Thursday, February 20, 2014

ဗင်နီဇွဲလား ပြည်တွင်း ပဋိပက္ခမှာ အလှမယ် တစ်ဦး ကွယ်လွန်

Posted by drmyochit Thursday, February 20, 2014, under | No comments


By ရိုးရာလေး

တောင်အမေရိက က ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရ ထောက်ခံသူနဲ့ အစိုးရ ဆန့်ကျင်သူတို့ကြား ပဋိပက္ခ ဖြစ်ပွားမှု အကြီးအကျယ် ဖြစ်နေပါတယ်။ ၂၀၁၃ မတ်လက သမ္မတ Hugo Chavez ကွယ်လွန်ပြီးနောက် ဒုတိယ သမ္မတ Nicolas Maduro က သမ္မတ ဖြစ်လာခဲ့ ပါတယ်။
 
မဲကိစ္စနဲ့ ပက်သက်ပြီး ပြည်သူများ မကျေနပ်ချက် ဖြစ်ခဲ့ပေမယ့် ယခု အရေးအခင်းကတော့ ၁၅ နှစ်ကြာ သက်တမ်းရှည်လာတဲ့ ဆိုရှယ် လစ် နိုင်ငံရေး စနစ်အပေါ် ပုန်ကန်တော်လှန်ခြင်း ဖြစ်ပါ တယ်။ ရေနံဖြင့် ချမ်းသာကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၁၃ နှစ် လယ်လောက် က စလို့ ယနေ့အချိန်အထိ နိုင်ငံရေး မငြိမ်သက်တော့ ပါဘူး။ 

အရေးအခင်းများကြောင့် သေဆုံးသူများလည်း မြင့်တက် လာပါယ်။ ပြီးခဲ့တဲ့ လကပဲ ဗင်နီဇွဲလားရဲ့ အလှမယ် တစ်ဦးနဲ့ အမျိုးသားတို့ လမ်းမမှာ လုပ်ကြံ ခံခဲ့ ရပါတယ်။ ယခု ဗင်နီဇွဲလားရဲ့ ပြည်နယ် တစ်ခုမှာ Miss Tourism ဆု ရရှိထားတဲ့ အသက် ၂၁ နှစ်အရွယ် Genesis Carmona ဟာလည်း လမ်းမပေါ် မှာ အရေးအခင်းထဲ သေနတ်နဲ့ အပစ်သတ် ခံခဲ့ ရပါတယ်။ ဦးခေါင်းကို ထိသွားခြင်း ဖြစ်ပြီး ဆိုင်ကယ်ပေါ် ယခုလို တင်ပြီး ဆေးရုံပို့ပေ မယ့် ကုသလို့ မရပဲ သေဆုံး သွား ပါတယ်။
ဒါကြောင့်မို့ လက်ရှိအချိန်မှာ ဗင်နီဇွဲလားဟာ ပဋိပက္ခများကြောင့် အသက် အန္တရာယ် စိုးရိမ်ရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာကြောင်း သိရ ပါတယ်။
.
Ref: dailymai
အောင်ခမ်း (ရိုးရာလေး)



Desperate dash to save dying beauty queen: Venezuelan woman, 22, dies hours after being gunned down on the street

Génesis Carmona shot in the head amid anti-government protests
Unidentified gunman opened fire on demonstrators in Valencia
Venezuelan protest death toll reaches five in a week
By Donna Sawyer
PUBLISHED: 17:59 EST, 19 February 2014 | UPDATED: 04:48 EST, 20 February 2014
Slipping away by the second, she lies cradled in the arms of the motorbike rider who faces a desperate – and ultimately futile – race against time to save her life.
Moments earlier, Genesis Carmona had been an ordinary 22-year-old woman on a street in the Venezuelan city of Valencia.
Then she was shot in the head by an unidentified gunman who opened fire at anti-government protesters.
Miss Carmona, a marketing student and beauty queen, slumped to the ground. A bystander scooped her up in his arms and put her on his motorbike.
But despite rushing her to hospital for emergency surgery, doctors were unable to save her life.
Last night Miss Carmona’s family were in shock.
‘How long are we going to live like this? How long do we have to tolerate this pressure, with them killing us?’ a relative said. ‘She only needed one more semester to graduate,’ he added.

Read more: http://www.dailymail.co.uk/news/article-2562670/Venezuela-awaits-fate-jailed-opposition-leader.html#ixzz2tslJr4G6

တမူးတွင် ဈေးလာရောင်းသည့် ပန်ချာပီနှစ်ဦး ပျောက်ဆုံးပြီးနောက် နှစ်နိုင်ငံနယ်စပ်ဂိတ်ကို အိန္ဒိဘက်မှပိတ်

Posted by drmyochit Thursday, February 20, 2014, under | No comments

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင် ပျောက်ဆုံးခဲ့သော ပန်ချာပီနှစ်ဦးကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်ကို အိန္ဒိယနိုင်ငံက ဖေဖော်ဝါရီ ၁၉ ရက် နံနက်မှစ၍ ပိတ်လိုက်ကြောင်း တမူးမြို့ခံများ နှင့် တမူးမြို့ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

““မြန်မာဘက်ကတော့ မပိတ်ပါဘူး။ သူတို့ဘက်က ပိတ်လိုက်တာပါ။ ပန်ချာပီနှစ်ဦးပျောက်သွားတာနဲ့ ဆိုင်မယ်ထင်တယ်”” ဟု တမူးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက် နံနက်တွင် အိန္ဒိယနိုင်ငံဘက်မှ ပန်ချာပီခြောက်ဦး မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာပြီး နှစ်ဦးချင်းစီ လူခွဲကာ တမူးမြို့ပေါ်တွင် ဈေးရောင်းခဲ့သည်။ ထို့နောက် ပန်ချာပီလေးဦးမှာ အိန္ဒိယနိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာသော်လည်း နှစ်ဦးမှာ ပြန်ရောက်မလာသဖြင့် တမူးမြို့ သက်ဆိုင်ရာအာဏာပိုင်များကို အိန္ဒိယအာဏာပိုင်များမှတစ်ဆင့် အကြောင်းကြားခဲ့သည်ဟု သတင်းရရှိသည်။

““ရှာမတွေ့တာတော့ ကိုးရက်လောက်ရှိပြီ။ လူက ရှာမတွေ့တော့ အိန္ဒိယဘက်က လူငယ်ကွန်ရက်က မြန်မာပြည်က လူငယ်ကွန်ရက်ကို လှမ်းချိတ်တယ်။ ကျွန်တော်တို့လည်း ရှာပေးနေတယ်”” ဟု တမူးမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ကိုယဉ်ကိုဦးက ပြောသည်။

နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ၀င်ရောက်လာသူ မည်သူမဆို တရားဝင် ညအိပ်၊ ညနေ နေခွင့်မရသော်လည်း နားလည်မှုဖြင့် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးများမှတစ်ဆင့် မနက်ခြောက်နာရီမှ ညနေခြောက်နာရီအထိ နေထိုင်ခွင့်ပေးထားသည်။

