Friday, August 01, 2014

ထိုင်ဝမ်က ကောင်းရှုံမြို့မှာ ဓာတ်ငွေ့ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး လူ ၂၇၀ လောက် ဒဏ်ရာရတယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။ ဘာကြောင့် စပြီး ပေါက်ကွဲတယ်ဆိုတာ မသိရသေးပေမယ့် ဓာတ်ငွေ့ပိုက်လိုင်းပေါက်တာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် လမ်းမအလယ်မှာ ချိုင့်ခွက်ကြီး ဖြစ်သွားသလို ယာဉ်တွေအများအပြားလည်း ပျက်စီးခဲ့ပါတယ်။ ကြာသပတေးညက ပေါက်ကွဲပြီး မီးလောင်ခဲ့တာဟာ ကောင်းရှုံမြို့ရဲ့ Cianjhen ရပ်ကွက်မှာလို့လည်း သိရပါတယ်။







BBC Burmese

ဥာဏ်ကြီးရှင်တစ်ယောက်လိုဖြစ်အောင်ဘယ်လိုလုပ်မလဲ

Posted by drmyochit Friday, August 01, 2014, under | No comments


ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးလူသားကိုသင်သိပါသလား? သာမန်လူအများစုရဲ့ အိုင်ကျူဟာ ၁၀၀ပတ်ဝန်းကျင်မှာရှိပင်မဲ့၊ ဥာဏ်ကြီးရှင်များရဲ့ အိုင်ကျူဟာဆိုရင် ၁၄၀နှင့်အထက်မှာရှိကြပါတယ်။

အသိဥာဏ်ကို အိုက်ကျူအမှတ်နှင့်တိုင်းတာရာမှာအငြင်းပွားစရာများစွာရှိသလို ကျွန်တော်တို့အားလုံးဟာ အလွန်တော်တဲ့ ပါရမီရှင်ဖြစ်ဖို့မလွယ်ကူပါဘူး။ သို့သော်ငြားလည်း ကမ္ဘာကျော် ဥာဏ်ကြီးရှင် အထင်ကရများဖြစ်တဲ့ ဘေးလ်ဂိတ်၊ အဲလ်ဘတ် အိုင်းစတိုင်အစရှိသည် တို့ရှေ့ဆောင်လုပ်ပြခဲ့တဲ့
ပင်ကိုလက္ခဏာ၊ အကျင့်စရိုက်တို့ကို လေ့လာဆည်းပူးပြီး လက်တွေ့အသုံးချမယ်ဆိုရင်တော့ သင်ဟာ အောင်မြင်ပြီးသြဇာကြီးမားတဲ့ သူတစ်ဦးဖြစ်လာမှာပါ။

အဆိုပါအောင်မြင်သူများရဲ့ အကျင့်စရိုက်တွေထဲက အချက်လေးချက်ကိုဝေမျှလိုက်ပါတယ်။

၁) မဆုတ်မနစ်ကြိုးစားပါ- အရှုံးသမားတစ်ယောက်လို ဘယ်တော့မှမခံယူပါနဲ့။ သောမတ်အဲဒီဆင်ဟာဆိုရင်ဖြင့် မီးသီးတစ်လုံးထွန်းလင်းတောက်ပဖို့ အတွက် ထောင်ပေါင်းများစွာသောမီးသီးများစွာကိုစမ်းသပ်ပြီးမှ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်တာပါ။

၂) ရယ်မှန်းချက်ကိုအလေးနက်ထားပါ- ဘ၀အတွက် အမြင့်ဆုံးသောရည်မှန်းချက်ကိုထားပါ။ အပေါင်းအသင်းများနဲ့လည်း ဆွေးနွေးတိုင်ပင်ပါ။ ထိုမှတဆင့်ရည်မှန်းချက်ကို ရအောင်ဖန်တီးနိုင်တဲ့သူတစ်ဦးဖြစ်အောင်ကြိုးစားပါ။

၃) စာများများဖတ်ပါ- တစ်ရက်မှာ စာ၁၅မိနစ်ဖတ်ရုံဖြင့် တနှစ်မှာ စာလုံးပေါင်းတသန်းကျော်ဖတ်ရှုသူတဦးဖြစ်လာမှာပါ။

၎) သိလို၊လေ့လာလိုစိတ်ရှိပါ- ထက်မြက်သူများဟာ အမြဲလိုလိုမေးခွန်းများစွာရှိပြီး၊ ပတ်ဝန်းကျင်ရှိအရာများကို လေးလေးနက်နက်တွေးခေါ်သူများဖြစ်သလို၊
အကောင်းဆုံးသောအရာ ဟာဘာလဲဆိုတာကောက်ချက်ချနိုင်သူများလည်းဖြစ်ကြပါတယ်။

Ref: Entrepreneur
Mr. Guy
World Myanmar

အမေရိကန်တွင် ကားပါကင်ထဲ လေယာဉ်ငယ် ပျက်ကျပြီး (၁)ဦးသေဆုံး

Posted by drmyochit Friday, August 01, 2014, under | No comments


အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုတွင် လူစည်ကားသော နေရာရှိ ကားပါကင်ထဲသို့ လေယာဉ်ငယ်တစ်စီး ပျက်ကျရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်(၃၀)ရက် ညနေပိုင်းက Mooney M-20L အမျိုးအစား အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်သည် စတိုးဆိုင် နှစ်ခုအနီး ကားပါကင်ထဲ ပျက်ကျလာခဲ့သည်။ ဆန်ဒီယေဂို မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ လီဆွမ်ဆန်က သေဆုံးသွားသော အမျိုးသမီးသည် လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည်ဖြစ်ကြောင်း ဆိုသည်။ လေယာဉ်မောင်းသူမှာလည်း အမျိုးသမီး တစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ သူမ၏ ဒဏ်ရာ အခြေအနေကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိ စတိဗ်ဘားရန့်ဒ်က လေယာဉ်သည် စတိုးဆိုင် တစ်ခု၏ အမိုးနှင့် မီးတိုင်တစ်ချောင်းတို့ကို ဖြတ်တိုက်သွားပြီးမှ ကားပါကင်ထဲ ပျက်ကျခဲ့ခြင်းဟု ဆိုသည်။ လေယာဉ်သည် ပျက်ကျချိန်တွင် မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူ အမျိုးသမီးသည် ဆိုးဆိုးရွားရွား မီးလောင်ထားခဲ့ကြောင်း သိရှိရသည်။

လေယာဉ်ပျက်ကျစဉ် အကူအညီပေးရန် သွားရောက်ခဲ့သူ နှစ်ဦးမှာလည်း မီးလောင်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး တစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ဖြစ်စဉ်ကို ပြည်နယ်အစိုးရ လေကြောင်းပျံသန်းမှု စီမံကွပ်ကဲရေး ဌာနနှင့် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ဘုတ်အဖွဲ့တို့က တာဝန်ယူ စစ်ဆေးလျက်ရှိသည်။

