွင်းရသော် လည်း ယခုနှစ်အတွက် တောင်းသော ဆက်ကြေးငွေမှာ ၁၀ သိန်းမှ ၁၅ သိန်းအထိ ဖြစ်နေ၍ ဈေးဆိုင် ပိုင်ရှင်များမှာ ဈေးရောင်းရန်ထက် KIA အား ဆက်ကြေးပေးရန်သာ ငွေရှာနေရကြောင်း ဈေးဆိုင်ပိုင်ရှင်နှင့် ရင်းနှီးသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ၏ ပြောပြချက်အရ သိရှိရပါသည်။

နေမိုင်
Kachin Daily News

ချစ်သူများနေ့မှာ လက်ထပ်မယ့် ဝိုင်းစုခိုင်သိန်း

Posted by drmyochit Monday, February 03, 2014, under | No comments

ဖေဖော်ဝါရီ ၃ ရက် ၂၀၁၄ ခုနှစ်

အဆိုတော် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက သူ့ချစ်သူ ကိုဥက္ကာမြင့်ကြူ နဲ့ လက်ထပ်မယ့်ရက်မြတ်ကတော့ ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့ ဖြစ်ပါတယ်။

ဒီရက်ကို ရွေးချယ်ခြင်းက အမှတ်တရပိုဖြစ်ခြင်းလို အားသာချက်တွေ ရှိသလို မင်္ဂလာဧည့်ခံပွဲခန်းမမှာ မင်္ဂလာဆောင်တွေ နာရီမလပ် များလွန်းတာမျိုးလို အားနည်းချက်တွေ ရှိပါတယ်။

ဘယ်လို အားနည်းချက်ပဲ ရှိပါစေ .... သူတို့ကတော့ အဲဒီနေ့ကို ရွေးလိုက်ကြပါပြီ။

အလှရိုက်ပုံတွေကိုတော့ သူတို့က မင်္ဂလာပွဲမတိုင်ခင် ရက် ၉ဝ လောက် ကြိုတင် ရိုက်ကူးထားကြသူတွေပါ။

ဒီနေ့ခေတ် မင်္ဂလာဆောင်တွေဟာ ကြိုတင်ပြင်ဆင်မှုတွေ၊ ကိန်းကြီးခန်းကြီးနိုင်မှုတွေ၊ ဖေဖော်ဝါရီ ၁၄ လို နေ့ကောင်းရက်သာမျိုးကို ရွေးချယ်တာတွေကတော့ မနေ့ကခေတ်နဲ့ တကယ်ကို မတူတော့တဲ့အချက်တွေပါပဲ။

ထင်ရှားတဲ့သူတွေ အိမ်ထောင်ပြုတာ လူသိပ်မသိတဲ့ခေတ်ကနေ အခုတော့ လူသိရှင်ကြား မင်္ဂလာပြုကြတဲ့ခေတ်ကို ရောက်နေပါပြီ။
ခေတ်ကလည်း ပိုမို ပွင့်လင်းလာ၊ လျှို့ဝှက်ဖို့ ခက်ခဲလာတဲ့အတွက် လူသိမှာကို ပူပင်ခြင်း မရှိတော့တာဖြစ်ပါလိမ့်မယ်။
လူငယ်တွေဟာ ဖေဖော်ဝါရီ ၁၄ ကို စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဆန်တဲ့နေ့အဖြစ် သတ်မှတ်ပြီး လက်ထပ်ပွဲအတွက် ရွေးချယ်ကြ၊ အထူး တွေ့ဆုံမှုအဖြစ် ရွေးချယ်လာကြပါပြီ။ လာမယ့်နှစ်များမှာလည်း ဒီလိုပဲ ဖြစ်လာမယ်လို့ ယူဆရပါတယ်။

The Irrawaddy

(ဝိုင်းစုရဲ့ Facebook မြင်ကွင်းတခု)

"ကြောက်လန့်ဖွယ်ရာ ဒု-သ-န-သော အကြောင်း"

Posted by drmyochit Monday, February 03, 2014, under | No comments


အရပ်စကားတစ်ခုရှိပါတယ်။
ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယ လွန်ကျူးမိလျှင် ဒု-သ-န-သော ထိုက်လိမ့် မယ်ဆိုတဲ့ စကား ရပ်လေး တစ်ခုပါ။ ထိုဒု-သ-န-သော ဆိုတဲ့ စကားလုံးလေးခုဖြစ်ပေါ်လာပုံဟာ ဒီလိုပါ။တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံးလေးခုဟာ သူဌေးသားလေးဦးရဲ့လူဘဝရနေခိုက် ငွေကြေး ချမ်းသာ မှု အရှိန်အဝါကို မကောင်းတဲ့အကုသိုလ်နေရာမှာ အသုံးချပြီး သေလွန်တဲ့အခါ လောဟ ကုမ္ဘီငရဲ ကျရောက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီးစွာ အော်ဟစ်မြည်တမ်းလိုက်တဲ့အသံများဖြစ်ပါတယ်။

 ဒီ ဒု-သ-န-သော ဖြစ်ပေါ်လာပုံအတိတ်အကြောင်းကို ပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း၊အင်မတန်မှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သံဝေဂယူစရာဖြစ်ပါတယ်။ဒီအကြောင်းကို ကောသလမင်းကြီးအားအကြောင်းပြုပြီး မြတ်စွာ ဘုရားရှင်က ဟောကြားတော်မူခြင်းဖြစ်ပါတယ်။

သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် တစ်ခုသော ပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ့ ဆင်ဖြူတော်ကိုစီးပြီး နေပြည်တော်ကို လှည့်လည်ပါတယ်။အဲဒီအခါမှာ အိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍ မိမိအားလှမ်းမျှော်ကြည့်ရှုနေသော မိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက်လက်လှည့်လည်ခြင်း မပြုနိုင်တော့ဘဲ နန်းတော်သို့ ပြန်လာခဲ့ရပါတယ်။

နန်းတော်သို့ရောက်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင် လင်ရှိ သူဖြစ် သလော၊ မရှိသူဖြစ်သလောဟူသော အကြောင်းကိုစုံစမ်းရန် စေလွှတ်လိုက်ပါတယ်။မင်းလုလင်၏ စုံစမ်းချက်အရ ကာမပိုင် လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင် ထိုမိန်းမ၏ ယောင်္ကျားကိုခေါ်စေပြီး မိမိအနီး၌ အမြဲခစားရန် မင်းလုလင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။

ဒါပေမယ့် မင်းလုလင်ဟာ မင်းမှူထမ်း လုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့ အမိန့်ကို မငြင်းပယ်ဝံ့တာကြောင့် တထိတ်ထိတ် တလန့်လန့်နဲ့ နန်းတော်တွင်း၌ ခစားနေရတာပါ။ကောသလမင်းကြီး၏ အကြံကိုလည်း တစ်စွန်းတစ်စ ရိပ်မိနေတာကြောင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မရှိစေရန် အထူးဂရုစိုက်ပြီး ဆောင်ရွတ်ပေးပါတယ်။ ကောသလမင်းကြီးသည် တစ်လ နှစ်လခန့်ကြာသည့်တိုင်အောင် ထိုမင်းလုလင်အပေါ်၌ အပြစ်ရှာလို့မရတဲ့နောက်ဆုံး ထိုမင်းလုလင်ကိုခေါ်ကာ နေပြည်တော်ကနေ တစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍ အရုဏဝတီမည်တဲ့ မြေနီမှုန့်နှင့် ကုမုဒြာ ကြာပန်းတို့ကို ယူဆောင်ရန်စေခိုင်းလိုက်ပါတယ်။

ညနေ မိမိ ရေချိုးရန်အမီ ပြန်ရောက်မလာပါက အပြစ်ဒဏ်ပေးမည်ဟူ၍လည်းမိန့်ကြားလိုက်ပါတယ်။ ထိုမင်းလုလင်လည်း ဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာ အပူတပြင်းထွက်ခွာသွားပါတယ်။ ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီး အရုဏဝတီမြေမှုန့်နှင့် ကုမုဒြာကြာပန်းတို့ကို ယူဆောင်ကာ နေပြည်တော်သို့ပြန်ခဲ့ပါတယ်။မြို့တံခါးဝရောက်တော့ နေမဝင်သေးသော်လည်း တံခါးပိတ်ထားပြီး ဖြစ်သည်ကိုတွေ့တော့ မင်းကြီး၏ အထူးတမန်တော်ဖြစ်၍ တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးက မည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထားကြောင်း တံခါးမှူးက ပြန်ပြောပါတယ်။

ထိုမင်းလုလင်ဟာ မိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှူးကိုသက်သေထား၍ မြေမှုန့်နှင့်ကြာပန်းတို့ကို ထားခဲ့ပြီး မြို့ပြင်ရှိကျောင်းတစ်ကျောင်းမှာသွားအိပ်ပါတယ်။ မင်းပြစ်မင်းဒဏ်သင့်၍ ချစ်လှစွာသောဇနီးနှင့်ကွဲကွာရတော့မည်အဖြစ်ကိုလည်း တွေးပြီး ပူပန်နေတာကြောင့်ကောင်းစွာမအိပ်နိုင်ပဲဖြစ်နေပါတယ်။ကောသမင်းကြီးကတော့ နောက်တစ်နေ့မှာ မင်းလုလင်ကိုသတ်ပြီး သူမိန်းမကို အပိုင်သိမ်းယူရမယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေပြန်ပါတယ်။ ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏ အပြင်မှ "ဒု၊သ၊န၊သော" ဟူသော အသံကြီးလေးခုကိုထူးဆန်းစွာပေါ်ထွက်လာတာကိုကြားရတော့ ထိတ်လန့်တုန်လှုပ်သွားပါတယ်။

အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ပဲ နံနက်မိုးလင်းလျင် လင်းချင်း ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍ အကြောင်းစုံကိုပြောပြပါတယ်။ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့အသံတို့ကို ကောင်းစွာ အနက်အဓိပ္ပါယ်ကိုဖော်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့်အထင်သေးမည်ဆိုတာကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန်လိုက်ပါတယ်။ဘယ်လိုပြန်လိုက်သလဲလို့ဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့ အသံက အရမ်းကိုကြောက်စရာ ကောင်းလှကြောင်း၊အသက်အန္တရာယ်ပင်ထိခိုက်နိုင်ကြောင်းဖြစ်ပါတယ်လို့ လျှောက်ထားပါတယ်။

အဲဒီတော့မင်းကြီးလည်း အလွန်ကြောက်လန့်တာကြောင့် အဲဒီအန္တရာယ်ကို တားဆီးနိုင်မည့် ယတြာကို အမြန်စီ စဉ်ခိုင်းပါတယ်။ ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီး၏ အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍ (သဗ္ဗသတ)မည်သောယဇ်ပူဇော်မှုကိုပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲ၊နွား၊အစရှိသော တိရိစ္ဆာန် အမျိုးမျိုးနှင့် သတို့သား သတို့သမီးများကို တစ်မျိုးလျှင် တစ်ရာစီ ရရှိအောင် ဖမ်းဆီးစေပါတယ်။သားသမီး ဆွေမျိုးများဖမ်းဆီးခြင်းခံရသော မြို့သူမြို့သားများလည်း ဟစ်အော်ငိုကြွေးကြ၊တစ်ချို့လည်းတောထဲသို့ပြေးပုန်းကြနဲ့ သာဝတ္ထိမြို့ကြီးမှာ ကမ္ဘာပျက်သည့်အလားဖြစ်နေပါတော့တယ်။

ထိုအဖြစ်ပျက်တွေကို မလ္လိကာမိဖုရားကြီးကြားတော့ ကောသလမင်းကြီးကို ပုဏ္ဏားရဲ့ စကားကို မယုံကြည်သင့်ကြောင်း၊မြတ်စွာ ဘုရားရှင်ကိုသာ အကြောင်းအကျိုး သိအောင်လျှောက် ထားမေးမြန်း သင့်ကြောင်း လျှောက်ထားပါတယ်။ကောသလမင်းကြီးလည်း မလ္လိကာမိဖုရားကြီးကိုခေါ်ကာ မြတ်စွာဘုရား သီတင်းသုံးတော် မူတဲ့ ဇေတဝန်ကျောင်းသို့သွားပြီး အကြောင်းစုံကိုမြတ်စွာ ဘုရားအားလျှောက် ထားပါတယ်။ ဒီအခါမှာ မြတ်စွာဘုရားရှင်က ဒကာတော်မင်းကြီး မကြောက်ပါလင့်၊ဘာအန္တရာယ်မှမရှိပါဟုမိန့်ကြားပြီး ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုအကြောင်းကို အနက်အဓိပ္ပါယ်ပေါ်လွင်အောင်ဟောတော်မူပါတယ်။

♠ ထို ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုမှာ လောဟကုမ္ဘီငရဲ၌ကျခံနေရတဲ့ ငရဲသားလေးဦးတို့က အသီးသီး အော်ဟစ်လိုက်သည့်အသံများဖြစ်ကြောင်း၊ ထိုငရဲသားလေးဦးမှာ ရှေးဘဝက သူဌေးများဖြစ်ကြကြောင်း၊ မိမိတို့ပိုင်ဆိုင်တဲ့ ငွေများကို အကျိုးရှိအောင်အသုံးမချဘဲ ကာမပိုင်ယောင်္ကျားရှိ တဲ့မိန်းမ၊ ကာမပိုင်ယောင်္ကျား မရှိတဲ့ မိန်းမ စတဲ့ မိန်းမများကိုငွေဖြင့်ဖြားယောင်းပြီး သောက်စားမူးရစ် ပြီး မှားယွင်းစွာ ဖောက်ပြန်ခဲ့ကြကြောင်း၊ထိုမကောင်းမှုများကြောင့် သေလွန်သည့်အခါ လောဟ ကုမ္ဘီငရဲသို့ ကျရောက်ပြီး ဆင်းရဲ ဒုက္ခများ ခံစားရ၍ နောင်တ ..တရားရရှိကြောင်းထုတ်ဖော်ပြောကြားတဲ့ စကားသာဖြစ်ကြောင်း၊ သူတို့ပြောလိုတဲ့ စကားကို အပြည့်အဝဆုံးအောင် မပြောနိုင်ရှာပဲ အစ တစ်လုံးစီသာပြောဆိုနိုင်ပြီး အောက်သို့ပြန်ပြီးနစ်မြုပ်သွားကြကြောင်း၊ ငရဲသားလေးဦးတို့အနက် ပထမဆုံးတစ်ဦးမှာ
♠ "ဒုဇ္ဇီဝိတ မဇီဝိမှ" သူဌေးသားဘဝက မကောင်းသော အသက်မွေးမှုပြုခဲ့မိခြင်းကို ပြန်လည်ပြော ဆိုလိုသော်လည်း ♠ ရှေ့ဆုံး(ဒု)ဆိုတဲ့စကားတစ်လုံးကိုသာပြောနိုင်ပြီး အောက်သို့ပြန်လည် နစ်မြုပ် သွားကြောင်း၊
 ♠ ဒုတိယငရဲသားက "သဋ္ဌိဝဿသဟဿနိ" နှစ်ပေါင်းခြောက်သောင်း တိုင်အောင် ငရဲ၌ ကျခံရပုံကို ညည်းညူပြောဆိုခြင်း သာဖြစ်ကြောင်း ထိုသို့ပြောဆိုသော်လည်း စကားဆုံးအောင်မပြောနိုင်ပဲ ♠ (သ) တစ်လုံးထဲ သာပြောဆိုပြီး အောက်သို့ နစ်မြုပ်သွားကြောင်း၊
♠ တတိယ ငရဲသားက "နတ္ထအန္တော ကုတောအန္တော" ငရဲဒုက္ခ၏ အဆုံးအဆ မထင်ပုံကိုညည်းညူလိုသော်လည်း ♠ (န)တစ်လုံးသာညည်းညူနိုင်ခြင်းသာဖြစ်ကြောင်း၊

 ♠ စတုတ္ထငရဲသားအနေနဲ့ ကျွန်န်ုပ်သည် နောင်ဘဝတွင် ကောင်းသော အလုပ်ကိုသာအားထုတ်မည်ဟူသော အဓိပ္ပါယ်ဖြင့် သောဟံနူန ဣတော ဂန္တွာ စသော ဂါထာကို ရွတ်ဆိုလျက် ♠ (သော)ဟူသော အစ တစ်လုံးသာပြောဆိုနိုင်ပြီး အဆုံး သတ်သွားကြောင်းဟောတော် မူပါတယ်။ မြတ်စွာဘုရားရဲ့ (ဒု၊သ၊န၊သော) ဟူသော အဓိပ္ပါယ်ကိုနားကြားပြီးတဲ့အခါမှာတော့ ကောသလမင်းကြီး အင်မတန်ကြောက်လန့်တုန်လှုပ်သွားပြီး နောက်နောင် သူတစ်ပါး မယားများအား ပြစ်မှားခြင်းမှ လုံးဝ ရှောင်ကြဉ်ပါတော့မည်ဟုဆုံဖြတ်ချက်ချမှတ်ပြီး ၊ ထိုအခိုက်တန့်မှာပင် ကြာပန်း သွားယူသော မင်းလုလင်လည်း မြတ်စွာဘုရားရှင်ထံကိုရောက်လာတော့ ကာယကံရှင်များ စုံညီနေချိန်တွင် မြတ်စွာဘုရားရှင်က ထပ်မံပြီး "အိပ်မပျော်ဘဲ နိုးကြားနေသူအား ညတာသည်ရှည်၏" "ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏" "တရားကိုမသိသော လူမိုက်တို့အား သံသရာသည် ရှည်ကြာလှပေ၏" ဟူသော တရားဒေသနာတော်ကိုဟောကြားတော်မူပါတယ်။

တရားအဆုံးမှာ မင်းလုလင်သည် သောတာပန်အဖြစ်သို့ရောက်ရုံမျှမက မင်းပြစ် မင်းဒဏ် မှလည်း ကင်းလွတ် သွားပါတယ်။ကောသလမင်းကြီးလည်းယဇ်ပူဇော်ရန်ဖမ်းဆီးထားသော သတ္တဝါ အားလုံးကို ချက်ချင်း လွှတ်ပေး ရန် အမိန့်ပေးလိုက်ပါတယ်။ အသက်ဘေးမှ လွတ်ကင်းသွားတဲ့ သူများလည်း မလ္လိကာ မိဖုရားကြီး ကို ကျေးဇူးတင်၍ မဆုံးနိုင်အောင်ရှိနေပါတော့တယ်။ ဒီဒေသနာတော်အရ (ဒု၊သ၊န၊သော)ဆို တဲ့ အပြစ်သည် အင်မတန်ပင်ကြောက်မက်ဖွယ်ရာ၊သံဝေဂယူဖွယ်ရာပင်ဖြစ်ပါတယ်။ အားလုံးသော သူများ လည်း သူဌေးသားလေးဦးရဲ့ အဖြစ်ဆိုးနဲ့ မကြုံအောင် ကိုယ်ကျင့်သီလကိုစောင့်ထိန်းကြပါလို့ အသိပေးနှိုးဆော် လိုက်ရပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
[အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)]

