Sunday, March 30, 2014

အသည်းရောဂါကို ဖြစ်စေနိုင်သော အကျင့်ဆိုးများ

Posted by drmyochit Sunday, March 30, 2014, under | No comments


မှန်ကန်သော နေထိုင်စားသောက်မှု မရှိခြင်းဟာ မိမိအတွက် ရောဂါတွေကို မွေးမြူထားသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သော နေထိုင်စားသောက်မှု ရှိအောင် ကြိုးစားနေထိုင် စေလိုပါတယ်။ ယခု အသည်းရောဂါ ဘာကြောင့် ဖြစ်ပေါ်ရသလဲ ဆိုတာကို ရေးသား လိုက်ရပါတယ်။

(၁) ညအိပ်ယာဝင် နောက်ကျပြီး နံနက်အိပ်ယာထ နောက်ကျခြင်းဟာ အဓိက အကျင့်ဆိုး ဖြစ်ပါတယ် ။ (ည ၁၀ နာရီ မနက် ၅ နာရီ မှန်ကန်သော အိပ်ချိန်)

(၂) မနက်စာကို မစားဘဲ နေခြင်း။

(၃) မနက်အိပ်ယာထလျှင် ကြင်ငယ်ရည်ကို မသွားဘဲ ချုပ်ထိန်းထားခြင်း။

(၄) အလွန်အကျွံ စားခြင်း။ ( ပုံမှန်စားတာထက် တစ်ခါတစ်လေမှာ မိမိဝမ်းဗိုက်ထက် မဆံ့အောင်စားခြင်းကို ဆိုလိုပါတယ်)

(၅) ဆေးဝါးများကို အလွန်အကျွံ မှီဝှဲနေခြင်း။ (ဆေးဝါး ဆိုတာက မိမိခန္ဓာကိုယ်မှာ လိုအပ်တဲ့ အချိန် မှီဝှဲတာဟာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အနည်းငယ် နေမကောင်းဖြစ်ရုံမျှဖြင့် ဆေးဝါးများကို အလွန်အကျွံ မမှီဝှဲသင့်ပါ)။

(၆) သဘာဝက ဖြစ်ပေါ်လာသော အစားအစာ မဟုတ်ဘဲ အတုလုပ်ထားသော အစားအစာများ၊ Date ကျော်နေသော အစားအစာများ၊ ပိုးသတ်ဆေးများ အသုံးပြုထားသော အစားအစာများ ကိုစားသုံးနေခြင်း။ ( ယနေ့ခေတ်မှာ အဲလိုမျိုး အစားအစာတွေကို မလွဲမရှောင်လို့ စားသုံးနေလို့ ရတယ်ဆိုရင် ၎င်းအသီးအရွက်များကို ရေနွေးစူစူဖြင့် အရင်စိမ်ပြီး စားသုံးပါလို့ အကြံပေးပါရစေ)

(၇) အရက်များ အလွန်အကျွံသောက်ခြင်း။

(၈) အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ်စားသောက်မှု မပြုခြင်း။ ( အထူးသဖြင့် ဆီများကို အလွန်အကျွံစားသုံးခြင်း ဖြစ်ပါတယ်)

(၉) နောက်ဆုံး အကျင့်ဆိုးကတော့ အထိုင်များသူ ဖြစ်ပါလျက် ကိုယ်လက် လေ့ကျင့်ခန်း ဘာမှမလုပ်ခြင်း ဖြစ်ပါတယ်။ (မိမိဟာ နေ့စဉ်နေ့တိုင်း ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်သူဆိုရင် မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ရောဂါများ သင့်ဆီကို ဝင်ရောက်လာမှာ မလွဲဧကန်ပါ )

အထက်ပါ ဖော်ပြပါ အချက်များသည် အသည်းရောဂါကို တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ အခြားသော ရောဂါများအတွက် ရည်ညွှန်းပါတယ်။ ဒါကြောင့် ရှင်သန်နေသော လူ့ဘဝမှာ ကျန်းမာရေးဟာ အထူးပင် အရေးကြီးတာကြောင့် အထူးဂရိုစိုက်စေ ချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်လျှက်
ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Pregnancy Twins (1) အမွှာကလေး လိုချင်ပါတယ်

Posted by drmyochit Sunday, March 30, 2014, under | No comments

(၁) ဆရာ အမွှာနဲ့ပတ်သတ်တာလေးတွေ သိချင်ပါတယ်။ အမျိုးသမီးက အမွှာကိုယ်ဝန်ဆောင်ထားလို့ပါ။
(၂) ဆရာရှင့် အမွှာကလေး လိုချင်ပါတယ်။ ဆေးစားလို့ ရပါသလား။ အမွှာရအောင်လုပ်လို့ ရပါသလား။ ဖြေကြားပေးပါ။ မျိုးရိုးတော့ မရှိပါဘူး။ နည်းလမ်းရှိရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။

တချို့စုံတွဲတွေက အခုမေးတသူလိုဘဲ အမွှာကို သိပ်ရချင်တတ်ကြတယ်။ သမတ George W. Bush မင်းသမီး Julia Roberts မင်းသား Mel Gibson တို့လို အမွှာမိဘတွေ ဖြစ်ချင်ကြတာကိုး။ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁့၉% ဟာ အမွှာတွေ ဖြစ်ကြတယ်။ ကနေ့ခေတ်မှာ အမွှာမွေးတွေ ပိုများလာနေတယ်လို့ ဆိုတယ်။ အကြောင်းရင်း တချက်ကတော့ ကလေး မရ ရအောင် လုပ်ယူတာတွေကြောင့်တဲ့။

လူသိများ ထင်ရှားကြတဲ့ Famous Twins and Celebrity Twins တွေရှိပါတယ်။ အဆိုတော်ထဲက Alanis Morissette နဲ့ Justin Timberlake မင်းသားထဲက Billy Dee Williams နဲ့ Kiefer Sutherland မင်းသမီးထဲက Mary-Kate and Ashley Olsen Scarlett Johansson တို့ ဖြစ်ပါတယ်။ ရော့ခ်ဘုရင် Elvis Presley မှာလည်း အမွှာရှိခဲ့တယ်။

အမွှာဖြစ်ရတဲ့ အကြောင်းက တလမှာ တဥသာ ထွက်ရမဲ့ မ-မျိုးဥက တဥမက ထွက်လို့၊ ဒါမှမဟုတ် တခါမက ထွက်ပြီး၊ ထွက်တဲ့ ဥတွေက သုတ်ပိုးတွေနဲ့ ပေါင်းစပ်လို့ ဖြစ်တယ်။ ဒါမျိုးက ဆေးအကူတွေ မပါလည်း ဖြစ်နိုင်တယ်။ တကယ်လို့ မ-မျိုးဥ တခုထဲကနေ နှစ်ခု ကွဲထွက်ပြီး၊ သုတ်ပိုးနဲ့ ပေါင်းစပ်ရင် Identical twins ရစေမယ်။

ကလေးမရ ရအောင် လုပ်နည်းဖြစ်တဲ့ IVF မှာ သုတ်ပိုးနဲ့ ပေါင်းစပ်ထားပြီးသား Fertilized eggs ၃ ခု၊ ၃ ခုမက ကို သားအိမ်ထဲ ထည့်ပေးလိုက်တာပါ။ ရည်ရွယ်ရင်းကတော့ ၁ ခုသာ သားအိမ်ထဲမှာ တွယ်ကပ်ပြီး၊ သန္ဓေတည်စေဘို့ဘဲ။ ထင်သလို မဟုတ်ဘဲ၊ ၁-၂ ခု ဖြစ်ဖြစ်၊ အကုန်ဖြစ်ဖြစ် သွားတည်ရင် အမွှာတွေ ဖြစ်စေတော့တယ်။ တည်တာကလည်း သန္ဓေ ၂ ခု၊ အချင်း ၂ ခု၊ အချင်းအိတ် ၂ ခု။ ဒါမှမဟုတ် သန္ဓေ ၂ ခု၊ အချင်း ၁ ခု၊ အချင်းအိတ် ၂ ခုလည်း ဖြစ်နိုင်ပြန်တယ်။

Monozygotic (Identical) twins မမျိုးဥတခုတည်းကနေ ကျားသုတ်ပိုး တခုတည်းတို့ ပေါင်းစပ်ကြပြီးနောက် ဥနှစ်ခု ကွဲသွားပြီး၊ အားလုံး ဆင်တူအမွှာ နှစ်ယောက် ဖြစ်ရတာပါ။ ရှားပါတယ်။ အမွှာထဲမှာ ၃ ပုံ ၁ ပုံထက် နည်းတယ်။ မျိုးရိုး မလိုက်ဘူး။ ဘယ့်အချိန်ကြမှာ ဥနှစ်ခုကွဲသလဲအပေါ် မူတည်ပြီး၊ ရုပ်အသွင်တူတာ ကွာတယ်။ များသောအားဖြင့် ၁၂ ရက်လောက်မှာ ကွဲတတ်တယ်။ စောလေ တူလေ။ ကျား-ကျား၊ မ-မ လိင်တူကြတယ်။

