Thursday, April 03, 2014
ဟန်သာဖြစ်၍ အဆံမရှိသည့် သင်္ကြန်အမြောက်များ
Posted by drmyochit Thursday, April 03, 2014, under | No comments
ဘင်္ဂလားဒေ့်ရေတပ်သည် ဒေသတွင်းနိုင်ငံများ အထူးသဖြင့် မြန်မာ့ရေတပ်၏ အင်အားတိုးချဲ့မှုများအား အထူးအလေးထား စောင့်ကြည့်ကာ ဘင်္ဂလားရေတပ်အား တိုးချဲု့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ အကြီးအကျယ်ပြုလုပ်ခဲ့ပါသည်။ ယခုပိုစ့်တွင် ဘင်္ဂလားရေတပ်၏ တရုပ်ရေတပ်မှ ဝယ်ယူထားသည့် ဖရီဂိတ်များအကြောင်းအား ဖော်ပြပေးပါမည်။
ဘင်္ဂလားရေတပ်ရှိ စစ်ရေယာဉ်များသည် သက်တမ်းလွန်ရေယာဉ်အများစုဖြစ်ပြီး ပြည်တွင်းထုတ် တိုက်ရေယာဉ်ဟူ၍ မရှိပဲ ပြည်ပနိုင်ငံများမှ အသုံးပြုလိုခြင်းမရှိသည့် ရေယာဉ်များအား ဝယ်ယူစုဆောင်းခြင်းနှင့် မွမ်းမံခြင်းများပြုလုပ်ကာ ရေတပ်အား တိုးချဲ့နေကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဘင်္ဂလားရေတပ်၏ ဖရီဂိတ် လက်ရှိပိုင်ဆိုင်မှုများအနက် F22 (တောင်ကိုးရီးယားထုတ်) နှင့် F18 Type-053H1 (တရုပ်ထုတ်) ဖရီဂိတ်စစ်ရေယာဉ် (၂)စင်းမှအပကျန် ဖရီဂိတ်စစ်ရေယာဉ်များမှ အဆင့်မြှင့်တင်ထားမှုမရှိသည့် F15, F16 နှင့် F17 ဖရီဂိတ်အဟောင်းများဖြစ်သည်။အဆိုပါ ရေယာဉ်အဟောင်းများဖြင့် အနာဂါတ်တွင် ဆက်လက်ရပ်တည်၍မရသည်ကို လက်ခံလာကြပြီး မကြာသေးမှီကမှ တရုပ်ရေတပ်သုံး Type-053H2 ဖရီဂိတ်စစ်ရေယာဉ်(၂)စင်းအား ဝယ်ယူခဲ့ပါသည်။ နောက်ဆုံးရရှိသော သတင်းများအရ မူလတပ်ဆင်ထားသည့် HY-2 သင်္ဘောဖျက်ဒုံးများအစား စီ-၈၀၂ သင်္ဘောဖျက်ဒုံး (၈)စင်း တပ်ဆင်ထားကာ စစ်ဆင်ရေးစွမ်းရည်အား မြှင့်တင်ခဲ့ပါသည်။
Wikipedia တွင် ဖော်ပြထားချက်များအရ လက်နက်စနစ်များမှာ-
စီ-၈၀၂ သင်္ဘောဖျက်ဒုံးအပါဝင်
2 x Type 79A dual-100 mm gun
4 x Type 76 dual-37 mm AA guns
2 x 5-tube Type 81 ASW rocket launcher (30 rounds)
4 x Type 64 DC projectors
2 x DC racks
2 x Mk-36RBOC 6-barrel decoy rocket launchers ဟုဖော်ပြထားပြီး HQ-7 တာတိုပစ် လေကာဒုံးအား ဆက်လက်တပ်ဆင်သွားမည်ဟု သိရသော်လည်း ယခုအချိန်ထိ ထူးခြားမှုမရှိသေးပါ။ ထို့အပြင် တရုပ်ရေတပ်သုံး ပုံစံ-၇၃၀ မြန်နှုန်းမြင့် စက်အမြောက်ကြီးများအား တပ်ဆင်မည်ဟု ဖော်ပြထားစေကာမှု အမှန်တကယ်တပ်ဆင်မှု ပြုလုပ်ထားခြင်း မရှိသေးပါ။ လက်ရှိအသုံးပြုနေသည့် F18 ဖရီဂိတ်တွင်ပင် တပ်ဆင်ထားနိုင်ခြင်း မရှိသေးကြောင်းတွေ့ရပါသည်။
ရေဒါစနစ်များနှင့် ဆိုနာခေါ် ရေအောက်ရှာဖွေရေး (ရေငုပ်သင်္ဘောအစရှိသည့်) စနစ်များမှာလည်း ထူးထူးခြားခြား ပြောင်းလဲထားခြင်းမရှိဟု သိရကာ ဘင်္ဂလားဒေ့်၏ ရေတပ်အဖို့ အနာဂါတ်တွင် ခေါင်းရှုပ်ဖွယ်ရာ ရေယာဉ်များဖြစ်လာနိုင်ပါသည်။ ရေငုပ်သင်္ဘောရှာဖွေချေမှုန်းရေး ရဟတ်ယာဉ်များကို သယ်ဆောင်နိုင်စွမ်းမရှိပဲ ဘင်္ဂလားသတင်းများတွင် ဖော်ပြထားသကဲ့သို့ ရဟတ်ယာဉ် ဆင်းသက်ကွင်းများ တည်ဆောက်သွားမည်ဆိုပါက ရေယာဉ်၏ အနောက်ဘက်တွင် အားဖြည့်ထားသော ၁၀၀မမ ရေတပ်သုံးအမြောက်ကြီးများအား ဖြုတ်ချရမည်ဖြစ်ပြီး ရေယာဉ်၏ ပစ်ခတ်မှုစွမ်းဆောင်ရည်ကို လျော့ချလိုက်သကဲ့သို ဖြစ်စေပါမည်။
ယနေ့ခေတ် ရေတပ်သင်္ဘောများသည် ရေယာဉ်ခြင်း ထိပ်တိုက်ထိတွေ့မှုများအပြင် ပင်လယ်ပြင် ကင်းထောက်လေယာဉ်များ၊ ရေတပ်သုံး သင်္ဘောဖျက်ဒုံးတပ် တိုက်လေယာဉ်များ၏ ရန်ကိုထည့်သွင်း တွက်ချက်လာကြကာ လက်ရှိ ဝယ်ယူထားသည့် အဆိုပါဖရီဂိတ် (၂)စင်း၏ ဝေဟင်ကင်းထောက်စနစ်သည် ထိုအချက်ကို လုံးဝနီးပါးထည့်သွင်း တွက်ချက်မထားခြင်းလောဟု သုံးသပ်မိပါသည်။ ထို့အပြင် ရရှိထားသော အချက်လက်များအရ အဆိုပါ ရေယာဉ်များအနက် F15 ရေယာဉ်သည် တရုပ်ရေတပ်တွင် တာဝန်ထမ်းဆောင်စဉ်က ဆိုးရွှားသော ထိခိုက်မှုများရှိခဲ့သည်ဟု သိရပါသည်။
အဆင့်မြှင့်တင်ထားပြီးဖြစ်သည့် တပ်မတော်(ရေ)မှ ဖရီဂိတ်စစ်ရေယာဉ်
(တပ်မတော်(ရေ)၏ တရုပ်ရေတပ်မှ လက်ခံရရှိခဲ့သော Type-053H1 ဖရီဂိတ် F21 နှင့် F23 ဖရီဂိတ်များအပေါ်တွင်မှု Type-517 ဝေဟင် လေကြောင်းကင်းထောက် အဆင့်မြှင့်ရေဒါများ တပ်ဆင်ထားပြီး ရေတပ်၏ အခြားရေယာဉ်များနှင့်အတူ ဆက်သွယ်သတိပေးခြင်းများ ဆောင်ရွှက်နိုင်ကာ ရေတပ်၏ လေကြောင်းကင်းထောက်ဖရီဂိတ်များအဖြစ် လူသိများပါသည်။)
စီ-၈၀၂ သင်္ဘောဖျက်ဒုံးများ
ဘင်္ဂလားရေတပ်မှ ဖရီဂိတ် စစ်ရေယာဉ်များ
အထက်ပါဖော်ပြထားချက်များအား လေ့လာကြည့်ပါက ဘင်္ဂလားဒေ့်ရေတပ်သည် အရေအသွေးမှ အရေအတွက်ကိုသာ အဓိကထားကာ တက်လှမ်းနေသည်ဟု သုံးသပ်နိုင်ပြီး အနာဂါတ်တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်လာနိုင်သော်လည်း အဆိုပါရေယာဉ်များ၏ သက်တမ်းနှင့် ထိန်းသိမ်းမှုအားနည်းချက်များအကြောင့် ဟန်သာဖြစ်၍ အဆံမရှိသည့် သင်္ကြန်အမြောက်များဟု လူပြောများနေရခြင်းဖြစ်ပါသည်။ အဘယ်သို့ဆိုစေ စီ-၈၀၂ ကဲ့သို့သော် ရေပြင်မှရေပြင်ပစ်ဒုံးများ တပ်ဆင်ထားခြင်း၊ အခြားဖရီဂိတ်များ ဝယ်ယူရန် ကြိုးပမ်းနေခြင်းသည် မိမိတို့နိုင်ငံအတွက် အထူးသတိထားစောင့်ကြည့်ရမည် ရေတပ်တစ်ခုဖြစ်လာစေပြီး မကြာမှီတွင် မြန်မာ့ပင်လယ်အား ခြိမ်းခြောက်လာနိုင်မည့် မည်သည့် ရေတပ်ကိုမဆို ချေမှုန်းနိုင်သည့် အင်အားကြီး ရေတပ်ကြီးတစ်ခုကို မိမိတို့အနေဖြင့် တည်ဆောက်ထားရမည်ဖြစ်ပါတော့သည်...။
တပ်မတော်(ရေ)၏ အနာဂါတ် ရေတပ်အင်အားတိုးချဲ့မှု စီမံကိန်းများနှင့် တည်ဆောက်ဆဲ ရေယာဉ်များအကြောင်း ဆက်လက်ဖော်ပြပေးပါဦးမည်။
Myanmar Defence Weapons
မြန်မာ့ တပ်မတော်မှ
MH370 ပျောက်ဆုံးမှုကို ရာဇဝတ်မှုအနေဖြင့် မလေးရှားရဲတပ်ဖွဲ့ ကိုင်တွယ်နေ
Posted by drmyochit Thursday, April 03, 2014, under | No comments
မတ်လ(၈)ရက်နေ့ ကတည်းက ထူးဆန်းစွာ ပျောက်ကွယ်သွားသည့် လေယာဉ်ကို ဩစတြေးလျ ကမ်းလွန်တွင် ရှာဖွေနေပြီး လတ်တလောတွင် မလေးရှား ဝန်ကြီးချုပ်ကိုယ်တိုင် ဩစတြေးလျသို့ သွားရောက်လျှက် ရှိသည်။
ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်၏ အမှုကို ရာဇဝတ်မှု တစ်ခုအနေဖြင့် ကိုင်တွယ်စစ်ဆေးမည်ဟု မလေးရှား ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ မတ်လ(၈)ရက်နေ့ ကတည်းက ထူးဆန်းစွာ ပျောက်ကွယ်သွားသည့် လေယာဉ်ကို ဩစတြေးလျ ကမ်းလွန်တွင် ရှာဖွေနေပြီး လတ်တလောတွင် မလေးရှား ဝန်ကြီးချုပ်ကိုယ်တိုင် ဩစတြေးလျသို့ သွားရောက်လျှက် ရှိသည်။ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်နှင့် ပတ်သက်ပြီး မလေးရှား အစိုးရက ပွင့်လင်းသော သတင်းအချက်အလက်များ ထုတ်ပြန်မှု မရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ရာ ရဲတပ်ဖွဲ့က ရာဇဝတ်မှု တစ်ခုအနေဖြင့် စုံစမ်းနေသော ကိစ္စတွင် အရာရာတိုင်းကို လူသိရှင်ကြား ချမပြနိုင်ကြောင်း တုံ့ပြန်ခဲ့သည်။
“ကျွန်တော်တို့က လောလောဆယ်မှာ အာရုံစိုက်ရမယ့် နယ်ပယ်(၄)ခုကို အခြေခံ စုံစမ်းနေပါတယ်။ တစ်ဦးချင်း လုပ်ဆောင်မှု၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ဖောက်ခွဲဖျက်ဆီးတာ၊ ဒါမှမဟုတ် အနုကြမ်းစီးတာတွေပေါ့”ဟု တော်ဝင် မလေးရှား ရဲတပ်ဖွဲ့ အရည်အသွေးနှင့် ထိုးထွင်းတီထွင်မှု ဆွေးနွေးပွဲတွင် မလေးရှား ထောက်လှမ်းရေးဌာန အကြီးအကဲ ခါလစ်အဘူဘေကာက ပြောကြားခဲ့သည်။ ၎င်းက “ခုချိန်ထိ လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေဆီက မှတ်တမ်းပေါင်း (၁၇၀)လောက်ကို ရယူထားပြီးပါပြီ။ ဒါပေမဲ့ ဒါတွေကို အကုန်အစင် ထုတ်ပြနေလို့တော့ မရဘူးလေ”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ခါလစ်က လေယာဉ်ပေါ်တွင် မည်သည့်အရာများ ဖြစ်ပွားခဲ့သည်ကို စုံထောက်များက သဲလွန်စအချို့ ရရှိနေပြီ ဖြစ်သော်လည်း စုံစမ်းမှုများ ဆက်လက် ဆောင်ရွက်နေဆဲဟုလည်း ပြောဆိုသွားသည်။