_Ref: USA Today
7day daily

ဆေးမူးနေတဲ့ ပြစ်မှုကျူးလွန်သူ ယာဉ်ထိန်းရဲကိုပါ ထိုးကြိတ်

Posted by drmyochit Friday, August 01, 2014, under | No comments

ယာဉ်တိမ်းမှောက်ကျူးလွန်သူက ယာဉ်ထိန်းရဲကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ပြီး ဆေးရုံတံခါးမှန်ကိုပါ ရိုက်ခွဲမှုတစ်ခု ကျိုင်းတုံမြို့မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်က ကျိုင်းတုံ-လေယာဉ်ကွင်းလမ်းနဲ့ စွန်တောင်း ဘုရားကုန်းဆင်း လမ်းဆုံမှာ ဆိုင်ကယ်တစ်စီး မှောက်သွားတယ်ဆိုတဲ့ သတင်းကြောင့် တာဝန်မှူး ရဲတပ်ကြပ်ကြီး ဌေးမန်းအပါအဝင် လေးဦးက သွားရောက်စစ်ဆေးခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အချိန်မှာ ဆိုင်ကယ်မောင်းတဲ့သူကို မတွေ့ရဘဲ ဒဏ်ရာရသူ ကလေးငယ် နှစ်ဦးကိုပဲ တွေ့ရတာကြောင့် ဆေးရုံပို့ပေးဖို့ ပြင်နေချိန်မှာ ဆိုင်ကယ်မောင်းသူဟာ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတယ်လို့ အမှတ် ၆၄ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ဆိုပါတယ်။

ဒဏ်ရာရနေတဲ့ ဆိုင်ကယ်မောင်းသူကို တစ်ပါတည်း ဆေးရုံကိုလိုက်ဖို့ပြောတဲ့ တပ်ကြပ်ကြီးဌေးမန်းကို ဆိုင်ကယ်မောင်းသူက ထိုးကြိတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဒုရဲမှူးအောင်လွင်က ပြောပြပါတယ်။

“ပြစ်မှုကျူးလွန်တဲ့သူက မူးယစ်ဆေးဝါး သုံးစွဲတတ်သူလို့ သိရတယ်။ အခင်းမဖြစ်မီက သူ့မိန်းမနဲ့ ပြဿနာ တက်ခဲ့လို့ သူ့သားနှစ်ယောက်နဲ့ ဆိုင်ကယ်စီးလာချိန်မှာ အရှိန်လွန်ပြီး မှောက်သွားတာ။ ဒဏ်ရာရတဲ့ ကလေးနှစ်ယောက် ကိုပစ်ထားခဲ့ပြီး ဆိုင်ကယ်နဲ့ပြန်လာချိန်မှာမှ အခုလို ပြဿနာဖြစ်သွားတာ။ ကလေးနှစ်ယောက်နဲ့ သူထိုးလိုက်လို့ ဘယ်ဘက်ပါးမှာ ဒဏ်ရာရသွားတဲ့ တပ်ဖွဲ့ဝင်ကိုတော့ ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသနေပါတယ်။ သူက ဆေးရုံကြီးထဲမှာလည်း သွားအော်ဟစ်သောင်းကျန်းပြီး တံခါးမှန်တွေ ရိုက်ခွဲတယ်လို့ သိရတယ်” လို့ ဒုရဲမှူးအောင်လွင်က ဆိုပါတယ်။

ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် အမှတ် ၆၄ ပြည်သူ့ဆေးရုံကြီးအတွင်းမှာ လူတစ်ဦး ဝင်ပြီး ဆူပူ အော်ဟစ်နေရုံမက တံခါးမှန်ရိုက်ခွဲမှုဖြစ်ခဲ့တာ မှန်ပေမယ့်လည်း ၂ ပေ x ၁ ပေခွဲခန့်ရှိတဲ့ တံခါးမှန်တစ်ချပ်ပဲ ကွဲတာကြောင့် ပြစ်မှုကျူးလွန်သူကို အမှုမဖွင့်ဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်က အတည်ပြုပြောပါတယ်။

ခုဖြစ်စဉ်မှာ ပြစ်မှုကျုးလွန်တဲ့ နေလင်းထွန်း(ခ)ရှောက်မိန်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၂ နဲ့ ယာဉ် (ပ) ၃၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇ အရ အရေးယူထားတယ်လို့ သိရပါတယ်။

The Voice Weekly

တရုတ်သို့ လူကုန်ကူးခံရပြီး ပြန်လွှဲပြောင်းပေးသူ ခုနစ်လအတွင်း ၇၉ ဦးရှိ

Posted by drmyochit Friday, August 01, 2014, under | No comments

တရုတ်နိုင်ငံသို့ လူကုန် ကူးခံရပြီး မူဆယ်မြို့ရှိ လူကုန်ကူး မှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ သို့ ပြန်လည်လွှဲပြောင်းပေးသူယခု နှစ် ခုနစ်လတaာကာလအတွင်းလူ ၇၉ဦးရှိကြောင်းသတင်းရရှိသည်။
လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးရဲတပ်ဖွဲ့ အနေဖြင့် လူ ကုန်ကူးမှုများ ဖော်ထုတ်ဖမ်း ဆီးမှုများပြုလုပ်နေသလို လူကုန် ကူးခံရသူများကိုလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် အခြားဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်။

၂၀၀၆မှ ၂၀၁၄ခုနှစ် လက်ရှိ အချိန်ထိ မူဆယ်နယ်စပ်မှတစ် ဆင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်တင်နိုင်သူ ၁၄၀၀ခန့်ရှိသည်ဟု ရဲမှူးဦးစိုင်း ညွန့်လွင်ကပြောသည်။
၎င်းတို့ကို မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ လူကုန် ကူးရန် ကြိုးစားဖော်ထုတ်တား ဆီးခြင်း၊ တရုတ်နိုင်ငံဘက်သို့ လူ ကုန်ကူးခံရပြီးသူများအားတရုတ် နိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ ဖော်ထုတ်ဖမ်းဆီးခြင်း၊ တရုတ်နိုင် ငံရဲတပ်ဖွဲ့က ၎င်းတို့နိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်နေထိုင်မှု များကို ဖော်ထုတ်ဖမ်းဆီးကာ ပြန်လွှဲပြောင်းပေးခြင်းနှင့် တရုတ် နိုင်ငံဘက်သို့ လူကုန်ကူးခံရပြီး ကိုယ်တိုင်ထွက်ပြေးလွတ်မြောက် လာသူများစသဖြင့် လူကုန်ကူးမှု များနှင့်ဆက်စပ်ကာ ပြန်လည် ကယ်တင်နိုင်ခြင်းဖြစ်သည်ဟုဆို သည်။ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိသားစုဝင် ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူ ထောင်ရေးဆိုင်ရာအမျိုးသားအ ဆင့် စံသတ်မှတ်နိုင်ရေးပထမဆုံး အကြိမ်အလုပ်ရုံဆွေးနွေးပွဲကိုမြန် မာနိုင်ငံလူကုန်ကူးမှုတားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင် ကာ ရွှေ့ပြောင်းလုပ်သားများဆိုင် ရာနိုင်ငံတကာ အဖွဲ့အစည်း(IO M)တို့ ဇူလိုင် ၃၁ ရက်က မန္တ လေးမြို့တွင် ကျင်းပခဲ့သည်။