Dizygotic (Fraternal) twins ဆိုတာကတော့ မ-မျိုးဥ ၂ ခုနဲ့ ကျားသုတ်ပိုး ၂ ခုတို့ ပေါင်းစပ်ကြလို့ မတူတဲ့အမွှာ ဖြစ်တာပါ။ ပေါင်းစပ်ချိန်လည်း မတူကြဘူး။ အမွှာထဲမှာ ၃ ပုံ ၂ ပုံရှိတယ်။ Fertility drugs ဆေးတွေ သုံးရင်ဖြစ်တာ ဒါမျိုး ဖြစ်လေ့ရှိတယ်။ ကျား-မ လိင် မတူတတ်ဘူး။ မတူတဲ့ ယောက်ျား ၂ ယောက်နဲ့ အတူနေလို့လည်း အဲလိုအမွှာ ဖြစ်တတ်တယ်။

သဘာဝအတိုင်း အမွှာရအောင်လုပ်နည်း မရှိပါ။ ဆေးကူလို့လည်း မရေရာပါ။ In vitro fertilization (IVF) ဆိုတဲ့နည်းက ကလေးမရနိုင်သူတွေအတွက် တကူးတက လုပ်ကြရာမှာတော့ ဖြစ်နိုင်တယ်။ စွန့်စားရမယ်။

Fertility drugs ဆေးတွေဆိုတာ အမျိုးသမီးတွေ လစဉ်ထွက်ရမဲ့ မျိုးဥထွက်ဖြစ်စဉ် Ovulation အပေါ် သက်ရောက် စေအာင် လုပ်တဲ့ ဆေးတွေ ဖြစ်တယ်။ ယောက်ျားတွေမှာလည်း နည်းနည်းပါးပါး ဒီဆေးမျိုး သုံးတတ်သေးတယ်။ ကလေးမရနိုင်သူ၊ ခဏခဏ သားပျက်သူတွေအတွက် သုံးတာ များတယ်။

Clomid or Clomiphene citrate, Serophene ဆေးတွေ ဖြစ်ပြီး ဒီဆေးတွေကြောင့် အမွှာရတတ်တယ်။ အမှန်က ဘေးထွက် အကျိုးတခုပါ။ အမွှာတောင်မှ ၂ ယောက်မွှာသာမက များနိုင်သေးတယ်။ တခြား သတိထားရမဲ့ ဘေးထွက် အကျိုးတွေလဲ ရှိသေးတယ်။

အမွှာရချင်လို့ ဒီနည်းသုံးချင်ရင် Fertility clinics အထူးဆေးကုဌာနမှာ စနစ်တကျ လုပ်သင့်တယ်။ အခုရေးတဲ့စာက ဗဟုသုတလောက်သာ အားကိုးနိုင်ပါလိမ့်မယ်။

Dr. တင့်ဆွေ

မိန်းကလေးများသိထားသင့်သော ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း

Posted by drmyochit Sunday, March 30, 2014, under | No comments


မိန်းကလေးတွေမှာ အဖြူဆင်းတာက အဖြစ်များတတ်ပြီး မစိုးရိမ်ရတဲ့ အခြေ အနေ ဖြစ်နိုင်သလို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ အဖြူဆင်းတာက အနံ့အသက် ရှိတယ်၊ အရောင်ရှိတယ် ဆိုရင် ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။

ပုံမှန် အဖြူဆင်းခြင်း

မိန်းကလေးတွေမှာ အဖြူဆင်းရတဲ့ အကြောင်းက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တစ်လတစ်ကြိမ်သား ဥကြွေချိန်မှာ မိန်းကလေးတွေရဲ့ အဖြူဆင်းတာက ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါတယ်။ သားဥကြွေချိန်နီးတဲ့ ရက်တွေမှာ သင်ရဲ့ အဖြူဆင်းတာက အရည်ကြည်ကြည်တွေ ဆင်းတတ်ပါတယ်။ ဒါက ပုံမှန် အဖြူဆင်းတာဖြစ်လို့ မစိုးရိမ်ပါနဲ့။

ပုံမမှန် အဖြူဆင်းခြင်း

မိန်းမကိုယ်ကနေ ပုံမမှန် အဖြူဆင်းနေတယ် ဆိုရင်တော့ သားဖွားမီးယပ် ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ သားဥအိမ် ကင်ဆာတွေ ဖြစ်နေနိုင်တာကြောင့်ပါ။

ငါးညှီနံရခြင်း - အဖြူဆင်းတဲ့အခါ ငါးညှီနံလို ညှီစို့စို့ အနံ့မျိုး ရနေရင် ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ ဘက်တီးရီးပိုး ဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အိမ်တွင်း ကုထုံးနဲ့ ဖြေရှင်းနိုင်ပါတယ်။ ပိုးသတ်အာနိသင်ရှိတဲ့ ကြက်သွန်ဖြူစားပါ၊ ဒိန်ချဉ်သောက်ပါ။ အဖြူဆင်းတဲ့အခါ ငါးညှီနံ့ရနေတာဟာ ယောနိ လမ်းကြောင်း ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယောနိ လမ်းကြောင်း ရောင်ရမ်းမှုကို မျိုးဆက်ပွားများနိုင်တဲ့ အသက်အရွယ် အတွင်းမှာရှိတဲ့ မိန်းကလေးတိုင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကြောင့်လို့တော့ သတ်မှတ်လို့ မရပါဘူး။ ကုသမှု နည်းလမ်းတွေကတော့ မျိုးစုံရှိနိုင်ပါတယ်။ အိမ်တွင်းကုထုံးနဲ့ မသက်သာပါက ဆရာဝန်နဲ့ ပြသ တိုင်ပင်ပါ။

အဖြူဆင်းရာတွင် အရောင်ပါခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အနံ့အသက် ဆိုးဆိုးရွားရွား ထွက်နေတာ၊ အဖြူဆင်း ရာမှာ အစိမ်းရောင်၊ အဝါရောင် ဒါမှမဟုတ် မီးခိုးရောင်တွေ ဖြစ်နေတတ်ပြီး အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျင်တာ၊ ယားယံတာနဲ့ ယောနိလမ်း ကြောင်းတစ်လျှောက် နေမထိ ထိုင်မသာ ဖြစ်တတ်ပါတယ်။

ဒိန်ချဉ်လို အဖတ်များ ဆင်းခြင်း - မိန်းမကိုယ် မှိုစွဲတာကြောင့် ဖြစ်ပါတယ်။ ဒိန်ချဉ်သောက်ပေးရုံနဲ့ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ အနံ့အသက် မရှိတတ်ပေမယ့် ပူစပ်ပူလောင်ဖြစ်တာနဲ့ ယားယံတာတွေ ခံစားရ တတ်ပါ တယ်။ ဆီးသွားတဲ့အခါ နာကျင်မှု ဖြစ်တတ်ပါတယ်။ ကလမ်မိုင်ဒီယား မှိုပိုး ကြောင့် ဖြစ်တတ်ပြီး ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

အရည်ကြည်များ ဆင်းခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဟားပီးစ်ဗိုင်းရပ်စ်ပိုးကြောင့် အရည်ကြည်ကြည်တွေ ဆင်းတာနဲ့ မိန်းမကိုယ် တစ်ဝိုက်မှာ ကြွက်နို့ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ် တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာတွေ ဖြစ်တတ်ပြီး အရည်ကြည်ဖုတွေလည်း ပေါက်တတ်ပါတယ်။ အဖြူဖတ်များဆင်းခြင်း ဂနိုရောဂါကြောင့် မိန်းမကိုယ်က အဖြူဖတ်တွေ ဆင်းနေနိုင်ပါတယ်။ အဖြူဖတ်တွေ ဆင်းတာနဲ့အတူ ရောင်ရမ်းတာ၊ နာကျင်တာ၊ ယားယံတာတွေလည်း ဖြစ်နိုင်ပါတယ်။

ပျောက်ဆုံးလေယာဉ်မှ အသက်ရှင်ဖွယ်ရှိသူများကိုဆက်လက်ရှာဖွေမည်ဟု မလေးရှားဝန်ကြီးကတိပြု

Posted by drmyochit Sunday, March 30, 2014, under | No comments


ပျောက်ဆုံးနေသောခရီးသည်တင် လေ ယာဉ်မှ အသက်ရှင်သန်နိုင်ဖွယ်ရှိသူများအား ဆက်လက်ရှာဖွေ သွားမည်ဟု မလေးရှား ခေတ္တသယ်ယူပို့ဆောင်ရေးဝန်ကြီးက မတ် ၂၉ ရက်တွင် ကတိပြုလိုက်သည်။

ရက်သတ္တ သုံးပတ်ကြာမျှ ပျောက်ဆုံး နေသော လေယာဉ်နှင့်ပတ်သက်၍ မိမိတို့ မျှော်လင့်ချက် ကုန်ဆုံးခြင်းမရှိကြောင်း၊ အသက်ရှင်သန်လွတ်မြောက်သူများကို တွေ့ လို တွေ့ငြား ဆက်လက်ရှာဖွေသွားမည်ဖြစ် ကြောင်း ခေတ္တသယ်ယူပို့ဆောင်ရေးဝန်ကြီး ဟစ်ရှားမူဒင်ဟူစိန်က သတင်းထောက်များ အား ပြောကြားသည်။

မလေးရှားလေကြောင်းဌာနမှ ခရီးစဉ် အမှတ် အမ်အိပ်ခ်ျ-၃၇ဝ ပျံသန်းလာသော ခရီးသည်တင်လေ ယာဉ်သည် မတ် ၈ ရက်က မြို့တော်ကွာလာလမ်ပူမှ တရုတ်နိုင်ငံမြို့တော် ပေကျင်းသို့ မောင်းနှင်နေချိန် အတွင်း ပျောက်ဆုံးသွားခဲ့သည်။

ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၂၃၉ ဦးလိုက်ပါလာခဲ့သော ယင်းလေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ၌ ပျက်ကျဖွယ် ရှိသည်ဟု ဂြိုဟ်တုဓာတ်ပုံများအရ သိရှိရ ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် က ပြောကြားခဲ့သည်။

ထိုစဉ်အတွင်း သြစတြေးလျနိုင်ငံ ပင်လယ်ကမ်းရိုးတန်း ကမ်းလွန်၌ ရှာဖွေနေ သောလေယာဉ်များသည် လေယာဉ်အပျက် အစီးအပိုင်းအစများအဖြစ် ယူဆရသော အရာဝတ္ထုအချို့ကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း သြစတြေးလျပင်လယ်ရေကြောင်း လုံခြုံရေး အာဏာပိုင်အဖွဲ့က ပြောကြားသည်။

မတ်၂၈ရက်ကရှာဖွေစဉ်အတွင်း လေယာဉ်ငါးစင်းက လေယာဉ်အပျက်အစီးအပိုင်းအစများအဖြစ် ယူဆရသော အ ရာဝတ္ထု များကိုတွေ့ရှိခဲ့ပြီး ဓာတ်ပုံမှတ်တမ်းများရယူ ခဲ့ကြကြောင်း၊ ကျွမ်းကျင်သူပညာရှင် များက ယင်းဓာတ်ပုံမှတ်တမ်းများကို သုံးသပ်လေ့လာ လျက်ရှိကြောင်း အဆိုပါအာဏာပိုင်အဖွဲ့က ပြောကြားသည်။

တရုတ်ပင်လယ်ရေကြောင်းအာဏာပိုင်အဖွဲ့မှ ဟိုင်ဇွန်-ဝ၁ အမည်ရှိ ကင်းလှည့် ရေယာဉ်က ယင်းအရာဝတ္ထုများကို ဆယ်ယူ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

ရိုက်တာ။

Friday, March 28, 2014

လေးနှစ်အရွယ် မိန်းကလေးကို ဦးလေးဝမ်းကွဲက သားမယားပြုကျင့်

Posted by drmyochit Friday, March 28, 2014, under | No comments


သန်လျင်မြို့နယ်တွင် ဦးလေး ၀မ်းကွဲတော်သူက လေးနှစ်အရွယ် တူမ၀မ်းကွဲကို သားမယားပြု
ကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၁၀ နာရီအချိန်ခန့်တွင် သန်လျင်မြို့နယ် မြို့ဟောင်းရပ်ကွက်နေ အသက် ၃၀
အရွယ်အမျိုးသမီးသည် အိပ်ရာဝင်ခဲ့ပြီး ၎င်းခြင်ထောင်နှင့် ကပ်လျက်ရှိသည့် ခြင်ထောင်တွင်
အသက် ၄ နှစ်အရွယ်သမီးနှင့် အစ်မေဖြစ်သူတို့ အိပ်ကြသည်။

အမေဖြစ်သူမှာ မြို့ဟောင်း အနောက်ရပ်ကွက်သို့ပွဲကြည့်ရန်သွားခဲ့သဖြင့် အဆိုပါခြင်ထောင်
အတွင်းသမီးဖြစ်သူသာ ကျန်နေခဲ့ပြီး ဆက်လက်အိပ်နေခဲ့ရာက ည ၁၁ နာရီအချိန်ခန့်တွင်
သမီးဖြစ်သူ အော်သံကြား ဖြင့် လန့်နိုးသွားခဲ့သည်။

ထိုသို့လန့်နိုးစဉ် မောင်ဝမ်းကွဲတော်စပ်သူ နိုင်ဦး(ခ)မိခေး(ခ)သရဲ(၂၅ နှစ်)အိမ်ပေါ်မှဆင်းသွားသည်
ကိုတွေ့ရပြီး သမီးဖြစ်သူ အပေါ့သွားချင်ကြောင်းပြောဆိုသဖြင့် အိမ်သာလိုက်ပို့စဉ် သမီး၏
ပေါင်ကြားမှ သွေးများကျ နေသည်ကို တွေ့ရသည်။

သမီးဖြစ်သူကို ကွပ်ပစ်ပေါ်တင်၍ကြည့်ရှုခဲ့ရာ မိန်မအင်္ဂါမှ သွေးထွက် နေသည်ကိုတွေ့ရသဖြင့်
အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ သန်လျင်မြို့မရဲခစန်းက(ပ)၂၁၁/၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အရ
အမှုဖွင့်အရေးယူထားသည်။

တိုးဝေအောင်
မြန်မာတိုင်း(မ်)

မူးမေ့စေတတ်သည့် အရည်တိုက်ကာ သားမယားပြုကျင့်ခဲ့

Posted by drmyochit Friday, March 28, 2014, under | No comments


အင်းစိန်မြို့နယ်တွင် အလုပ်အတူ လုပ်ကိုင်ခဲ့ဖူးသူက မူးမေ့စေတတ်သည့် အရည်တိုက်ကာ
သားမယား ပြုကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ အသက် ၃၁ အရွယ် အမျိုးသမီး
တစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် ၎င်းနေအိမ်တွင်ရှိနေစဉ် ကား အရောင်းပြခန်းတွင်
အတူလုပ်ကိုင်ဖူးသည့် အမျိုးသမီးနှင့် သိန်းထွန်းဦး(ခ)တင်ထွန်းဦး(၃၀ နှစ်)တို့ရောက်လာပြီး
၎င်းတို့တွင် ဇေ အရက်တစ်လုံးနှင့်အချိုရည်တို့ရောနှောထားသည့် အနီ ရောင်ရေသန့်ဗူးတစ်လုံး
ပါရှိပြီး အဆိုပါရေသန့်ဗူးအတွင်းမှ ရေကို တစ်ဝက်ထည့်ပေးသဖြင့် သောက်ခဲ့ရာ သတိလစ်
လဲကျသွားခဲ့သည်။

မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အိမ်နီးချင်းတို့ ရောက်လာပြီးစကားပြောသံများကြားသဖြင့်
သတိရလာပြီး သိန်းထွန်းဦးမှ သားမယားအဖြစ် ဆက်ဆံသည်ကိုမြင်တွေ့ကြောင်းပြောပြ
သိရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။အင်းစိန် မြို့မ ရဲစခန်းက(ပ)၃၀၀/၁၄ ပြစ်မှုပုဒ်မ
၃၇၆/၃၂၈ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

တိုးဝေအောင်
မြန်မာတိုင်း(မ်)

ပျောက်ဆုံးနေသော ဆေးကျောင်းသား ငမိုးရိပ်ချောင်းအတွင်း အလောင်းပြန်တွေ့

Posted by drmyochit Friday, March 28, 2014, under | No comments

ရန်ကုန်၊ မတ် ၂၇

ဗိုလ်တထောင်မြို့နယ် အမှတ် (၉) ရပ်ကွက်၊ ၄၆ လမ်းတွင် နေထိုင်သူ ဆေးတက္ကသိုလ်(၁) ရန်ကုန်၌ နောက် ဆုံးနှစ် တက်ရောက်နေသော အသက် ၂၀ အရွယ် ကျောင်းသားတစ်ဦး တစ်ပတ်ကြာ ပျောက်ဆုံးနေ ရာမှ မတ်လ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၇) ရပ်ကွက်အနီး ငမိုးရိပ်ချောင်း ရေပြင်တွင် အလောင်းပြန်တွေ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ဆေးတက္ကသိုလ် (၁) နောက်ဆုံးနှစ် ကျောင်းသား ကိုဇော်မြတ်ထွဋ်မှာ မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲက ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် လက်တွေ့ဆင်းရန် နေအိမ်မှ ထွက်ခွာခဲ့ရာက အိမ်ပြန် မရောက်သောကြောင့် ၎င်း၏ အုပ်ထိန်းသူ မိဘများက မတ်လ ၂၃ ရက်နေ့တွင် ရဲစခန်း၌ လူပျောက်မှုဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ မတ်လ ၂၆ ရက်နေ့က ငမိုးရိပ်ချောင်းအတွင်း ရေနစ်သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ကြောင်း သေဆုံးခဲ့သူ ဆေးကျောင်းသား၏ မိသားစုများထံမှ သိရှိရသည်။

“မှုခင်းဆရာဝန်ရဲ့ ဆေးစာမှာတော့ ရေနစ် သေဆုံးတယ်လို့ သိရပေမယ့် ဆေးရုံသွားတဲ့ ကလေးက ဘယ်လိုကြောင့် ရေနစ်ပြီးဆုံးသလဲ။ အခု အလောင်းတွေ့တဲ့ ငမိုးရိပ်ချောင်းဘက် ဘယ်လိုကိစ္စနဲ့ ရောက်ခဲ့တာလဲဆိုတာ စဉ်းစားလို့မရဘူး။ သားက ရေမကူးတတ်ဘူး။ တစ်စုံတစ်ယောက်က သူ့ကို ရေထဲတွန်းချခဲ့မယ် ဆိုရင်လည်း သာမန် ရေနစ်သေဆုံးမှု လက္ခဏာမျိုးပဲ တွေ့ရှိရမှာပဲလေ” ဟု သေဆုံးသူ ဆေးကျောင်းသား၏ ဖခင် ဦးရမ်ဇာဝါးက ရှင်းပြသည်။