သနင်္ဂဗျူဟာနဲ့ အူယားဖားယား နိုင်ငံရေး

Posted by drmyochit Monday, February 03, 2014, under | No comments



 လူထု ဆန္ဒ ၊ လူထုဆန္ဒ နဲ့ ညာချ ဖို့ မကြိုးစားပါနဲ့  NLD


   ဗိုလ်စိန်မှန်ကစားကွင်းမှာ ၉၅(စ)ထောက်ခံပွဲ ကျင်းပပုံတွေကို ဒီနေ့ ဝေဝေဆာဆာလေးမြင်လိုက်ရသည် ဘက်တစ်ဘက် အနေနဲ့လည်း တွေ့ရသေးသည် ကုန်လွန်ခဲ့တဲ့လတွေကလည်း NLD ကဦးဆောင်ပြီး၅၉(စ)ကို ကန့်ကွက်ဖို့နဲ့ အခြေခံဥပဒေကို ပြင်ဖို့ အနယ်နယ်အရပ်ရပ်မှာ လုပ်နေတာတွေ့ခဲ့ရသည် ဒါလည်း ဘက်တစ်ဘက်ဖြစ်နေသည် ထောက်ခံဘက်နဲ့ ကန့်ကွက်ဘက်နှစ်ခုအကြားမှာ ကွာခြားချက်တွေကိုလည်း လှမ်းမြင်ရသည် ဘာတွေကွာခြားသလဲ ကန့်ကွက်အုပ်စု NLD(ဘက်တစ်ဘက်) လုပ်ခဲ့သည့် ကန့်ကွက်ပွဲသည် အရင်ဖြစ်သည် ထောက်ခံအုပ်စု
(ဘက်တစ်ဘက်)သည် နောက်မှဖြစ်သည် ဒီလိုဖြစ်လာရခြင်းအကြောင်းရင်းခံတွေလဲ သမိုင်းတကွေ့မှာ ရှိခဲ့ကြသည်၊ ကုန်လွန်ခဲ့တဲ့ စစ်အာဏာရှင် လက်ထက်မှာ NLD အုပ်စုတွေ ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖေါ်မှု တွေ တည်ရှိခဲ့ကြသည် အဲဒီကာလတွေမှာ စစ်အစိုးရအုပ်စုက အမြဲတမ်းလက်ဦးမှု ရယူပြီးနှိမ်နင်းမှုတွေ ပြုခဲ့သည်၊ ခြုံငုံပြီး သုံးသပ်ရရင် NLD ကခံမြဲ ခံဘက်ကဖြစ်ခဲ့ပြီး စစ်အာဏာရှင်ကတော့ အပေါ်စီးကရ ရှိခဲ့သည့် ကာလတွေဖြစ်ခဲ့သည် နိုင်ငံတကာက ဘယ်လိုဘဲအော်နေနေ စစ်အာဏာရှင်ကြီးကတော့ သူ လုပ်ချင်ရာကို ဦးတည်ချက်မပျက် လှမ်းမြဲ လှမ်းခဲ့သည်၊ ဒီလိုအခြေအနေမျိုးမှာ NLD အုပ်စုအပါအဝင် နိုင်ငံရေးသမားအများစုနိုင်ငံရေးပရိယာယ် ကြွယ်ဝမှုခေါင်းပါးခဲ့ခြင်းကြောင့် စစ်အာဏာရှင်တွေ အသာစီးရ ခဲ့သည်လို့ဘဲ သုံးသပ်ချင်သည်။

 တချို့က စစ်အာဏာရှင်က ညစ်ပတ်လို့ လက်နက်နဲ့အုပ်ချုပ်လို့ NLD ကခံရတာပါ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ ညစ်ပတ်ပြီး မတရားသဖြင့် ဖမ်းစီးထားတာပါဆိုတဲ့ အကြောင်းပြချက်တွေပေးကြသည် ဘယ်နိုင်ငံက စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးစနစ်က ပြည်သူတွေရဲ့ ဆန္ဒကို ဦးထိပ်ထားဖူးပါသလဲ ရိုးရှင်းတဲ့ဒီအချက်ကို နိုင်ငံရေးသမားတွေ မသိခဲ့တာလား ပြည်သူကို ပြာဖုံးဖို့ ကျိုးစားခဲ့ကြတာလားဆိုတာ သူတို့သာလျှင် အသိဆုံးဖြစ်ပေလိမ့်မည် ပို့အကြောင်းအရာကို ပြန်ကောက်ရရင်တော့ ထောက်ခံသူနဲ့ ကန့်ကွက်သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှု နှစ်ခုမှာ ကွာခြားချက်တွေအနေနဲ့ ဒါတွေကို တွေ့ရသည်။

       ကန့်ကွက်သူ NLD အုပ်စုက ပြည်သူကို လှည့်ဖြားခဲ့သည်ကို တွေ့ရသည်ဘာတွေ လှည့်ဖြားခဲ့သလဲ ဆိုရင်သူတို့ တင်တဲ့ ဆိုင်းဘုတ်က ခြေဥပြင်ပေးရေး ဆိုတဲ့ လူကြားကောင်းတဲ့ အကြောင်းအရာကို ခေါင်းစဉ် တပ်ပြီးတော့ အနှစ်သာရအားဖြင့် ၅၉(စ)ကို ပြင်ပေးဖို့ ပယ်ဖျက်ပေးဖို့ နဲ့ ဒေါ်စု သမ္မတဖြစ်ဖို့ အရေးတွေကိုဇောင်းပေးပြီး ဟောကြ ပြောကြသည် ပြည်သူကို မလိမ့်တပါတ်လုပ်သည်လို့ဘဲ ဆိုချင်သည်။ NLD တပ်ထားတဲ့ ခြေဥ ပြုပြင်ရေးသည် လွှတ်တော်မှာ၁၀၉ဦးပါဝင်တဲ့ ကော်မတီဖွဲ့စည်းပြီး လေ့လာစုံစမ်း မှုတွေပြုဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားပြီးသားကိစ္စ ဒါကို NLDက လူထုဆန္ဒခံယူပွဲလုပ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးဆိုတဲ့ ပွဲတွေ လူစုလူဝေးတွေ အနယ်နယ်အရပ်ရပ်မှာ လုပ်နေတာက ရည်ရွယ် ချက်နဲ့ လုပ်နည်းလုပ်ဟန် ချွတ်ချော်နေပြီလို့ မှတ်ချက်ပြုလိုသည်။ NLD အပေါ်ထားတဲ့ နိုင်ငံတကာရဲ့ သဘောတရားကလဲ စစ်အာရှင်အစိုးရလက်ထက်ကထားခဲ့တဲ့ သဘောတရားနဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်ပေါ်ပေါက်ပြီး ကာလမှာ ထားတဲ့သဘောထားဟာ တူညီမှုမရှိတော့ပါ ဒီအချက်ကို NLD အနေနဲ့ နောက်ကျမှ သိလိုက်ရသည် အမြဲတမ်း နိုင်ငံရေးသွေးနထင်ရောက်နေတဲ့ NLD ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ်ကာလမှ အူယားဖားယားပုဆိးုတိုတို ထမီတိုတို ဝတ်ပြီး လွှတ်တော်ထဲ ဒိုင်ဗင်ပစ်ဝင်ခဲ့သည်က အထင်ရှားဆုံး ဥပမာဖြစ်ခဲ့သည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် NLD ရဲ့အမှားသည် ရာသက်ပန်ခရီးအတွက် ဟာကွက်ဖြစ်ခဲ့သည်ကို ခေါင်းဆောင်တွေ သိကြသည် လူသိ ရှင်ကြားအသိမပေးဘဲ (ကြိတ်ပြီး သိနေကြသည်)လူသိရှင်ကြားသိသွားရင် နိုင်ငံရေးဂုဏ်သိတ္ခာ ကျမည် လည်းဖြစ်သည်ထို့အတွက်ကြောင့်အသံကောင်းကောင်းနဲ့ဟန်မပျက် အော်ကောင်းတိုင်း အော်နေကြ သည် နောက်လိုက်တွေလည်း ဘုမသိဘမသိဘဲယောင်မြဲတိုင်း ယောင်နေကြသည်၊ NLD အနေနဲ့ နိုင်ငံရေးပါး ဝပြီး နိုင်ငံရေးပရိယာယ်ကြွယ်ဝခဲ့မည်ဆိုပါက ၂၀၁၀ ကို ခြေစုံပစ်ဝင်ရမည် ဒါဆိုရင် လွှတ်တော်အတွင်းမှာ ခြင်္သေ့တွေ ကြီးစိုးစနေရာမရှိဖြစ်မည်၊ အခုလွှတ်တော်အတွင်းမှာ ခြင်္သေ့တွေ ကြီးစိုးနေရခြင်းရဲ့ အဓိက တရားခံဟာ NLD ဘဲဖြစ်သည် NLD အနေနဲ့ အူယားဖားယားဖြစ်ရခြင်းသည် ။