ဆင်းရဲမွဲတေမှု၊ အလုပ်အ ကိုင်အခွင့်အလမ်း နည်းပါးမှုနှင့် အသိဉာဏ် ဗဟုသုတအားနည်း သောကြောင့် မြန်မာနိုင်ငံမှ အမျိုး သမီးများနှင့်ကလေးငယ်များမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ လူကုန်ကူးခံနေရသည်။

အဓမ္မထိမ်းမြားလက်ထပ် ပြီးလိင်ကျွန်ပြုရန်၊ ပြည့်တန်ဆာ များအဖြစ်စေခိုင်းရန်၊ လုပ်အား ခေါင်းပုံဖြတ်ရန်၊ ကိုယ်လက်အင်္ဂါ နှင့် ခန္ဓာကိုယ်အတွင်းရှိ ကလီစာ များရောင်းစားရန်စသဖြင့်ပုံစံခု နစ်မျိုးခန့်ဖြင့် လူကုန်ကူးမှုများဖြစ် ပွားကြောင်း မြန်မာနိုင်ငံလူကုန် ကူးမှုတားဆီးကာကွယ်ရေးဗဟို အဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွား သော လူကုန်ကူးမှုများ၏ ၇၀ရာ ခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ ဦးတည် သောအမှုများဖြစ်ပြီး တရုတ်အမျိုးသားများနှင့်အဓမ္မလက်ထပ် ရန်၊ တရုတ်မယားအဖြစ်ရောင်း စားရန်လူကုန်ကူးမှုများမှာအဆိုး ရွားဆုံးဖြစ်နေသည်ဟုဆိုသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အနေဖြင့် ၂၀၀၆ခုနှစ်မှ ၂၀၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူ ကုန်ကူးမှု ၉၉၉မှု ဖမ်းဆီးအရေး ယူနိုင်ခဲ့သည်။

7Day Daily

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

Posted by drmyochit Friday, August 01, 2014, under | No comments

အစ္စရေးလ် ပါလက်စတိုင်း နှစ်ဘက်တိုက်ပွဲ။ (ဇူလိုင် ၃၀၊ ၂၀၁၄)

အစ္စရေးလ်နဲ့ ပါလက်စတိုင်း တို့ကြား ကြိုတင်သတ်မှတ်ချက် တစုံတရာမထားရှိဘဲ လူသားချင်း စာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲဖို့ သဘောတူညီ ခဲ့ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြေညာလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် သောကြာနေ့မနက် ၈ နာရီမှာ စတင်မှာဖြစ်ပြီး၊ ဒီကာလအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေကို စစ်ဒဏ်ကြောင့် အရမ်းကို လိုအပ်နေတဲ့ အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြောပါတယ်။

ဒ့ါအပြင်အခုလို အပစ်အခတ်ရပ်စဲရေး အချိန်ကာလအတွင်း  ဒီတိုက်ခိုက်မှုတွေ အတွင်း သေဆုံးသွားတဲ့သူတွေကို သင်္ဂြိုဟ်တာတွေ၊ စားနပ်ရိက္ခာပြန်လည် ဖြည့်ဆည်းတာတွေ နဲ့ အဆောက် အအုံတွေ ပြန်လည် ပြင်ဆင်တာတွေ လုပ်ဖို့ အခွင့်အရေးရမှာဖြစ်ပါတယ်။

အစ္စရေးလ် နဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့တွေ ဟာ ရေရှည် အပစ်အခတ်ရပ်စဲရေးကိစ္စကို ဆွေးနွေးဖို့အတွက် ကိုင်ရိုမြို့ကို ချက်ချင်း ခရီးနှင်ကြာမှာဖြစ်တယ်လို့ သူတို့ ၂ ဦးစလုံးက ပြောပါတယ်။ အပစ်အခတ် ရပ်စဲရေးကို လက်ခံကြောင်း ဟာမားစ်ဘက်က ပြောလိုက်ပေမဲ့လည်း အစ္စရေးလ်ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုခြင်းမရှိခဲ့ပါဘူး။

ဒါပေမဲ့ ၂ ဘက်စလုံးက အပစ်ရပ်ဖို့အတွက် သဘောတူတယ်ဆိုတာကို ၀န်ကြီးကယ်ရီရော မစ္စတာ ဘန်ကီမွန်းရောက အာမခံပြောကြားခဲ့ပါတယ်။ ဂါဇာဒေသမှာ ၂ ဘက် အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၃၀၀ ကျော်သေဆုံးပြီး အစ္စရေးလ်ဘက်က စစ်သား ၅၆ ယောက် နဲ့ အရပ်သား ၃ ယောက်သေဆုံးခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Ebola ကူးစက်ခံရသူ အမေရိကန်နှစ်ဦးကို နေရပ်ပြန်ခေါ်ဖို့ ကြိုးပမ်း

Posted by drmyochit Friday, August 01, 2014, under | No comments


Ebola ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဖျားနာနေတဲ့ လစ်ဗေးရီယားရှိ အမေရိကန်နှစ်ဦး ကို အမေရိကန် ပြန်ခေါ်နိုင်ဖို့ CDC ရောဂါ ထိန်းချုပ်ရေး ကာကွယ်ရေး ဌာနတွေနဲ့ အတူ ဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့ကို ပြန်လည်ခေါ်ထုတ်နိုင် မယ့် ဖြစ်နိုင်ခြေတွေ ကူညီဆောင်ရွက်သွားဖို့ လစ်ဗေးရီယားနိုင်ငံကို ထိပ်တန်းဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတဦး စေလွှတ် လိုက်ပြီလို့လည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောခဲ့ပါတယ်။

Texas က ဆရာဝန်ဖြစ်သူ Dr.Kent Brantly နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က သာသနာပြု Nancy Writebol တို့နှစ်ဦးစလုံးဟာ လစ်ဗေးရီယား ဆေးရုံတရုံမှာ Ebola လူနာသည်တွေကို အကူအညီပေးနေ ရင်းနဲ့ ဒီဗိုင်း ရပ်စ်ပိုး ကူးစက်ခံခဲ့ ရတာဖြစ်ပါတယ်။

သူတို့ကို ပြန်ခေါ်ထုတ်မယ်ဆိုရင် သတိပြုရမယ့် အချက်အားလုံးကို စူးစမ်းလေ့လာနေပြီး၊ သယ်လာတဲ့ လမ်း မှာရော အမေရိကန်ပြည်ထောင်စုရောက် ရင်ရော သူတို့ကို သီးခြား ခွဲထုတ်ထားမှာဖြစ်တယ် လို့လည်း နိုင်ငံခြားရေး ဌာနက ပြောပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အခု လစ်ဗေးရီးယားမြို့တော်မှာရှိပြီး၊ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မလေးရှားလေယာဉ် ပျက်ကျတဲ့နေရာ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ ဝင်ရောက်

Posted by drmyochit Friday, August 01, 2014, under | No comments

(OSCE) ဥပရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ရောက်ရှိလာစဉ်။ (ဇူလိုင် ၃၀၊ ၂၀၁၄)
ယူကရိန်းနိုင်ငံ အရှေ့ခြမ်း မလေးရှားလေယာဉ်ပျက် ကျခဲ့တဲ့နေရာကို နိုင်ငံတကာ စုံစမ်းရေး အဖွဲ့တဖွဲ့ ရောက်ရှိလာပါပြီ။ ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ အဲ့ဒီနေရာတ၀ိုက်မှာ တိုက်ပွဲတွေဖြစ်နေတာမို့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့အနေနဲ့ အဲဒီနေရာကို ရောက်ရှိဖို့ ရက်အတန်ကြာ ကြိုးပမ်းခဲ့ရပြီးနောက် အခု ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပါတယ်။