ငမိုးရိပ်ချောင်းအတွင်း အလောင်းပြန်တွေ့သော ဆေးကျောင်းသားမှာ လူချစ်လူခင် ပေါများသူ ဖြစ်ကြောင်း၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ လက်တွေ့ဆင်းရန် သွားသည့်နေ့က ၎င်း၏ချစ်သူကို iPhone အမျိုးအစား ဟန်းဆက် တစ်လုံးနှင့် စာတစ်စောင် ပေးခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း ဦးရမ်ဇာဝါးက ပြောကြားသည်။

“အိမ်ကို ပြန်မလာလို့ သားရဲ့သူငယ်ချင်းတွေကို မေးမြန်းကြည့်တာ အဲဒီနေ့က သူ့ကောင်မလေးကို စာနဲ့ ဟန်းဖုန်းပေးခဲ့ပေမယ့် ကောင်မလေးက လက်သင့်မခံလို့ သူငယ်ချင်း တစ်ယောက်က သိမ်းထား ပေးခဲ့တယ်ဆိုတာ သိရတယ်။ ဒါကြောင့် သားပေးခဲ့တဲ့ စာထဲမှာ ဘာရေးထားလဲဆိုတာ သိချင်လို့ လိုက်စုံစမ်းကြည့်တော့ သူငယ်ချင်းအားလုံးက မသိကြဘူး ပြောပြီး ဖုန်းတွေလည်း အဆက်အသွယ် လုပ်လို့ မရတာကြောင့် ပျောက်နေတဲ့သားကို ဘယ်လိုမှ ရှာမရခဲ့လို့ ရဲစခန်းမှာ လူပျောက် တိုင်ချက်ဖွင့်ခဲ့တာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ငမိုးရိပ်ချောင်း အတွင်း ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ရေနစ်သေဆုံးမှုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသူ နော်မေသူသူဇော်က ချစ်သူနှင့် တွေ့ဆုံခဲ့ ပြီး မိဘနေအိမ် မှော်ဘီမြို့သို့ ၎င်းတစ်ဦးတည်း ပြန်စဉ် ပျောက်ဆုံးခဲ့ရာမှ လှိုင်မြစ်အတွင်း ရေနစ် သေဆုံးနေသည်ကို ဧပြီလ ၂၁ ရက်နေ့က တွေ့ရှိခဲ့သည့် ရေနစ်သေဆုံးမှုမှာ သံသယပေါင်း များစွာနှင့် ပဟေဠိဆန်သော လူသေဆုံးမှုတစ်ခု ဖြစ်ခဲ့သောကြောင့် တိုင်းဒေသကြီး တရားရုံးသို့ အမှုပြန်လည် စစ်ဆေးပေးရန် တင်ပြထားကြောင်း သေဆုံးခဲ့သူ ဆေးကျောင်းသူ၏ မိသားစုများထံမှ သိရှိရသည်။

The Voice Weekly

၃လ စောမွေးလို့ ၁ပေါင်ပဲရှိခဲ့တဲ့ ကလေး မယုံနိုင်ဖွယ် အသက်ရှင်ခဲ့

Posted by drmyochit Friday, March 28, 2014, under | No comments

 လမစေ့ပဲ ၃လစော မွေးလို့ ၁ပေါင်ပဲရှိခဲ့တဲ့ ကလေးဟာ သူမရဲ့ ၁နှစ်ပြည့် မွေးနေ့မရောက်ခင်အထိ ထူးထူးဆန်းဆန်း ဖြစ်ခဲ့ရပါတယ်။ ကလေးလေးဟာ သေးလွန်းလို့ အသားညှပ်ပေါင်မုန့်အိတ်ထဲမှာ အသက်ရှင်အောင် မွေးခဲ့ရပါတယ်။

လူထူးဆန်းလေး Lucia Sansbury ဟာ ၃လမပြည့်ခင်အထိ သကြားအိတ် တစ်ဝက်ရဲ့ အလေးချိန်ပဲရှိခဲ့တာပါ။ Lucia လေးရဲ့ အူသိမ်အူမတွေကို ပြန်ပြင်ဖို့ အရေးပေါ်ကုသမှုတွေနဲ့ အမြင်အာရုံကို ကယ်တင်ဖို့ လေဆာခွဲစိတ်မှုတွေ လုပ်ခဲ့ရပါတယ်။ သူမ နွေးနွေးထွေးထွေး ဖြစ်စေဖို့အတွက် အသားညှပ်ပေါင်မုန့် အိတ်ထဲမှာ ထည့်ထားခဲ့ရတာပါ။


Luciaရဲ့ မိဘတွေဟာ ကလေးရဖို့အတွက် ဖန်ပြွန်သန္ဓေသား ကုထုံးကို ၅ကြိမ် မအောင်မြင် ဖြစ်ခဲ့ရပြီး Lucia ကိုမမွေးခင်မှာ ကိုယ်ဝန်ပျက်ကျမှု ၂ကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခုတော့ Luciaလေးဟာ ကျန်းမာနေပုံရပါတယ်။ ဒါပေမဲ့ ရေရှည် ကျန်းမာရေး ပြဿနာတွေ ခံစားရလာနိုင်လားဆိုတာကို ပြောဖို့တော့ စောလွန်းပါသေးတယ်။

Ref:dailymail.co.uk

အစိုးရ၀န်ထမ်းလစာနှင့် မီတာခတိုးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို ပြည်သူများစိုးရိမ်

Posted by drmyochit Friday, March 28, 2014, under | No comments

တာချီလိတ်ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေသည့် မြင်ကွင်း (ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ)

အစိုးရ၀န်ထမ်းများ လုပ်ခလစာနှင့် မီတာခတို့ အတူတိုးမြှင့်လိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ခြင်းကို ပြည်သူများ၊ အစိုးရ၀န်ထမ်းများသာမက  လုပ်ငန်းရှင်များကပါ  စိုးရိမ်ပူပန်မှုရှိနေကြောင်း သတင်းရရှိသည်။

 ‘‘လစာတိုးရင်တော့ ကုန်ဈေးနှုန်းက ပုံမှန်တက်လေ့ရှိတာပဲ။ လုပ်ငန်းရှင်တွေကလည်း မီတာခတိုးကောက်တာခံရတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် တက်လာရင် ကုန်ဈေးနှုန်းက တက်တာပဲ’’ဟု ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးမြင့်လာတိုင်း ပုဂ္ဂလိက၀န်ထမ်းများနှင့် ပြည်သူများ အခက်အခဲတွေ့ကြုံရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို အမြဲခံစားရကြောင်း  တောင်ဥက္ကလာပတွင် နေထိုင်သူ အိမ်ရှင်မ ဒေါ်သန္တာကပြောသည်။

‘‘ဒီတစ်ခါက ပိုဆိုးတယ်။ မီတာခပါ တိုးကောက်မှာ၊ လစာနည်းလို့  တိုးပေးတာမှန်ပေမယ့် ကျန်တဲ့သူတွေပါ ဒုက္ခရောက်ကြတယ်’’ဟု ၎င်းကပြောသည်။

ယခင်အစိုးရ၀န်ထမ်းများ လစာတိုးခဲ့သည့်အချိန်များတွင်လည်း ပုဂ္ဂလိကစက်မှုဇုန်များ၌ လုပ်ခလစာနည်းပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ရာနှင့်ချီ၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

‘‘အစိုးရ၀န်ထမ်းတွေလစာတိုးတိုင်း ကျွန်တော်တို့က ကြားထဲက မြေစာပင်ဖြစ်ရတယ်။ အလုပ်ရှင်တွေကလည်း မတိုးပေးနိုင်၊ ရတဲ့လစာလေးကို ချွေတာပြီးနေရတာပေါ့’’ဟု Gallent Ocean အအေးခန်းစက်ရုံမှ လုပ်သား မလှလှကပြောသည်။

အစိုးရအနေဖြင့် မူဘောင်ကောင်းပြီး သန့်ရှင်းသောအစိုးရတစ်ရပ် တည်ဆောက်လိုလျှင် ၀န်ထမ်းများကို လစာတိုးပေးခြင်းမှာ မှန်ကန်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်ကပြောသည်။

‘‘အားလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ လစာနည်းတယ်။ မလုံလောက်လို့ တိုးပေးတယ်။ ပုဂ္ဂလိကလည်း လိုချင်မှာပဲ။ အလုပ်ရှင်တွေဘက်ကလည်း သယ်ယူပို့ဆောင်ရေးစရိတ် ကြီးနေတာလည်းပါတယ်။  အဲဒါတွေကို လျှော့ချနိုင်ဖို့ အရေးကြီးတယ်’’ဟု ၎င်းကသုံးသပ်သည်။

အထက်ပါပုဂ္ဂိုလ်များ စိုးရိမ်ပူပန်နေသကဲ့သို့ လစာတိုးခြင်းခံရသော အစိုးရ၀န်ထမ်းများမှာလည်း ထိုသို့မြင့်တက်လာမှုအပေါ် ထပ်တူပူပန်မှုများရှိနေကြသည်။

 သမ္မတဦးသိန်းစိန်သက်တမ်း သုံးနှစ်အတွင်း အစိုးရ၀န်ထမ်းများအား လစာနှင့် ထောက်ပံ့ကြေးငွေ သုံးကြိမ်တိတိ တိုးမြှင့်ပေးထားသော်လည်း ၀န်ထမ်းများ၏ လူနေမှုဘ၀မှာ တိုးတက်လာခြင်းမရှိသည့်အပြင် ကုန်ဈေးနှုန်းကို  အမီလိုက်၍ ပြေလည်ရန် ကြိုးစားရုန်းကန်နေရဆဲဖြစ်သည်။