From: Planet Myanmar Network
Wednesday, April 02, 2014
သန်းခေါင်စာရင်းကောက်ယူနေသော ၀န်ထမ်းများအား KIA အဖွဲ့မှ နှောင့်ယှက်နေသည့်အပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN )သို့ ရှမ်းနီလူငယ်များမှ တိုင်ကြားခဲ့
Posted by drmyochit Wednesday, April 02, 2014, under | No comments
ကျွန်တော်ဟာ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ရှမ်းနီလူမျိုးတစ်ယောက်ပါ။ ပြီးတဲ့ရက် ကစပြီး ကျွန်တော်တို့ ကချင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးမှာ သန်းခေါင်စာရင်းကောက်ယူနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာKIA အဖွဲ့ကြောင့် သန်းခေါင်စာရင်းကောက်လို့မရပါဘူး။ သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ ၀န်ထမ်းကို ပစ်သတ်မယ်၊ ရွာလူကြီးတွေကိုလည်း ပစ်သတ်မယ်လို့ ပြောထားပါတယ်။အဲဒီအတွက် ၀န်ထမ်းတွေလည်း မလာရဲကြဘူးဖြစ်နေပါတယ်။ကျွန်တော်သိသလောက် ကတော့ သန်းခေါင်စာရင်းကောက်တယ်ဆိုတာလူဦးရေတွေ၊ လူမျိုးတွေအတိအကျသိနိုင်ဖို့၊နိုင်ငံတော်မှာရှိတဲ့ ပြည်သူတွေရဲ့ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စတွေမှာ အရေးကြီးတဲ့ မူဝါဒတွေချမှတ်ဖို့၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်နိုင်ဖို့ဆိုပြီး သိထားပါတယ်။
ကချင်ပြည်နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်မှာဆိုရင် မြို့နယ်ခြောက်မြို့နယ်ကို သန်းခေါင်စာရင်း ကောက်ယူပြီးခဲ့ပါပြီ။ KIO/KIA ထိန်းချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲဖြစ်နေလို့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကောက်ခွင့်မရခဲ့ပါဘူး။ အဲဒီအကြောင်းပြချက်ဟာ KIO/KIA အနေနဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လိုစိတ် မရှိဘူးဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ကချင်ပြည်နယ်အတွက်ပြောပြော ကချင်ပြည်နယ်ထဲမှာရှိတဲ့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေအတွက် အများကြီးနစ်နာရပါတယ်။
 KIO/KIA ခေါင်းဆောင်ပိုင်းတွေက သူတို့ထိန်းချုပ် နယ်မြေတွေမှာ ကောက်ခွင့်မပေးတဲ့အပြင် အခု သန်းခေါင်စာရင်းကောက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဟန့်တားနှောင့်ယှက်မှုတွေ ပြုလုပ်လာပါတယ်။
သန်းခေါင်စာရင်းစတင်ကောက်ယူတဲ့ နေ့မှာပဲ လွယ်ဂျယ်မြို့နယ်ခွဲ၊ ပန်ခတ်ကျေးရွာအုပ်စု၊ လူစုပါကျေးရွာမှာ သန်းခေါင်စာရင်းနဲ့ အိမ်အကြောင်းအရာလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပညာဝန်ထမ်း နှစ်ဦးကို KIA အဖွဲ့က လာရောက်ဟန့်တားနှောင့်ယှက်မှုတွေ စတင်ပြုလုပ်လာပါတယ်။ ပန်ခတ်ကျေးရွာ မူ/အုပ် ဆရာ ဦးကျော်ညွန့်နဲ့ မူလတန်းပြဆရာမ ဒေါ်မေဇွန်ဖြူတို့ဆီကနေ စာရွက်စာတမ်းတွေ သိမ်းယူပြီး အဲဒီ ရွာကနေ မောင်းထုတ်ခံရတယ်လို့လည်း သိရပါတယ်။
ကျွန်တော်ပြောတာတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်မယ်ဆိုရင် အချိန်မရွေး အထက်ပါနေရာတွေကို သွားရောက် စုံစမ်းနိုင်ပါတယ်။
ကချင်ပြည်နယ်ထဲမှာ နေထိုင်နေကြတဲ့ ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေအများကြီးပါ။
ခုတော့ တဇောက်ကန်း KIA ကြောင့် ကျွန်တော်တို့လူမျိုးစု တစ်စုလုံးနဲ့ချီပြီး အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ နိုင်ငံသားအခွင့်အရေးကို ထိပါးခံရပါတယ်။
အခုလိုမျိုး သန်းခေါင်စာရင်း မကောက်နိုင်တဲ့အတွက်  ကျွန်တော်တို့ ရှမ်းနီလူမျိုးစုဝင်တွေများစွာလည်း  စာရင်းပျောက်မှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အဖြစ်မခံနိုင်ပါဘူး။
ဒီလိုသန်းခေါင်စာရင်းကောက်မှ အစိုးရအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ဘ၀တိုးတက်ရေး၊
အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးရေးစတဲ့ အခွင့်အလမ်းများစွာကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကေအိုင်အေဌာနချုပ်ရှိတဲ့ လိုင်ဇာထိလာကောက်တာကို လက်မခံဘူးဆိုရင်ထားပါ။
အခုတော့ ကျွန်တော်တို့ရှမ်းနီတွေနေထိုင်တဲ့ ဒေသတွေကိုပါ သန်းခေါင်စာရင်းကောက်တာကို လက်မခံပဲ နှောင့်ယှက်နေတာကတော့လွန်လွန်းပါတယ်။
အားနည်းတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို အနိုင်ကျင့် ဖိနှိပ်နေတာနဲ့ အတူတူပါပဲ။
ဘာပဲပြောပြော အခုသန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာ သမိုင်းမှတ်တိုင်တစ်ခုပါ။
အခုအချိန်မှမပေးရင် ကျွန်တော်တို့ဘယ်အချိန် သွားပေးရတော့မှာလဲ။ တိုင်းရင်းသားအခွင့်အရေးလို့ ရှေ့တန်းတင်ပြောဆိုနေပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေကို သက်သက်ဖိနှိပ်နေတာပါ။
သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းကို လူတစ်ဦးတစ်ယောက်ကဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကဖြစ်ဖြစ်၊ တားမြစ်တာ၊ ပိတ်ပင်တာ၊ ခြိမ်းခြောက်တာ၊ နှောင့်ယှက်ဟန့်တားတယ်ဆိုတာက နိုင်ငံတော်နဲ့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးလုပ်ရာရောက်တဲ့အပြင် ကမ္ဘာ့ကုလသမဂ (United Nations) အဖွဲ့အစည်းကြီးနဲ့ နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး ငါတို့ဒေသမှာ ငါတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။
KIA အနေနဲ့ ငါလုပ်ချင်ရာလုပ်မယ်ဆိုပြီး ရှမ်းနီလူမျိုးတွေအပေါ်  ထင်ရာစိုင်းနေတာကို ရပ်သင့်ပါပြီ။
အခုကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့ချုပ်အနေနဲ့လည်း
ကမ္ဘာ့ကုလသမဂ (United Nations) ကို တရားဝင်တိုင်ကြားစာပေးပို့သွားမှာဖြစ်ပြီး
KIA အဖွဲ့အနေနဲ့လည်း သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းမှာ အနှောင့်အယှက်မပေးဘဲ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်မှီသေးတယ်လီု့ ပြောချင်ပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ ရှမ်းနီလူမျိုးအပါအ၀င် နိုင်ငံနဲ့ပြည်သူလူထုတစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် သန်းခေါင်စာရင်းကောက်တဲ့ကိစ္စကို နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်းများမပြုဖို့နဲ့ ဆက်လက်ပြုလုပ်လာပါက နိုင်ငံတကာမှာလည်း ပြင်းထန်စွာ ဝေဖန်ရှုံ့ချခံရမယ့်အပြင် ဖြစ်လာမယ့် နောက်ဆက်တွဲ ကိစ္စအ၀၀အတွက်လည်း KIO/KIA အဖွဲ့မှာသာ တာဝန်ရှိမှာဖြစ်တယ်လို့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့က အသိပေးလိုက်ပါတယ်။
လက်ပုံစံ (၇)မျိုး
Posted by drmyochit Wednesday, April 02, 2014, under | No comments
၁။ လေးထောင့်လက်
၂။ ဗျက်ကျယ်လက်
၃။ အနုပညာလက်
၎။ အတွေးအခေါ်လက်
၅။ ရောထွေးလက်
၆။ စိတ်ကူးယဉ်လက်
၇။ အခြေခံနိမ့်ကျသောလက်
လေးထောင့်လက်
==========
လက်ဝါးပြင် လက်ချောင်းထိပ် လက်သည်း အနေအထားအားလုံးလေးထောင့်ဖြစ်နေသည်ကိုတွေ့ရမည်. ထိုလက်ကို လေးထောင့်လက်ဟုခေါ်သည်. (အကောင်းဆုံး လက်အမျိုးအစားဖြစ်သည်)
လေးထောင့်လက်ပိုင်ရှင်သည်
၁. ရည်ရွယ်ချက်၊ ရည်မှန်းချက်ကြီးမားသည်.
၂. ရုပ်ပိုင်းသဘောဆန်သည်.
၃. တိုးတက်မှုကိုလိုလားသည်.
၎. မျှတသည်. ခိုင်မာသည်. နည်းစနစ်ကျသည်. ခေါင်းမာသည်.
၅. အနစ်နာခံပြီးအလုပ်လုပ်တက်သည်.
၆. စိတ်ကူးယဉ်မှုနည်းသည်.
ဗျက်ကျယ်လက်
=========
လက်ဝါးပြင်နှင့် လက်ချောင်းများလိမ်ကောက်နေပြီး လက်ချောင်း. လက်သည်း. လက်ဝါး အားလုံး အရင်းကျဉ်း၍ အဖျားကျယ်သောလက်ကို ဗျက်ကျယ်လက်ဟု ခေါ်သည်.
ဗျက်ကျယ်လက်ပိုင်ရှင်သည်
၁. စိတ်လှုပ်ရှားမှုရှိပြီးဖျတ်လတ်သည်
၂. စိတ်မြန်ကိုယ်မြန်ရှိသည်.