နယ်သာလန်နဲ့သြစတေးသျှက ကျွမ်းကျင်သူ လေးဦးပါဝင်တဲ့ အဲဒီ စုံစမ်းရေးအဖွဲ့ငယ်ဟာ အဲဒီနေရာကို လမ်းကြောင်းသစ်တခုကနေ တဆင့် ရောက်ရှိသွားတာဖြစ်တယ်လို့  OSCE ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကြာသာပတေးနေ့မှာ ကြေညာသွားတာပါ။

စုံစမ်းရေးအဖွဲ့ငယ် အဲဒီကို ရောက်သွားတဲ့အတွက် လေယာဉ်ပျက်ကျတဲ့နေရာက အဓိကကျတဲ့ အထောက်အထားပစ္စည်းတွေ စတင်စုဆောင်းနိုင်မှာဖြစ်သလို၊ မသယ်ရသေးတဲ့ ရုပ်အလောင်းအကျွင်းအကျန်တွေကိုလည်း စစ်ဆေးနိုင်မှာဖြစ်ပါတယ်။  ဒီစုံစမ်းရေးအဖွဲ့ဟာ ကနဦး လေ့လာစူးစမ်းမှုတွေကို လုပ်သွားမှာဖြစ်ပြီး၊ နောက်တကြိမ် ဖြစ်နိုင်သမျှ မြန်မြန်လာနိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ OSCE အဖွဲ့ က သူ့ Twitter လူမှုကွန်ယက်မှာ ရေးထားပါတယ်။

အခုလို လေယာဉ်ပျက်ကျတဲ့နေရာကို နိုင်ငံတကာစုံစမ်းရေးမှုးတွေ လာရောက်နိုင်ဖို့ဆိုပြီး ယူကရိန်းဖက်ကတော့ ရုရှားလိုလားတဲ့သူပုန်တွေကို တနေ့တာ တိုက်ခိုက်စစ်ဆင်မှုရပ်နားထားမယ်ဆိုပြီး ကြာသပတေးနေ့ အစောပိုင်းက ကြေညာခဲ့ပါတယ်။ စုံစမ်းရေးအဖွဲ့တွေ ၀င်ရောက်နိုင်ဖို့ဆိုပြီး တိုက်ခိုက်မှုတွေကို ရပ်ထားဖို့  ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက မေတ္တာရပ်ခံခဲ့တဲ့အပေါ် အခုလို တုန့်ပြန်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းဖက်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

တရားမ၀င်ဟု ဆိုကာ ရွှေတွင်းကို ၀င်ရောက်ရှင်းလင်း သောကြောင့် မြေအောက်တွင် ရွှေတူးဖော်နေသော ဒေသခံ ရွှေလုပ်သားများ ပိတ်မိ

Posted by drmyochit Friday, August 01, 2014, under | No comments


မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ရှောက်ပင်ရိုး အုပ်စု ကံတောင် ကျေးရွာရှိ ရွှေလုပ်ကွက်တွင် တရားမဝင် ရွှေတူးဖော် နေသည်ဟု ဆိုကာ ရွှေတူး ဖော် သည့် နေရာကို ဇူလိုင် ၃၀ ရက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်း များက ဝင်ရောက် ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ် ရာ ရွှေ တူးဖေါ် နေသော ဒေသခံ ရွှေလုပ်သား ရာဂဏန်းခန့် မြေအောက်တွင် ပိတ်မိ နေသည်ဟု ဒေသခံများက မဇ္ဈိမ ကိုပြောသည်။

"တွင်းထဲမှာ ရွှေလုပ်သား တစ်ရာကျော် လောက် ပိတ်မိ နေတယ်။ အဖမ်းခံရမှာ စိုးလို့ မတက်လာ ရဲကြဘူး။ ဒီနေ့ ကျွန်တော် အပါအ၀င် ခြောက်ယောက် လောက်ပဲ တက်လာတာပါ။ အောက်မှာ မခံနိုင် တော့လို့ အရဲစွန့်ပြီး တက်လာတာ။ အောက်မှာ အသက်ရှူလို့ မ၀တော့ဘူး" ဟု ကိုအောင်ဇော်က ပြောသည်။

ရွှေကံတောင် ကုမ္ပဏီတွင် ရွှေလုပ်သား ၁၅၀၀ကျော် ရှိပြီး ပိတ်မိသူ တစ်ရာကျော် ရှိကာ ရွှေတွင်း အတွင်းမှ တက်လာသူ သုံးဆယ် နီးပါးသာ ရှိသေးကြောင်း ၄င်းက ဆိုသည်။ ရွှေတွင်းမှ တက်လာသူ များကို ဖမ်းဆီး ထားခြင်း မရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ပိတ်မိသူ များသည် ဖမ်းဆီး ခံရမည်ကို စိုးရိမ် သောကြောင့် တွင်းပေါ်သို့ တက်လာခြင်း မရှိဘဲ တွင်းအတွင်း တွင် ပုန်းခိုနေကြ သည်ဟု ဆိုသည်။ မြေအောက်တွင် ပိတ်မိသူများ ၏ မိသားစုဝင် များအနေဖြင့် စိုးရိမ်မှုများ ဖြစ်နေ ကြကြောင်း တွင်း အတွင်း၌ ပိတ်မိ နေသည်မှာ နှစ်ရက် ရှိနေပြီ ဖြစ်သောကြောင့် အသက် အန္တရာယ်ကို စိုးရိမ်နေရသည် ဟုဆိုသည်။

"ကျွန်မသားက နှစ်ရက် ရှိပြီ တက်မလာ သေးဘူး။ သေသလား ရှင်သလား မသိဘူး။အောက်မှာ လုပ်သားတွေ ရှိနေတာ သိရက်နဲ့ အခုလို စက်ကြီးတွေနဲ့ လိုက်ဖျက်နေတော့ တွင်းပြို နိုင်တယ်"ဟု ဒေသခံ ရွှေလုပ်သား တစ်ဦး၏ မိခင်ဖြစ်သူ မရွှေက ပြောသည်။ မြေအောက် တွင်းတွင် ပိတ်မိနေသော လုပ်သားများကို အရံမီးသတ် တပ်ဖွဲ့ဝင် များက ကူညီ ကယ်ဆယ် နေသည်ဟု ဆိုသည်။ သို့သော် အဖမ်းခံရမည်ကို ကြောက်ကြ သောကြောင့် တက်မလာ ကြောင်း အရံမီးသတ်များက ဆိုသည်။

"ကျွန်တော်တို့ အတတ်နိုင်ဆုံး တက်လာအောင် လုပ်ဆောင် နေတယ်။ ဒါပေမယ့် ကြောက်စိတ်တွေ ရှိတော့ တက်မလာ ကြဘူး။ ရဲတွေကိုယ်တိုင် မဖမ်းဘူး ဆိုတဲ့ အသံကို သူတို့ကလိုချင် နေတယ်။ အောက်မှာ လေလည်း ပြတ်နေပြီ။ မီးလည်း မရတော့ဘူး။ အသက် အန္တရာယ် စိုးရိမ်ရတယ်"ဟု ကံတောင် အရံမီးသတ်မှ တပ်ကြပ်ကြီး မောင်ဦးက ပြောသည်။