တမူးမြို့နယ်စပ် လ.၀.က ဂိတ်မှတစ်ဆင့် တစ်ရက်တာလည်ပတ်ခွင့်ဖြင့် ရောက်ရှိလာသူ ခြောက်ဦးအနက် ပျောက်ဆုံးနေသူ အိန္ဒိယနိုင်ငံသား ပန်ချာပီနှစ်ဦးကို စုံစမ်းစစ်ဆေးနေပြီး ယနေ့ အချိန်ထိ မတွေ့ရှိရသေးကြောင်း နယ်စပ်ဂိတ် လ.၀.ကဂိတ်တွင် တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံက အဆိုပါကိစ္စကြောင့် နယ်စပ်ဂိတ်ကိုပိတ်လိုက်ပြီး မြန်မာနိုင်ငံသားတစ်ဦးတစ်ယောက်မျှ အိန္ဒိယနိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ပေးမည်မဟုတ်ဟု နယ်စပ်ကုန်သည်အချို့ကို ပြောကြားခဲ့သည်ဟု နယ်ခံကုန်သည်အချို့က ပြောသည်။

Author: အိဖြူမွန်
7day Daily

အိန္ဒိယနယ်စပ် တမူးမြို့တစ်နေရာကိုတွေ့ရစဉ် ဓာတ်ပုံ - ကိုစိုင်း

Wednesday, February 19, 2014

အချိုရည်ဗူးတွေပေါ်မှာ ကျန်းမာရေးသတိပေးစာကပ်ဖို့ ဥပဒေမူကြမ်း တင်သွင်းလိုက်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်

Posted by drmyochit Wednesday, February 19, 2014, under | No comments


Soft drink အချိုရည်ဗူးတွေပေါ်မှာ ကျန်းမာရေး သတိပေးစာကပ်ဖို့အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ကယ်လီဖိုးနီးယား ဥပဒေရေးဆွဲသူတွေဟာ အဆိုတင်သွင်းခဲ့ပါတယ်။ အချိုရည်တွေနဲ့ မလိုလားအပ်တဲ့ အ၀လွန်ရောဂါမျိုးတွေကြားက ဆက်စပ်မှုကို ပြဖို့အတွက် မျှော်မှန်းထားကြတာပါ။ အဖျော်ယမကာတွေပေါ်မှာ ဒီလို သတိပေးစာကပ်ဖို့ ဥပဒေမူကြမ်းထုတ်တာဟာ အမေရိကမှာ ပထမဆုံးပါပဲ။ စီးကရက်ဗူးခွံတွေမှာ ကျန်းမာရေးသတိပေးစား ကပ်သလိုမျိုးပေါ့။

ဒီဥပဒေ မူကြမ်းကိုသာ အတည်ပြုဖြစ်ခဲ့မယ်ဆိုရင် အချိုရည်ထုတ်တဲ့ စီးပွားရေးလုပ်ငန်းတိုင်းဟာ အရည်၁၂ အောင်စစီမှာ ကယ်လိုရီ ၇၅ပါရှိကြောင်းနဲ့ အချိုရည် တစ်ဗူးချင်းစီပေါ်မှာ ကျန်းမာရေးသတိပေးစာ ကပ်ရတော့မှာဖြစ်ပါတယ်။ "STATE OF CALIFORNIA SAFETY WARNING: Drinking beverages with added sugar(s) contributes to obesity, diabetes, and tooth decay," လို့ ရေးထားမှာပါ။ “ကယ်လီဖိုးနီးယားပြည်နယ် ဘေးကင်းရေး သတိပေးချက် : သကြားပါသော အဖျော်ယမကာ တွေဟာ အ၀လွန်ခြင်းနဲ့ ဆီးချိုရောဂါကို ဖြစ်စေပြီး သွားတွေကိုလည်း ယိုယွင်းပျက်စီးစေပါတယ်။” ပေါ့။

Ref:theverge.com
From: Trend Myanmar

ပြည်ပဆက်သွယ်ရေးကုမ္ပဏီ ၂ခုမှ ရက်ပေါင်း ၁၈၀ အတွင်း စတင်ရောင်းချမည့် ဝန်ဆောင်မှုများကို ပြည်သူအများ စိတ်ဝင်စားနေကြ

Posted by drmyochit Wednesday, February 19, 2014, under | No comments




မိုဘိုင်းသုံးစွဲမှုနိမ့်ပါးနေသည့် မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ နှစ်ခုတို့ အနေဖြင့် ရက်ပေါင်း ၁၈၀ အတွင်း ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဟု တရားဝင်ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပြည်သူများ အနေဖြင့် အဆိုပါ ကုမ္ပဏီ နှစ်ခုမှ ထုတ်လုပ်ရောင်းချမည့် မိုဘိုင်းဖုန်း ဆင်းမ်ကတ်ဝန်ဆောင်မှုများကိုသာ စောင့်မျှော်နေကြကြောင်း စုံစမ်းသိရှိရသည်။

ပြည်ပဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုမှာ ကြည်လင်သောဖုန်းလိုင်း နှင့် ကောင်းမွန်သော အင်တာနက်ဝန်ဆောင်မှုများကို စိတ်ဝင်စားကြောင်း ဒဂုံတက္ကသိုလ်တွင် တက်ရောက်နေသူ ဒုတိယနှစ်ကျောင်းသား ကိုဇော်ဇော်ကပြောသည်။ "ကျွန်တော်ကတော့ လိုင်းသိပ်မကောင်းတဲ့ ဖုန်းတွေကို သိပ်စိတ်မဝင်စားဘူးဗျ။ ပိုက်ဆံပေးသုံးရတာပဲ။ ကောင်းတာပဲသုံးမှာပေါ့။ တယ်လီနောရော ၊အော်ရီဒူးက အဲဒါတွေကောင်းမယ်လို့ ပြောထားတာပဲ။သူတို့ကတော့ပြောတဲ့ အတိုင်း လုပ်မယ်ထင်တယ်။ အဲဒီတော့ သူတို့ ဝန်ဆောင်မှုကိုစောင့်ပြီးသုံးတော့မယ်" ဟု ဆိုသည်။

လမ်းမတော်မြို့နယ် ၊ဘုန်းကြီးလမ်းတွင် ကွမ်းယာဆိုင်ဖွင့်လှစ်ထားသူ ကိုဇော်မင်းက " အကိုတို့ က လက်လုပ်လက်စားတွေပဲကွာ။ ၁၅၀၀ တန်ဖုန်း တွေကို သိန်းချီပြီးမဝယ်နိုင်ဘူး။ ဂျာနယ်တွေထဲမှာ ဖတ်ရသလောက်တော့ နောက်ထပ် ၆လလောက်ဆိုရင် နိုင်ငံခြားကုမ္ပဏီ တွေက ဖုန်းရောင်းမယ်ပြောတယ်လေ။အဲဒါပဲစောင့်တော့မယ်" ဟု ပြောသည်။

ကုမ္ပဏီဝန်ထမ်းတစ်ဦးက "အစ်မက အခု ၂သိန်းတန်ဖုန်းကိုင်တယ်လေ။ ဒါပေမယ့် တယ်လီနောက ဖုန်းတွေထွက်လာရင်ဝယ်မှာပါ။ ဘာလို့လဲဆိုတော့ အခုဖုန်းက အင်တာနက်လိုင်း လုံးဝမကောင်းဘူး ။ တယ်လီနောက အင်တာနက်လိုင်း ကောင်းမွန်စေရမယ်လို့ ပြောထားတယ်လေ။ ပြီးတော့ကုန်ကျစရိတ်(ဘီလ်) လည်း သိပ်ပြီးကုန်မှာ မဟုတ်ဘူးလေ" ဟုပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လစဉ် မိုဘိုင်း ဆင်းမ်ကတ်များကို ပုံမှန်အတိုင်း ဆက်လက်ရောင်းချသွားမည်ဟု ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် လည်း ပြည်သူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချနေသည့် တန်ဖိုးနည်း ဆင်းမ်ကတ်များထက် ပြည်ပကုမ္ပဏီ ၂ ခုမှ ရောင်းချမည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို စောင့်မျှော်နေကြခြင်းလည်းဖြစ်သည်။