၃. အလုပ်လုပ်သည့်နေရာတွင် စိတ်ဝင်စားမှုရှိသည်.
၎. အပင်ပန်းခံနိုင်သည်.
၅. တီထွင်ဖန်တီးလိုစိတ်ရှိသည်.
အနုပညာလက်
=========
လက်ဝါးပြင်နှင့်လက်ချောင်းများ ပြေပြစ်လှပသည်. လက်ချောင်းများ၏ ထိပ်ဖျားများချွန်နေသည်. ထိုလက်ကို အနုပညာလက်ဟုခေါ်သည်.
အနုပညာလက်ပိုင်ရှင်သည်.
၁. စိတ်ထားနူးညံ့သိမ်မွေ့သည်.
၂. အနုပညာဆန်သည်.
၃. ချစ်ခင်ယုယမှုနှင့် အာရုံခံစားမှုရှိသည်.
၎. အလှအပဟူသမျှကို မြတ်နိုးသည်.
၅. တေးဂီတနှင့် အရောင်အဆင်းများကို နှစ်ခြိုက်သည်.
အတွေးအခေါ်လက်
============
လက်ချောင်းများသည် လက်ဝါးပြင်ထက် ပိုပြီးရှည်သည်. လက်ဆစ်များကြီးသည်. ထိုလက်ကို အတွေးအခေါ်လက်ဟုခေါ်သည်.
အတွေးအခေါ်လက်ပိုင်ရှင်သည်.
၁. နက်နဲသောတွေးခေါ်မြှော်မြင်စိတ်များရှိသည်.
၂. စာပေကျမ်းဂန်များလေ့လာလိုက်စားသည်.
၃. စိတ်ရှည်သည်. သည်းခံသည်.
၎. ခိုင်မာသည်. စေ့စပ်သေချာသည်.
၅. သက်သာသောအလုပ်ကိုသာလုပ်ရသည်.
ရောထွေးလက်
=========
လက်ချောင်းပုံသဏ္ဍန်များအားလုံးရောထွေးပါဝင်နေသောလက်ကို ရောထွေးလက်ဟုခေါ်သည်.
ရောထွေးလက်ပိုင်ရှင်သည်.
၁. အကြံအစည်များအမြဲရောထွေးနေသည်.
၂. လုပ်ကိုင်သည့်နေရာတွင် မတည်ငြိမ်. မခိုင်မာ. အပြောင်းအလဲများတက်သည်.
၃. ဗဟုသုတကြွယ်ဝသော်လည်း သေချာဂနစွာ တက်ကျွမ်းလုပ်ကိုင်နိုင်စွမ်းမရှိပေ.
၎. ကောင်းသောလက်ပုံစံများရောထွေးမှုများလျင် ကောင်းသောအချက်ပိုများမည်.
စိတ်ကူးယဉ်လက်
==========
လက်ဝါးပြင်နှင့်လက်ချောင်းများ နုနယ်လှပသည်။ ပျော့ပျောင်းသည်၊ လက်ချောင်းများနှင့်လက်သည်းများ ရှည်ပြီးသွယ်သည်ကို စိတ်ကူးယဉ်လက်ဟုခေါ်သည်.
စိတ်ကူးယဉ်လက်ပိုင်ရှင်သည်.
၁. ရုပ်ပိုင်းနှင့်လက်တွေ့သဘောနည်းပါးသည်.
၂. ဘဝတစ်လျှောက်လုံး ရုန်းကန်အားထုတ်မှုနည်းသည်.
၃. ပျင်းရိသည်. အပင်ပန်းမခံနိုင်ပါ.
၎. ဘာသာရေး နှင့် စုန်း နတ် တစ္ဆေများ ဝါသနာပါတက်သည်.
အခြေခံနိမ့်ကျသောလက်
==============
လက်ဝါးပြင် အရေပြားများထူထဲကြမ်းတမ်းသည်. ကြီးမားတုတ်တိုသော လက်ချောင်းများရှိသည်. လက်မတိုသည်. တင်းပုတ်သဏ္ဍန်ရှိသည်. ထိုလက်ကို အခြေခံနိမ့်ကျသောလက်ဟုခေါ်သည်.
အခြေခံနိမ့်ကျသောလက်ပိုင်ရှင်သည်.
၁. ကိုယ်နှင့်စိတ် ကြမ်းတမ်းသည်
၂. အအိပ် အစားနှင့် ကာမဂုဏ်မက်သည်.
၃. လောဘ ဒေါသ မောဟ ကြီးမားသည်.
၎. စိတ်ပိုင်းတိုးတက်မှုနည်းပါးသည်.
၅. ကိုယ်ကာယ သန်စွမ်းသည်.
Credit : News Lover | ဖိုးသူတော်|
ရန်ကုန်မိုးကို ဆယ့်နှစ်ဘီလီယံဖြင့် ခုခံမည်
Posted by drmyochit Wednesday, April 02, 2014, under | No comments
‘‘မိုးတွင်းမှာ မြောင်းရေလျှံတာ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါ’’
စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ယခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) က သတင်းထောက်များနှင့် သူ၏ရုံးခန်းအတွင်း တွေ့ဆုံရာတွင် မိုးတွင်းမြောင်းရေလျှံမှုကိစ္စ များ မေးမြန်းရာ၌ ထိုကဲ့သို့ ဖြေကြားခဲ့ဖူးသည်။
တကယ်တမ်းတော့ ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပါ။ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ လျစ်လျူရှုခံ ထားရသည့် မြို့ပြစီမံကိန်းကြီးတစ်ရပ်ပဲ ဖြစ်ပါသည်။ ရေစီးရေလာ ကောင်းမွန်မှုအတွက် ထိရောက်စွာ မဆောင်ရွက်နိုင် ခဲ့ခြင်း၏ အကျိုးဆက်ကို ပြည်သူများသာလျှင် ခံစားခဲ့ရပါသည်။
ယခုတော့ ထိုကိစ္စကို သမ္မတဦးသိန်းစိန်က ပြန်လည်ဖော်ထုတ်လိုက်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရေး စီမံကိန်းကို ယခုနှစ်ဇန်န၀ါ ရီမှ မေလ ၃၀ ရက်အထိ နိုင်ငံတော်က ဘတ်ဂျက် ၁၂ ဘီလီယံကျော် သုံးစွဲခွင့်ပြု၍ ဆောင်ရွက်ခိုင်း ထားသည်။ များပြားသည့် ငွေကြေးများ သုံးစွဲထားသည့် စီမံကိန်းဖြစ်သောကြောင့် ယခုတစ်ကြိမ်ပြီးလျှင် နောက်ထပ်တစ်ကြိမ် ပြန်မစရအောင် ဆောင်ရွက်နေသူများက စနစ်တကျလုပ်ဆောင်သွားရန်လိုအပ်ပြီး ပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ အမှိုက်စွန့်ပစ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်မည်ဖြစ်သည်။
နှစ်စဉ်ရေကြီးရေလျှံ၍ သွားလာရခက်ခဲရသည့် အခြေအနေများကို တွန်းလှန်နိုင်ရန် သမ္မတက ဒုတိယ၀န်ကြီးသုံး ဦးကို တာဝန်ပေးအပ်ခဲ့သည်။ ရေရှည်စီမံကိန်းမဟုတ်ဘဲ လေးလအတွင်း အကောင်အထည်ဖော်ရ မည့် အထူးဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည်။
မြို့ပြလူထုအတွက် အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး ယခုနှစ်မိုးမကျမီ အပြီးသတ်ဆောင်ရွက်နိုင်ရန် ညွှန်ကြားလိုက်သည့်အတွက် လူအင်အား၊ စက်အင်အားများစွာ သုံးစွဲ၍ ရန်ကုန်တိုင်းအတွင်း အဓိက မြောင်းများ၊ ချောင်းများကို နေ့ရောညပါ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
‘‘ကျွန်တော်တို့ဆီမှာ စီမံကိန်းတစ်ခုလုပ်ရင် စနစ်တကျလုပ်လေ့မရှိဘူး။ ဒါကြောင့် တစ်ခုပြင်ရင် တစ်ခုကပျက်နေရတယ်။ ရေမြောင်းပြင်တော့ လမ်းပျက်၊ လမ်းပြင်တော့ ဖုန်းလိုင်းပျက်။ အဲဒီလိုပေါ့။ ဒါကြောင့် ရေတိုမှာ လူမြင်ကောင်းဖို့ထက် ရေရှည်အတွက် အဘက်ဘက်က စနစ်တကျပြင်ဆင်ပြီး ပြုပြင်သင့်တယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးဖြစ်သည့် စာရေးဆရာဦးဟန်ဇော်ကပြောသည်။
ရန်ကုန်မြို့၏လမ်းများသည် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိသည့်အတွက် မိုးတွင်း၌ သွားလာရခက်ခဲလေ့ရှိသည်။ မိုးများသည့်အချိန်တိုင်း မြို့၏ လမ်းဘေးမြောင်းများမှာ ပိတ်ဆို့နေသည့် အမှိုက်များကြောင့် ရေစီးရေလာကောင်းမွန်ခြင်းမရှိဘဲ လမ်းပေါ်သို့ လျှံထွက်လာတတ်သည်။ ထိုအခြေအနေကို အစိုးရက ထိရောက်စွာပြုပြင်ဆောင်ရွက်ခြင်း မရှိခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ပင်ကျော်ခဲ့ပြီ။
လမ်းဘေးမြောင်းအတွင်းရှိ ပိတ်ဆို့အမှိုက်များ တူးဖော်ဖယ်ရှားခြင်းများကို မြို့တော်စည်ပင်က ဆောင်ရွက်ပါသော်လည်း အဓိကကျသည့် ရေတံခါးများ၊ နုန်းတင်နေသည့် ချောင်းမြောင်းများကို ထိရောက်စွာ ရှင်းလင်းနိုင်ခြင်းမရှိခဲ့သဖြင့် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေလျှံမှုက ပုံမှန်ဖြစ်တတ်စမြဲပင်။
ထို့ကြောင့် နိုင်ငံတော်သမ္မတက ဤကိစ္စကို အထူးအရေးကြီးစီမံကိန်းအဖြစ် သတ်မှတ်၍ ယခုနှစ်မှစတင်ကာ မိုးမကျမီအတွင်း အပြီးသတ်ဆောင်ရွက်ရန်အတွက် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီမှ ဒုတိယ၀န်ကြီးသုံးဦး ခေါင်းဆောင်သည့်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ရေစီးရေလာကောင်းမွန်ရန် ထိန်းသိမ်းရေး ကော်မတီတစ်ရပ်ကို အရေးပေါ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
‘‘မိုးမကျမီတော့ မပြီးနိုင်ဘူး။ တစ်နှစ်လောက်နဲ့ကို မပြီးနိုင်ဘူး။ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းမှာရှိတဲ့ မြေအောက်မြောင်းတော်တော်များများက အင်္ဂလိပ်လက်ထက်ကအတိုင်းပဲ။ အဓိက မြေအောက်မြောင်းကြီးတွေ ပြင်ရမယ်။ လမ်းဘေးမြောင်း အနက်နဲ့ အကျယ်တွေပြင်ရမယ်။ မြောင်းတွေပြင်ဖို့ မြေနေရာလိုဦးမယ်။ ပလက်ဖောင်းမြင့်မြင့်တွေ လိုဦးမယ်’’ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သည့် ကိုမိုးချိုက သူ၏အမြင်ကိုပြောသည်။
သို့သော် ‘‘လာမယ့်မိုးတွင်းမှာ သိသာတဲ့ အကျိုးခံစားရမယ်လို့ ယုံတယ်’’ဟု လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်က ယုံကြည်ထားသည်။ မကြာမီကျရောက်မည့် သင်္ကြန်တွင်အဖွဲ့အားလုံးအနေဖြင့် မိမိတာဝန်ယူထားသည့် နယ်ပယ်အလိုက် ဖိဖိစီးစီး ဂရုတစ်စိုက် လုပ်ဆောင်ပေးကြရန်လည်း ဒုဝန်ကြီးက မေတ္တာရပ်ခံထားသည်။
ရေစီးရေလာကောင်းမွန်ရေးကော်မတီဥက္ကဋ္ဌမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမြင့်ဇော်၊ လယ်/ဆည်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးခင်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဦးကျော်စိုးတို့ ပါဝင်ကြသည်။
ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အတွင်းရေးမှူးနှင့် ဌာနမှူးများ၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာနတို့အပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ကုမ္ပဏီသုံးဆယ်ခန့်ကလည်း ၀င်ရောက်ဆောင်ရွက်နေကြခြင်းဖြစ်သည်။
လက်ရှိဆောင်ရွက်မှုအနေဖြင့် မြို့တွင်းခြောက်မြို့နယ်၏ ရေထွက်ပေါက်များ၊ မြစ်ထွက်ပေါက်များ၊ ရေနုတ်မြောင်းများကို အမှိုက်နှင့်နုန်းများ တူးဖော်ခြင်း၊ ရေတံခါးများ ဆောက်လုပ်ခြင်းများကို အချိန်မီပြီးစီးရန် ဆောင်ရွက်နေပြီး မြို့နယ်အလိုက် လုပ်ငန်းရှင်များကိုလည်း ပါဝင်ကူညီရန် တာဝန်ပေးထားသည်ကို တွေ့ရသည်။
ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ မြောက်ဥက္ကလာပမြို့နယ်တို့တွင်လည်း လမ်းအလိုက် ရေနုတ်မြောင်းများ တူးဖော်လျက် ဆင်ဖုံချောင်း၊ ငမိုးရိပ်ချောင်း၊ တိုးကြောင်ကြီးရေတံခါး စသည့် အဓိကကျသည့်နေရာများရှိပြီး တူးဖော်ခြင်းကို စက်ယန္တရားကြီးများဖြင့် လုပ်ဆောင်နေပြီး ချောင်းကြီးများအတွင်း သောင်တူးစက်ရေယာဉ်ကြီးများဖြင့် ချဲ့ထွင်တူးဖော်လျက်ရှိသည်။