တရားမဝင် တူးဖော်နေသည်ဟု ဆိုသော ရွှေကံတောင် ရွှေလုပ်သား ကုမ္ပဏီ ခြံဝင်းသို့ ဇူလိုင် ၂၈ ရက် ညပိုင်းတွင် ရဲအင်းအား ၁၀၀ ကျော်ဖြင့် သက်သေခံ ဗြုန်းအိတ်များ လာရောက် သယ်ယူရာ တွင်လည်း ကုမ္ပဏီ ဝန်ထမ်း ရွှေလုပ်သားများနှင့် အပြန်အလှန် ရိုက်နှိက်မှုများ ဖြစ်ပွား သောကြောင့် သေနတ် ပစ်ဖေါက်၍ ရွှေလုပ်သား ၂၀ ခန့် ဖမ်းဆီး သွားသည်ဟု ဖမ်းဆီးရာပါတွင် ပါသွားသူ၏ မိသားစုဝင် မဆန်း ကပြောသည်။ ရွှေလုပ်ကွက် ရှင်းလင်း နေမှုများကို သတင်း ဓါတ်ပုံ ရိုက်ခွင့် မပြုကြောင်း လုံခြုံရေး ယူထားသော ရဲတပ်ဖွဲ့ဝင် များက ပြောသည်။

ရှင်းလင်း ဖယ်ရှားနေမှု များနှင့် ရွှေလုပ်သားများ ဖမ်းဆီး နေခြင်းကို ပြင်ဦးလွင် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ရဲကျော်သူ သန်းနိုင်ဦး ကို မေးမြန်းရာ ပြန်လည် ဖြေကြားမည်ဟု ပြောသော်လည်း ဖြေကြားမှု မပြုလုပ်ပဲ ညနေပိုင်းတွင် ပြန်လည် ထွက်ခွာ သွားသည်။

မြေအောက်တွင် ပိတ်မိ နေသူ ရွှေလုပ်သား များနှင့် ပတ်သက်၍ စဥ့်ကူးမြို့နယ် သတ္တုတွင်း ဝန်ကြီးဌာန မှ မြို့နယ် အင်ဂျင်နီယာကို မဇ္ဈိမ က မေးမြန်းရာတွင် သိချင်လျှင် ကိုယ်တိုင် စုံစမ်းဟု ပြန်လည် ဖြေကြားသည်။

တရားမဝင် ရွှေတူးဖေါ်မှုကြောင့် ပိတ်သိမ်း ရှင်းလင်းရေးများ လုပ်ဆောင် နေသည့် ရွှေကံတောင် ရွှေလုပ်သား ကုမ္ပဏီ လုပ်ကွက် မြေအောက် လုပ်ငန်းခွင်၌ ပိတ်မိနေသူ ရွှေလုပ်သား များကို ဖမ်းဆီး အရေးယူမှု မပြုလုပ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး က ဇူလိုင် ၃၀ ရက် ညနေပိုင်းတွင် မီဒီယာ သမားများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။ ထိုသို့ ဖြေကြားထား သော်လည်း ဖမ်းဆီးမှုများ ရှိနေသည်။

ပိတ်ပိနေသူ တစ်ချို့သာ တက်ရောက်လာ သော်လည်း အများစုမှာ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂ နာရီအထိ တက်ရောက်လာခြင်း မရှိသေး သောကြောင့် မိသားစုဝင် များက စိုးရိမ် နေကြသည်။ တရားမဝင် ရွှေတူးဖေါ်သော ကုမ္ပဏီပိုင်ရှင်ကို သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (ခ)ဖြင့် စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှ အမှုဖွင့် ထားပြီး ဖြစ်သည်ဟု အမည်မဖေါ် လိုသူ ရဲအရာရှိ တစ်ဦးက ဆိုသည်။

Mizzima

ပညာရေးဝန်ထမ်းများ လုပ်သက် (၂) နှစ်ပြည့်လျှင် ပြောင်းရွှေ့ခွင့်တင်နိုင်

Posted by drmyochit Friday, August 01, 2014, under | No comments

အခြေခံပညာကျောင်းမှ ဆရာမနှစ်ဦး ကျောင်းဆင်းချိန် အိမ်ပြန်နေစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)

ပညာရေးဝန်ထမ်းများ အနေဖြင့် လုပ်သက် ၂ နှစ်ပြည့် ပါက ပြောင်းရွှေ့ခွင့်တင်နိုင်မည် ဖြစ်ပြီး ပြောင်းရွှေ့လိုသည့် ဒေသ များကို စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဇော်မင်း အောင်ကပြောသည်။

ဇူလိုင် ၃၁ ရက်တွင် ကျင်းပ ခဲ့သော ပြည်သူ့လွှတ်တော်အ စည်းအဝေး၌ ရှားတော မဲဆန္ဒ နယ်မှ ဒေါ်နန်းနွံက အခြေခံဆရာ၊ ဆရာမများ သင်ကြားမှု စွမ်း ဆောင်ရည်မြင့်မားရေးသင်တန်း များကို စဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့မှု ကို ဒေါက်တာဇော်မင်းအောင်က ဖြေကြားခဲ့သည်။

ပညာရေးဝန်ထမ်းများကို မြို့ပေါ်မှ ကျေးလက်သို့ ပြောင်း လဲတာဝန်ထမ်းဆောင်စေမည် ဆိုပါက လစာမလုံလောက်မှု၊ ပြောင်းရွှေ့စရိတ်ကြီးမားမှု၊ နေ ထိုင်စရာအခက်အခဲများဖြစ်ပေါ် လာနိုင်ပြီး နေရာသစ်တွင် အသားကျရန်အတွက် အချိန်ယူရမည် ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ ဒေသများမှ ပညာတတ်ဘွဲ့ရများ အား ခန့်အပ်တာဝန်ပေးခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် အခြေခံပညာ ကဏ္ဍတွင် ဆရာ၊ဆရာမများ၏ သင်ကြားမှု အရည်အသွေး မြင့်မားရေးအ တွက် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အ တွင်း မူလတန်းအဆင့် ဆရာ၊ ဆရာမများကို ကလေးဗဟိုပြု ချဉ်းကပ်မှုဆိုင်ရာသင်ကြားနည်း စနစ်(Child Center Approach- CCA) သင်တန်းများကို ဖွင့်လှစ် လေ့ကျင့်ပေးလျက်ရှိပြီး ယင်းသင် တန်းများကို ဗဟိုအဆင့်၊ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်ဟူ၍ သတ်မှတ်ပြီး ဖွင့်လှစ်ပေးလျက်ရှိကြောင်း ဒေါက်တာ ဇော်မင်းအောင်က ထပ်မံပြောသည်။