လာမည့် ၆ လအတွင်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များစတင်ရောင်းချမည့် အော်ရီဒူး မြန်မာ ကုမ္ပဏီမှာ ဆင်းမ်ကတ်တစ်ခုလျှင် ကျပ် ၁၅၀၀ ကျပ်ဝန်းကျင်ဖြင့် အလွယ်တကူ ဝယ်ယူရနိုင်ရန် ရောင်းချသွားမည်ဖြစ်ပြီး တစ်မိနစ်လျှင် ၂၅ ကျပ်အောက် လျော့နည်းသည့် ဈေးနှုန်းမျိုးဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ၊လာမည့် ၈ လအတွင်း မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို စတင်ရောင်းချမည့် တယ်လီနောမြန်မာ ကုမ္ပဏီ မှလည်း ဆင်းမ်ကတ်တစ်ခုကို ၁၅၀၀ ကျပ် ၊ တစ်မိနစ်လျှင် ၂၅ကျပ်နှုန်းဖြင့် နည်းပါးသော ဈေးနှုန်းဖြင့်ကောက်ခံမည်ဖြစ်ကြောင်း ၊ ထို့ပြင်တယ်လီနော မှ အင်တာနက်တစ်ပါတည်း ဆင်းမ်ကတ် နှင့် ရိုးရိုးဆင်းမ်ကတ်ဟူ ၍ နှစ်မျိုးခွဲကာ ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

အေဝမ်း
TechSpace Journal

စိတ်ကိုပျော်အောင်ထားရင် မျက်နှာကြည်ကြည်လေးနဲ့ လှပနေမှာပါလို့ ပြောတဲ့ မိစန္ဒီ

Posted by drmyochit Wednesday, February 19, 2014, under | No comments



ဟစ်ဟော့ အဆိုတော်မလေး မိစန္ဒီနဲ့ တွေ့ဆုံခိုက်မှာ သူမရဲ့ အသားအရေထိန်းသိမ်းမှု အကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘အသားအရေကတော့ သတိရရင်ရသလို၊ မရရင်မလိမ်းဘူး။ တစ်ခါတစ်လေ လုပ်တယ်။ ပျင်းတော့လုပ်ချင်စိတ်ရှိမှ လုပ်တယ်။ နွေရာသီမှာ လိုးရှင်းလိမ်းတယ်။ မျက်နှာမည်းမှာ အရမ်းကြောက်တယ်။ ကျန်တာကတော့ သိပ်မလုပ်ဖြစ်ဘူး။ ကပ်စီးကပ်စီးဖြစ်လို့လေ။ မျက်နှာကတော့ SHISHEDO သုံးတယ်။ လိုးရှင်းကတော့ NIVERA ,VICTORIA SECRET သုံးဖြစ်တယ်။ အစုံသုံးတယ်။ အလှအပနဲ့ပတ်သတ်ပြီး သိပ်မိန်းမမဆန်တော့ မကျွမ်းကျင်ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေက ခုဆိုရင် အရမ်းလဲ မိုက်လာကြပြီ။ အရမ်းလဲ ၀တ်တတ်လာကြပြီဆိုတော့ ကိုယ်ကလည်း အတတ်နိုင်ဆုံး ပြင်ပြင်ဆင်ဆင်လေး နေဖို့လိုလာပြီလေ။ စိတ်လေးကိုလဲ ပျော်အောင်နေကြပါ။ အဲဒါမှ မျက်နှာကြည်ကြည်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်လှပနိုင်မှာပါ’လို့ သူမက ပြောပြပေးခဲ့ပါတယ်။

လူပြောများသည့် သရဲဖုန်းမှာ Software ထည့်သွင်းထားခြင်းဖြစ်

Posted by drmyochit Wednesday, February 19, 2014, under | No comments


Tuesday, February 18, 2014

ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အချက် (၇) ချက်

Posted by drmyochit Tuesday, February 18, 2014, under | No comments


ယောင်္ကျားအများစုဟာ ကိုယ့်ရည်းစား၊ ကိုယ့်ချစ်သူ အမျိုးသမီးတွေအပေါ်မှာ ရစ်တတ်ကြတယ်၊ ဘာက ဘယ် လို အပြစ်ရှာတတ်ကြပေမယ့် တစ်ခါတစ်လေ သူတို့ကိုယ်တိုင် ကိုယ့်ရည်းစား ဒီနေ့ဘာတွေ လုပ်ထား တယ်၊ ဘာတွေလုပ်မထားဘူးဆိုတာမျိုးကိုတောင် သတိမပြုမိတတ်ကြပါဘူး။ မချစ်လို့ ဒီလို သတိမပြုမိ တာမျိုး မဟုတ်ပေမယ့် ကိုယ့်ချစ်သူအတွက် အာရုံဘယ်လောက်ထားထားလဲ၊ ဘယ်လောက်အသေးစိတ်သလဲဆိုတာမျိုးဟာ အမျိုးသမီးတွေ တကယ်လိုချင်တဲ့ အရာတွေပါပဲ။ ဒါ့ကြောင့် အမျိုးသားတွေ သတိမပြုမိတတ်တဲ့ အရာတွေကို ပြောပြပေးလိုက်တယ်နော်။

၁။ ကောင်မလေးက ပိုက်ဆံအိတ် အပြောင်းအလဲ လုပ်ထားတာမျိုး။


ကိုယ်က တစ်သက်လုံးမှာမှ ပိုက်ဆံအိတ်တစ်အိတ်ပဲ စွဲကိုင်တတ်တဲ့သူဆိုရင်တော့ ထားပါတော့လေ။ ပိုက်ဆံအိတ်ကို မကြာခဏ ပြောင်းကိုင်တတ်တဲ့သူဆိုရင်တော့ သူတို့ဒါကို သတိမပြုမိတာ သေချာပါတယ်။

၂။ကိုယ့်ချစ်သူက ခြေသလုံးမွှေး ရိတ်ထားလား၊ မရိတ်ထားဘူးလား ဆိုတာမျိုး။
ကိုယ်က ခြေသလုံးမွှေးရိတ်တတ်သူလား၊ ရိတ်လေ့ ရိတ်ထ မရှိသူလားဆိုတာတောင် သူတို့သိဖို့ မလွယ်ပါဘူး။

၃။အဲ့ဒီညက သူမ မိတ်ကပ်လိမ်းထားလား၊ မလိမ်းထားခဲ့ဘူးလား ဆိုတာမျိုး။

ဟိုညက သူနဲ့အပြင်သွားတုန်း ကိုယ်မိတ်ကပ်လိမ်းထားလား၊ မလိမ်းထားဘူးလားဆိုတာမျိုး သူတို့အတွေးထဲမှာ သိပ်မရှိတတ်ပါဘူး။ ကိုယ်က လိမ်းမထားခဲ့ရင်တောင် လိမ်းထားတယ်မလားလို့ အတင်းဇွတ်ပြန်ငြင်းတတ်တာမျိုးပါ။