 ‘‘ကျွန်မကတော့လစာတိုးမယ့်အစား ကုန်ဈေးနှုန်းကိုပဲ ထိန်းချုပ်စေချင်တယ်။ လစာတိုးလို့ လူအထင်ကြီးလာတာပဲရှိတယ်။  ဘာမှမထူးဘူး။ လစာတိုးချိန် မတက်ဘဲ သင်္ကြန်ရက်ဆို တက်တာပဲ’’ ဟု အသက်နှစ်ဆယ်ကျော်အရွယ် တက္ကသိုလ်ဆရာမတစ်ဦးဖြစ်သူ မနှင်းနှင်းကပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးလာလျှင် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ပုဂ္ဂလိက၀န်ထမ်းများလည်း မလုံလောက်မှု များရှိလာ၍ လုပ်ခလစာတိုးမြှင့် ပေးရန်အလုပ်ရှင်များမှာလည်း အခက်အခဲများရှိကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောသည်။

အစိုးရအနေဖြင့် ၀န်ထမ်းများ၏ဘ၀ကို အမှန်တကယ်မြှင့်တင်လိုပါက  တိုးမြင့်လာသော လုပ်ခလစာကို မိမိဘ၀အတွက် လိုအပ်သောနေရာတွင် အသုံးပြုနိုင်မှ  အဆင်ပြေနိုင်မည်ဖြစ်ကြောင်း လုပ်သက် ၃၀ ရှိ အစိုးရ ၀န်ထမ်းဖြစ်သူ ဒေါ်စောကပြောသည်။

‘‘ဗိုလ်ချုပ်တင်ဦးလက်ထက်တုန်းကတောင် ကုန်ဈေးနှုန်းထိန်းတဲ့အဖွဲ့ရှိတယ်။ အခုက ထိန်းမယ့်သူလည်းမရှိဘူး။ လစာတိုးလို့  ပိုက်ဆံလက်ထဲရောက်ရင် ကုန်သည်တွေကို ပေးလိုက်ရသလိုဖြစ်နေတယ်။ တိုးတဲ့လစာရဲ့ အကျိုးကျေးဇူးကို မခံစားရဘူးဖြစ်နေတယ်’’ဟု ၎င်းကပြောသည်။

အစိုးရအနေဖြင့် ပြည်ပမှတင်သွင်းသော သွင်းကုန်ဈေးကွက်ကို အဓိကထိန်းချုပ်သင့်နေပြီး ပြည်တွင်းရှိ ထုတ်ကုန်ဈေးကွက် မြင့်တက်လာခြင်းကြောင့် ပြည်ပသွင်းကုန်များပါရော၍ ဈေးနှုန်းလိုက်မြင့်လာမည့် အခြေအနေမှာ စိုးရိမ်စရာကောင်းကြောင်း ဦးနှင်းဦးက သုံးသပ်ပြောဆိုသည်။

7Day

''မီတာခတိုးမြှင့်ခြင်းကြောင့် မန္တလေးမြို့၌ ဆန္ဒပြသူလေးဦး ထိန်းသိမ်းခံရ ရန်ကုန်မြို့တွင်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ် ''

Posted by drmyochit Friday, March 28, 2014, under | No comments

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အရ ဧပြီ ၁ ရက် မှစတင်ပြီး လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံ ထားသော မီတာခနှုန်းထား များပြန်လည်လျှော့ချရေးအတွက် မတ် ၂၇ ရက် ညပိုင်းတွင် မန္တလေးမြို့ ၃၃ လမ်းနှင့် ၇၈ လမ်းထောင့် ရှိ ဒိုင်းမွန်းပလာဇာရှေ့၌ မီတာခတိုးမြှင့် ကောက်ခံခြင်းကြောင့် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ လေးဦးကို ရဲတပ်ဖွဲ့ဝင်များက အဆိုပါနေရာတွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၂၇ ရက် ည ၇ နာရီခန့်က ယင်းသို့ ဆန္ဒထုတ်ဖော်သူများမှာ ဖယောင်းတိုင်အား စတင်မီးညှိပြီး ကြွေးကြော်သံများ ရွတ်ဆိုစဉ် ရဲတပ်ဖွဲ့ဝင်များက ချက်ချင်းတားဆီးခဲ့ခြင်းကို လက်မခံခဲ့ဘဲ ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမှတ် ၈ ရဲ စခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူ လေးဦးမှာ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့မှ ကိုသိန်းအောင်မြင့်ပါဝင်ပြီး ကိုစောလှအောင်၊ ကိုကျော်မျိုးထွန်းနှင့် မတင်တင်ခက်တို့ ဖြစ်ကြောင်းသိရပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်ထွန်းက “စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်တဲ့အတွက် ဖမ်းဆီးတာပါ။ ဒါကြောင့် ပုဒ်မ ၁၈ နဲ့ တည်ဆဲဥပဒေအရ အရေးယူသွားဖို့ ရှိပါတယ်။ နောက်မှအာမခံ ပေးတာတွေ ယူတာတွေရှိမှာပါ။ ဖမ်းဆီးတာက အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးပါ” ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့၌လည်းည ၇ နာရီခန့်တွင် လူဘောင်သစ်အဖွဲ့မှ လူငယ်များ၊ Generation Youth အဖွဲ့မှလူငယ်များ၊ ပြည်သူလူထုများ အပါအ၀င် တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ခန့်က စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ လောကနတ် လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်ကာ အလုံမြို့နယ် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးအထိ ဒုတိယမြောက်နေ့အဖြစ် လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် “ပြည်သူ့ဆန္ဒ လျစ်လျူရှုသော အစိုးရအလိုမရှိ၊ မီတာခတိုးမြှင့် ကောက်ခံမှုအလိုမရှိ၊ တစ်နိုင်ငံလုံး မီတာခနှုန်းထား ၃၅ ကျပ်ထားရှိရေး၊ လျှပ်စစ်မီတာခ လျှော့ချပေးရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး” စသည့်တို့ကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

“ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတာကြီးက စာသားကြီးအတိုင်း ဖြစ်နေတယ်။ အဲဒီဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ ပြည်သူတွေဆန္ဒပြတယ်။ ကျွန်တော်တို့ ပြည်သူတွေက တောင်းဆိုနေပါပြီ။ ပြည်သူ့ဆန္ဒကို အလေးထားပါ။ အခုလိုတောင်းဆိုခဲ့တဲ့ ပြည်သူ့တွေအတွက် ဆုလာဘ်က ထောင်ဒဏ်၊ ငွေဒဏ်မဖြစ်ပါစေနဲ့လို့ ပြောချင်ပါတယ်။ ပြည်သူလူထုဆန္ဒကို မလိုက်လျောဘူး ဆိုလို့ရှိရင်တော့ ဒီထက်ကြီးမားတဲ့ ဆန္ဒပြမှုတွေကို လုပ်ဆောင်သွားမှာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုတင်ထွဋ်ပိုင်က အလုံလျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့၌ ပြောကြားသည်။

ယင်းကဲ့သို့ပင် ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် လူဘောင်သစ်အဖွဲ့မှ ကိုထက်က “အခု အစိုးရက ဒီမိုကရေစီ အစိုးရဆိုလို့ရှိရင် For the People၊ By the People ဖြစ်ရပါလိမ့်မယ်။ လက်ရှိအစိုးရကို ကျွန်တော်တို့ ပြောချင်တာကတော့ စစ်တပ်က ရေးဆွဲထားတဲ့ အခြေခံဥပဒေတွေနဲ့ အုပ်ချုပ်နေတဲ့အစိုးရ ဖြစ်တဲ့အတွက် ဖိနှိပ်ခံ ဒီမိုကရေစီ အစိုးရလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ပင် မတ် ၂၆ ရက် ညနေ ၆ နာရီခန့်က ရန်ကုန်မြို့မြို့တော်ခန်းမရှေ့၌ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်း ကန့်ကွက်ဆန္ဒပြပွဲတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် စိတ်ပါဝင်စားသူပြည်သူ စုစုပေါင်း ၁၀၀ ခန့်ပါဝင် ဆန္ဒပြခဲ့ကြပြီး အဆိုပါဆန္ဒပြမှုမှာ ကြိုတင်ခွင့်ပြုချက်မယူ ထားသဖြင့် ဦးဝင်ချိုနှင့် ကိုဝေဠုတို့နှစ်ဦးအား ကျောက်တံတားမြို့မရဲစခန်းမှ တာဝန်ရှိသူများ ရဲစခန်းအတွင်းသို့ ခေါ်ဆောင်မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