၂၀၁၂ ခုနှစ်တွင် ၉၃ မြို့နယ်၊၂၀၁၃ တွင် ၈၅ မြို့နယ်၊ ၂၀၁၄ တွင် ၇၂ မြို့နယ်တို့၌ ဖွင့်လှစ် သင်ကြားပို့ချခဲ့ပြီး ၂၀၁၅ ခုနှစ် တွင် မြို့နယ် ၈၀ နှင့် အဆိုပါ နည်းစနစ်သင်ကြားမှုအားနည်း သောမြို့နယ် ၃၀၊ စုစုပေါင်းမြို့ နယ် ၁၁၀ တွင် ဘာသာရပ်မွမ်းမံ သင်တန်းများဖွင့်လှစ်ရန် လျာ ထားဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။


7Day Daily

အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား

Posted by drmyochit Friday, August 01, 2014, under | No comments

Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters) 

အနောက်အာဖရိကနိုင်ငံတွေမှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​Sierra ​Leone ​နိုင်ငံမှာ ​အရေးပေါ်အခြေအနေ ​ကြေညာနေရသလို ​Libaria ​နိုင်ငံမှာလည်း ​စာသင်ကျောင်းတွေကို ​ပိတ်ချလိုက်ရပါတယ်။

အခုဆိုရင် ​အီဘိုလာ ​ဗိုင်းရပ်စ် ​ကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​၇၃၀ ​နီးပါး ​ရှိသွားပြီ ​ဖြစ်ပါတယ်။

အဲဒီရောဂါ ​ခံစားနေရသူ ​တွေကို ​တခြားနေရာ ​သွားခိုင်းမှာ ​မဟုတ်ပဲ ​ရဲတွေ၊ ​စစ်တပ်တွေနဲ့ ​အစောင့် ​အကြပ် ​ထားပြီး ​ရောဂါမပျံ့နှံ့အောင် ​ထိန်းသိမ်း ​သွားမယ်လို့ ​Sierra ​Leone ​နိုင်ငံ ​သမ္မတက ​ပြောပါတယ်။

Liberia ​နဲ့ ​Sierra ​Leone ​နိုင်ငံ ​နှစ်ခု ​စလုံးမှာ ​ရောဂါပျံ့နှံ့မှု ​ထိန်းသိမ်းတဲ့ ​အနေနဲ့ ​လူစုလူဝေး ​ပြုမှုတွေ ​ကိုလည်း ​ကန့်သတ်မှု ​လုပ်လိုက် ​သလို ​သေဆုံးမှု ​မှန်သမျှကို ​အာဏာပိုင်တွေကို ​အသိပေးဖို့ ​လည်း ​ညွှန်ကြားထားပါတယ်။

အီဘိုလာပိုးဟာ ​Guinea, ​Liberia ​နဲ့ ​Sierra ​Leone ​နိုင်ငံမှာ ​ပျံ့နှံ့နေ ​တာဖြစ်ပြီး ​အဲဒီနိုင်ငံက ​လူတွေကိုလည်း ​အိမ်နီးချင်း ​နိုင်ငံတွေက ​အဝင်အထွက် ​ကန့်သတ်လိုက်ပြီ ​ဖြစ်ပါတယ်။

ဒီပိုးကို ​နှိမ်နင်းဖို့ ​အတွက် ​အရေးပေါ် ​ဒေါ်လာ ​သန်း ​၁၀၀ ​လောက် ​လိုမယ်လို့ ​လည်း ​ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့က ​ပြောပါတယ်။ ​ဒါပေမဲ့ ​အခုအချိန် ​အထိ ​ဒီရောဂါပိုး ​အတွက် ​ကာကွယ်ဆေးတွေ ​မရှိသေးပါဘူး။ ​အနောက် ​အာဖရိက ​နိုင်ငံတွေကနေ ​တခြားနိုင်ငံတွေဆီ ​ကူးစက်မှာကို ​စိုးရိမ်တဲ့ ​အတွက်လည်း ​အမေရိကန် ​US ​peace ​corps ​အဖွဲ့က ​အာဖရိက ​အနောက်ပိုင်းက ​သူ့ရဲ့အမှုထမ်းအယောက် ​၃၄၀ ​ကိုလည်း ​ပြန်လာဖို့ ​စီစဉ်ပေးနေပြီ ​ဖြစ်ပါတယ်။

အီဘိုလာပိုးဟာ ​လင်းနို့ကနေ ​ပြန့်ပွားလာကြောင်း ​၁၉၇၆ ​ခုနှစ်မှာ ​သိရှိကြတာ ​ဖြစ်ပါတယ်။ ​အီဘိုလာပိုးရှိနေတဲ့ ​လင်းနို့က ​တခြားအကောင်တွေကို ​ကိုက်မိပြီး ​အဲလို ​အကိုက်ခံရတဲ့ ​သားကောင်တွေကို ​လူတွေက ​စားမိတဲ့အခါ ​ရောဂါကူးစက်တာဖြစ်ပါတယ်။ ​လူတစ်ဦးကနေတစ်ဦး ​ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ABC Radio Australia

၂၀၁၄ ခုနှစ် သြဂုတ်လတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း

Posted by drmyochit Friday, August 01, 2014, under | No comments

မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တစ်ဆင့် အသိပေးပြောကြား နေကြဖြစ်တဲ့ အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဇူလိုင်လအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များစုစည်းပြီး ကချင်ပြည်နယ် လိုင်ဇာမှာ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကြိုဆိုပြီးတော့ လိုအပ်တဲ့ ကူညီဆောင်ရွက် မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ စာချုပ်ချုပ်ဆိုပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးကို တက်လှမ်းနိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့သဘောတူညီ ချက်တွေရရှိနိုင်ဖို့ ဒီဆွေးနွေးပွဲများ ကနေ ပိုမိုကောင်းမွန်တဲ့ရလဒ်များ ဆောင်ကြဉ်း လာနိုင်မယ်လို့ ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့် နေကြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိနေတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများဟာ အခက်အခဲများနဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ ဒီဖြစ်စဉ်ရှင်သန်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒီနေရာမှာ ကွဲပြားခြားနားတဲ့ နိုင်ငံရေးအင်အားစုများ အကြားမှာ တူညီတဲ့ သဘောတူညီချက်အနေနဲ့ ထားရှိနိုင်တဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီနိုင်ငံရေး ဖြစ်စဉ်ဆက်လက် ရှင်သန်ရေးကနေ ဒီမိုကရေစီ စနစ် အမြစ်တွယ်ရှင်သန်ရေးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူတဲ့အချိန်ကစပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် လုပ်ဆောင်လာခြင်းက ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာကို သက်သေထူရာရောက်မှာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြစ်တင်ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအကြပ် အတည်းများ ရှိခဲ့တာကလည်း အမှန်ပဲဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အခိုင်အမာပြောကြားနိုင်တဲ့ အချက် တစ်ခုကတော့ ကြုံတွေ့ခဲ့ရတဲ့နိုင်ငံရေး အကြပ်အတည်းအားလုံးကို ပြည်သူလူထုရဲ့ လိုလားချက်များအပေါ် ရှေးရှုတဲ့ အဖြေရှာမှုမျိုးနဲ့သာ ချဉ်းကပ်ပြီး မှန်ကန်တဲ့စေတနာနဲ့ ဆောင်ရွက်ခဲ့ တယ်ဆိုတာပဲဖြစ်ပါတယ်။