၎။ကိုယ့်ကောင်မလေး ဖိနပ်သစ်ပြောင်းစီးထားသလား ဆိုတာမျိုး။


တစ်ခါတစ်လေ ကိုယ်က ဖိနပ်အသစ်လေးနဲ့မို့ ချစ်သူမေးတာမျိုး ခံချင်တယ်။ သူတို့က ဒါကို သတိမပြုမိဘူး။ အဲ့ဒီအခြေအနေမျိုး အတွဲတွေတိုင်း ရင်ဆိုင်ဖူးမှာပါ။ မိန်းကလေး သဘာဝ ဖိနပ်သစ်လေးနဲ့ လှလိုက်တာလို့ အပြောခံချင်ရင်တောင် သူတို့ကို အရင်အသိပေးရမယ့် အခြေအနေဖြစ်သွားတတ်ပါတယ်။

၅။သူမ အရင်ထက်ပိန်သွားသလား၊ ၀လာသလား ဆိုတာမျိုး။

ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်းရှိနေချိန် ကိုယ်ပိန်သွားသလား၊ ၀လာသလားဆိုတာမျိုး မေးလိုက်ရင် သူတို့ရဲ့ အဖြေက တွေ့နေကျမို့လို့ သတိမထားမိဘူး ဆိုတာချည်းပဲ လာပါလိမ့်မယ်။ အမှန်တော့ ဒါကို သူတို့ သတိမပြုမိကြတာပါ။

၆။ကောင်မလေး နှုတ်ခမ်းနီရောင် အပြောင်းအလဲ လုပ်ထားသလား ဆိုတာမျိုး။

ကိုယ်က နှုတ်ခမ်းနီဆိုးတတ်သူဆိုရင်တော့ ချစ်သူက ကိုယ်ဘယ်အရောင်တွေ ဆိုးတတ်သလဲဆိုတာ သိကို သိထားရမှာပါ။ ဒါပေမယ့် ချွင်းချက်အနေနဲ့ ကိုယ်နှုတ်ခမ်းနီရောင် ပြောင်းဆိုးလာတာကို သတိထးမိတဲ့ ချစ်သူဆိုရင်တော့ အမှတ်ပိုပေးလိုက်တော့နော်။ တွေ့ရခဲလို့ပါ။

၇။သူမ ဘောင်းဘီအသစ် ၀တ်ထားသလားဆိုတာမျိုး။

ဂျင်းဘောင်းဘီဆိုတာမျိုးက တစ်ထည်နဲ့တစ်ထည် ဆင်တူနေတတ်ပေမယ့် ဘောင်းဘီအသစ်ဝတ်ထားတာကို သိနေတဲ့သူမျိုး ဆိုရင်တော့ သူဟာ သင့်အပေါ် တော်တော်လေး ဂရုစိုက်တဲ့ ယောင်္ကျားပါပဲ။

Ref:cosmopolitan.com

တရုတ်အမျိုးသားတဦး သူ့ကိုယ်သူ ကျားစာကျွေးဖို့ ကြိုးစား

Posted by drmyochit Tuesday, February 18, 2014, under | No comments


စိတ်ဓာတ်ကျနေတဲ့ အသက် ၂၇ နှစ်ရှိတဲ့ တရုတ် အမျိုးသား တဦးဟာ သူ့ကိုယ်သူ ကျားစာ အဖြစ် ကျွေးဖို့ တိရိစ္ဆာန်ရုံထဲက ကျား ရုံ ထဲ ရောက်ပြီး ဘင်္ဂလား ကျားဖြူတကောင်က ဆွဲသွားတဲ့ ဖြစ်ရပ်ဟာ တိရိစ္ဆာန်ရုံ ကို အလည်အပတ်လာကြသူတွေ မျက်လုံးပြူးကုန်ရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ဘက်က စီချွမ်ပြည်နယ်က ချန်ဂျူ (Chengdu) တိရိစ္ဆာန်ရုံမှာ မနေ့က အဲဒီ အဖြစ် အပျက် ဖြစ်ပွားခဲ့တာပါ။

စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ ယန်ဇင်ဟိုင်ဟာ သူ့အနေနဲ့ လက်ရှိဘဝကို အဆုံးသတ်ပြီး အစစ အရာရာ ဘဝသစ်ကို ပြန်စ မယ် ဆိုတဲ့ သတင်းစကားတွေကို အွန်လိုင်းမှာ အကြိမ်ကြိမ် တင်ခဲ့ပါတယ်။

တဖက်ကလည်း အလုပ်လက်မဲ့ဖြစ်နေချိန် သူ ဟာ စိတ်ဓာတ်ကျဝေဒနာကို ခံစားနေရပုံလည်း ရပါတယ်။ အလုပ်လျှောက် ထားခဲ့ပေမယ့် စိတ်ပျက်ငြီးငွေ့ဖွယ် အလုပ်ကိုသာရခဲ့တာကြောင့် အလုပ်ပြန်ထွက်ပြီး
နောက် အခု လို ကိုယ့်ကိုယ်ကို ကျားစာကျွေးပစ်ဖို့ထိ ဖြစ်လာခဲ့တာပါ။

တကယ်တော့ တရုတ်နိုင်ငံမှာ အလုပ်လက်မဲ့များလာမှုရဲ့ နောက်ဆက်တွဲအဖြစ် စိတ်ဓာတ်ကျဆင်း သူ တော်တော်များလာနေတယ်ဆိုတဲ့ စစ်တမ်းတွေလည်း အစီအရီထွက်ပေါ်လာနေတယ် လို့ မေးလ်အွန် လိုင်းသတင်းတခုက ဆိုထားပါတယ်။

သူ့ကို ဆွဲချီပြီး ကျားလှောင် အိမ်ဂူကို သွင်းအံ့ဆဲဆဲ အချိန်မှာပဲ ကံကောင်းစွာပဲ တိရိစ္ဆာန်ရုံစောင့် ဝန်ထမ်းတွေက ကျားကို တားမြစ်သတိပေးနိုင်လို့ သူဟာ အသက်ချမ်းသာရာ ရခဲ့ပါတယ်။

လူဘဝကို အဓိက မောင်းနှင်သူဟာ စိတ်ဖြစ်တာကြောင့် စိတ်ကစဥ့်ကလျားဖြစ်တဲ့အခါ လူ့ဘဝကို မထိန်းကျောင်းနိုင်တော့ပဲ အခုလို ဖြစ်ရပ်ဆိုးမျိုးတွေ ဖြစ်တတ်တာ ကျမတို့ ဧရာဝတီစာဖတ်ပရိသတ်ကြီး သတိထားမိစေဖို့ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။

အိမ့်သံစဉ် ~
Irrawaddy Blog

မြန်မာကျောင်းသူ ၄ ဦးအား ဘာသာခြား တစ်ယောက်က အဓမ္မ ပြုကျင့်မှု ဖြစ်ပွား၊ မ ဘ သ အဖွဲ့က ပြဿနာ မကြီးထွားစေရန် ထိန်းသိမ်းနိုင်ခဲ့

Posted by drmyochit Tuesday, February 18, 2014, under | 1 comment

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ပင်လောင်းနေပြည်တော် ကားလမ်းအနီး သပြေကုန်းကျေးရွာ၌ အရွယ် မရောက်သေးသူ (၄)ဦးအား ဘာသာခြားတစ်ဦးက သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ယင်းမြို့နယ်ရှိ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဖော်ထုတ်နိုင် ခဲ့သည်ဟု အောင်ပန်းမြို့ ဓမ္မစက္ကဖောင်ဒေး ရှင်း တာဝန်ရှိသူ ဦးမင်းလွင်ဦးက Nwes Watch ဂျာနယ်သို့ ပြောကြားသည်။