‘‘ရပ်ကွက်တွေ အကူအညီယူပြီး ဆောင်ရွက်နေပါတယ်။ သင်္ကြန်တွင်းမှာ တူးဖော်မှုကို ရပ်နားမှာမဟုတ်ပါဘူး။ တစ်မိုးတွင်းလုံးလည်း ဆက်တူးသွားမှာ ဖြစ်ပါတယ်။ ရပ်ကွက်လူထုက ပြောစရာမလိုအောင် ကူညီကြတယ်။ သဘောကျကြပါတယ်’’ဟု ရန်ကုန်မြို့တော်စည်ပင်၊ လမ်း/တံတားဌာနမှူး ဦးတင်မောင်ကြည်ကဆိုသည်။
မြို့ရွာအိုးအိမ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးကလည်း ‘‘မကြာခဏပြိုကျတတ်တဲ့ မြောင်းတွေကို အုတ်မြောင်းတွေအဖြစ် ပြုလုပ်ပါတယ်။ ရေနစ်မြုပ်လေ့ရှိတဲ့ ရပ်ကွက်တွေ အဆင်ပြေသွားမှာဖြစ်ပါတယ်။ တချို့နေရာမှာ ရပ်ကွက်နဲ့ ညှိနှိုင်းဆဲအခြေအနေ ရှိပါတယ်။ လမ်းပေါ်က ဆိုင်ခန်းတွေ မပျက်စီးအောင် သတိထားရပါတယ်’’ဟု ပြောသည်။
ရေစီးရေလာကောင်းမွန်ရေးကော်မတီက ဌာနအသီးသီးဖြင့် ပေါင်းစပ်ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို မေလ ၃၀ ရက်နေ့ ရည်မှန်းချက်ထားရှိသော်လည်း အချိန်မီပြီးစီးနိုင်ခြင်း ရှိနိုင်မည်ကို ပြည်သူများအနေဖြင့် သံသယ၀င်မှုတချို့ရှိသည်။ စီမံကိန်းအတွက် ချထားပေးသော နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း အလဟဿ အလေအလွင့်ဖြစ်မည်ကိုလည်း ပြည်သူတို့က စိုးရိမ်ကြသည်။
လုပ်ငန်းအားလုံးကို ခြုံငုံကြည့်ပါက ပြီးစီးမှုအခြေအနေမှာ ၅၀ ရာခိုင်နှုန်းဖြစ်ပြီး ဧပြီလကုန် (သို့မဟုတ်) မေလလယ်ခန့်တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရန် ကတိပြုထားကြသည်။ ကတိအတိုင်းသာ အချိန်မီပြီးစီးပါက ယခုမိုးရာသီတွင် ရည်မှန်းချက်အတိုင်း အောင်မြင်မှု ရှိ၊ မရှိကို စောင့်ကြည့်ရမည်ဖြစ်သည်။
ရန်ကုန်မြို့နယ်များအတွင်း ရေစီးရေလာကောင်းမွန်ရေးကို အစိုးရက ကြိုးပမ်းအားထုတ်နေချိန်တွင် ပြည်သူများကလည်း ပါဝင်ကူညီရန် လိုအပ်ပေသည်။ ထို့အတွက် ကော်မတီကလည်း မြို့တော်နေပြည်သူများကို စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် အသိပညာပေးမှုများကို လိုအပ်သလို ထုတ်လွှင့်စည်းရုံးပညာပေးရန် လိုအပ်နေသည်။
ရေနုတ်မြောင်းများအနီး ရောင်းချသည့် ဈေးဆိုင်များ၏ စွန့်ပစ်အမှိုက်များ စနစ်တကျရှိစေရန် လေ့ကျင့်ပညာပေးခြင်း၊ တိုက်ခန်းနောက်ဖေးလမ်းကြားများရှိ မြောင်းများကို အနည်းဆုံး နှစ်ပတ်တစ်ကြိမ် သတ်မှတ်ရက်တစ်ခုထား၍ ရှင်းလင်းပြီး ကားဖြင့် တစ်ပါတည်းသိမ်းယူခြင်း၊ ရေနုတ်မြောင်းများရှိ အမှိုက်ထားသည့်နေရာများကို မြို့နယ်အလိုက် သိသာသည့် သင်္ကေတလမ်းညွှန်မှုများ စိုက်ထူ၍ ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုသည်။
‘‘အရင်နှစ်တွေထက်ပိုပြီး ထိထိရောက်ရောက် လုပ်နေသလိုပဲ။ မလုပ်တာနဲ့စာရင်တော့ အရမ်းကောင်းတာပေါ့။ အတိုင်းအတာတစ်ခုအထိတော့ အကျိုးခံစားရမှာပါ။ တဖြည်းဖြည်းသွားရမှာပေါ့။ အင်အားအလုံးအရင်းနဲ့ မြန်မြန်လုပ်ချလိုက်ရင်တော့ ပိုထိရောက်မယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အသက်(၃၉)နှစ်အရွယ် ကျူရှင်ဆရာဦးမျိုးသန့်က မှတ်ချက်ပေးသည်။
နှစ် ၂၀ ကျော်တိုင် မပြုပြင်လာခဲ့သည့် လုပ်ငန်းများဖြစ်သည့်အတွက် အခက်အခဲများစွာရှိနိုင်မည်ဖြစ်သကဲ့သို့ ချထားပေးသည့် ရန်ပုံငွေကိုလည်း အဖိတ်အစဉ်မရှိစေရန် ဆောင်ရွက်သင့်ပြီး ကုမ္ပဏီများ၏ဆောင်ရွက်မှုကို ကော်မတီက ကြီးကြပ်စိစစ်သင့်ပါသည်။
‘‘ကော်မတီဥက္ကဋ္ဌအနေနဲ့တော့ မြေပြင်လုပ်ငန်း ကွင်းဆင်းစစ်ဆေးတိုင်း တာဝန်တစ်ရပ်လိုအပြင် ကုသိုလ်ဖြစ်လုပ်ငန်းလို့ နှလုံးသွင်းလုပ်ဖို့ တာဝန်ခံများကို အမြဲမှာကြားလေ့ရှိပါတယ်’’ဟု ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲသူဝင်းကရှင်းပြသည်။
ရေစီးရေလာကောင်းမွန်ရေးသည် ပြည်သူများအတွက် လူမှုဘ၀နှင့် ကျန်းမာရေးအတွက်ပါ အကျိုးရှိသည့်ကိစ္စရပ်ဖြစ်သည်။ သတ်မှတ်ထားသည့်ကာလ ပြီးဆုံးပါက အရေးပေါ်ကော်မတီ၏ တာဝန်များကို မြို့တော်စည်ပင်က လွှဲပြောင်းယူ၍ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ရာ ယခင်ကဲ့သို့ ပြန်မဖြစ်စေရန် စေတနာနှင့် အစဉ်အမြဲ လုပ်ဆောင်နေသင့်သည့်လုပ်ငန်း ဖြစ်သည်။ သို့မှသာ ဘဏ္ဍာငွေကုန်ကျစရိတ် ထပ်မံမသုံးစွဲရတော့မည်ဖြစ်သည်။ နှစ်၂၀ ကျော် မဆောင်ရွက်ခဲ့သည့်အတွက် ယခုမှ လုပ်ဆောင်ရာတွင် ကုန်ကျစရိတ် ကြီးမားသွားရသည်။
‘‘ရန်ကုန်လူဦးရေက ငါးသန်းဆိုပါစို့။ ဒီလူတွေ အမှိုက်ကို စနစ်တကျစွန့်ပစ်ပါရဲ့လား၊ စည်းကမ်းတွေ ဥပဒေတွေကို ဘယ်လောက်လိုက်နာသလဲဆိုတာက အရေးပါတယ်။ စည်းကမ်းမဲ့နေဦးမယ်ဆိုရင်တော့ ငွေကုန်ခံပြီး ဘယ်လောက်ပဲလုပ်လုပ် ရေစီးရေလာမကောင်းတဲ့ မြောင်းရေလျှံတာတွေဖြစ်နေဦးမှာပဲ’’ဟု ရေကြောင်းထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာနမှ အမှုဆောင်အင်ဂျင်နီယာ ကိုအောင်စိုးမိုးကသုံးသပ်သည်။
မကြာမီ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကိုယ်တိုင် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှုရန် ရှိပါသည်။ သမ္မတ လာရောက်စစ်ဆေးမည့်အချိန်တွင် လုပ်ငန်းအောင်မြင်ပြီးစီးမှုရှိရန် အမြန်ဆုံးလုပ်ကိုင်ကြရသော်လည်း အပေါ်ယံအမြင်ကောင်းအောင် လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ အမှန်တကယ် စနစ်တကျ ဖိစီးဆောင်ရွက်ထားဖို့ လိုအပ်ပါသည်။ ဒါမှသာ မြို့ပြပြည်သူများသာမက နောင်လာနောက်သားများအတွက်လည်း အဆင်ပြေပေလိမ့်မည်။
မိုးရာသီ၌ မြောင်းရေလျှံခြင်းသည် မြို့တော်ဝန်ဟောင်း မှတ်ချက်ပေးသကဲ့သို့ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စမဟုတ်ပါ။ ရေစီးရေလာကောင်းမွန်ရေးကို လျစ်လျူရှုခဲ့ကြ၍ ပြည်သူများသာခံစားရသည့် အကျိုးဆက်သာ ဖြစ်ပါသည်။
7Day News Journal
မြန်မာပြည်အထက်ပိုင်း လေပြင်းတိုက်နိုင်
မြန်မာနိုင်ငံအထက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ အခုရက်ပိုင်းအတွင်း လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနဲ့ မိုးသီးကြွေခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက ဒုညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။
ဧပြီ ၁ ရက်ကနေ မေ ၁၅ ရက်ထိ အကျုံးဝင်တဲ့ မိုးဦးလေဦးကာလမှာ နေ့အပူချိန်တွေ မြင့်တက်တာကြောင့် မိုးတိမ်တောင်တွေ ဖြစ်ပေါ်ကာ ထူးခြား မိုးလေ၀သဖြစ်စဉ်တွေ ဖြစ်ပေါ် တတ်တယ်လို့ ဦးချစ်ကျော်က ပြောပါတယ်။
208မိုးတိမ်တောင်တွေကြောင့် လေတိုက်နှုန်း ၁ နာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ ရှိတဲ့ လေပြင်းတိုက်ခတ်နိုင် တယ် လို့ မိုးလေ၀သဌာနက သတိပေးထားပါတယ်။ ထူးခြား မိုးလေ၀သဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်တဲ့ အချိန်နဲ့ နေရာဒေသတွေကို ဦးချစ်ကျော်က ခုလို ပြောပြပါတယ်။
“အခုလို ဧပြီ လဆန်းကတော့ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အဖြစ်များတယ်။ ဧပြီလကုန်နဲ့ မေလဆန်းမှာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး ဆိုတဲ့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ပြည်နယ်ဘက်မှာ အဖြစ်များတယ်။”
မိုးဦးလေဦးကာလမှာ မြေပြင်မှာ လေဆင်နှာမောင်း၊ ရေပြင်မှာ ရေဆင်နှာမောင်းလို မုန်တိုင်းတွေအဖြစ် များတာကြောင့် ကမ်းနီးကမ်းဝေးသွား လှေသင်္ဘောတွေ သတိထား ခုတ်မောင်သွားလာကြဖို့လဲ သူက တိုက်တွန်းပါတယ်။
မုံရွာခရိုင် မိုးလေ၀သဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်ကလည်း စစ်ကိုင်းတိုင်း အထက်ပိုင်း မော်လိုက်မြို့မှာ ဧပြီ ၁ ရက်နေ့ ညနေပိုင်းတုန်း မိနစ် ၂၀ ကြာ လေပြင်း တိုက်ခတ်သွားတယ်လို့ ပြောပါတယ်။
From: DVB
မိမိကိုယ်ကို ဓါတ်ဆီလောင်မီးရှို့သူ ခန္ဓာကိုယ်သွေးအဆိပ်တက်ပြီး သေဆုံး
Posted by drmyochit Wednesday, April 02, 2014, under | No comments
တောင်ငူ၊ ဧပြီ ၁
မတ်လ ၂၁ ရက်နေ့မနက်ပိုင်းက တောင်ငူမြို့ မိုင်ဒါကွင်းအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မိမိကိုယ်ကို ဓါတ်ဆီလောင်း၍ မီးရှို့သေကြောင်းကြံစည်ခဲ့သူ (၂၁)နှစ်အရွယ် စားပွဲထိုးလုပ်သားတစ်ဦး ဖြစ်သူ မောင်မျိုးမင်းလှိုင်မှာ တောင်ငူခရိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် မီးလောင်မှုကြောင့်ဖြစ်ပွားသည့် ခန္ဓာကိုယ် သွေးအဆိပ်တက် ရောဂါဖြင့် မတ်လ ၃၀ ရက်နေ့မနက် ၉နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ကိုမျိုး(ခ) မျိုးမင်းလှိုင်(ဘ) ဦးကျော်ဝင်း ကေတုမတီမြို့သစ်နေသူမှာ ၄င်း၏ဆိုင်ရှင်ဖြစ်သူ ထံ စုဆောင်းအပ်နှံထားသော ငွေများအား ပြန်လည်ထုတ်ယူရန် ပြောဆိုသည့်ကိစ္စ အဆင်မပြေဖြစ်ရာမှ ဆိုင်ရှေ့ မြေကွက်လပ်တွင် အိပ်ယာခင်းအား ခင်းထိုင်၍ (၁)လီတာဝင်ဆန့် ဓါတ်ဆီဗူးဖြင့် ခန္ဓာကိုယ်ပေါ်သို့ လောင်းချကာ မိမိကိုယ်ကို မီးရှို့ခဲ့သောကြောင့် အနီးပတ်ဝန်းကျင်ရှိ ဆိုင်နီးချင်းတို့မှ ၀ိုင်းဝန်းငြိမ်းသတ်ပေးခဲ့ပြီး တောင်ငူခရိုင် ဆေးရုံကြီးသို့တင်ပို့ပေးခဲ့ခြင်းဖြစ်သည်။