အစိုးရကလက်ရှိ ကောက်ခံနေသည့် လျှပ်စစ်မီတာများဖြစ်သော အိမ်သုံးတစ်ယူနစ်လျှင် ၃၅ ကျပ်၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်၊ အစိုးရသုံး တစ်ယူနစ် ၃၅ ကျပ်၊ နိုင်ငံခြားငွေဖြင့် တစ်ယူနစ်လျှင် USD ၀ ဒသမ ၁၂ ဖြင့် ကောက်ခံနေမှုအား ဧပြီ ၁ ရက်မှစ၍ အိမ် သုံးမီတာ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်၊ ယူနစ် ၁၀၁ မှ ၂၀၀ အထိကို ၄၀ ကျပ်၊ ယူနစ် ၂၀၁ မှအထက်ကို ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းသုံး အနေဖြင့် ယူနစ် ၅၀၀ အထိ ၇၅ကျပ်၊ ယူနစ် ၅၀၁ မှ ၁၀၀၀၀ အထိ ၁၀၀ ကျပ်၊ ၁၀၀၀၀ ယူနစ်မှ ၅၀၀၀၀ အထိ ၁၂၅ ကျပ်၊ ၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ အထိ ၁၅၀ ကျပ်၊ ၂၀၀၀၀၁ ယူနစ်မှ ၃၀၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ၃၀၀၀၀၁ မှ အထက်ကို ၁၀၀ ကျပ်ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့သည်။

''ပျောက်ဆုံးလေယာဉ်မှ ကျန်ရစ်သူမိသားစုများ မလေးရှားလေကြောင်းနှင့် ဘိုးအင်းကုမ္ပဏီတို့ကို တရားစွဲဆို''

Posted by drmyochit Friday, March 28, 2014, under | No comments



မလေးရှားလေကြောင်းဌာနမှ ခရီးစဉ်အမှတ် အမ် အိပ်ခ်ျ-၃၇ဝ ခရီးသည်တင်လေယာဉ် တစ်စင်းသည် ၁၉
 ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက်ယင်းလေယာဉ်ဖြင့် လိုက်ပါခဲ့သူများ၏ မိသားစုများက အဆိုပါ လေကြောင်း ဌာနနှင့် ဘိုးအင်းလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတို့ကို တရားစွဲဆိုလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ပျောက်ဆုံးနေသော ဂျက်လေယာဉ်နှင့်အတူ လိုက်ပါခဲ့ သော ခရီးသည်များ၏ မိသားစုများက မလေးရှား လေကြောင်းဌာနနှင့် ဘိုးအင်းကုမ္ပဏီတို့ကို အမေရိကန် ပြည်ထောင်စု ချီကာဂိုမြို့ရှိ ဥပဒေအကျိုးဆောင်ကုမ္ပဏီ တစ်ခုမှတစ်ဆင့် တရားစွဲဆိုမှုစတင်ပြုလုပ်ခဲ့သည်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ ပျက်ကျခဲ့ဖွယ်ရှိသည့် လေယာဉ်နှင့်ပတ်သက်၍ ဒီဇိုင်းပုံစံထုတ်လုပ်ရာတွင် လည်းကောင်း၊ ထုတ်လုပ်ရာတွင် အပြစ်အနာအဆာများ ရှိသည်ဆိုသော အထောက်အထားများကို လွှဲပြောင်းပေး အပ်ရန် ရေဘက်ဥပဒေအကျိုးဆောင် ကုမ္ပဏီမှ ဥပဒေ အကျိုးဆောင်များက ချီကာဂိုမြို့ရှိ ကွတ်စီရင်စု တရားရုံး ထံ ဦးတိုက်လျှောက်ထားခဲ့သည်။

အဆိုပါ တရားစွဲဆိုမှုနှင့်ပတ်သက်၍ မလေးရှား လေကြောင်းဌာနကရော ဘိုးအင်းကုမ္ပဏီကပါ ချက်ချင်း ဝေဖန်ပြောကြားခြင်း မရှိပေ။
ထိုစဉ်အတွင်း လေယာဉ်အပျက်အစီး အပိုင်းအစများကို ပြင်သစ်ဂြိုဟ်တုဓာတ်ပုံများတွင် ရှာဖွေတွေ့ရှိခဲ့ရပြီးနောက် အိန္ဒိယ သမုဒ္ဒရာအတွင်း လေယာဉ်ပျက်ရှာဖွေမှုကို မတ် ၂၆ ရက်တွင် ပြန်လည်ပြုလုပ်သည်။

တစ်ရက်ကြာမျှ လှိုင်းလေပြင်းထန်နေခဲ့ပြီးနောက် ရာသီ ဥတုအခြေအနေ ပြန်လည်ကောင်းမွန်လာရာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူး ဇီလန်နိုင်ငံတို့မှ လေယာဉ် ၁၂ စင်းနှင့် ရေယာဉ်နှစ်စင်း တို့ဖြင့် ပင်လယ်ပြင်အတွင်း သဲလွန်စရှာဖွေမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သြစတြေးလျ ရေတပ်က ပြောကြားသည်။

ရိုက်တာ။

''ဖခင်ဖြစ်သူက သမီးအရင်းအား သားမယားအဖြစ် အဓမ္မပြုကျင့်''

Posted by drmyochit Friday, March 28, 2014, under | No comments


စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ၊ တည်းခို ခန်းတစ်ခုတွင် ဖခင်ဖြစ်သူတစ်ဦးက သမီးအရင်းအား သားမယား အဖြစ်ပြု့ ကျင့်ခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်း က ယခုလ ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် အမှု ဖွင့်အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။ 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာနေ ဦး….. အသက်(၄၂)နှစ်ဆို သည် ယခုလ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်က သမီးဖြစ်သူ အသက်(၁၅)နှစ်၊ ခြောက်လအရွယ်ရှိ မ ….. ဆိုသူကို ပန်းရံဆင်းနေသည့် လုပ်ငန်းခွင်သို့လိုက်ပါခဲ့ရန် ဆိုင်ကယ်ဖြင့်တင်ဆောင်၍ခေါ်ခဲ့ သည်။

ထို့နောက် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ အိုကေ တည်းခိုခန်းရှိ အခန်းအမှတ်(၇)အား ငှားရမ်းခဲ့ပြီး နောက် သူမကိုယ်ခန္ဒာပေါ်ရှိ အ၀တ်အထည်းများအား ချွတ်ခိုင်းပြီးနောက် အခန်းအတွင်းရှိကုတင်ပေါ်တွင် သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည်ဟု စစ်ကိုင်းမြို့မရဲစခန်းတွင် ကာယလံရှင်ကိုယ်တိုင်မှ ထွက်ဆို တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ် အမှတ် ၃/ ၂၀၁၄ ရဲစခန်း(ပ) ၁၂၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း

Thursday, March 27, 2014

ဘယ်လိုအခြေအနေမျိုးတွေမှာ ရည်းစားမထားပဲ တစ်ယောက်တည်းနေသင့်သလဲ

Posted by drmyochit Thursday, March 27, 2014, under | No comments


ကိုယ်က မချစ်တတ်တဲ့သူလည်း မဟုတ်ဘူး။ ကိုယ့်ရည်းစားဆို တုန်နေအောင်ချစ်ပါရက်နဲ့ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရပြီဆိုပါစို့။ နောက်ထပ် ရည်းစားထားဖို့တောင် တော်တော်ကြောက်နေရပြီ။ အရင်လို ထပ်ဖြစ်မှာ စိုးရတာနဲ့၊ စိတ်တွေရှုပ်ထွေးနေတာမို့ ကိုယ့်ဘေးနားမှာ ဘယ်သူတွေ ရှိနေတယ် ဆိုတာတောင် သတိမထားမိတော့တာနဲ့ စသဖြင့် အခြေအနေတွေ ကြုံလာရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ဖို့ လိုပြီပေါ့နော်။ ကိုယ့်မှာ သုံးသပ်ကြည့်စရာ အချက် သုံးချက်ရှိပါတယ်။ ကိုယ်ဖြစ်နေတာတွေနဲ့ အဲ့ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် ရည်းစားမထားသေးဘဲ ငြိမ်ငြိမ်လေး နေလိုက်ပါဦးနော်။

၁။ကိုယ်သိပ်ချစ်ရတဲ့သူနဲ့ လမ်းခွဲတာ သိပ်မကြာသေးဘူးဆိုရင် ဒါမှမဟုတ် အိမ်ထောင်ကွဲထားတာဆိုရင်

သူနဲ့ကိုယ်နဲ့ တွဲလာခဲ့တဲ့ ရည်းစားသက်တမ်းက တော်တော်ရှည်ကြာနေပါပြီ။ ဒါတောင် အနှောင့်အယှက်တွေ၊ အတားအဆီးတွေ၊ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် သေမလောက်ခံစားပြီး ချစ်သူနဲ့ လမ်းခွဲခဲ့ရတယ်ဆိုရင်တော့ ရည်းစားထပ်ထားဖို့ လုံးဝမစဉ်းစားပါနဲ့ဦး။ တစ်ယောက်တည်းနေပြီး လုပ်စရာရှိတာလေးတွေ လုပ်ရင်းသာ နေ့စဉ်ဘ၀ကို ဖြတ်သန်းပါ။ ဒီဒဏ်ရာကို ကုစားဖို့ အချိန်မယူရဘူးဆိုရင် အနည်းဆုံး ၈လကနေ တစ်နှစ်အထိ အချိန်ယူရပါလိမ့်မယ်။ အိမ်ထောင်ကွဲထားတာဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဘယ်အရာကိုမှ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။