၎င်းက “ဒီသတင်းကြားတော့ အောင်ပန်းနဲ့ မိုင် ၇၀ ဝေးတဲ့ အဲဒီရွာကို အရောက်သွားခဲ့တယ်။ ဖြစ်စဉ်က အဲဒီလူကြီးက ရွာမှာငွေတိုးချေးစားတဲ့သူ၊ ကလေးတွေကို စိတ်ကြွဆေးကျွေးပြီးမှ ကျူးလွန်ခဲ့တာဆိုတာ သိခဲ့ရတယ်။ ၂၀၁၃ ဧပြီပြီးလောက်ကတည်းက ကျူးလွန်ခဲ့တာကို သူတို့လင်မယား ရန်ဖြစ်ရာကနေ ဒီအဖြစ် အပျက် ပေါ်သွားတာ” ဟု ပြောကြားခဲ့သည်။

အရွယ်မရောက်သေးသည့် ကလေးငယ်(၄)ဦးတွင် (၁၂)နှစ်အရွယ် ပဉ္စမတန်းကျောင်းသူအား (၁)ကြိမ်၊ အသက်(၁၁)နှစ်အရွယ် တတိယတန်းကျောင်းသူနှစ်ဦးအား(၃)ကြိမ်နှင့် (၅)ကြိမ်စီ၊ အသက်(၉)နှစ်အရွယ် ဒုတိယတန်းကျောင်းသူအား(၂)ကြိမ် သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု ဖော်ထုတ်တွေ့ရှိခဲ့ရကြောင်း
ပြောကြားခဲ့သည်။ ကျူးလွန်ခဲ့သူသည် ဦးလှရွှေ အသက်(၅၈)နှစ် အစ္စလာမ်ဘာသာဝင်ဖြစ်သည် ဟု ပြောကြား ခဲ့သည်။

“ရဲစခန်းက ပုဒ်မ ၃၆၃/၃၇၆/၅၁၁ နဲ့ အရေးယူပေမယ့် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်နိုင်အောင် မ.ဘ.သ က ရဲစခန်းကိုလိပ်မူပြီး စာပို့တာရယ်၊ သက်ဆိုင်ရာဌာနတွေကိုလည်း စာတွေပို့ပေးခဲ့တယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအမှုအား ဇန်နဝါရီလထဲတွင် တရားရုံးသို့ ရောက်ရှိနေချိန်၌ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မှ သိရှိခဲ့ပြီး ကွင်းဆင်းဖော်ထုတ်ခဲ့သည်ဟု ဆိုသည်။

ယင်းကဲ့သို့ အမှားမှန်ဖော်ထုတ်ခြင်းလုပ်သကဲ့သို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ပဋိပက္ခမဖြစ်ပွားရေးအတွက်လည်း ပြုလုပ်ခဲ့ကြောင်း သားမယား အဖြစ် ပြုကျင့်ခံခဲ့ရသူများအား လတ်တလော ငွေကျပ်(၉)သိန်း ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆကိုးသူဇာ

(၇)တန်းကျောင်းသူနှစ်ယောက် အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ်ပြုကျင့်ခံရ

Posted by drmyochit Tuesday, February 18, 2014, under | No comments


Tuesday, February 18, 2014

ဂန့်ဂေါ၊ မဇ္ဈိမ။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခေါက်ခူကျေးရွာတွင် အသက်(၇၀)ကျော် အမျိုးသားကြီးတစ်ဦးက (၇)တန်းကျောင်းသူ နှစ်ယောက်ကို အပင်းချပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အတွက် ဂန့်ဂေါမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ အမှုဖွင့်အရေးယူခဲ့ခြင်းမှာ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီအချိန်က သားမယားအဖြစ် ပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး ကျောင်းသူမလေး၏ မိခင်ဖြစ်သူမှ ရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ခေါက်ခူကျေးရွာ အောင်မင်္ဂလာဘုန်းကြီးကျောင်း၏ ကျောင်းမုခ်ဦးအား ဆေးသုတ်ရန် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသူ ထီးလင်မြို့ အမှတ်(၂) စည်ပင်သာယာရပ်ကွက်က အသက်(၇၀)ကျော်ရှိ
ဦးကျော်ခင်ဆိုသူမှ သက်(၁၃)နှစ်အရွယ်သာရှိသေးသည့် သတ္တမတန်းကျောင်းသူနှစ်ဦးကို အပင်းချပေးရန်ဟုဆိုကာ ဘုန်းကြီးကျောင်းသို့လာရန် ချိန်းဆိုခေါ်ခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းတွင်
မိခင်ဖြစ်သူက ထွက်ဆိုထားသည်။

ထို့ကြောင့် သတ္တမတန်းကျောင်းသူလေးနှစ်ယောက် ညနေ ၆ နာရီက အောင်မင်္ဂလာ ဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့ပြီး အပင်းချသည့်အခါ လူမြင်ခံ၍ မရသည့်အတွက် ကျောင်း၏
အနောက်တောင်ဘက်အရပ်တွင် ရေကန်နှင့် ပေ ၃၀ ၀န်းကျင်ရှိ ကြက်ဟင်းခါးပင်ချုံအောက်သို့ ကလေးတစ်ဦးကို ခေါ်ဆောင်ခဲ့သည်။ ထိုအချိန်တွင် အခြားကလေးတစ်ဦးကို ရေကန်အနီးမှ
စောင့်ခိုင်းသဖြင့် စောင့်နေရသည်ဟု ဆိုသည်။

ထို့နောက် ကလေးငယ်က အကူအညီတောင်းခံခဲ့ရာမှ အခြားကလေးငယ်တစ်ဦးက သွားရောက်ကြည့်ရှုခဲ့ရာတွင် နှစ်ဦးစလုံးကို အဓမ္မပြုကျင့်ခဲ့သည်ဟု ကလေးမိခင်က ရဲစခန်းတွင် ထွက်ဆိုထားသည်။

Mizzima - News in Burmese

၁၂ နှစ်နှင့် ၁၆ နှစ် အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှု တစ်ရက်တည်းဖြစ်ပွား

Posted by drmyochit Tuesday, February 18, 2014, under | No comments


အသက် ၁၂ နှစ်နှင့် ၁၆ နှစ်ရှိ အမျိုးသမီးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖေဖော်ဝါရီ ၁၅ ရက် တစ်ရက် တည်း ဖြစ်ပွား ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ပထမတစ်မှုမှာ ဒလမြို့နယ်တွင် ၁၂ နှစ်အရွယ် ကလေးငယ်အား ပထွေးတော်စပ်သူက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ပြီး ဓမ္မတာမဟုတ်သော နည်းလမ်းများဖြင့်ပါ အဓမ္မပြု ကျင့်ခံထားရသည်ဟု ကလေးငယ်၏ အဒေါ်ဖြစ် သူက ရဲစခန်းတွင် ထွက်ဆိုတိုင်တန်းထားသည်။