ဒီကနေ့ကာလလို စနစ်ဟောင်းကနေ စနစ်သစ်ကို ကူးပြောင်းတဲ့အခါ နိုင်ငံရေးအကြပ် အတည်းများ ကြုံတွေ့ရခြင်းဟာ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ဖြစ်တယ်ဆိုတာကို သတိချပ်စေလိုပါတယ်။

ကျွန်တော့်အနေနဲ့ ဝေဖန်ထောက်ပြ ပြောဆိုရေးသားမှုအားလုံးကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ သွင်းအားစုများအဖြစ်ရှုမြင်ပြီး လက်တွေ့ကျတဲ့ အဖြေများရရှိဖို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေနဲ့ လိုက်လျောညီထွေဖြစ်နိုင်မယ့် အတိုင်းအတာအတွင်းကနေ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် နေတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ အနေနဲ့ ရောက်ရှိရမယ့် စံနှုန်းများနဲ့တိုင်းတာရင် လိုအပ်ချက်များစွာ ရှိနေသေး တာက အမှန်ပဲဖြစ်ပါတယ်။ သို့သော်လည်း အဲ့ဒီလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်တဲ့ အခါ တစ်ဦးတစ်ယောက်အား၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့အားနဲ့ တည်ဆောက်လို့မရနိုင်ဘဲ မိမိတို့ အဖွဲ့အစည်း တစ်ခုလုံး တူညီသော ရပ်တည်ချက် တစ်ခုထားရှိပြီး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြမှသာ ရရှိနိုင်မှာဖြစ်တဲ့ အကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ပြုမှုများ ကိုတော့ ထိရောက်စွာ အရေးယူမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ မကြာခင်က မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုကိုအသုံးချပြီး ဘာသာရေးပဋိပက္ခတွေဖြစ်အောင် ဖန်တီးလှုံ့ဆော် လုပ်ဆောင်ခဲ့ သူများကို ဖော်ထုတ်အရေးယူ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မန္တလေးမြို့တည်ငြိမ်အေးချမ်းရေးမှာ အသိရှိရှိ၊ သတိရှိရှိနဲ့ တာဝန်သိသိ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများကိုလည်း နိုင်ငံတော်ကိုယ်စား ဂုဏ်ယူပါ ကြောင်း ချီးကျူးပြောကြားအပ်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာသဘင်၊ ဂီတ၊ ရုပ်ရှင်အဖွဲ့အစည်းများမှ အနုပညာရှင်များနဲ့ ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ အဖွဲ့အစည်းအသီးသီးမှ အနုပညာရှင်များရဲ့ ဆွေးနွေးပြော ကြားချက်များကို အလေးထားမှတ်ယူပြီး နိုင်ငံတော်အပိုင်းက လတ်တလော ကူညီဆောင်ရွက် ပေးရမည့် ကိစ္စများ၊ အချိန်ယူဆောင်ရွက် ပေးရမည့်ကိစ္စများကို ကြိုးပမ်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အနုပညာ ရှင်များဟာ ပြည်သူများ ချစ်ခင်မြတ်နိုးတဲ့ ရတနာများ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ရေးမှာ ပြည်သူများရဲ့ ပျော်ရွှင်ချမ်းမြေ့မှုဟာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်တာဖြစ်တဲ့အတွက် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များကို ကျွန်တော့်အနေနဲ့ တန်ဖိုးထားလေးစားပါကြောင်း ပြောကြားလိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေစဉ် အတွင်းမှာ မသမာသူများရဲ့ လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး ပြည်သူများဟာ အာဇာနည်ကြီးများရဲ့ ကျေးဇူးများကို အောက်မေ့တသရင်း ဝမ်းနည်းကြေကွဲမှုတွေကို သတိတရ ထုတ်ဖော်ပြသလာခဲ့ ကြတာအခုဆိုရင် နှစ်ပေါင်း(၆၇)နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့အားလုံး အနေနဲ့ ဝမ်းနည်းကြေကွဲနေရုံမျှ သက်သက်ထက် အာဇာနည်ကြီးများရဲ့ ကျေးဇူးများကို နည်းလမ်းမှန်နဲ့ ပြန်လည်ပေးဆပ်ကြဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကိုလည်း နှလုံးသွင်းကြရမှာဖြစ်ပါတယ်။

အာဇာနည်နေ့အခမ်း အနားဟာဆိုရင် ခေါင်းဆောင်ကြီး ကိုးဦးကို ရည်မှန်းဂုဏ်ပြုခြင်းအပြင် တိုင်းပြည်အတွက် လူမသိသူမသိပေးဆပ်ရင်း ကျဆုံးသွားခဲ့ရတဲ့ ပြည်ထောင်စုဖွား အာဇာနည်များကိုလည်း မမေ့မလျော့ ဦးညွတ် အလေးပြုကြတဲ့ အနှစ်သာရကို ဖော်ကျူးတဲ့ အခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့လူမျိုး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ အာဇာနည်များကို ကြည့်မယ်ဆိုရင် သူတို့လာခဲ့ကြတဲ့ နိုင်ငံရေးနောက်ခံ၊ အသိုင်းအဝိုင်း၊ လူမျိုးစု၊ ကိုးကွယ်ယုံကြည်မှု စသည်ဖြင့် မတူညီတဲ့ ကြန်အင်လက္ခဏာများကို တွေ့ကြရမှာဖြစ် ပါတယ်။ သို့သော်လည်း သူတို့အားလုံးမှာ တူညီတဲ့အချက်ကတော့ နိုင်ငံနဲ့လူမျိုးရဲ့ ကောင်းကျိုးချမ်းသာ အတွက်ဆိုတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ်ပဲ ဖြစ်ပါတယ်။

မိမိတို့ မြန်မာနိုင်ငံသားအားလုံးအနေနဲ့ ဒီစိတ်ဓာတ်ခွန်အားတွေကို ဆက်လက်ရှင်သန်စေဖို့ကြိုးစားပြီး လက်ရှိအကောင်အထည်ဖော်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များနဲ့ ဒီမိုကရေစီ အရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ လူမျိုးဘာသာ မကွဲပြားဘဲအတူတကွ ညီညွတ်စွာပူးပေါင်း ကြိုးစားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။ ဇူလိုင်လအတွင်းမှာ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေး စီမံချက်တစ်ရပ်ကို သက်ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပါဝင်ကူညီနေကြတဲ့ အဖွဲ့အစည်းများဆီက အကြံဉာဏ်များရယူ ရေးဆွဲခဲ့ပါတယ်။ ဒီစီမံချက်ကို စနစ်တကျ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။

အခုလို စီမံချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါက ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ပြည်သူများရဲ့ဘ၀များ ကောင်းမွန် တိုးတက်လာစေမယ်လို့ ယုံကြည်ပါတယ်။

 ဒီလိုစီမံချက်တွေအောင်မြင်အောင် အကောင်အထည် ဖော်တဲ့ အခါမှာလည်း ကျွန်တော်တို့ အစိုးရတစ်ဖွဲ့ တည်းအနေနဲ့ လုပ်ဆောင်လို့မရနိုင်ဘဲ ရခိုင်ပြည်နယ် အတွင်းမှာ ရှိကြတဲ့အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းအသီးသီးကို လိုအပ်တဲ့ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမှာဖြစ်သလို ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများ အနေနဲ့ လည်း မိမိတို့ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