  ၂၀၁၂ ကြားဖြတ်ကာလမှာတင်မဟုတ် လွှတ်တော်အတွင်းနိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ် ကွက်တွေ တိုင်းမှာ အူယားဖားယား ဖြစ်နေသည်ကို တွေ့ရသည်အူယားဖားဇာတ်လမ်းသည် ၂၀၁၅ ရွေးကောက်ပွဲမှာ ဇာတ်ရှိန်အမြင့် ဆုံးဖြစ်ပေလိမ့်မည် NLD ရဲ့ အူယားဖား ဇာတ်ကွက်တွေ မြောက်များ စွာရှိခဲ့သည့် အနက် ခြေဥပြင်ဆင်ရေးနဲ့ ၅၉(စ) ပြင်ဆင်ရေး ဇာတ်ကွက်သည် နိုင်ငံရေးပါးဝမှု အကန်းကုန် ဆုံး ဇာတ်ကွက် တစ်ခုဖြစ်သည်ကို NLD ခေါင်းဆောင်ပိုင်းတွေ မသိခဲ့သည်မှာ နောက်လိုက်တွေအတွက် အလွန်ကို အန္တရာယ်ကြီးလှသည် အခြားတဘက်ကို ဆက်သွားပါအုံးမည် ဒီနေ့တော့ အိပ်ပျော်နေတဲ့ ခြင်္သေ့နိုးထလာပြီလို့ဘဲ သုံးသပ်ချင်သည် ခြင်္သေံ့ကို နှိုးဆွပေးကြသည်လို့လဲ ကောက်ချက်ချလိုသည် ခြင်္သေ့ကို ဘယ်သူတွေ နှိုးကြသလဲဆိုတဲ့ နေရာမှာ မသဲမကွဲဖြစ်ရသေးသည်NLDရဲ့အူယားဖားယား ဇာတ်ကွက် တွေဆင်လာအပြီး ခြင်္သေ့ နိုးထလာမည်လို့ ကျုပ်အနေနဲ့ ထင်မြင်ပြီးဖြစ်သည် တရံရောအခါက ပြည်သူ့ဆန္ဒသဘောထားဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်သီးလက်မောင်းတန်းပြီး လူထုဆန္ဒခံယူပွဲတွေ ဖန်တီးခဲ့သည့် မြင်းကွင်းတွေကို ကိုယ်တိုင်းလည်း ကြုံဖူးကြလိမ့်မည် နေ့စဉ် TV သတင်းအပြီးတွင်းလဲ တွေ့မြင်ကြဖူးကြလိမ့်မည်။

    ဒါတွေကို ဘယ်သူတွေက လုပ်ခဲ့သည်ကိုလည်း အားလုံးသိကြပြီးဖြစ်သည် NLD ပြုလုပ်တဲ့ ကန့်ကွက်ပွဲမှာကြည့်ကြည့် ဘက်တစ်ဘက်လုပ်တဲ့ ထောက်ခံပွဲမှာ ကြည့်ကြည့် လုပ်နည်းလုပ်ဟန်က တရံရော အခါက ပြကွက်တွေနဲ့ တစ်ထပ်တည်းတူညီနေသည်ကို တွေ့ရသည် မတူညီတဲ့အချက်တော့ NLD လုပ်တဲ့ ကန့်ကွက်ပွဲမှာ စာဝေတာ အခြားတစ်ဖက်က ဝါဒဖြန့်တာတွေမရှိခဲ့အခုလုပ်တဲ့ ထောက်ခံပွဲမှာတော့
ထောက်ခံသူတွေ မပြင်သူတွေက သူတို့ရန်သူလို့ ဆိုထားကြသည် ဒီလုပ်ရပ်တွေကိုဘယ်သူ့ လက်ချက်လဲ လို့ မေးရင်ကျုပ်အနေနဲ့ ပြတ်ပြတ်သားသား ပြောချလိုက်မည် “NLD ရဲ့လက်ချက်ပါ”လို့ သန်းထွန်းခင်ဗျား ရမ်းသမ်းပြီး အပုဒ်ချနေတယ်လို့ဆိုရင် အထောက်အထားတွေနဲ့ ရှင်ပြပေးပါမည် ။
     ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလက သင်္ဃန်းကျွန်းမှာ ဦးသိန်းညွန့် အပါအဝင် ၄ဦးက ကြံခိုင်ရေးကို ယှဉ်ပြိုင်ဖို့ ရွေးကောက်ပွဲဝင်ခဲ့သည် ကျုပ်တို့က အောင်နိုင်ရေးအတွက် ကြံ့ခိုင်ရေးကို မျက်နှာချင်းဆိုင်ပြီး စီးချင်းထိုးနေချိန်မှာ NLD အလေအလွင့်တွေက တံဆိပ်မထိုး အမည်မခံပါဘဲ စာရွက်တွေလိုက်ဝေနေကြသည် ကျုပ်တို့က ဒီလမ်းပြီးလို့ နောက်လမ်းမှာ ပန်းဖလက်တွေ ဝေနေ ချိန်မှာ ကျုပ်တို့ဝင်ပြီးတဲ့လမ်းတွေမှာ ရှိတဲ့ အိမ်တွေကို စာရွက်တွေ လိုက်ဝေကြတယ် ဘာစာရွက်တွေလဲဆိုရင် “ဒေါ်စုမပါတဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ” “ ရွေးကောက်ပွဲနေ့မှာ မဲရုံကို မသွားကြဘဲ သပိတ်မှောက်ကြ” စတဲ့ စာရွက်တွေ လမ်းလျှောက်ပြီး တမျိုး စက်ဘီးနဲ့ တဖုံ လုပ်ကြံခဲ့ကြတာကို ကိုယ်တွေ့ ကြုံခဲံ့ခံစားခဲ့ရဖူးသူပါ၊ဒီကိစ္စတွေကိုသက်ဆိုင်ရာ ထောက်လှမ်းရေးနဲ့ ကော်မရှင်ကို သက်သေအထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားခဲ့ပေမယ့်လည်း အရေးယူမှုတစ်စုံ တရာမရှိခဲ့ဘူး၊ အဲဒီအချိန်မှာ ဒီမိုကရက်အချင်းချင်း ဒီလိုဖြစ်နေတာကို ပိုပြီး သဘောကျနေခဲ့တာအမှန် အချုပ်အားဖြင့် ဆိုချင်သည် ထောက်ခံအုပ်စုနဲ့ ကန့်ကွက်အုပ်စုအတွင်း ပါဝင်တဲ့ ရိုးသားတဲ့ ပြည်သူဘယ်နှစ်ဦး ရာခိုင်နှုန်းဘယ်လောက်ရှိမယ်ဆိုတာခန့်မှန်းရအခက်သား သေချာတာကတော့ ထောက်ခံသူအုပ်စုနဲ့ ကန့်ကွက်သူ အုပ်စုနှစ်ခုမှာ ပါဝင်ခဲ့တဲ့ ပြည်သူဆိုတဲ့ အမျိုးအစားက ရာနှုန်းမပြည့်ပါ ဒီ့ထက်သေချာတာကတော့ ထောက်ခံသူအုပ်စုကရင့်ကျက်တယ် နိုင်ငံရေးပါးဝတယ် သေနကဗျူဟာတွေ
ပိုင်နိုင်ကြတယ် ကန့်ကွက်သူအုပ်စုမှာကအူယားဖားယားနိုင်ကြတယ်၊ရင့်ကျက်မှုမရှိ၊နိုင်ငံရေးပါးမဝသူများ
သာဘယ်လိုဘဲဖြစ်ဖြစ်ပါ ဒီကိစ္စက ဒီမှာတင်ပြီးမည်မဟုတ် ရှေ့ဆက်နိုင်ငံရေးခရီးအတွက် အနိဌာရုံတွေ အကြိုခင်းထားတဲ့ လမ်းတွေသာဖြစ်ပေလိမ့်မည် ဒီလမ်းသည် ဘက်နှစ်ဘက်စလုံး လျှောက်ကောင်း သည့်လမ်းမဟုတ်ပါ ဒီနေရာမှာ အထူးဆိုချင်သည်က NLD တွေ စပြီး ဖေါ်လို့ နောက်ကလိုက်သည့် ထောက်ခံသူ အုပ်စုမှာ အကြောင်းပြစရာတွေ တည်ရှိနေပေမယ့် ကန့်ကွက်သူ NLD အုပ်စုမှာက နိုင်ငံရေး လူကျွံဘောမိသွားပါပြီ ဘယ်လောက်ဂိုးတွေ သွင်းသွင်း ဂိုးမရနိုင်တော့ပါ NLD အနေနဲ့ ဒါကို ကိုယ့်အခြေအနေကိုယ် အမှန်အတိုင်းမသိမြင်ပါဘဲ ဆက်ပြီး အော်နေမယ်ဆိုရင် အခြေအနေတွေပိုပြီးရူပ်ထွေးလာပါလိမ့်မည်ဒီလိုရူပ်ထွေးမှုတွေပေါ်လာခဲ့ရင်
ရှေ့ဆုံးကခံရမှာက ပြည်သူတွေပါ ဒုတိယခံရမှာကဘုမသိဘမသိNLD အောက်ခြေတွေပါလို့
ဟောချက်ထုတ်လိုက်ချင်သည် ကျုပ်အနေနဲ့ အစိုးရိမ်ဆုံက အိမ်နီချင်းထိုင်းမှာလို အဖြစ်မျိုးဖြစ်မှာကိုပင်

သန်းထွန်း TGKN

ဗိုလ်စိန်မှန် ကွင်းတွင် ၅၉(စ) မပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား NLD ပါတီဝင်များ နှောက်ယှက်