၂။ခုလောလောဆယ် ကိုယ့်ရဲ့စိတ်အခြေအနေတွေ သိပ်ဆိုးရွားနေတယ်လို့ ခံစားမိနေရင်
ကိုယ့်ရဲ့ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ တစ်ခြားမိသားစုရေးရာ စိတ်ညစ်စရာကိစ္စတွေရှိနေတာပဲဖြစ်ဖြစ်  စိတ်ဓာတ်ကျသလို ခံစားနေရတာမျိုး၊ စိတ်အလိုမကျတာတွေ ခံစားနေရတာမျိုး၊ အားနေ သူများတွေကို ရန်လိုစိတ်တွေဝင်နေတာမျိုးတွေ စတဲ့ စိတ်အခြေအနေတွေ ခံစားနေရပြီဆိုရင်တော့ ရည်းစားထားခြင်းဟာ ကိုယ့်ကို ပိုလို့တောင် စိတ်ဒုက္ခများစေပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်တည်ငြိမ်ပြီ၊ အေးအေးဆေးဆေးဖြစ်ပြီဆိုမှသာ ကိုယ်စဉ်းစားထားတဲ့သူနဲ့ ဒိတ်လုပ်ပါ။

၃။ကိုယ်က ရည်းစားကံမကောင်းဘူးဆိုရင်
ကိုယ်က ကိုယ့်ထားခဲ့ဖူးတဲ့ ချစ်သူ၊ ရည်းစားတွေအပေါ် အကောင်းဆုံး နားလည်မှုတွေ ပေးခဲ့တယ်။ ကိုယ်ကစပြီး သစ္စာဖောက်တာမျိုး မရှိဘူး။ အမှားလည်း မလုပ်ခဲ့ဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ထားခဲ့တဲ့ ရည်းစားတွေနဲ့ ပြတ်သွားခဲ့ရပြီဆိုရင် သေချာတာကတော့ ရည်းစားထပ်မထားသေးဘဲ သေသေချာချာ စဉ်းစားကြည့်လိုက်ပေါ့။ ဘာကြောင့်များ ငါရည်းစားတွေနဲ့ ခဏခဏ ပြတ်နေရသလဲဆိုတဲ့ မေးခွန်းမျိုးကို စဉ်းစားရင်း နောက်ထပ် ရည်းစားသစ်ထပ်ထားဖို့ အချိန်ယူလိုက်ပါ။ တစ်ယောက်ပြီး တစ်ယောက်၊ တစ်လ တစ်ယောက်ထားတာမျိုးက ကိုယ့်အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူးလေ။

Ref:womenshealthmag.com
Trend Myanmar

သမိုင်းတွေလေ့လာကြ

Posted by drmyochit Thursday, March 27, 2014, under | No comments

ဘုရင့်နောင် ပိုင်နယ် ဒုတိယ မြန်မာနိုင်ငံတော် မြေပုံ

ခုတစ်လော အားလုံးသိကြတဲ့အတိုင်းပါပဲ ဘင်္ဂလားဒေရှ်နိုင်ငံ ဒါကာသတင်းစာက မြန်မာပြည်မှ
မြန်မာ့တိုင်းရင်းသားမျိုးနွယ်စု နေထိုင်သော ရခိုင်ဒေသ တစ်ချို့ကို ရိုဟင်ဂျာတွေအတွက် ရပိုင်ခွင့်ဆိုပြီး သွေးတိုးစမ်းလာပါတယ် ၊ ဒါဟာ ပထမအဆင့် ဖြစ်ပါတယ်၊ ဒုတိယအဆင့်အားဖြင့် ဘဂ်လားဒေရှ်နိုင်ငံမှ ဘဂ်ါလီလူမျိုးတွေဟာ သူတို့နိုင်ငံအတွင်းမှာ ကမ္ဘာကို လိမ်ညာပြီ ဆန္ဒပြကြပါလိမ့်မယ်၊ တတိယအဆင့်အားဖြင့် ပြည်တွင်းမွတ်စလင်များက UN အကူအညီ OICအကူအညီ တွေနဲ့ အစိုးရကို ဖိအားပေးလာပါလိမ့်မယ်၊ ဆန္ဒတွေ တစ်နည်းနည်းနဲ့ပြလာပါလိမ့်မယ် စတုတ္ထအနေနဲ့သူတို့တစ်တွေ အကြမ်းဖက်ပြီး ရခိုင်ဒေသကို အပိုင်သိမ်းပါလိမ့်မယ်

သမိုင်းတွေ ရှိခဲ့ကြပါတယ် ဒုတိယကမ္ဘာစစ်ပြီးလို့ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးကြေငြာမည်ဖြစ်ပါတယ် ၊ ဒီအခါမှာ အစ္စလာမ်ဘာသာဝင်တွေဟာ အိန္ဒိယ နိုင်ငံကနေ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်လိုပါတယ် ဒီအခါမှာ ဟန္ဒူလူမျိုးတွေကို ရက်စက်စွာ သတ်ပါတယ် မိန်းမ ၊ကလေး မညှာပါဘူး၊ ဒီလိုဖြစ်တော့ ဟိန္ဒူလူမျိုးများရာဖြစ်တဲ့ ပြည်နယ်တွေမှာလည်း မွတ်ဆလင်တွေကို သတ်ပါတယ်၊ ဒါပေမဲ့ သမိုင်းမှတ်တမ်းတွေအရတော့ မွတ်ဆလင်များက ဟိန္ဒူများကို သတ်တာက ပိုများပါတယ်၊ ဒီလိုတွေ လူမျိုးစု ဘာသာကွဲပြားမူတွေကြောင့် အတူတူယဉ်တွဲမနေထိုင်နိုင်တဲ့အဆင့်ကို ရောက်လာပါတယ် ဒီတော့ ဗြိတိသျှခေါင်းဆောင်များသည် မွတ်ဆလင်ဘာသာဝင်တွေ များရာဖြစ်တဲ့ ပြည်နယ်တွေ စုပေါင်းပြီး ပါကစ္စတန် နိုင်ငံဟု သူတို့ကို သူတို့ကြေငြာထားတဲ့ နိုင်ငံကို 1947 ခု သြဂုတ်လ 14 ရက်နေ့မှာ ဒိုမီနီယံ အဆင့် လွတ်လပ်ရေး ကို ပေးလိုက်ရပါတယ်၊ အိန္ဒိယ ခေါင်းဆောင်များကလည်း လူသတ်မူတွေ အေးပါစေတော့ ဆိုတဲ့ သဘောတရားနဲ့ လက်ခံလိုက်ရပါတယ်။

1956 ခု နှစ် ဖေဖေါ်ဝါရီ 29 ရက်နေ့မှာ ပါကစ္စတန်ခေါင်းဆောင်များဟာ အခြေခံဥပဒေကို အတည်ပြုပြဌာန်းပြီးသကာလ မတ်လ 24 ရက်နေ့တွင် အစ္စလာမ်အယူဝါဒကို အခြေခံသော ပါကစ္စတန် သမ္မတနိုင်ငံကို ကမ္ဘာသို့ကြေငြာ၍ တည်ထောင် လိုက်ပါတယ်၊ ပါကစ္စတန် နိုင်ငံဟာ အစ္စလာမ်ဘာသာဝင်များ များရာဖြစ်တဲ့ ပြည်နယ်တွေကို စုပေါင်း တည်ထောင်ထားတဲ့အတွက် အိန္ဒိယနိုင်ငံကို ခွလျှက် တည်ရှိနေပါတယ် ၊ ဒါမို့ လွတ်လပ်ရေး ကြေငြာစဉ်ကစပြီး အရှေ့ပါကစ္စတန် အနောက်ပါကစ္စတန် နိုင်ငံရယ် လို့ ဖြစ်တည်လာပါတယ်၊

အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန် နိုင်ငံဟာ မိုင်ပေါင်း ၉၀၀ ဝေးကွာပါတယ် ၊ ဘင်္ဂလားဒေရှ်နိုင်ငံဖြစ်လာမည့် အရှေ့ပါကစ္စတန်နိုင်ငံသည် ဘင်္ဂါလီစကားကို ပြောဆိုပြီး အနောက်ပါကစ္စတန်နိုင်ငံကတော့ အူရဒူဘာသာစကားကို ပြောဆိုပါတယ်
အာဏာအရပ်ရပ်ကို အုပ်ချုပ်ရေးယန္တရားကို အနောက်ပါကစ္စတန်နိုင်ငံခေါင်းဆောင်တွေက ချုပ်ကိုင်ထားပါတယ်၊ နိုင်ငံတော် ဘာသာစကားကိုလည်း အူရဒူဘာသာစကားပဲ ပြဌာန်းပါတယ်၊ ဒီတော့ အရှေ့ပါကစ္စတန်ဖြစ်တဲ့ ဘင်္ဂါလီစကားပြောဆိုသူတွေဟာ လိုရင်းပြောရရင် ဆူပူမူများစွာကို ပြုလျှက် ပါကစ္စတန်နိုင်ငံမှ ခွဲထွက်ကာ ဘင်္ဂါလားဒေရှ်နိုင်ငံကို 1971 ခုနှစ်တွင် လွတ်လပ်သော နိုင်ငံအဖြစ် တည်ထောင်ပါတယ်၊ ဘင်္ဂါလားဒေရှ်နိုင်ငံသည် နိုင်ငံနှင့်မမျှစွာ လူဦးရေ များစွာ သိပ်သည်းလွန်းပါတယ် ပြည်သူအများစုက ဆင်းရဲလှပါတယ် သူတို့ဟာ နောက်ပိုင်းမှ ချမ်းသာလာပါတယ်၊ လူဦးရေတိုးပွားနုံးက မလျှော့ပါဘူး၊ ဘာကြောင့် လူဦးရေ တိုးပွားနေရသလဲဆိုတာ စာဖတ်သူလဲ သိပါလိမ့်မယ် ၊ ဒီတော့ မြစ်ကိုကူးပြီး သူတို့နဲ့အနီဆုံးဖြစ်တဲ့ မြန်မာနိုင်ငံ ရခိုင်ဘက်ကို စိမ့်ဝင်လာပါတယ်၊ ရရာစားသောက်လျှက် အသက်ရှင်သန်ကြပါတယ်၊ လူဦးရေများလာတော့ ရွာတွေတည်ထောင်ပါတယ် ရခိုင်နဲ့ ဘဂ်ါလီတွေဟာ ကိုးကွယ်ရာ ဘာသာမတူတဲ့အတွက် အစက ရခိုင်တွေဟာ သတိမထားမိပါဘူး သူတို့အလုပ် သူတို့လုပ်နေတာပါပဲ နောက်ပိုင်းမှ သတိထားလာပါတယ် ၊ ဒီကြားထဲ အုပ်စိုးသူ စစ်အာဏာရှင်များက ခိုးဝင်တွေ၏ ငွေများကို ယူပြီး အသာတကြည် မြန်မာပြည်ကို ဝင်စေပါတယ်၊