ဖြစ်စဉ်တွင် မိခင်ဖြစ်သူ ကလေးမီးဖွားရန် ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ သွား ရောက်နေစဉ် မွန်းလွဲ ၂ နာရီ တွင် နေအိမ်တွင် အိပ်နေသည့် ၁၂ အမျိုးသမီးငယ်ကို ပထွေးဖြစ်သူ အောင်လင်းထွန်း(ခ)အိစွပ် (၃၃)နှစ် က ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့်ပါ သားမယားအဖြစ် ဆက်ဆံခဲ့သည်ဟု ဆိုထားသည်။

ထို့ပြင် လွန်ခဲ့သည့် တစ်လခန့်ကလည်း ယင်းကဲ့သို့ပင် ပုံမှန်အပြင် ဓမ္မတာမဟုတ်သော နည်းလမ်းဖြင့် သားမ ယားပြု ကျင့်ခဲ့သည့်အပြင် မည်သူ့ကိုမျှ မပြောရန်နှင့် ပြောပါက တုတ်နှင့်ရိုက်၊ လက်သီးဖြင့် ထိုးမည် ဟု ခြိမ်းခြောက်ခံခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုတိုင်တန်းထားသည်။

ထို့ကြောင့် အောင်လင်းထွန်းကို အရေးယူပေးရန် အဒေါ်ဖြစ်သူက ဖေဖော်ဝါရီ ၁၆ တွင်အမှုဖွင့် တိုင်တန်း ထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းတိုင်တန်းမှုကို ဒလမြို့နယ်ရဲစခန်း က (ပ) ၇၀/၂၀၁၄ ဖြင့် အမှုဖွင့်လိုက်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၃၇၇ တို့ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ဒုတိယဖြစ်စဉ်တစ်ခုမှာ လှည်းကူးမြို့နယ်၊ ဖောင်ကြီး မော့လော့ရေကန်အနီးရှိ ကျောက်ဂူတောအတွင်းတွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ကျောက်ဂူတောအတွင်း တဲထိုးပြီး မိသားစုနှင့်အတူနေထိုင်နေသည့် အသက် (၁၆)နှစ်အရွယ် မိန်းကလေးမှာ မိသားစုဝင်များ တောထဲသို့ ၀ါးခုတ်သွားစဉ် တဲအရှေ့ဘက် ကိုက် ၁၀၀ခန့်အကွာရှိ ချုံထဲသို့ အပေါ့ သွားနေခဲ့သည်ဟု ဆိုထားသည်။

ထိုအချိန်တွင် အစ်မ၀မ်းကွဲ၏ ခင်ပွန်းတော်စပ်သူ ကျော်လွင်ဦး(ခ)ချက်ဖောင်း (၂၆)နှစ် ရောက်ရှိလာပြီး ပါးစပ်ပိတ်တွန်းလှဲပြီး ဓားဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည် ဟု တိုင်တန်းထားသည်။

ထို့ကြောင့် ကျော်လွင်ဦး(ခ)ချက်ဖောင်းအား အရေးယူပေးရန် ဖေဖော်ဝါရီ ၁၆ တွင် အမှုဖွင့်တိုင်တန်း လိုက်သဖြင့် တိုက်ကြီးရဲစခန်းက (ပ)၅၈/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို ပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် စုံစမ်းရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

Mizzima - News in Burmese
ဇော်ဇော်ထွေး|မဇ္ဈိမ

ကနေဒါဘဲလေးကချေသည်ဟောင်းချစ်သူကို၁၅ထပ်မှပစ်ချသတ်ဖြတ်ခဲ့သည့် သြစတြေးလျသားထောင်ဒဏ် ၂၆နှစ် ချမှတ်ခံရ

Posted by drmyochit Tuesday, February 18, 2014, under | No comments

ဆစ်ဒနီ

သြစတြေးလျနိုင်ငံသား တစ်ဦးသည် ရည်းစားဖြစ်သူ နဒါဘဲလေးကချေသည် ဟောင်းကို ဆစ်ဒနီရှိ ၄င်းတို့ ၏အထပ်မြင့်တိုက်ခန်း လေ ဆာင်မှပစ်ချကာ သတ် ဖြတ်မှုဖြင့် အင်္ဂါနေ့က ထောင် ဒဏ် ၂၆ နှစ်ချ မှတ်ခံရ သည်။

ဆိုင်မွန်ဂစ်ဖာနီးသည် ၄င်းနှင့်စေ့စပ်ထားသူ လီဆာ ဟာနမ်က ၄င်းအားထားခဲ့ရန် စီစဉ်နေသည်ကို သိရှိ ရပြီး နောက် ဒေါသမထိန်းနိုင်ဘဲ ၂ဝ၁၁ ခုနှစ် ဇူလိုင်လက ၁၅ လွှာရှိ ၄င်းတို့၏နေအိမ်မှ လီဆာ ကို ပစ်ချ မှုဖြင့် ပြစ်ဒဏ်စီရင်ခံ ရခြင်းဖြစ်သည်။

တရားရုံးတွင် ဆွဲဆောင် မှုရှိသော ရည်းစားသစ်တစ်ဦး ၏ စွဲစွဲမြဲမြဲအားပေးထောက်ခံ မှုရနေသော အသက် ၄ဝအရွယ် ဆိုင်မွန်က တရားခွင်စစ်ဆေး မှုတစ်လျှောက်လုံး ၄င်း၌အပြစ် မရှိကြောင်းသာလျှောက်လဲ ခဲ့ သည်။ လီဆာဟာနမ်သည် လက်ရန်းတစ်ခုပေါ်တက်ရာ မှ ချော်ကျခြင်းသာဖြစ်၍ ကိုယ့် ကိုယ်ကိုယ် သတ်သေ သ လိုဖြစ် ကြောင်း ၄င်းကအခိုင်အမာ ပြောကြားခဲ့သည်။

သို့သော် လည်း လွန်ခဲ့သည့်နှောင်းပိုင်း က ၄င်းတွင်အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး အင်္ဂါနေ့က အမြင့် ဆုံးထောင်ဒဏ် ၂၆ နှစ်နှင့် အ နိမ့်ဆုံးထောင်ဒဏ် ၁၈ နှစ် ချ မှတ်ခံခဲ့ရသည်။ ဆိုင်မွန်သည် နောင်တ ရကြောင်း မပြသခဲ့ သည့်အပြင် ပြန်လည်ပြုပြင်နိုင် မည့်အလားအလာလည်း မရှိ ဟု တရား သူကြီး လူစီမက်ကော လမ်က ပြောကြားခဲ့သည်။

တရားခွင်စစ်ဆေးမှုအ တွင်း ဂစ်တနီးသည် တိုက်ခန်း တွင်း၌ စီစီတီဗွီကင်မရာများ တပ်ဆင်ခဲ့သည့်အပြင် ဟာနမ် ၏မက်ဆေ့ခ်ျနှင့် အီးမေးလ် များကိုစစ်ရန် ကွန်ပျူတာပရို ဂရမ်တစ်ခုလည်း အသုံးပြုခဲ့ ကြောင်း တရားရုံးကကြားနာခဲ့ သည်။ လီဆာဟာနမ်သေသည့် ညက ဆိုင်မွန်သည် အိမ်အပြင် ၌ ဟာနမ်ကိုချုပ်ကိုင်ကာ တိုက်ခန်းအတွင်းသို့ တရွတ် တိုက်ဆွဲခေါ်သွားသည်ကို ကင် မရာတစ်လုံး၌ တွေ့ရှိခဲ့သည်။ ''ကယ်ကြပါ၊ ကယ်ကြပါ၊ ဘုရား သခင်ကယ်ပါ''ဆိုသည့် ဟာနမ် ၏အော်သံကိုလည်း ကြားခဲ့ရ သည်။