Posted by drmyochit Monday, February 03, 2014, under | No comments

ယနေ့ နေ့လည် ၁ နာရီ ဗိုလ်စိန်မှန်ကွင်းမှာ မျိုးချစ်လူငယ်များ နဲ့ မျိုးချစ်များ ဦးစီးဆောင်ရွက်ပြီး ၅၉ (စ) မပယ်ဖျက်/မပြင်ဆင်ရေးငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။၎င်း ဆန္ဒထုတ်ဖော်ပွဲကို လူပေါင်း ၁၅၀၀ ခန့် တက်ရောက် ဆန္ဒထုတ်ဖော်ကြတယ်လို့ သိရပါတယ်။ ၎င်း ဆန္ဒထုတ်ဖော်ပွဲမှာ မတူကွဲပြား မှ ဦးနေမျိုးဝေ ၊ ဒေါ်ခင်ဝိုင်းကြည် ၊ ဓမ္မစက္က ဦးမောင်မောင် ၊ ဥပဒေပညာရှင် ဦးအေးပိုင် တို့ ဦးစီးပြီ့း  ၅၉ (စ) မပြင်ဆင်ရေး ကို ဦးစီးဟောပြောပေးခဲ့ပါတယ်။ ထို အချိန်မှာ NLD ပါတီဝင်များ က "၅၉(စ) မပြင်သူ တို့ရန်သူ" ဆိုတဲ့ စာတမ်းပါ စာရွက်များ ကို လမ်းမ တစ်လျှောက်ဖြန့်ကျဲပြီး နှောက်ယှက် ခဲ့ကြတယ်လို့ သိရပါတယ်။ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော် ပွဲ ကို တက်ရောက်လာသူ တစ်ဦးကတော့..

"ကျွန်တော် တို့ က ၅၉(စ) လုံး ပြင်ဆင်ဖို့ လုံးဝ မလိုဘူးလို့ ယုံကြည်လို့ အခုပွဲကို တက်ရောက်လာတာပါ။ ကျွန်တော် တို့ဟာ ဘယ်သူမှ ခိုင်းလို့မဟုတ်ပါဘူး အမျိုးသား ရေး အသိနဲ့ လာကြတာဖြစ်ပါတယ်။ အခုလို စာတွေ ဖြန့်ကျဲပြီး နှောက်ယှက်တာတော့သူတို့ ပါတီက မပြည့် မှန်း သိအောင် ပြလိုက်တာပေါ့ ။ သူတို့ မမြင်ချင်ရင် မျက်နှာလွဲနေရုံပဲ ခုလို လုပ်တာတော့ သူတို့ပါတီ ရုပ်ပျက်တာပေါ့ " ဟု ပြောဆိုပါတယ်။

သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။

မေမြတ်မောင်




မျိုးချစ် လူငယ်များ ၅၉(စ) လုံး မပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

Posted by drmyochit Monday, February 03, 2014, under | No comments

ဒီနေ့ နေ့လည် ၁ နာရီ ဗိုလ်စိန်မှန်ကွင်းမှာ မျိုးချစ်လူငယ်များ နဲ့ မျိုးချစ်များ ဦးစီးဆောင်ရွက်ပြီး ၅၉ (စ) မပယ်ဖျက်/မပြင်ဆင်ရေးငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။၎င်း ဆန္ဒထုတ်ဖော်ပွဲကို လူပေါင်း ၁၅၀၀၀ ခန့် တက်ရောက် ဆန္ဒထုတ်ဖော်ကြတယ်လို့ သိရပါတယ်။ ၎င်း ဆန္ဒထုတ်ဖော်ပွဲမှာ မတူကွဲပြား မှ ဦးနေမျိုးဝေ ၊ ဒေါ်ခင်ဝိုင်းကြည် ၊ ဓမ္မစက္က ဦးမောင်မောင် ၊ ဥပဒေပညာရှင် ဦးအေးပိုင် တို့ ဦးစီးပြီ့း  ၅၉ (စ) မပြင်ဆင်ရေး ကို ဦးစီးဟောပြောပေးခဲ့ပါတယ်။ အချိန်မှန် လာရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ကြသူတွေဟာ အင်မတန်မှ များပြားတာတွေ့ရပြီး ၊ ဘုန်းတော်ကြီများ လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ခင်မျိုးဦး









Hell Zombie V 1.03 Mod Apk Game 23MB

Posted by drmyochit Monday, February 03, 2014, under | No comments


ဒီဂိမ်းလေးကိုတော့ တော်တော်များများသိမှာပါ
မိစ္ဆာကောင်တွေ နန်းတော်ကိုလာတိုက်ခိုက်တာကို ကာကွယ်ရမယ်ဂိမ်းဖြစ်ပါတယ်
ဟက်ထားတဲ့ဂိမ်းလေးပို့ ကစားချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေပါတယ်
ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

d-h.st/ (or)mir.cr (or)miloshare



From: Myanmar Mobile App

အရက်၊ ဘီယာတင်သွင်းခွင့် မူဝါဒ ဟန်ချက်ညီရန် လုပ်ဆောင်နေရ၍ ကြန့်ကြာနေဟုဆို

Posted by drmyochit Monday, February 03, 2014, under | No comments

ပြည်တွင်း၌ ဝေဖန်ခံနေရသော အငြင်းပွားဖွယ် အရက် ဘီယာ တင်သွင်းခွင့် မူဝါဒများနှင့် ပတ်သက် ၍ လက်ရှိတွင် မူဝါဒပိုင်းအရ ပြုပြင်ပြောင်း လဲရန် ပြင်ဆင်နေပြီး ပြည်တွင်း လုပ်ငန်း ရှင်များနှင့် စားသုံးသူများအကြား ဟန်ချက် ညီရန် လုပ်ဆောင်နေရသောကြောင့် ကြန့်ကြာနေ ရခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က ပြောကြားသည်။

အဆိုပါ မူဝါဒတွင် ပြည်ပမှ တင်သွင်းလာသည့် အရက်၊ ဘီယာများ အရည် အသွေး ပြည့်မီရေးနှင့် အရက်၊ ဘီယာများ တင်သွင်းမှုကြောင့် ပြည်တွင်း ထုတ်လုပ်သူများ မထိခိုက်ရေး အချက်နှစ်ချက်ကို အဓိကထား ဆွေးနွေး လျက်ရှိသည်ဟု ၎င်းကဆိုသည်။

“တရားဝင် ခွင့်ပြုတာက လွယ်ပါတယ်။ ဒါကို အကြောင်းပြုပြီး အရည်အသွေး နိမ့်တာတွေ ဝင်လာနိုင်တယ်။ ဒါကိုဘာနဲ့ စစ်မလဲ ဆိုတာမျိုး။ ပြီးတော့ ဘယ် အမျိုးအစားတွေကို တင်သွင်းခွင့် ပေးရမလဲ။ အရက်၊ ဘီယာကို Alcohol ပါဝင်မှုအပေါ် မူတည်ပြီး တရားဝင် တင်သွင်းခွင့်ပေးမလား။ အခွန်ဘယ် လောက်ကောက်မလဲ။ ဒါတွေကို စဉ်းစားနေရလို့ပါ” ဟု အဆိုပါ ပုဂ္ဂိုလ်က ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကမူ လက်ရှိ ဘဏ္ဍာနှစ်အတွင်း အရက်၊ ဘီယာ၊ ဝိုင် တရားဝင် တင်သွင်းခွင့် မူဝါဒ မှာ ပေါ်ထွက်လာနိုင်ဖွယ်ရှိကြောင်း ပြောကြားသည်။

အရက်၊ ဘီယာ တင်သွင်းခွင့်ပြုပြီး အခွန်နှုန်းထားများ မြင့်မား လွန်းပါက မှောင်ခို ဝင်ရောက်မှုကို အားပေးရာရောက်မည် ဖြစ်ကြောင်း၊ တရားဝင် လိုင်စင်ရရှိသူများက အရေအတွက် ပိုမိုသယ်ဆောင်ခြင်းများလည်း ရှိလာနိုင် ခြင်းကြောင့် လုပ်ငန်းရှင်များနှင့် တစ်ကြိမ် ဆွေးနွေးထားပြီး ထပ်မံဆွေးနွေး ရန်ရှိကြောင်း ဦးမင်းမင်းက ဆိုသည်။

ဈေးကွက်အတွင်း ရောက်ရှိနေသည့် အရက်၊ ဘီယာများနှင့် ပတ်သက်၍မူ တရားဝင် ကြေညာခိုင်းပြီး ဒဏ်ကြေးများ ဆောင်ခိုင်းရန် ကနဦး စီစဉ်ထား ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက စီးတီးမတ်လက်လီ အရောင်း ဆိုင်များသို့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်များ တင်သွင်းနေသည့် Premium Food Services Products ပိုင် ဂိုဒေါင် တစ်ခုတွင် တရားမဝင် အရက်၊ ဘီယာ၊ ဝိုင်များ တွေ့ရှိပြီးနောက် အရက်၊ ဘီယာ၊ ၀ိုင်များတင်သွင်း ခွင့် မူဝါဒကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြန်လည် သုံးသပ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း အကောက်ခွန် ဦးစီးဌာနက အရက်၊ ဘီယာနှင့် ဝိုင်များ တင်သွင်းခွင့်အတွက် အခွန် ၆၅ ရာခိုင်နှုန်း ကောက်မည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

“My Lay Entertainment အဆိုတော်တွေရဲ့ အခက်အခဲကို ကူညီဖြေရှင်း ပေးမည်”