မီးလောင်ကျွမ်းမှုကြောင့် ကိုမျိုးမှာ ဆံပင်၊ လယ်ကုတ်၊ ရင်ဘတ်၊ နောက်ကျော၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်တို့တွင် အရေပြားမီးလောင်ဒဏ်ရာများရရှိခဲ့ပြီး တောင်ငူခရိုင်ဆေးရုံကြီးသို့ ၉နာရီခွဲတွင် ရောက် ရှိကာ အတွင်းလူနာ(မစိုးရိမ်ရ) ဖြင့် ဆေးကုသမှုခံယူလျှက်ရှိရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Ko Kyaw Swar facebook
From: Myanmar CNN
၂၀၁၄ ဧပြီလအတွက် ကံကြမ္မာဟောစာတမ်း
Posted by drmyochit Wednesday, April 02, 2014, under | No comments
တနင်္ဂနွေ -
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။
အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။
 ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။
 အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။
အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။
နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။
ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။
ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။
မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ။
ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။
 .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .
    တနင်္လာ
ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။
 စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။
လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။
ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။
သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။
 ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။
အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။
လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။
စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။
ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။
 .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .
    အင်္ဂါ
အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။
ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။
သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။
ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။
ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။
အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။
အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။
ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။
လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။
အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။
ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ
  .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .
    ဗုဒ္ဓဟူး
အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။
မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။
မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။
အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။
ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။
ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
 ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။
အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။
ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။
ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။
အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။
ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။
  .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .
    ကြာသပတေး
ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။
လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။
 မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။
လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။
အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
 ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။
အထူးသတိပြုရန်။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။
ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။
 အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။
ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။
 ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။
ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
 နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။
  .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .
    သောကြာ
ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။
မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။
ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။
အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။
ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။
စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
 မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။
အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။
 လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
 လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။
ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။
  .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .
    စနေ
ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။
သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။
ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။
အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။
 စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။
မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။
ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။
 ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။
ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်
ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။
   .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .
 ဆရာဟိန်းတင့်ဇော်ရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။
မောင်တောမြို့နယ် သာယာကုန်းရွာကို အကြမ်းဖက်ရန် ကြံဆောင်သူများကို ရွာသားများခုခံကာကွယ်ခဲ့ရ
Posted by drmyochit Wednesday, April 02, 2014, under | No comments
မတ်လ ၃၁ ရက်နေ့ ညဥ့်သန်းခေါင် ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် သာယာကုန်းရွာအား ၀ိုင်းဝန်းတိုက်ခိုက် အကြမ်းဖက်ရန် ကြံစည်သူများဟု ယူဆရသူများကို ရွာသာများ ၀ိုင်းဝန်း ခုခံကာကွယ်ခဲ့ရသည်ဟု ရွာကျောင်း ဆရာတော်မှ နိရဉ္စရာသို့ ပြောကြားသည်။
အိမ်ခြေ ၄၀ ကျော်ခန့်ရှိသော သာယာကုန်းရွာအား လေးဘက် လေးတန်မှ လူများက အုပ်စုဖွဲ့၍ ဓါတ်မီးများထိုးကာ ချဉ်းကပ်လာခဲ့ကြောင်း၊ ရွာအနီးသို့ ရောက်စဉ် ရွာတွင် ကာကွယ်ရန် သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ကိုင်ထားသော သေနတ်ဖြင့် သုံးချက်တိတိ ပစ်ခတ်လိုက်ရာ ယင်းလူအုပ်မှာ ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း ဆရာတော် မိန့်ကြားသည်။
“ သူတို့က ဘင်္ဂလီတွေပါ။ ရွာကို တစ်ခုခု လုပ်မယ် အစီအစဉ်နဲ့ လာကြတာပါ။ လက်နက်တွေလည်း ပါလိမ့်မယ်ထင်ပါတယ်။ မဟုတ်ရင် ဒီလောက်ထိ အတင့်ရဲစရာ မရှိဘူး။ ရွာသားတွေက ဓါတ်မီးကိုင်ထားတဲ့ လူအုပ်ထဲကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ထည့်လိုက်တော့ ထွက်ပြေးသွားပါတယ်” ဟု ဆိုသည်။
ယင်းနောက်ပိုင်းတွင် စစ်တပ်သို့ အကြောင်းကြားရာ နယ်မြေခံ စစ်ကြောင်း တစ်ခု မိနစ် (၂၀) အတွင်းရောက်ရှိလာခဲ့သည်ဟု ဆရာတော်က ပြောသည်။
“ တပ်က မိနစ် ၂၀ လောက်မှာ ရွာကို ရောက်လာတယ်။ လိုက်ရှာတော့ မတွေ့လိုက်တော့ဘူး” ဟု ဆက်ပြောသည်။
ယနေ့တွင် တပ်မတော် စစ်ကြောင်း တစ်ခုမှာ သာယာကုန်းရွာအနီးရှိ မကျည်းကုန်းတွင် တပ်စွဲထားကြောင်း၊ လုံခြုံရေး အခြေအနေ စိတ်မချရသေးကြောင်း၊ ယနေ့ ဧပြီလ ၂  ရက် ယနေ့ ညနေတွင်လည်း ရွာအနောက်ဘက်တွင် ဘင်္ဂလီ ၂၀ ခန့် စုနေသည်ဟု ကြားရ၍ တပ်ကို အကြောင်းကြားထားကြောင်း ဆရာတော်က ဆိုသည်။
လတ်တလော မောင်တောမြို့နယ် အခြေမှာ တည်ငြိမ်နေသော်လည်း စိတ်ချရသော အဆင့်တွင် မရှိကြောင်း မောင်တော ဒေသခံ တစ်ဦးကလည်း ပြောသည်။