ပြစ်ဒဏ်ချမှတ်သည့်နေ့ တွင် ဆိုင်မွန်၏လက်ရှိရည်းစား ရေချယ် လူးဝစ်မှာထူးထူးခြား ခြား ပျောက်နေ ခဲ့သည်ဟု သိ ရသည်။

Ref: AFP
The Melting Pot 4 U 

နှလုံးရောဂါ တိုက်ခိုက်မှုဒဏ်ကို ၅၀%ပိုခံရစေနိုင်သည့် အိပ်ဆေးများ

Posted by drmyochit Tuesday, February 18, 2014, under | No comments


အိပ်ဆေး (sleeping pills)  များကို သောက်သုံးနေသူများဟာ နှလုံးရောဂါ တိုက်ခိုက်မှုကို သာမန် လူတွေထက် ၅၀%ပိုခံရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုမှာ ထုတ်ဖော်ခဲ့တဲ့ အိပ်ဆေးအမည်ကတော့ zolpidem့ ဖြစ်ပြီး ဗြိတိန်ဈေးကွက်မှာ stilnoct  ဆိုတဲ့နာမည်နဲ့ ၀ယ်ယူရ ရှိနိုင်ပါတယ်။

zolpidem ဟာ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ နှလုံးပြဿနာတွေကို ဖြစ်ပွားစေမှုဟာ တဖြည်းဖြည်း မြင့်မားလာနေတယ်လို့ ဗြိတိန်ဆေးပညာ သုတေသီတွေက ပြောကြားထားပါတယ်။ တစ်နှစ်တာကာလအတွင်းမှာ ဆေးပမာဏ တစ်နှစ် 35 mgလောက် ကိုယ်ခန္ဓာထဲကို ရောက်ရှိသွားရင် နှလုံးရောဂါဖြစ်ပွားဖို့ ၂၀%နီးစပ်နေပါတယ်။ တကယ်လို့ ဆေးပြား ၆၀ ပမာဏလောက် သောက်သုံး နေရမယ်ဆိုရင်တော့ နှလုံးရောဂါ တိုက်ခိုက်မှု ဒဏ်ခံရဖို့ ၅၀%နီးစပ်နေတယ်လို့ ဒီသုတေသနမှာ ဖော်ထုတ်ထားခဲ့ပါတယ်။

ဒီလေ့လာမှုကို ကမ္ဘာ့အကြီးဆုံး နှလုံးရောဂါဆိုင်ရာ ကွန်ဖရင့်မှာ စာတမ်းတင်သွင်းခဲ့တာဖြစ်ပြီး ဆေးဝါး နဲ့ နှလုံးပြဿနာ ဆက်စပ်နေမှုကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက အခုလိုထုတ်ဖော်ထားပေမယ့် zolpidem ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အဲဒီ ဆက်စပ်မှုကို ငြင်းဆိုထားပါတယ်။ အခုလေ့လာမှုကို ဗြိတိန်နိုင်ငံသား ၅၀၀၀ ကျော်ကို သုတေသနပြုထားတာဖြစ်ပါတယ်။

သန့်စင်
ref: ANI
Health Updates Journal No. 102

တောင်ကိုရီးယား အဆောက်အဦးပြိုကျမှု ၉ ဦးသေ

Posted by drmyochit Tuesday, February 18, 2014, under | No comments

တောင်ကိုရီးယား၊ Gyeongju မြို့ အဆောက်အဦးတစ်ခု ပြိုကျချိန် အပျက်အစီးများကြား ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦး။ (၀၂/၁၇/၂၀၁၄)


တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့မှာ အဆောက်အဦးတခု ပြိုကျရာက လူ ၉ ဦးထက် မနည်း သေ ဆုံးပြီး နောက်ထပ် ဒါဇင်နဲ့ချီပြီးတော့လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ကျောင်းသားသစ်တွေကို မိတ်ဆက်တဲ့ အခန်းအနားအတွက် နိုင်ငံခြား ဘာသာစကားသင် ကျောင်းသား ၅၀၀ ကျော်လောက် စုဝေးရောက်ရှိနေတဲ့ တနင်္လာနေ့နှောင်းပိုင်းမှာ အဆောက်အဦး ပြိုကျခဲ့တာလို့လည်း အာဏာ ပိုင်တွေက ပြောပါတယ်။ ကျောင်းသား အများအပြား ဘေးလွတ်ရာ ထွက်ပြေးနိုင်ခဲ့ကြပေမဲ့ ဒဏ်ရာတွေ ရခဲ့ကြတဲ့ ၇၀ လောက် ကိုတော့ ဆေးရုံကို ပို့လိုက်ရကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ကြ တာပါ။

အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေကတော့ ပိတ်မိသူတွေ ရှိမရှိ ဆက်လက်ရှာဖွေ နေကြပါတယ်။ အဆောက်အဦး ပြိုကျမယ့် အသံကို စကြားရတဲ့ အချိန်မှာပဲ ကျောင်းသားတွေ ထွက်ပြေးခဲ့ကြပေမဲ့ အဖြစ် အပျက်က မြန်ဆန်လွန်းပြီး အဆောက်အဦး အနောက်ဘက်မှာ ထွက်ပေါက် တစ်ခုသာ ရှိတာကြောင့် အချိန်မီ မပြေးနိုင်ကြတာလို့လည်း လွတ်မြောက်လာတဲ့ ကျောင်းသားတစ်ယောက်က ပြောပါတယ်။ အာဏာ ပိုင်တွေ ကတော့ ခေါင်မိုးပေါ်က ထူထပ်တဲ့ နှင်းတွေကြောင့် အဆောက်အဦး ပြိုကျရတာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြတာပါ။

မကြာသေးခင်ကပဲ နှင်းတွေကျထားတဲ့ နေရာဖြစ်တဲ့အတွက်လည်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

VOA

NLD ပါတီ စုန်း ကဝေ အောက်လမ်းနည်းများသုံး၍ ဝေဖန်မှုများ မြင့်တက်

Posted by drmyochit Tuesday, February 18, 2014, under | No comments


Tuesday, February 18, 2014

လတ်တလောကာလ၌ စာပေဟောပြောပွဲအမည်ခံ ပါတီစည်းရုံးရေး ဟောပြောပွဲများ မြင့်တက်လာမှုအပေါ် ဝေဖန်ပြစ်တင်မှုများ မြင့်မားလာချိန်တွင် သေဆုံးသူ၏၀ိဥာဉ်ကို ခေါ်ယူ၍ မဲပေးရန် ဟောပြောခဲ့မှု ကြောင့် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။