Posted by drmyochit Monday, February 03, 2014, under | No comments

အဆိုတော် ရတနာမိုင်က သူ့ရဲ့ My Lay Entertainment ရုံးခန်းကို ဇန်နဝါရီ ၂၆ရက်နေ့၊ နံနက်၁ဝ နာရီ၊ အမှတ်(၂၉/အေ)ပါရမီလမ်း (ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းကြား) မရမ်းကုန်းမှာဖွင့်လှစ်ခဲ့ပါတယ်။

အဆိုတော်တိုင်းမှာ တစ်ခါတလေ Entertainment ကြောင့် စိတ်အနှောင့် အယှက် ဖြစ်စရာလေးတွေရှိတဲ့အတွက်၊ အဲဒီလိုမဖြစ်ရအောင် ရည်ရွယ်ပြီး “My Lay Entertainment”ကို ဖွင့်တာပါလို့ဆိုပါတယ်။

”အဲဒါဘာကြောင့်လဲဆိုတာတော့ Entertainment မဆန်တဲ့ စီစဉ်မှုကြောင့်နဲ့ ၊စနစ်မကျတဲ့ စီစဉ်သူ တွေရဲ့စီစဉ်မှုကြောင့်လို့တော့ မိုင်လေးထင်တယ်။ မိုင်လေးက အဆိုတော်က တက်လာခဲ့တဲ့အတွက် ဒီအခက်အခဲလေးတွေ သိတယ်။ ပြီးတော့ မိုင်လေးက ဘက်ပေါင်းစုံကနေ လိုအပ်တာတွေ၊ အခက်အခဲမရှိအောင် ဖြည့်ဆည်းမယ်။

ပြီးတော့ မိုင်လေးရဲ့ Entertainment နဲ့လုပ်ရတာ အဆင်ပြေတယ်ဆိုတဲ့ စကားလေးတွေ ကြားချင်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား နေပါတယ်”လို့ဆိုပါ တယ်။ Entertainment စီစဉ်ဖြစ်ပုံကိုလည်း “အခုဆိုရင် မြန်မာနိုင်ငံက ခေတ်မီတိုးတက် လာပြီဆိုတော့ Entertainment Roll ကလည်း တဖြည်းဖြည်းမြင့်လာကြပြီ။ အဲဒါနဲ့ အနုပညာရှင်တွေကလည်း Entertainment တွေလုပ်လာကြတယ်။ လုပ်လာကြတဲ့အပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊လူငယ်တွေက ဘယ်လိုစီစဉ်ရမယ် ဆိုတာကို ဗြုန်းခနဲဆိုရင် သတိမရကြဘူး။

အဲဒါကြောင့် ဒါလေးကို အကောင်အထည်ဖော်ဖို့ အတွက် မိုင်လေးက ဒီ Entertainment ဆိုတာလေးကို စလုပ်ခဲ့တာပါ” လို့ ဆိုပါတယ်။

My Lay Entertainment ကနေ Rock ပွဲတွေ၊ Hip Hop ပွဲတွေ စုံအောင် ရှိုးပွဲတွေ လုပ်သွားဖို့ရှိပြီး ဖြန့်ချီရေးအနေနဲ လုပ်ဖို့ရှိကြောင်း ပြောပါတယ်။


မွတ်စလင်သေဆုံးမှု စွပ်စွဲချက် ဗြိတိန်နဲ့ကန် ပြန်ရုတ်သိမ်း

Posted by drmyochit Monday, February 03, 2014, under | No comments

ဖေဖော်ဝါရီ ၃ ရက် ၂၀၁၄ ခုနှစ်

ရခိုင်ပြည်နယ် ဒုချီးရာတန်ကျေးရွာက မွတ်စလင်အယောက် ၄၀ လောက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့က ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။

ရက်နေ့တုန်းက မြန်မာရဲတွေနဲ့ မွတ်စလင် ရွာသားတွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် မွတ်စလင် အယောက် ၄၀ လောက် အသတ်ခံရတယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား သံရုံးတွေကပါ စွပ်စွဲထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ထပ်ခါတလဲလဲ ငြင်းဆိုမှုလုပ်ပြီး နှစ်ပတ်ကြာတဲ့ စုံစမ်းစစ်ဆေးရေးတွေပါ လုပ်ခဲ့ရပါတယ်။

မြန်မာစုံစမ်းရေးအဖွဲ့ရဲ့ ရလဒ်အရ ဒုချီးရာတန်ကျေးရွာကို ရဲ ၈ ယောက် ကင်းလှည့်နေတုန်း ဓားတွေ၊ ကျောက်ခဲတွေ ကိုင်ဆောင်ထားတဲ့ ရွာသားအယောက် ၂၀ ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ရဲတစ်ဦး ပျောက်ဆုံးသွားခဲ့ပါတယ်။

အဲဒီနောက် ရဲတွေ ထပ်မံရောက်ရှိလာပြီး လူစုခွဲ သတိပေးတဲ့အနေနဲ့ သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

လူစုကွဲပြီးတဲ့နောက် သွေးတွေပေးနေတဲ့ ရဲယူနီဖောင်းနဲ့ သေနတ်ထည့်တဲ့အိတ်ကို တွေ့ခဲ့ရပေမယ့် ရဲကတော့ ပျောက်ဆုံးနေဆဲပဲလို့ ဆိုပါတယ်။

အဲဒီ ပဋိပက္ခအတွင်း မွတ်စလင်တွေ သေဆုံးမှု မရှိခဲ့ကြောင်း တွေ့ရှိပြီးနောက် အမေရိကန် သံရုံးနဲ့ ဗြိတိန်သံရုံးတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ် ထားတဲ့ စွပ်စွဲချက်တွေကို ပြန်လည်ရုတ်သိမ်းကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြပါတယ်။

နောက်နောင် ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် ပိုမို စီစစ်မှု လုပ်ဆောင်သွားမယ်လို့လည်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေ ရုတ်သိမ်းလိုက်ပေမယ့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေကိုတော့ ဆက်လက်ပြီး အနီးကပ်စောင့်ကြည့်သွားမယ်လို့ ပြောလိုက်ပါတယ်။ အဲဒါ့အပြင် နောက်နောင်မှာလည်း မြန်မာအစိုးရအနေနဲ့ ပိုမို တရားမျှတပြီး လွတ်လပ်မှုရှိတဲ့ စုံစမ်းစစ်ဆေးမှုမျိုး လုပ်ခွင့်ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။

မြန်မာအစိုးရကတော့ သူတို့အနေနဲ့ ပြည့်စုံစေ့စပ်တဲ့ စုံစမ်းစစ်ဆေးမှုကို လုပ်ခဲ့ပြီး တွေ့ရှိချက်ကိုလည်း အသေးစိတ် ထုတ်ပြန်ထားပြီဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဘာသာရေးလူမျိုးရေးပဋိပက္ခ (Credit: ABC)


ABC

Sunday, February 02, 2014

ထိုင်းရွေးကောက်ပွဲ အပြီးသတ်

Posted by drmyochit Sunday, February 02, 2014, under | No comments

အဓိက အတိုက်အခံ ဒီမိုကရက် ပါတီက သပိတ်မှောက်ထားတဲ့ ထိုင်း ရွေးကောက်ပွဲ အတွင်း ဘန်ကောက် မဲ ဆန္ဒနယ် တချို့နဲ့ ထိုင်းတောင်ပိုင်း မှာ ဟန့်တား နှောင့်ယှက်မှု တွေ ရှိခဲ့ပါတယ်။

နိုင်ငံရဲ့ မဲရုံ ၈၉ ရာနှုန်း ပုံမှန် အတိုင်း လည်ပတ် နိုင်ခဲ့တယ်လို့ အာဏာပိုင် တွေက ဆိုပါတယ်။

ဒါပေမဲ့လည်း အတိုက်အခံ အားအကောင်း ဆုံး ဖြစ်တဲ့ တောင်ပိုင်း ခရိုင် ၉ ခု မှာတော့ လုံးဝ မဲပေးမှု မရှိခဲ့ပါဘူး။

လူထုက ဒီမိုကရေစီကို ဆက်ကျင့်သုံးမှာ ဖြစ်ကြောင်း ဒီရွေးကောက်ပွဲ တွေက ပြနေတယ်လို့လည်း ထိုင်းဝန်ကြီးချုပ် ရင်လတ် ချင်နာဝပ်က ဘီဘီစီကို ပြောကြား ပါတယ်။

မဲရေတွက်မှုတွေ စတင်နေပြီး လက်ရှိ အစိုးရ ဆက်လက် အာဏာ တည်မြဲရေး အတွက် လုံလောက်တဲ့ ကိုယ်စားလှယ် မဲ ရဖို့ ခက်နေတယ်လို့ သိရပါတယ်။

အတိုက်အခံ လိုလားသူ တွေက အစိုးရကို ဖြုတ်ချပြီး အရွေးကောက်မခံတဲ့ ကောင်စီ နဲ့ အစားထိုးဖို့ လတွေနဲ့ ချီပြီး နိုင်ငံရေး တင်းမာမှု တွေ ဖြစ်ပွား နေတဲ့ ကြားက ဒီရွေးကောက်ပွဲကို ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ နှောင့်ယှက်မှု တွေကြောင့် အစိုးရ လုပ်ငန်းတွေ ပုံမှန် အတိုင်း ဆက်သွားဖို့ ခက်ခဲမယ် လို့ တွက်ဆ နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