ထားတော့ ကမ္ဘာမှာ အကျီးတန်သော လုပ်ရပ်များကို နေရာတိုင်းမှာ လုပ်ဆောင်နေတာဟာ အစွန်းရောက် မွတ်ဆလင်တွေပါ၊ မွတ်ဆလင်အများစုသည် မိမိတို့နေထိုင်ရာ နိုင်ငံကို ၊ ထိုနိုင်ငံ၏ သစ္စာတော်ကို ရိုသေလေ့မရှိကြပါဘူး၊ သူတို့ရိုသေတာ ကြောက်တာက အလ္လာအရှင် တစ်ပါးပါပဲ ၊ သူတို့ဘဝကို အလ္လာအရှင်ကို အပ်နံထားပါတယ်၊ အလ္လာအရှင်၏ စကားကို မွတ်စလင် ဗလီဆရာတွေက သွန်သင်ပါတယ်၊ အလ္လာအရှင်ကို ချစ်ရမည် ကြောက်ရမည် ဒါတွေကို ငယ်စဉ်ကတည်းက သင်ကြားပေးပါတယ်၊ မိန်းကလေးတွေဆိုလဲ ဆော်ဒီမှာဆိုရင် ကားတောင်မောင်းခွင့်
မပေးပါဘူး ဆော်ဒီဟာ စီးပွားရေးကို အခြေခံပြီး တည်ထောင်ထားတဲ့နိုင်ငံပါ၊ ၊ အခြားသော ကိစ္စများကို စာဖတ်သူလည်း သိပြီးဖြစ်ပါလိမ့်မယ်၊

ယခင်က ခရစ်ယာန်နိုင်ငံများတွင် မွတ်ဆလင်အနဲငယ်ရောက်ရှိနေထိုင်ရာတွင် ပြဿနာမရှိပါဘူး သူတို့တစ်တွေ အုပ်စုများလာရင် ပြဿနာကို စတင်ပါပြီ အကြမ်းဖက်မူတွေကို ဗလီဆရာများ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါတယ်၊

ခုလက်ငင်းဖြစ်နေတဲ့ နိုင်ငံများတွင် ခွဲထွက်ရေး မွတ်ဆလင်တွေ များလာပါတယ်၊ ရှရှားနိုင်ငံ ချေဂျင်းညာဒေသဟာ မွတ်ဆလင်ခွဲထွက်ရေးလုပ်ရှားနေလို့ ပူတင်နိမ်နင်း နေရပါတယ်၊ ထိုင်းတောင်ပိုင်း စာဖတ်သူတို့သိပြီးသားဖြစ်ပါတယ် ၊ တရုပ်နိုင်ငံ ဇီဂျမ်းပြည်နယ် ခွဲထွက်ရေး လှုပ်ရှားနေပါတယ် အကြမ်းဖက်နေပါတယ်၊ ၂ လပိုင်းကပဲ တရုပ်မှာ ၁၂ မိနစ်ထဲနဲ့ လူပေါင်း ၂၉ ရောက်ကို သတ်ပြီး ၁၃၂ ရောက်ကို ဒဏ်ရာရစေ ပါတယ်၊ သူတို့ဟာ သူတို့ရည်ရွယ်ချက်ရှိရှိ ကြိတ်ကြံနေသူတွေပါ အာဏာရှိသူကို ကပ်မယ်၊ အာဏာရှိလာမဲ့သူကို ကပ်ထားပါမယ်၊ ဒါပေမဲ့ သစ္စာမရှိပါဘူး၊ မြန်မာနိုင်ငံမှာ ပသီလူမျိုး အာဇာနည်ဦးရာဇာတ်လို သစ္စာရှိသူပေါ်မလာနိုင်တော့ပါဘူး၊ ဒီအတွက် ဝမ်းနဲစရာ အလွန်ကောင်းလွန်းလှပါတယ်၊ နိုင်ငံရေးသဘောတရားအနေနဲ့ ကြည့်ရင် ဦးမြအေး ဟာ အနေကောင်းပြီး မြန်မာပြည်ကို သစ္စာရှိမယ်ဆိုရင် ခေတ်သစ် သစ္စာရှင် ဦးရာဇာတ် ဖြစ်လာနိုင်ပါတယ်၊ ဖြစ်ပါစေလို့လဲ မျှော်လင့်ပါတယ်၊

အနှစ်ချုပ်ပါတော့မယ် ကျနော်တို့နိုင်ငံ အဓွန့်ရှည်ဖို့ ဆိုရင်

သက်ဆိုင်ရာ အာဏာပိုင်များ သိန်း ၅၀ ဆိုတာမျိုးတွေ လာဘ်မစားပါနဲ့ ဝိုင်းဝန်းကန့်ကွက်ကြပါ။

ပြည်သူတွေ နိုးနိုးကြားကြားရှိကြပါ။

တိုင်းရင်းသာတွေ ညီညွတ်ကြပါ။

မိမိတို့နိုင်ငံကို စီးပွားရေးတိုးတက်သော နိုင်ငံဖြစ်အောင် တည်ထောင်ပါ။

ပြည်သူတွေကို ဒီထက် ဒီထက် အသိပညာ အတတ်ပညာ တိုးပွားလာအောင် ပြုလုပ်ဆောင်ရွက်ပေးပါ။

နယ်စပ်လုံခြုံရေးကို ခေတ်မှီစွာ အမေရိကန်နိုင်ငံကဲ့သို့ ခိုးဝင်လာတာကို ရေဒါက ဖမ်းယူကြည့်ရူ့နိုင်အောင် ပြုလုပ်ပါ။

ခိုးဝင်လာသူကို ပြတ်သားစွာ ကိုင်တွယ်ပါ။

ဒီလိုဆိုရင် ကျနော်တို့နိုင်ငံသည် ကမ္ဘာတည်သ၍ ငြိမ်းချမ်းစွာ တည်ရှိသွားမှာ ဖြစ်ပါတယ်။

လိုအပ်ရင် ထောက်ပြဝေဖန်ပေးပါ။

ကျေးဇူးတင်ပါတယ်။ —

မိုးတိမ်လွှာ

စစ်တွေက NGO ရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်

Posted by drmyochit Thursday, March 27, 2014, under | No comments

စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ် အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။

အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအို တစ်ခုက အမေရိကန်သူ တစ်ဦးဟာ သူတို့ရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာအလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုပြီး သတင်းထွက်လာရာကနေ ရာနဲ့ချီရှိတဲ့ ဒေသခံတွေဟာ မာတေဇာ ရုံးကို သွားဝိုင်းပြီး အဲဒီအမျိုးသမီးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ညဉ့် ၁၁ နာရီကျော်ခန့်မှာ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

သေနတ်ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အခြေအနေဟာ ငြိမ်သက်သွားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေချိန်မှာ ခုလို ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး သေနတ်ပစ်ခတ်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတဲ့ အတွက် အများပြည်သူတွေကတော့ အထူး ထိတ်လန့် စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
INGO Maltezarမှ တာဝန်ခံ နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး သာသနာ့အလံကို မဖွယ်မရာ လုပ်မှုဖြင့် စစ်တွေမြို့ ဘောက်သီးစုကျောင်း တက်လမ်း ဂေါက်ရှီလမ်းနှင့် ဥတ္တမလမ်း တို့တွင် Maltezer ရုံးများတွင် လူစုလူဝေး ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိရပါသည်။ (Than Tun Than ) 
မာတီဇာ NGO မှ နိုင်ငံခြားသူဝန်ထမ်းတစ်ဦးက သန်းခေါင်စာရင်းကို သပိတ်မှောက်သည့် အနေဖြင့် တင်ထားသော သာသနအလံကို ဖြုတ်ယူကာ ခါးတွင် ပတ်၍ ၀တ်သွားသည်ကို တွေ့လိုက်ရသဖြင့် ဒေါသထွက် နေသောလူအုပ်သည် မာတီဇာရုံးရှေ့တွင် စုဝေးရောက်ရှိနေကြပြီး ယင်းနိုင်ငံခြားသူကို အရေးယူပေးရန်တောင်းဆိုလျှက်ရှိသည်။ ဓါတ်ပုံ-  Coral Arakan News

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်