စာပေဟောပြောပွဲအမည်ခံ ပွဲများတွင် ပါတီစည်းရုံးရေးလုပ်ငန်းများကို ပေါ်ပေါ် တင်တင်ဆောင်ရွက် လာ ခဲ့သော ကြောင့် သံဃာများနှင့် ထိပ်တိုက်တွေ့ဆုံကာ ဟောပြောပွဲဖျက်သိမ်းခဲ့ရသည့် ဖြစ်ရပ်များ များပြား လာခဲ့ ရာ မကြာသေးခင်ကလည်း NLD ပါတီ အထောက်အကူပြု အဖွဲ့ဝင် စာရေးဆရာ မသီတာ (စမ်းချောင်း) အား ဟောပြောခွင့်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲ၌ NLD ပါတီဝင် စာရေးဆရာ မောင်သွေး သစ်က ဗိုလ်ချုပ်အောင်ဆန်း၏ ၀ိဥာဉ်ကို ခေါ်၍ မည်သည့်ပါတီကို မဲပေးရမလဲ မေးမြန်း၍ လိမ် လည်ဟောပြောခဲ့မှုအပေါ် ရှုတ်ချဝေဖန်မှုများ ပေါ်ထွက်လာခဲ့ကြောင်း၊ NLD ပါတီသည် သေဆုံးပြီးသည့် သူများ အပေါ် အောက်လမ်းပညာရပ်များဖြင့် လူထုကို လိမ်လည်၍ ဟောပြော ခြင်းသည် ခွင့်မ လွှတ်နိုင်သော လုပ် ရပ် ဖြစ်ကြောင်း သိရသည်။

"မောင်သွေးသစ် ဆိုတဲ့ သူ၊ ကန်တော့ပွဲနဲ့ ဗိုလ်ချုပ်အောင်ဆန်းဝိဥာဉ်ခေါ် တယ် ဆိုပြီး ခပ်တည်တည်နဲ့ လုပ် တယ်။ ပြီးတော့ NLD ကို မဲပေးဖို့ ဗိုလ်ချုပ်အောင်ဆန်းက ပြောတယ် ဆိုပြီး အရှက်မရှိ လိမ်ညာပြီး ပြော တယ်။ ၀ိဥာဉ်ခေါ်တယ် ဆိုကတည်းက စာပေဟောပြောပွဲမှ မဟုတ်တော့ဘဲ။ စုန်းလို လို မှော်လိုလို ကဝေ လိုလို လာလုပ်တယ်။ ပြောတော့ စာပေဟောပြောပွဲတဲ့။ ဘာစာပေမှ မပါဘူး" ဟု ဟောပြောပွဲ တက်ရောက်ခဲ့သော ကိုအောင်နိုင်က ပြောဆိုသည်။

စာရေးဆရာများ နိုင်ငံရေးသီးသန့် ဟောပြောလိုလျှင် ပါတီဟောပြောပွဲ ပြုလုပ်သင့်ကြောင်း၊ ထိုသို့ ဂုဏ်သိက္ခာ မရှိ စင်ပေါ်တက်၍ လုပ်ချင်ရာလုပ်လာကြသူများ များပြားလာ၍ ကန့်ကွက်မှုများ ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း၊ စာရေးဆရာနှင့် နိုင်ငံရေး ခွဲခြား မရနိုင်ဟု ဆိုသော်လည်း ယခုကဲ့သို့ စုန်းကဝေ အတတ် ပညာများ စာပေ ဟောပြောပွဲတွင် ထည့်သွင်းလာသည်မှာ မသိနားမလည်သည့် ပြည်သူလူထုကို အဆိပ် အတောက်ပေးနေခြင်း ဟု ယူဆနိုင်ကြောင်း စာရေးဆရာ ညီပုလေးက ပြောသည်။

"အခု ခါတော်မီ စာရေးဆရာတွေ များလာပြီ။ စာအုပ်လေး တစ်အုပ်နှစ်အုပ် ထုတ်ဘူးတာနဲ့ စာရေးဆရာ အမည် ခံ လိုက်တာ သိပ်လွယ်တယ်။ ကျွန်တော် တို့တုန်းက မဂ္ဂဇင်းတွေ စာစောင်တွေမှာ ပါအောင် မနည်းကြိုး စား ရတာ။ ပြီးတော့ လုံးချင်း ထုတ်ဖို့ဆိုတာ ပရိသတ်က တော်တော်လေး လက်ခံမှ ထုတ်ကြတာ။ အခုခေတ်က ပိုက်ဆံရှိရင် ချက်ချင်း ထုတ်လို့ရနေကြတယ်။ အခုလို အောက်လမ်းနည်းတွေ ကို စာပေဟောပြော ပွဲအမည်ခံပြီး လုပ်လာတာ ကိုတော့ ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ စာရေးဆရာ အတုတွေကြောင့် အမှန်တစ်ကယ် စာရေးဆရာအစစ်တွေ နာမည်ပျက်ကိန်း ကြုံနေပြီ။ ပြည်သူလူထုကို လိမ်ညာပြီး မဟုတ်မမှန်တာတွေ ရပ်တန်းက ရပ်ဖို့ကောင်းပြီ။ စာရေးဆရာအသင်းအဖွဲ့တွေအနေနဲ့ ဒီကိစ္စကို ပြတ်ပြတ်သား သား ထောက်ပြမှ ဖြစ်မယ်။ ကျွန်တော်ကတော့ ဒီလို မှော်လိုလို စုန်းလိုလို လုပ်တာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်" ဟု ၄င်းက ပြောဆိုသည်။

"အဓိက မကျေနပ်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ခုတုံးလုပ်တာပဲ။ ဗိုလ်ချုပ်အောင်ဆန်းဝိဥာဉ်ကို ဒီလို ခေါ်နိုင်သလား။ ခေါ်လို့ ရလား။ လူပုံအလယ်မှာ ပြည်သူကို လိမ်ညာပြီး ဗိုလ်ချုပ်က မဲထည့်ခိုင်းတယ် ဆိုတာကတော့ တော်တော်ကြီးကို လွန်လာပြီ။ ပြည်သူလူထုကို လိမ်ညာတဲ့ နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းဝိဥာဉ်ကို အသုံးမချပါနဲ့။ နောင် ဒီလို ဆက်လုပ်လာဦးမယ် ဆိုရင် NLD ပါတီကိုရော မောင်သွေးသစ်ကိုပါ ကျွန်တော်တို့ ရှုတ်ချပွဲတွေ လုပ်ရပါလိမ့်မယ်" ဟု စာရေးဆရာ မောင်သာထင်းက ပြောဆိုသည်။

"ဗိုလ်ချုပ်အောင်ဆန်းကို ဒီလို အသုံးချတာ တစ်နိုင်ငံလုံးကို စော်ကားလိုက်တာပဲ။ NLD ပါတီဟာ ဒီလိုတော့ မလုပ်သင့်ဘူး။ ကျွန်တော်တို့လည်း NLD ပါတီကို ထောက်ခံသူတွေပါ။ ဒါပေမယ့် စာပေဟောပြောပွဲ အမည်ခံပြီး စုန်းလိုလို မှော်လိုလို လုပ်ရုံတင်မက ဗိုလ်ချုပ်အောင်ဆန်း ၀ိဥာဉ်ဆိုပြီး လူထုကို လိမ်ညာနေတဲ့ ကိစ္စမျိုးကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချရမယ်" ဟု ယင်းဟောပြောပွဲ တက်ရောက်ခဲ့သူ လူငယ်တစ်ဦးက ပြောဆိုသည်။

ယခုနောက်ပိုင်းတွင် စာပေဟောပြောပွဲများ၌ ပါတီစည်းရုံးရေးများ တိုးမြှင့် ဆောင်ရွက်လာရာ၌ စုန်းကဝေအတတ်ပညာများကိုပါ အသုံးပြုလာသည့် NLD ပါတီအပေါ် ဝေဖန်မှုများ တိုးမြင့်လာနေသည်။

ပြည်သူ့အာဏာ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်