အစိုးရ ဆန့်ကျင်သူတွေက တားဆီးခဲ့

လိုင်စင်မဲ့ဆိုင်ကယ်များ တရားဝင်လိုင်စင် ပြုလုပ်ပေးဖွယ်ရှိ

Posted by drmyochit Sunday, February 02, 2014, under | No comments


တရားမ၀င် တင်သွင်းပြီး စီးနင်းအသုံးပြုနေသည့် ဆိုင်ကယ်များကို အခွန်ပေးဆောင်သော တရားဝင်လိုင်စင်များ ချထားခွင့်ပြုပေးဖွယ်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

““လုပ်နိုင်ခြေတော့ရှိတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ တရားဝင် ဘာမှတိတိကျကျညွှန်ကြား လာတာမျိုး မရှိသေး ဘူး””ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းဦးက မော်တော် ဆိုင် ကယ်များ လိုင်စင်ချထားနိုင်မှုရှိ၊ မရှိနှင့် ပတ်သက်၍ ပြောသည်။

တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် တပ်ဆင်ထုတ်လုပ်ပြီး တရားဝင်အခွန်ငွေပေးဆောင်ခြင်းမရှိဘဲ ပြည်တွင်း တွင် စီးနင်းအသုံးပြုနေသော ဆိုင်ကယ်များကို လာမည့် ဖေဖော်ဝါရီ တတိယပတ်အတွင်း တရားဝင် လိုင်စင် များ ချထားပေးမည်ဟု လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းစီမံချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကြားသိရခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောသည်။

ဆိုင်ကယ်များကို အခွန်ငွေ ပေးဆောင်စေကာ တရားဝင် လိုင်စင်ချထားပေးခြင်းဖြင့် သက် ဆိုင်ရာတိုင်းဒေ သကြီးနှင့် ပြည် နယ်များ အတွက် ဘဏ္ဍာငွေရရှိ စေမည်ဖြစ်သည်။ ထို့အပြင် တရားဝင် မှတ်ပုံတင်ချပေး သည့်အတွက် ယာဉ်တိုက်မှုဖြစ်ပွားခြင်းနှင့် အရေးယူရန်လိုအပ်သည့်ကိစ္စရပ်များတွင် စနစ်တကျဖြစ်လာနိုင် မည်ဟု ဦးသိန်းဦးက ပြောသည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ဆိုင်ကယ်အရေအတွက် နှစ်သောင်းကျော်ခန့် ကျန်ရှိနေသေးကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ မှတ်တမ်းများ တွင် ဖော်ပြထားသည်။ လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင်လိုင်စင်ချထားပေးခြင်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အ တွင်း (၇)ကြိမ် ပြုလုပ်ပေးခဲ့သည်။ လိုင်စင်များ ချထားပေးမည်ဟူသော သ တင်းကြောင့် မန္တလေးမြို့ဈေးကွက်တွင် ထိုင်းနိုင်ငံလုပ် မော်ဒယ်မြင့်ဆိုင်ကယ်အချို့ အရောင်း အ၀ယ်အေး သွားပြီး တရုတ်နိုင်ငံထုတ် လိုင်စင်မဲ့ဆိုင်ကယ်များမှာမူ ရက်ပိုင်းအတွင်း သိသာစွာခေါ်ဈေးမြင့်ကာ အရောင်း အ၀ယ်ဖြစ်လာကြောင်း မန္တလေးမြို့ ဆိုင်ကယ်ဈေးကွက်မှ သတင်းရရှိသည်။

ဆိုင်ကယ်များ တရားဝင်လိုင်စင်ချထားပေးလျှင် ဆိုင်ကယ်ဈေးနှုန်းကျဆင်းခြင်းနှင့် ပြည်သူလူထု အဆင်ပြေစေနိုင်သော် လည်း တရားဝင်အခွန်ဆောင်ကာ ပြခန်းဖွင့်လှစ်ရောင်းချနေသည့် ကုမ္ပဏီများမှာ အနည်း ငယ် ဆုံးရှုံးမှုရှိနိုင်ကြောင်း ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။

Author: မောင်တာ
7day Daily

ဆီးရီးယား ပြည်တွင်းစစ် အင်ဒိုနီးရှား အစွန်းရောက်ဝါဒီများ ဝင်ရောက် တိုက်ခိုက်

Posted by drmyochit Sunday, February 02, 2014, under | No comments


ဂျကာတာ၊ ဖေဖော်ဝါရီ ၁

ဆီးရီးယား ပြည်တွင်းစစ်အတွင်း အင်ဒိုနီးရှား အစွန်းရောက် ဝါဒီများ ဝင်ရောက် တိုက်ခိုက်လျက် ရှိကြောင်း ပဋိပက္ခများအပေါ် နိုင်ငံရေးအရ လေ့လာသုံးသပ်ရေး အင်စတီကျု (IPAC) ၏ အစီရင်ခံစာကို ကိုးကားပြီး The Diplomat သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား နိုင်ငံတွင်းရှိ နိုင်ငံခြား တိုက်ခိုက်ရေးသမား ၁၁,၀၀၀ အနက် ၅၀ ဦးမှာ အင်ဒိုနီးရှားနိုင်ငံမှ ဖြစ်မည်ဟု ယူဆထားကြောင်း အင်ဒိုနီးရှားနှင့် ဆီးရီးယား ပဋိပက္ခဟု အမည်ပေးထားသော အစီရင် ခံစာတွင် ဖော်ပြထားသည်။

ယင်းပမာဏမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ခန့်မှန်းခဲ့သည့် ပမဏဖြစ်ကာ တိကျသေချာမှု မရှိသေးပေ။

ထို့ပြင် အင်ဒိုနီးရှား ဂျီဟတ်ခေါင်းဆောင် ဘာရှားကလည်း ဆီးရီးယားနိုင်ငံကို ဂျီဟတ် ပညာရေး တက္ကသိုလ်အဖြစ် မှတ်ယူကြရန် ထုတ်ဖော် ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတ အာဆတ်က ဆွန်နီ မွတ်ဆလင်များကို အကြမ်းဖက် ဖိနှိပ်နေသည်ဟု အင်ဒိုနီးရှားအများစု ရှုမြင်လာအောင် ပုံဖော်ပေးနေမှုများလည်း ရှိကြောင်း IPAC အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ဆွန်နီ အင်အားကြီး ဆော်ဒီအာရေးဗီးယား နိုင်ငံက ထောက်ပံ့ ပေးထားသည့် အင်ဒိုနီးရှား ပြည်တွင်း အဖွဲ့အစည်းများ၏ ပုံဖော်ပေးနေမှုကြောင့် ဖြစ်ကြောင်း IPAC ပညာရှင်တစ်ဦး ဖြစ်သူ ဆွစ်ဒနီဂျုံးက ပြောကြားသည်။

ဆီးရီးယား နိုင်ငံတွင်းသို့ အစွန်းရောက်သမားများ အဓိက တင်ပို့နေသည့်အဖွဲ့မှာ ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှု လုပ်ဆောင်ခဲ့သည့် သြဇာလွှမ်းမိုးမှု ကြီးမားသည့် အင်ဒိုနီးရှား ဂျီဟတ်အဖွဲ့ဖြစ်သော ဂျမား အစ္စလာမီးယားအဖွဲ့ ဖြစ်ကြောင်း IPAC အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဂျမားအစ္စလာမီးယား အဖွဲ့၏ လူသားချင်း စာနာထောက်ထားမှု ကူညီရေး အဖွဲ့ဖြစ်သော ဟီလာအမာ အင်ဒိုနီးရှား အဖွဲ့အစည်း (HASI) က ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဆီးရီးယား အစ္စလာမ္မစ် ခုခံရေးသမားများထံသို့ ကိုယ်စားလှယ် အဖွဲ့ပေါင်း ၁၀ ဖွဲ့ထိ စေလွှတ်ခဲ့ပြီး ငွေကြေးနှင့် ဆေးဝါး ထောက်ပံ့မှုများ ပေးအပ်ခဲ့ကာ အနာဂတ်ကာလ စစ်ရေးအရ ပါဝင် ပတ်သက်နိုင်ရေး ကြိုတင်ဒီဇိုင်းလုပ် ဆောင်ရွက်ခဲ့သည်။

ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား ဂျီဟတ် ဝါဒီများမှာ နှစ်ပိုင်းကွဲနေပြီး အချို့မှာ ဆီးရီးယား အယ်နျူစရာတပ်ဦး (အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ်မှု ရှိသည့်အဖွဲ့) ကို ထောက်ခံပြီး ကျန်အဖွဲ့မှာ အီရတ်နှင့် လီဗတ် အစ္စလာမ္မစ် နိုင်ငံတော် (ISIS) ကို ထောက်ခံနေကြောင်း သတင်းတွင် ဖော်ပြထား သည်။

လီဗတ်ဒေသမှာ ဆီးရီးယား၊ လက်ဘနွန်၊ ဂျော်ဒန်၊ ပါလက်စတိုင်းနှင့် အစ္စရေးနိုင်ငံများ ပါဝင်နေသည့် နယ်မြေ ဖြစ်ပြီး အချိန်၏ အဆုံးသတ်ကာလတွင် နောက်ဆုံးတိုက်ပွဲမှာ ယင်းဒေသတွင် ဖြစ်ပွားလိမ့်မည်ဟု ဂျီဟတ်ဝါဒီများက ယုံကြည်ထားသည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် အင်ဒိုနီးရှား အစွန်းရောက်များ ဝင်ရောက် တိုက်ခိုက်နေသော်လည်း နိုင်ငံရေးစနစ်၏ တည်ငြိမ်မှု၊ စီးပွားရေးရာအရ ခံနိုင်ရည်ရှိမှု၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းမှု စသည့် အချက်များကြောင့် ဂျီဟတ်ဝါဒီများ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါကလည်း အကြမ်းဖက်ဝါဒ ပြန့်ပွားရေးအတွက် အခက်အခဲတွေ့မည် ဖြစ်ကြောင်း IPAC က သုံးသပ်ထားသည်။