Narinjara
Tuesday, April 01, 2014
ချမ်းသာလာချင်လို့ ခွေးအကို ကိုယ့်လိင်အင်္ဂါ ကိုယ်ပြန်ထိုးကျွေးခဲ့တဲ့လူ
Posted by drmyochit Tuesday, April 01, 2014, under | No comments
အာဖရိကလူမျိုးတစ်ယောက်ဟာ သူ့ ကို ခွေးအတစ်ကောင်က တိုက်ခိုက်တာကို ငြိမ်ခံနေခဲ့ပြီး သူ့ ရဲ့ လိင်အင်္ဂါ တွေကို ခွေးအ စားတာကိုပါ ငြိမ်ခံနေခဲ့ပါတယ်။ အခုလိုလုပ်ရင် သူချမ်းသာလာမယ်လို့ ပြောတာကို ယုံပြီး လိုက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ချာမန်ဂီနီဇူးလူး လူမျိုးတစ်ယောက်ဖြစ်တဲ့ သူ့ ကို ချုံပုတ်တစ်ခုထဲမှာ ခွေးအက စုတ်ပြတ်သတ်အောင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ခွေးအဟာ သူ့ ရဲ့ လိင်အင်္ဂါတွေကို စားသွားတဲ့အပြင် သူ့ ရဲ့ ခြေချောင်းသုံးချောင်း ကိုပါ စားသွားခဲ့တာပါ။
Times of Zambia သတင်းစာအရ ဒီဇူးလူးလူမျိုးဟာ အသက် ၂၀ ကနေ ၂၄ နှစ်အတွင်းရှိပြီး မာလာဝီ နိုင်ငံကနေ လာရောက်သူဖြစ်တယ်လို့ သိရပါတယ်။
“ကျုပ်က မာလာဝီကနေလာတာ၊ ချီပါတာရောက်တော့ မှော်ဆရာနဲ့ တွေ့ ပြီး ကျုပ်ကိုယ်ခန္ဓာအစိတ်အပိုင်း တွေကို ယစ်ပူဇော်စတေးတာက ချမ်းသာလာဖို့ အကောင်းဆုံးနည်းလမ်းပဲလို့ သူက ပြောတယ်။ ဒါနဲ့  ကျုပ်လည်း ခြုံပုတ်တစ်ခုထဲသွားပြီး ကိုယ်တုံးလုံးဖြစ်အောင် လုပ်လိုက်တယ်။ နောက်တော့ ခွေးအ တစ်ကောင်ရောက်လာပြီး ကျုပ် ခြေချောင်းတွေကို စပြီး စားတယ်။ နောက်တော့ ကျုပ်ရဲ့ ယောင်္ကျားအင်္ဂပါ စားသွားတယ်” လို့ သူက ဆေးရုံကုတင်ပေါ်ကနေ ပြန်ပြောပြပါတယ်။
ခွေးအရဲ့ တိုက်ခိုက်ဖြတ်စားမှုကို ခံပြီးနောက်မှာ သူဟာ လမ်းမပေါ်ကို တွားသွားတက်လာခဲ့ပြီး အနီးနားက ဖြတ်သွားတဲ့ ရဲဝန်ထမ်းတွေမြင်တော့မှ ဆေးရုံကို ပို့ ပေးခဲ့ရတာပါ။
အခုတော့ သူ့ ကို ချီပါတာအထွေထွေဆေးရုံကြီးမှာ တင်ထားပြီး ကုသမှုခံယူလျက်ရှိပါတယ်။
Ref: Mirror.co.uk
Trend Myanmar
Incest ဆွေမျိုးနီးစပ် လက်ထပ်ခြင်း
Posted by drmyochit Tuesday, April 01, 2014, under , | No comments
ဆွေမျိုးနီးစပ်-လက်ထပ်တာကို Incest ခေါ်တယ်။ မြန်မာဝေါဟာရကို မသိပါ။ တသွေးထဲက မွေးလာသူတွေ နဲ့ (မွေးစာတာ အပါအဝင်) တအိမ်ထဲ နေသူတွေလို့ ကွဲသေးတယ်။ အမျိုးအစားတွေထဲမှာ အမျိုး-လူကြီး နဲ့ အမျိုး-ကလေး၊ အမျိုး-ကလေး နဲ့ အမျိုး-ကလေး၊ အမျိုး အရွယ်ရောက်ချင်း၊ တဝမ်းကွဲ အမျိုးချင်း။
Incest သုတေသန လုပ်တာတွေက ယေဘုယျ ချဘို့ ခက်တယ်။ အကြမ်းဖျင်း လူဦးရေ ၁ဝ-၁၅% လောက်မှာ ဒီစိတ်မျိုး ရှိတတ်ပြီး၊ ကိုယ်ထိ လက်ရောက် ဖြစ်တာက ၂% လောက်ရှိမယ်လို့ ယူဆကြတယ်။ ဖခင်-သမီး ဖြစ်ပျက်မှုက အများဆုံး။ မိခင်-သားက အနဲဆုံး။ အကို-နှမ မနဲလှဘူး။ မောင်နဲ့နှမ အကြား ဖြစ်တာမျိုးက မိဘနဲ့ သားသမီးကြား ဖြစ်တာထက် များတယ်။ အရွယ်မရောက်သူ အပါအဝင် ငယ်သူအပေါ် စော်ကားမှုမျိုးက ရေရှည်သဘော များတယ်။
Inbreeding မျိုးဗီဇ တူသူအကြား အိမ်ထောင်ပြုရင် Genetic disorder မွေးရာပါ ချို့ယွင်းချက်နဲ့ ကလေးတွေ မွေးတတ်တယ်။ မျက်နှာ နှစ်ခြမ်း မတူတာ၊ လူကောင် သေးတာ၊ ခုခံအားစနစ် ကောင်းကောင်း မလုပ်တာ၊ သား-သမီး နည်းတာတွေ ဖြစ်မယ်။ မိဘ+သားသမီး = ၂၅%၊ မောင်+နှမ = ၂၅%၊ အဖေတူ+အမေကွဲ၊ မအေတူ+အဖေကွဲ = ၁၂့၅%၊ ဦးလေး+တူမ၊ အဒေါ်+တူ = ၁၂့၅%၊ မောင်+နှမ တဝမ်းကွဲ = ၆့၂၅%၊ ဦးလေး+တူမ တဝမ်းကွဲ = ၆့၂၅%၊ မောင်+နှမ နှစ်ဝမ်းကွဲ = ၁့၆% မှာ လာဖြစ်နိုင်တယ်။
သမိုင်းမှာလဲ နမူနာတွေ ရှိခဲ့ဘူးတယ်။
ရိုမန်-အင်ပါယာ Caligula ကနေ Julia Livilla, Drusilia, Agrippina the Younger ဆိုတဲ့ နှမ-တူမ သုံးယောက်လုံးကို ယူခဲ့တယ်။ အင်္ဂလန်က Queen Victoria နဲ့ Prince Albert တို့လဲ တဝမ်းကွဲတွေ။ ဥရောပ ဘုရင်တွေရော မြန်မာဘုရင်တွေပါ သွေးသား တော်စပ်သူတွေကို မိဘုရား မြှောက်တာ နန်းတွင်း အစဉ်အလာ Intermarriage ရှိခဲ့ကြတယ်။ နာမယ် အကြီးဆုံး ဆိုရမှာက House of Habsburg ဖြစ်တယ်။ ရာစု ၆ စုတိုင် အမျိုးချင်း လက်ထပ်တာကြောင့် “မေးရိုးက ရှေ့ငေါထွက်နေတာ” ကို Austrian lip လို့ ခေါ်တယ်။ စပိန်ဘုရင် Charles II ဟာ အစားတောင် သူများလို ဝါးမရတော့ဘူး။
မျိုးဗီဇ ဝေးတာကို Exogamy ခေါ်တယ်။ Gene (ကော်ပီ) ဖြစ်ဘို့ အခွင့်အလမ်း နည်းလို့ ပေါင်းသင်း ထိုက်တယ်။ Iceland က deCODE genetics company ကနေ ၃ ဝမ်းကွဲတော်သူတွေဟာ မျိုးစပ်လို့ အောင်မြင်မှု အများဆုံးလို့ ထုတ်ပြန်တယ်။ အိုက်စလန် ဆိုတာ သေးငယ်လွန်းလို့ အမျိုးနီးစပ် လက်ထပ်ကြတာ များတာကိုး။ Genetic sexual attraction (GSA) ဆိုတာလဲ ရှိသေးတယ်။ အမျိုးတော်ပေမဲ့ ကြီးမှ ပြန်တွေ့တဲ့အခါ Sexual attraction ဖြစ်ပေါ်မှုကို ပြောတာပါ။ ဆွဲဆောင်မှု သာမက Trustworthy ယုံကြည်မှုလဲ ရှိကြတယ်လို့ မှန်းရတယ်။ “အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုချင်းငြိ” ဆိုတာနဲ့ မတူဘူး။
Incest ဟာ “တရား မဝင်ဘူး၊ ဘာသာရေးက ခွင့်မပြုဘူး၊ မလိုလားအပ်တဲ့ Taboo ဖြစ်တယ်၊” လို့ နားလည် လက်ခံကြတယ်။ လူမှုရေး အသိုင်းအဝိုင်းနဲ့ ဘာသာရေးအယူတွေမှာ ကွဲပြားမှုတော့ ရှိတယ်။ ရှိသမျှ ဘာသာ ပေါင်းစုံက တားမြစ်မှု အမျိုးမျိုး လုပ်ထားပေမဲ့ တခုနဲ့တခု မတူဘူး။ Roman Catholic Church က အတင်းကြပ်ဆုံးဘဲ။ Eastern Orthodox Church က ၂ ဝမ်းကွဲအထိ ခွင့်မပြုဘူး။ Anglican Communion က တဝမ်းကွဲကို လက်ထပ်ခွင့် ပြုတယ်။
Islamic ကတော့ ဖအေရဲ့မိန်းမ (မိခင်နဲ့ မိထွေး)၊ နှစ်ဘက်က အဒေါ်၊ နှမအရင်း၊ ဖအေတူ-မအေတူ နှမ၊ တူမ၊ သမီး၊ (မအေကို ယူပြီးရင်) မယားပါ-သမီး၊ ချွေးမတွေကို ယူခွင့်မပြုဘူး။ လက်တွေ့ဘဝမှာ ၂ဝဝ၇ နိုဝင်္ဘာ ၂ဝ ဘီဘီစီ သတင်း တပုဒ်မှာ အိန္ဒိယ၊ အနောက် ဘင်္ဂလားမယ် သမီးအကြီးကို ယူတာဟာ Divine sanction အလာရှင် အလိုတော်ရလို့ Afazuddin Ali ကနေ သူ့မိန်းမကို ပြောတယ်။ မိန်းမကလဲ တရာရုံးမှာ အဲလိုပြောတာ လက်ခံတယ်လို့ ထွက်ဆိုတယ်။ ရွာသားတွေကတော့ ဒေါသထွက်ပြီး ခေါင်းဖြတ်ချင်ကြတယ်။ တရားရုံးကလဲ သူ့အာဏာစက် မဟုတ်လို့ အဆုံးအဖြတ် မပေးနိုင်ခဲ့ဘူး။ မိသားစုဟာ တခြားနေရာ ရွေ့ပြီး ကနေ့ထက်ထိ နေထိုင် ပေါင်းသင်း နေကြဆဲဘဲ။
Hindu ဟိန္ဒူတွေက ဒါကို ပြင်းပြင်းထံထံ ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ တောင်ပိုင်း (ဒရာဗီဒီယန်) တွေကတော့ တူမကို ယူတာ လက်ခံတယ်။ ဗုဒ္ဓဘာသာမှာတော့ ၅ ပါးသီလ နဲ့ မဂ္ဂင်-ရှစ်ပါးအရ Sexual misconduct လို့ ကျယ်ပြန့်တဲ့ တားမြစ်မှုတွေ ပါရှိနေတယ်။
သမားရိုးကျ ခွဲခြမ်းစိတ်ဖြာ-စိတ်ပညာ သီအိုရီက “ကလေးငယ် ၃-၅ နှစ်သား အရွယ်မှာ ဆန့်ကျင်ဘက်လိင် မိဘကို Incestuous desires ဒီသဘောဆောင်တဲ့ တွယ်တာမှု ဖြစ်တယ်” လို့ ဆိုတယ်။ ဂရိ Oedipus Rex ကို အစွဲပြုပြီး သားကနေ မိခင်အပေါ် စိတ်ညွှတ်တာကို Oedipus complex လို့ ခေါ်တယ်။
ဂရိရှေးဟောင်း စာပေထဲက Zeus နဲ့ Hera တို့က မောင်နှမတော်ကြတယ်။ Cousin marriages မောင်နှမ တဝမ်းကွဲ လက်ထပ်ကြတာကို အမေရိကားမှာ ပြည်နယ် ၂၆ ခုက ခွင့်ပြုထားတယ်။ တချို့နိုင်ငံတွေ ဥပမာ ပါကစ္စတန်မှာ အဲလို ဝမ်းကွဲတွေယူတာဟာ မျိုးသန့်တယ်လို့ ယူဆတယ်။ အင်္ဂလိပ် Incest novels လို့ ခေါ်တဲ့ စိတ်ကြွစေတဲ့ ဝတ္ထုတွေမှာတော့ သွေးသားတော်စပ်သူတွေရဲ့ ဇာတ်လမ်းတွေ ခေတ်စားတယ်။ အမျိုးတော်နေတာကို မသိဘဲ လက်ထပ်ယူတာတွေ ရှိတယ်။ Accidental incest ခေါ်တယ်။ Genetic sexual attraction မျိုးဗီဇ ဆွဲဆောင်မှုကြောင့်လို့ စိတ်ပညာရှင်တွေက ယူဆတယ်။
ဆန့်ကျင်ဘက်လိင်ကို စွဲလမ်း-နှစ်လိုမှု၊ ကာယကံမြောက်မှု ဆိုတာတွေက အဲလို အကြောင်းတွေကနေ ဖြစ်တာဘဲ။ လူနဲ့ တိရစ္ဆာန် ကွဲပြားတာက ဒီနေရာမှာပါ။ လူမှာ “လူ့စည်း” ဆိုတာ ရှိကြရတယ်။ ဘာသာရေး-စည်း၊ လူမှုရေး-စည်း ဆိုတဲ့ အခြေခံနဲ့ အကျယ်ပြန့်ဆုံး စည်းတွေသာမက အသင်းအပင်း-စည်းကမ်း၊ ကျောင်း-စည်းကမ်း စတာတွေလဲ ရှိသေးတယ်။ သစ္စာရည်သောက်၊ သွေးဖေါက်သစ္စာဆို လုပ်တတ်ကြသလို တချို့ကြ သံမဏိ-စည်းကမ်း လို့တောင် ခေါ်တဲ့ ဖေါက်ရင် ပြစ်ဒဏ် ကြီးကြီးမာမားနဲ့ တားတာမျိုးလဲ ရှိတယ်။ LTTE တွေဟာ လည်ပင်းမှာ Cyanide tube ဆွဲကြရတယ်။ စည်းမတူ၊ နည်းမတူ၊ လူလူချင်း မတူကြပါ။
“စိတ်” ဟာ Special senses လို့ခေါ်တဲ့ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ ဆိုတဲ့ အာရုံငါးပါးမှာ နစ်မြော-မွေ့လျော်-ပျော်ပါးလေ့ရှိတယ်။ အာရုံငါးပါးအပြင် လူလူချင်း မတူကြတာက မျိုးဗီဇ၊ ဟော်မုန်း-ဆေးဝါး အပြင် ကာလံဒေသံ ဆိုတာလဲ အရေးပါသေးတယ်။ ဇာတ်တော် တခုထဲမယ် ဆိတ်ကွယ်ရာမှာ ဆန့်ကျင်ဘက်လိင် နှစ်ဦးထဲ အတူရှိနေရင် ဖေါက်ပြန်စိတ် ဆိုတာ ဆွေမျိုး တော်သော-မတော်သော ဖြစ်တတ်တာကို မိခင်ကနေ သားကို ပညာပေး ဆုံးမဘူးတယ်။ “အဆုံးအမ” တည်လို့ ဘာမှ အမှားအယွင်း မဖြစ်ဘူး။
Dr. တင့်ဆွေ
၁၃-၁ဝ-၂ဝ၁ဝ
၁-၄-၂ဝ၁၄
===================================
Inbreeding depression ဆွေမျိုးနီးစပ် လက်ထပ်ခြင်း (၂) ဆရာ ကျနော်အမတစ်ယောက်က ဆွေမ...
Dr. Tint Swe by Dr. Tint Swe  /  26min  //  keep unread  //  hide  //  preview
Hootsuite
 save for laterSend to readabilityOneNote +TAG
Inbreeding depression ဆွေမျိုးနီးစပ် လက်ထပ်ခြင်း (၂)
ဆရာ ကျနော်အမတစ်ယောက်က ဆွေမျိုးခြင်းလက်ထပ်ထားတယ်။ ကျနော်သိထားတာက inbreeding depreesiom ဖြစ်တတ်တယ်။ နောက်ဆက်တွဲ ဆိုးကျိုးလေး ပြောပေးပါအုံး။
• ‘မျိုးဗီဇ’ နီးစပ်နေသူတွေ မျိုးစပ်ရာကနေဖြစ်တယ်။
• ဆွေမျိုးနီးစပ်မှုဝေးလေလေး အဖြစ်နည်းလေဆိုတဲ့သဘောဘဲ။
• လူတွေသာမကာ အကောင်တွေ၊ အပင်တွေမှာလဲဖြစ်တယ်။
• လူတွေမှာဆိုးတာဖြစ်သူ အလွန်ရှားပါးတယ်။ သိပ်လဲ မသိကြသေးပါ။
• အဲလိုဖြစ်သူတွေမှာ အားနည်းကြတယ်။ ကျန်းမာရေးမကောင်းကြဘူး။ ရောဂါတွေကို ခံနိုင်မအား နည်းကြတယ်။
• Hybrid vigor ဆိုတာနဲ့ ပြောင်းပြန်ဖြစ်တယ်။
• (ချားလ် ဒါဝင်) ကတည်းက သိရှိလေ့လာထားတယ်။ သူ့ဇနီး (အင်မ်မာ) က တဝမ်းကွဲမောင်နှမတော်တယ်။ သူတို့သားသမီး ၁ဝ ယောက်ထဲက ၃ ယောက်ဟာ ၁ဝ နှစ်မတိုင်ခင် ဆုံးပါးသွားကြတယ်။ ၃ ယောက်မှာ အိမ်ထောင်သက်ရှည်ပေမဲ့ သားသမီး မထွန်းကားကြဘူး။
• မျိုးဗီဇရောဂါဖြစ်လို့ ဆရာဝန်တွေလဲ ဖြစ်လာတာကို ပြုပြင်ပေးလို့မရပါ။
Incest ဆွေမျိုးနီးစပ် လက်ထပ်ခြင်း
http://dts-medicaleducation-adult.blogspot.in/2012/07/incest.html
ဒေါက်တာ တင့်ဆွေ
ဒေသခံ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား KIA တပ်ဖွဲ့ဝင်များမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ရပ်ကွက်(၅)နေအိမ်၌ မူကြိုဆရာမ မ…………သည် ဖခင်နှင့် ညီမဖြစ်သူတို့နှင့်အတူ အိပ်နေစဉ် ည ၈ နာရီခန့်တွင် နေအိမ်အောက်မှ ကချင်စကားဖြင့် အဖွားဟုခေါ်သဖြင့် ဖခင်ဖြစ်သူမှ သွားရောက်ကြည့်ရှုရာ KIA တပ်ဖွဲ့ဝင်(၄)ဦးမှ သမီး(၂)ယောက်ရှိသည့်အတွက် တစ်ဦးထည့်ပေးရမည်ဟု ပြောကာ မ…………အား အိမ်ပေါ်သို့တက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွာနှင့် (၂)မိုင်ခန့်အကွာရှိ လယ်တဲသို့ရောက်ရှိစဉ် မ………… အား ရိုက်နှက်၍ ၎င်းတို့(၄)ဦးမှ အလိုမတူဘဲ (၂) နာရီကြာ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
`` သမီးကို ဖမ်းသွားပြီး အတင်းအဓမ္မကျင့်ခံရတာတောင် ဖအေလုပ်သူက ဘယ်မှ မတိုင်ရဲဘူးလေ၊ လီဆူး ဆိုတော့ ရိုး အ တယ်၊ ပြီးတော့ KIA ကို ကြောက်ရတာလည်း ပါတာပေါ့၊ ရပ်ကွက်ထဲက လူတွေက ၀ိုင်းပြော၊ ၀ိုင်းအကြံပေးလို့ ရဲစခန်းကိုသွားပြီး အမှုဖွင့်ခဲ့တာ ´´ ဟု ၎င်းရပ်ကွက်နေ ကူညီဆောင်ရွက် ပေးသူ တစ်ဦးက ပြောကြားခဲ့သည်။
KIA တပ်ဖွဲ့ဝင်(၄)ဦးမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုးကြိတ်ရိုက်နှက်ကာ အလိုမတူဘဲ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့မှုကြောင့် မ………… လီဆူး/ခရစ်ယာန်သည် ရရှိဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေ ရကြောင်း သိရသည်။
`` မူကြိုဆရာမကို အတင်းအဓမ္မဖမ်းသွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်တာကတော့ တော်တော် မိုက်ရိုင်းလွန်းပါတယ်၊ တရားမျှတအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်၊ အပြစ်ကျူးလွန်သွားတဲ့ ကချင်စစ်သားတွေကို ဖမ်းဆီးပြီး အမှုမှန်ဖော်ထုတ်ပေးဖို့လိုပါတယ်၊ KIA ခေါင်းဆောင်တွေအထိ အသိ ပေးပြီး အရေးယူဖို့ လိုပါတယ်၊ ဒီတစ်ကြိမ် ဥပဒေမဲ့ လီဆူးတိုင်းရင်းသူကို မုဒိမ်းကျင့်လို့ ရတယ်၊ ဘာအမှုမှ မဖြစ်ဘူးဆိုရင် ကျန်တဲ့ လီဆူးတိုင်းရင်းသူတွေအတွက် အန္တရာယ်ကြီးပါတယ်´´ ဟု မြို့ခံ လီဆူး တိုင်းရင်းသားတစ်ဦးက ပြောကြားသွားသည်။
မူကြိုဆရာမ မ………… သားမယားအဖြစ် ပြုကျင့်ခဲ့သော KIA တပ်ဖွဲ့ဝင်(၄)ဦးအား မနရ(၀ိုင်းမော်)မှ (ပ)၄၅/၂၀၁၄၊ ပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိကြောင်းနှင့် တရားခံ(၄)ဦးအား ဖမ်းဆီး ရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းမှ သိရှိရသည်။
ညီသစ် (မြစ်ကြီးနား)
Shan News
တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် ပစ်ခတ်
Posted by drmyochit Tuesday, April 01, 2014, under | No comments
နယ်စည်းအနီး အခုလို ဖြစ်ရပ်
မကြာခဏ ဖြစ်ပေါ်
တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာလို့ တောင်ကိုရီးယား ဘက်က ဆိုပါတယ်။
သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက် လာလို့ သူတို့လည်း တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြို ထားတဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြုထားခြင်း မရှိဘဲ အဲဒီ နယ်စည်း အနီး အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။
From: BBC Burmese
ဆရာ IUD က ထည့်ထားရင်သားအိမ်ကိုဖောက်ပြီး ဝမ်းခေါင်းထဲရောက်သွားနိုင်ပါလား?