The Voice Weekly

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာ၌ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေ

Posted by drmyochit Sunday, February 02, 2014, under | No comments

(ပျောက်ဆုံးသွားသော ရဲတပ်ကြီး၏ကျန်ရှိသော ယူနီဖောင်းအသုံးအဆောင်များအား လုံခြုံရေးတာဝန်ရှိသူများမှ စစ်ဆေးနေစဉ်)

Sunday, Frbruary 2, 2014

မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီးအား လုပ်ကြံသတ်ဖြတ်မှုနှင့် ၎င်းရဲတပ်ကြီးတွင် ပါရှိခဲ့သည့်လက်နက် ပျောက်ဆုံးခဲ့မှုတွင်ပါဝင်ခဲ့သူ ၂၇ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ဆက်သွယ်ကာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း ရခိုင်ပြည်နယ် အမှတ် (၄) ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဇန်န၀ါရီ ၃၁ ရက်က ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်ရှိ မောင်တောမြို့နယ်အပါအ၀င် အခြားဒေသများတွင်လည်း အဆိုပါပါဝင်သူ ၂၇ ဦးကို ဖမ်းဆီးနိုင်ရန်အတွက် ဘက်ပေါင်းစုံလုံခြုံရေးများ ချထားသည့်အပြင် ဓာတ်ပုံများကိုလည်း ဖြန့်ဝေထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်ခဲ့သူ ၂၇ ဦးကို ဖော်ထုတ်နိုင်ရန်အတွက် အခင်းဖြစ်ပွားအပြီး တစ်ရက်အကြာတွင် ဖြစ်စဉ်ဒေသအား ပိုက်စိပ်တိုက်ရှာဖွေခဲ့ကာ ဗလီအစောင့်အား ဦးဆုံးတွေ့ရှိခဲ့ပြီး နောက်တွင်စစ်ဆေးခဲ့ကာ ရဲတပ်ကြပ်ကြီး၏ အသုံးအဆောင်ပစ္စည်းအချို့နှင့် သွေးကွက်များအားတွေ့ရှိခဲ့ပြီး ထပ်မံရှာဖွေခဲ့ရာ ရွာသူရွာသား ၁၅ ဦးကို ထပ်မံတွေ့ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းရာမှ ယင်းကဲ့သို့ပါဝင်သူများကို ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ပြောကြားခဲ့သည်။

ရဲတပ်ကြပ်ကြီးအား သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူအချို့မှာ ပြစ်မှုကျူးလွန်ခဲ့ဖူးသူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူ (ဘီဒီပြေး) အဖြစ် သတ်မှတ်ခံရသူများအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ RSO သင်တန်းအဖွဲ့တွင် သင်တန်းတက်ရောက်ခဲ့သူလည်း ပါဝင်ခဲ့ကြောင်း မှုခင်းစစ်တမ်းများတွင် ဖော်ပြခဲ့သည်။ ယင်းအတွက် ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ သွားရောက်ခိုလှုံနိုင်ဖွယ်ရှိနေသည့်အတွက် ပူးပေါင်းလုပ်ဆောင်ပေးရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့အား အကူအညီတောင်းခံထားကြောင်း ရဲမှူးချုပ် တင်ကိုကိုက သုံးသပ်ပြောကြားသည်။

“အခုအခင်းဖြစ်တဲ့ရွာက အရင်ကတည်းက တော်တော်ဆိုးတာ။ ၂၀၀၈ ခုနှစ်က ရဲတပ်ကြပ်ကြီးတစ်ယောက်လည်း အရိုက်ခံရတယ်။ အခုထိလည်း တော်တော်ဆိုးနေတဲ့အတွက် ကျွန်တော် ရဲတပ်ရင်းနဲ့အတူ ဒီရွာရဲ့အနီးမှာ လာစောင့်နေရတာပါ” ရဲမှူးချုပ် တင်ကိုကိုက ပြောကြားသည်။

ဘင်္ဂါလီလူမျိုးများသာ အများစုနေထိုင်သော ဒူချီရားတန်းအလယ်ရွာအတွင်း ကျန်ရစ်ခဲ့သော ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း နှင့် ၎င်း၏လက်နက်တို့ကို လက်ရှိအချိန်ထိ မရှာဖွေနိုင်သေးသော်လည်း သွေးစွန်းနေသော ၎င်း၏အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ယူနီဖောင်းအပိုင်းအစများ၊ ခါးပတ်၊ ခရာ၊ ချပ်ဝတ်တန်ဆာ အပိုင်းအပြတ်များ လည်တိုတောစီးဖိနပ်တစ်ရန် အခင်းဖြစ်ရွာအတွင်းနှင့် ယင်းရွာရှိ ဗလီအနောက်ဘက်တွင် တွေ့ရှိထားသည့်အပြင် ကျည်အိမ်အလွတ်တစ်ခုကိုမှု တွေ့ရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရဲမှူးချုပ်တင်ကိုကိုက ရဲတပ်ကြပ်ကြီးက သေဆုံးသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ ဗလီအစောင့်ကို စစ်ဆေးခဲ့တဲ့အခါမှာ ရဲတပ်ကြပ်ကြီးကို တရွတ်တိုက် ဆွဲခေါ်သွားကြတယ်။ သွေးတွေလည်း ထွက်နေပါတယ်တဲ့။ ကျွန်တော်တို့ကတော့ ဒါဟာ အကြမ်းဖက်မှု တစ်ခုအဖြစ် မြင်ပါတယ်။ အဖြစ်မှန်ပေါ်ပေါက်အောင် အချိန်အမြန်ဆုံးနဲ့ လုပ်ဆောင်သွားပါမယ်” ဟု ပြောကြားခဲ့သည်။



Eleven Media Group

ကောင်းကင်ကျွမ်းဘား ပြုလုပ်ရာမှာ လေထီးမပွင့်ဘဲ အမြင့်ပေ ၃၀၀၀ ကျော်က ပြုတ်ကျခဲ့သူ မိန်းကလေး

Posted by drmyochit Sunday, February 02, 2014, under | No comments


ကောင်းကင်ကျွမ်းဘားဝါသနာပါသူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးဟာ အုတ်ကလာဟိုးမားပြည်နယ် မှာ Skydiving (လေယာဉ်ပေါ်ကခုန်ချ၍လေထီးမပွင့်ခင် လေထဲတွင် ကျွမ်းဘားအတတ်ပြသမှု ) ပြုလုပ် ရာမှာ မတော်တဆမှုဖြစ်ပွားပြီး အမြင့်ပေ ၃၀၀၀ ကျော်ကပြုတ်ကျခဲ့ပါတယ်။

Makenzie Wethington ဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမယ့် များပြားလှတဲ့ ဒဏ်ရာဒဏ် ချက်တွေ ၊ အသည်းထိခိုက်မှု အပြင် နံရိုးတွေ၊တင်ပဆုံရိုး၊ ပခုံးရိုးတွေ ကျိုးသွားခဲ့တယ်လို့  ခွဲစိတ်ဆရာဝန် Jeffery Bender က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်လည်း အဲ့ဒီနေရာမှာ ရှိမနေတဲ့အတွက် ဒီမတော်တဆမှု ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ အသေးစိတ် ကို ကျွန်တော်မသိရပါဘူး။ ဒါပေမယ့် သူမသာ ဒီလောက်မြင့်တဲ့ ပေ ၃၀၀၀ ကျော်က ပြုတ်ကျခဲ့ တာ မှန်ရင် သူမဘယ်လို အသက်ရှင်ခဲ့လဲ ဆိုတာ ကျွန်တော် မစဉ်းစား
တတ်သလောက် ပါပဲ” လို့  ခွဲစိတ်ဆရာဝန်က ပြောကြားသွားပါတယ်။

သူမ ဒီလို ကောင်းကင်ကျွမ်းဘားအတတ် ပြုလုပ်ဖို့ သူမမိဘတွေ
ကိုယ်တိုင်က ခွင့်ပြုခဲ့ပေမယ့် အခုအခါမှာတော့ ကောင်းကင်ကျွမ်းဘားပြု
လုပ်ပေးတဲ့ ကုမ္ပဏီဟာ ခွင့်မပြုသင့်ခဲ့ဘူးလို့ ပြောကြားလာပါတယ်။

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ကောင်းကင်
ကျွမ်းဘားပြုလုပ်ဖို့ ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ အနေနဲ့ တရားရင်ဆိုင်သွားရဖို့ ရှိပြီး ကုမ္ပဏီဒါရိုက်တာ Robert Swainson ကတော့ သူမခုန်ဆင်းပြီးခဲ့တဲ့ အချိန်မှာ လေထီးပွင့်ခဲ့ပါတယ်လို့  ထွက်ဆိုထားပါတယ်။

ဒီလို ကောင်းကင်ကျွမ်းဘားအတတ် စမ်းချင်တဲ့လူတွေဟာ ဒီလိုလေယာဉ်ပေါ်ကခုန်ချပြီး အမှန်တကယ် မပြုလုပ်ရခင် အစမ်းလေ့ကျင့်သင်ကြားမှုတွေကို ခြောက်နာရီ ကနေ ခုနှစ်နာရီ လောက်ထိ သင်ကြားရတယ်လို့ သိရပါတယ်။

Ref: express.co.uk

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်