Posted by drmyochit Tuesday, April 01, 2014, under | No comments
ဆရာ IUD က ထည့်ထားရင်သားအိမ်ကိုဖောက်ပြီး ဝမ်းခေါင်းထဲရောက်သွားနိုင်ပါလား။ အမျိုးသမီးကိုထည့်ပေးမလို့ကို အမျိုးသမီးရဲ့အဒေါ်တွေက အဲဒီလိုပြောနေလို့ပါ။ အဲဒါရှင်းပြပေးပါဆရာ။
ကိုယ်ဝန်တားဘို့ သားအိမ်ထဲ ထည့်ထားရတဲ့ပစ္စည်း Intra-Uterine Contraceptive Device ကို အတိုကောက် (IUCD) လို့ ခေါ်ရာကနေ ပိုတိုတဲ့ (IUD) လို့ ခေါ်လာတယ်။ အင်္ဂလိပ်စာလုံး (တီ) နဲ့တူတယ်။ (တိုယိုတာ) အမှတ်တံဆိပ်နဲ့ ဆင်တယ်။ အရင်ပေါ်ကာစတုံးက အင်္ဂလိပ် စာလုံး (အက်စ်) နဲ့တူတဲ့ ပလပ်စတစ် ပစ္စည်းလေးက ဆရာဝန်တွေ သုံးတဲ့ မြွေရုပ်လေးနဲ့ တူတယ်။ အောက်ဖျားမှာ နိုင်လွန်ကြိုးလေး ၂ ချောင်းက သားအိမ်ထဲ ထည့်ပြီးနောက် (ဗဂျိုင်းနား) ထဲမှာ တိုတိုလေးကျန်အောင် ဖြတ်ပြစ်ပေးလိုက်တယ်။ ဒီပစ္စည်းလေး ရှိနေ-မနေ စစ်လို့ရအောင်ဖြစ်ပါတယ်။
ဒီလို ပစ္စည်း နှစ်မျိုးနှစ်စားရှိတယ်။
၁။ Copper IUD (ကော်ပါး-တီ) ပစ္စည်း။ လူအများဆုံးသုံးတာဖြစ်တယ်။ Paragard ခေါ်တယ်။ သားအိမ်ထဲမှာ ၁ဝ နှစ်ကြာ ထားနိုင်တယ်။ အရေးပေါ်တားနည်း တခုအနေနဲ့လဲ ဆက်ဆံမှုပြုပြီး ၅ ရက်အတွင်း ထည့်ပေးနိုင်တယ်။ ဟော်မုန်း မပါလို့ ကလေးနို့တိုက်သူတွေနဲ့လဲ သင့်တယ်။ Copper IUD ထဲကပါနေတဲ့ Copper ကြေးနီဓါတ်ဟာ သုက်ပိုးအတွက် အဆိပ်ဖြစ်တယ်။
၂။ Hormonal IUD ဟော်မုန်းပါပစ္စည်း။ Mirena လို့ခေါ်တာထဲမှာ Levonorgestrel ခေါ်တဲ့ Progestin ပါနေတယ်။ ပိုထိရောက်တယ်။ ဟော်မုန်းပါနေလို့ ဟော်မုန်းသတ္တိနဲ့ ဘေးထွက်-ဆိုးကျိုး တွေတော့ ရှိလိမ့်မယ်။ သားအိမ်ထဲမှာ ၅ နှစ်ကြာ ထားနိုင်တယ်။ သားအိမ်ဝက အချွဲကိုစေးပျစ်စေလို့ သုက်ပိုး ဝင်မလာအောင်လဲ တားပေးနိုင်တယ်။ သားအိမ် အတွင်းနံရံကိုလဲ ပါးလွှာစေလို့ မျိုးစပ်မှုဖြစ်အုံးတော့ တွယ်ကပ်မှု မဖြစ်စေနိုင်ဘူး။ ရာသီဆင်းတာကိုလဲ နည်းစေနိုင်တယ်။ ဗိုက်နာတတ်တာလဲ သက်သာစေမယ်။
နှစ်မျိုးလုံးကနေ သုက်ပိုးနဲ့ မ-မျိုးဥ မတွေ့စေအာင်လုပ်ပေးတယ်။ မျိုးဥနဲ့သုက်ပိုး တွေ့ကြအုံးတော့ သားအိမ်အတွင်းနံရံမှာ လာမတွယ်စေနိုင်ဘူး။ ဒီပစ္စည်းရှိနေလို့ သားအိမ်နဲ့ သားအိမ်ပြွန်တွေကနေ အရည်တမျိုးထွက်တယ်။ ဒီအရေထဲမှာ White blood cells သွေးဖြူဥ၊ Copper ions (ကေားပါး)၊ Enzymes (အင်ဇိုင်းမ်) တွေ နဲ့ Prostaglandins ဟော်မုန်းတွေ ပါတယ်။
ဘယ်အချိန်မှာ သားအိမ်ထဲထည့်ပေးမလဲ
ကိုယ်ဝန်မရှိတာ သေခြာရင် ထည့်နိုင်တယ်။ ကလေးဖွါးဘူးတဲ့ အမျိုးသမီးကို ထည့်ပေးရတာ ပိုလွယ်ကူတယ်။ ထည့်ထားပြီး ၄-၆ ပတ်နေရင် တခါစစ်သင့်တယ်။ ဖြစ်နိုင်ရင် ရာသီတခါဆင်းပြီးတိုင်း စစ်သင့်တယ်။ ဆရာဝန်ဆီ မသွားနိုင်ရင် ကိုယ့်တိုင် ကိုယ့်လက်ချောင်းထည့်ပြီး နိုင်လွန်ကြိုးလေး စမ်းတွေ့-မတွေ့စစ်နိုင်ပါတယ်။
Copper IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၆ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ Hormonal IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၂ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ အဲလိုဖြစ်ရတာရဲ့ အများဆုံးအကြောင်းရင်းက ပစ္စည်းထွက်ကျတာ မသိလိုက်လို့ဖြစ်တယ်။ မွေးပြီးကာစ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ထည့်ပြီးနောက် တနှစ်အတွင်းမှာ ဖြစ်တာများတယ်။ ကလေး မမွေးဘူးသေးသူတွေလဲ ဖြစ်တယ်။
Hormonal IUD သုံးသူတွေ ၉ဝ% မှာ ရာသီဆင်းတာ နည်းစေမယ်။ ဗိုက်နာတတ်တာလဲ သက်သာမယ်။ တချို့မှာ ရာသီ မဆင်းတာလဲ ရှိတယ်။ ရောဂါမဟုတ်ပါ။ Endometrial hyperplasia သားအိမ်ရောဂါ နဲ့ Endometrial cancer သားအိမ်-ကင်ဆာတွေ ဖြစ်တာ သက်သာစေနိုင်တယ်။ Endometriosis သားအိမ်ရောဂါ ရှိနေသူတွေလဲ ခံစားရတာတွေ သက်သာစေနိုင်တယ်။ Ectopic pregnancy ဖြစ်တာလဲ နည်းတယ်။ လူ ပိုမဝစေနိုင်ဘူး။
သတိထားစရာတွေ
• ပိုက်ဆံပိုကုန်ကျတယ်။
• ရာသီဆင်းတာ များတတ်တယ်။ တချို့မှာ ဗိုက်နာတာပိုနိုင်တယ်။ ကြားရက် သွေးနဲနဲဆင်းချင်ဆင်းမယ်။
• လူ ၁ဝဝဝ မှာ ၁ ယောက် သားအိမ်ကနေ ပေါက်ထွက်သွားတတ်တယ်။
• လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်လောက် ထွက်ကျတတ်တယ်။ ထည့်ကား ပဌမနှစ်အတွင်း အဖြစ်များတယ်။
• Hormonal IUD သုံးသူတွေမှာ ကင်ဆာမဟုတ်တဲ့ မျိုးဥအိမ်-အကျိတ် ဖြစ်နိုင်တယ်။ မခွဲရဘဲ ပျောက်သွားတတ်ပါတယ်။ တားဆေး-စားဆေးတွေလိုဘဲ ဟော်မုန်းသတ္တိတွေရှိမယ်။ ရင်သားတင်းတာ-နာတာ၊ စိတ်မူပြောင်းတာ၊ ခေါင်းကိုက်တာ နဲ့ ဝက်ခြံ ထွက်တာတွေ ဖြစ်တယ်။ သိပ်မများလှပါ။
• တကယ်လို့ ပစ္စည်းထည့်ထားရင်း ကိုယ်ဝန်ရရင် ထုတ်ပြစ်ရမယ်။
• PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း ဖြစ်မလား စိုးရိမ်တာရှိပေမဲ့ ထည့်တုံးက ရှိနေခဲ့လို့ဖြစ်တာများတယ်။
• STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေတုံး မထည့်ပါနဲ့။ STDs တွေကို မကာကွယ်နိုင်ဘူး။
(ကောပါး-တီ) ကို အရေးပေါ်တားနည်းအဖြစ်သုံးနည်း
ကျားသုက်ပိုးနဲ့ မမျိုးဥတွေဆုံပြီးနောက် သားအိမ်နံရံမှာသန္ဓေကပ်ခြင်းဟာ မျိုးဥထွက်ပြီးနောက် ၆ ရက်ကနေ ၁၂ ရက် အတွင်းမှာ ဖြစ်နိုင်တယ်။ IUDs ထည့်တာကို မျိုးဥထွက်ပြီးနောက် ၅ ရက်အတွင်း လုပ်နိုင်တယ်။ မျိုးဥမထွက်ခင် ၃ ရက် လောက်အတွင်း အတူနေခဲ့တာကိုပါ ကာကွယ်မယ်။ အဲဒီရက်ဟာ အတူနေခဲ့ပြီး ၈ ရက်အထိအချိန်ကြာဖြစ်နိုင်တယ်။ ဒါပေမဲ့ မျိုးဥထွက်ရက်ကို မစိမ်းဘဲ မသိနိုင်လို့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း IUD ထည့်သင့်တယ်။ WHO ကတော့ ရာသီရက် ၁၂ ရက်မြောက်နေ့အထိ သုံးနိုင်တယ်လို့ ဆိုတယ်။ Copper IUD ကို ၁၂ နှစ်အထိထားနိုင်တာ ပေါ်လာပြီ။ သတိထားဘို့က (STIs) လိင်ကတဆင့်ကူးစက်ရောဂါ ရှိနေသူတွေ မသုံးသင့်ဘူး။
Follow-up ပစ္စည်းထည့်ထားပြီးနောက်
သန္ဓေတား သားအိမ်ထဲထည့်ထားရတဲ့ ပစ္စည်းထည့်ထားပြီရင် ဘာတွေကို ဂရုစိုက်ရမလဲ။ ၄-၆ ပါတ်နေရင် ထည့်ပေးတဲ့ ဆရာဝန်က တခါခေါ်စစ်ပါမယ်။ ဒိနောက်မှာတော့ တနှစ်တခါသာစစ်ဘို့လိုမယ်။ လစဉ်ရာသီလာတိုင်း ထွက်ကျ-မကျ ကိုယ့်ဖါသာစစ်ပါ။ ကြားထဲမှာလဲ ကိုယ့်ဖါသာ ကိုယ့်လက်နဲ့ကို စစ်နေနိုင်တယ်။ ခက်တာလဲရှိမယ်။ လွယ်တာလဲရှိတယ်။ ဆရာဝန်ကို တိုင်ပင်ပါ။ လိုအပ်တိုင်း ဆရာဝန်ကိုတိုင်ပင်ပါ။
ဒေါက်တာ တင့်ဆွေ
Monday, March 31, 2014
အိန္ဒိယသမုဒ္ဒရာ MH370 အပိုင်းအစများတွေ့သည် အနီးအနားတွင် ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံး
Posted by drmyochit Monday, March 31, 2014, under | No comments
Monday, March 31, 2014
အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း အန္ထာတိကတိုက်နားမှာ ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံးနေတဲ့ အတွက် သင်္ဘောအမှုထမ်းတွေအတွက် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ ငါးဖမ်းလှေ ပျောက်ဆုံးသွားတဲ့ နေရာဟာ မလေးရှားလေယာဉ်အပိုင်းအစတွေ တွေ့ရှိထားတဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့အတွက် ပျောက်ဆုံးနေတဲ့ လေယာဉ်ရဲ့ အပိုင်းအစကို ရှာဖွေနေတဲ့ သြစတြေးလျ ရှာဖွေရေး လေယာဉ်က အဲဒီငါးဖမ်းသင်္ဘောကို ရှာဖွေမှု လုပ်ခဲ့ရပါတယ်။
Tanzania အလံလွှင့်ထူထားတဲ့ ငါးဖမ်းသင်္ဘောရဲ့ အပိုင်းအစကို တွေ့ရှိခဲ့ပေမယ့် သင်္ဘောပေါ်က အမှုထမ်းတွေကိုတော့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ အဲဒီသင်္ဘောဟာ မနေ့မနက်တုန်းက ဒုက္ခရောက်နေကြောင်း ပြောဆိုသံကို သြစတြေးလျ ရေတပ်က ကြားပြီးတဲ့နောက် မလေးရှားလေယာဉ်ရှာဖွေမှု လုပ်နေတဲ့ သြစတြေးလျ လေယာဉ်က သွားရောက် ရှာဖွေမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ဒီကနေ့ မလေးရှားလေယာဉ်အပိုင်းအစနဲ့ သဘောင်္အမှုထမ်းတွေကို ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ခုလောလောဆယ် ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို သင်္ဘော ၈ စင်းနဲ့ လေယာဉ် ၉ စင်းတို့က ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။
ABC Radio Australia - မြန်မာပိုင်း
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်