လက်ရှိအခြေအနေမှာ ခက်မသုံးဖြာ အာဏာသုံးရပ်ဖြစ်တဲ့ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေး အာဏာတို့ကို ပီပြင်စေတဲ့ သီးခြားလွတ်လပ်မှုနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှုများ စတင်အသက်ဝင်ဖို့ ကြိုးပမ်းတည်ဆောက်ရာမှာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု အနေနဲ့ လက်တွေ့ကြုံတွေ့နေရတဲ့ ကာလဖြစ်ပါတယ်။ အဲဒီလိုကြိုးပမ်း တည်ဆောက်မှုများမှာ နိုင်ငံသားအခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့၊ လွတ်လပ်မျှတတဲ့ တရားစီရင်ရေးစနစ်သို့ အသွင်ကူးပြောင်းရေး၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများ၊ တာဝန်ယူရတဲ့ အုပ်ချုပ်ရေး ယန္တရားကို ပြည်သူလူထုအခြေပြုတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်သို့ အသွင်ကူးပြောင်းရေး၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ဆယ်စုနှစ် များစွာလစ်ဟာခဲ့တဲ့ လွှတ်တော်များပေါ်ပေါက်ရေး၊ လွှတ်တော်စနစ်ကို အခြေခံသည့် ဥပဒေပြုရေးဖြစ်စဉ်များ အသက်ဝင်ရှင်သန်ရေးများဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များအတွင်း အဆင့်ဆင့်တာဝန်ယူ လုပ်ဆောင်ခဲ့ရတဲ့ ဝန်ထမ်းအဖွဲ့အစည်းများအနေနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် နေပေမယ့် နှောင့်နှေးမှုများ၊
အားနည်းမှုများနဲ့ လိုအပ်ချက်များရှိနေသေးတာ အမှန်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားချင်တာကတော့ ဝန်ထမ်းများ အနေနဲ့ ချက်ချင်းလက်ငင်း အကောင်အထည်ဖော်နိုင်တဲ့ ကိစ္စရပ်များ၊ ရေတိုလုပ်ဆောင်ရမယ့် ကိစ္စရပ်များ၊ ရေရှည်တည်ဆောက်ရမယ့် လိုအပ်ချက်များကို ရည်မှန်းချက် အဖြစ်ထားပြီး ဒီကနေ့ လက်တွေ့ လုပ်ဆောင်နိုင်မယ့် ကိစ္စတွေကို ဦးစားပေးကြိုးပမ်းတည်ဆောက်ကြဖို့နဲ့ ဝန်ထမ်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုကြိုးပမ်းမှုများမှာ နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

အဓိကအားဖြင့်တော့ ဒီမိုကရေစီနိုင်ငံကြီးများသည်ပင် လက်ရှိအခြေ အနေမျိုးကို ရောက်ရှိဖို့အတွက် နှစ်ပေါင်း ရာချီပြီး တည်ဆောက်ခဲ့ကြရတယ် ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။

 သုံးနှစ်ကျော်ကာလအတွင်း ကျွန်တော်တို့ လက်ရှိရရှိထားတဲ့ အခြေအနေများဟာ မိမိတို့လိုလားတဲ့ ဒီမိုကရေစီစံနှုန်းများနဲ့ တိုင်းတာတဲ့အခါ အကောင်းဆုံး အခြေအနေများကို မရောက်ရှိသေးတာ အမှန်ပဲဖြစ်ပါတယ်။

ဒါပေမယ့် မိမိတို့ ပြည်သူလူထု တစ်ရပ်လုံး ကြိုးပမ်းတည် ဆောက်ပြီး လက်ဝယ်ရရှိပိုင်ဆိုင်ထားတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ လမ်းစများ၊ အခွင့်အလမ်းများကို ဆုံးရှုံးမသွားစေဖို့ ဝိုင်းဝန်းကြိုးပမ်းရမယ့် အချိန်ကာလဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့စည်းလုံးညီညွတ်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ရှင်သန်နိုင်အောင် ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီး ပေးနိုင်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။
မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။


MOI Webportal Myanmar

တောင်ပြာတန်းယာဉ်မီးလောင်မှုတွင် သေဆုံးသူများအား ကျပ်သိန်း ၃၀ စီပေး

Posted by drmyochit Friday, August 01, 2014, under | No comments

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် မီးလောင်သွားသော တောင်ပြာတန်းခရီးသည်တင်ယာဉ် (ဓာတ်ပုံ− yeyintnge.com)

တောင်ပြာတန်းယာဉ် မီးလောင်မှုဖြစ်စဉ်တွင် သေဆုံး သွားသည့် ခရီးသည် ခုနစ်ဦးအား အသက် အာမ ခံကြေးနှင့် နစ်နာ ကြေးအပါအ၀င် စုစုပေါင်း ကျပ် သိန်း ၃၀ စီပေးအပ်လိုက်ကြောင်း သတင်းရ ရှိသည်။

တောင်ပြာတန်းယာဉ်လိုင်း ဖြစ်စဉ်တွင် သေဆုံးသွားသူများ အား အသက်အာမခံကြေးပေး ဆောင်ရာတွင် ဖြစ်စဉ်ဖြစ် ပွားပြီး လေးလအကြာ၌ ပေးဆောင်ခဲ့ ခြင်းဖြစ်သည်။ ဇူလိုင် ၃၁ ရက် တွင် တောင်ပြာ တန်းယာဉ်လိုင်း နှင့် ခရီးသွားအာမခံလုပ်ငန်းတို့က သေဆုံးသူများ၏ မိသားစုဝင်များ ကို ပေးအပ် ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူခုနစ်ဦးအား ခရီး သွားအာမခံလုပ်ငန်းက တစ်ဦး လျှင် အသက်အာမခံကြေးအ တွက် ကျပ် ၁၀ သိန်း၊ ခရီးသွား နစ်နာကြေးအတွက် ကျပ်ငါးသိန်း နှင့် တောင်ပြာတန်းယာဉ်လိုင်းက နစ်နာကြေးအဖြစ် သေဆုံး သူ တစ်ဦးလျှင် ကျပ် ၁၅ သိန်းအသီး သီးပေးအပ်ခဲ့ခြင်းဖြစ်သည်။

‘‘ဒီနေ့ပဲ တောင်ကြီးမြို့မှာ ပေးအပ်ခဲ့ပါတယ်။ သေဆုံးသွား တဲ့သူတွေ တစ်ဦးကို ကျပ်သိန်း ၃၀ စီပေးခဲ့ပါ တယ်။ အသက် အာမခံကြေးက ၁၀ သိန်းပါ။ ကျွန်တော်တို့ယာဉ်လိုင်းက ၁၅ သိန်းပေးခဲ့ပါတယ်’’ဟု တောင်ပြာတန်း ခရီးသည်ယာဉ်လိုင်းပိုင်ရှင် တစ်ဦးဖြစ်သူ ဦးကျော်ဦးကပြော သည်။

‘‘တောင်ပြာတန်းယာဉ်လိုင်း ကို အရေးယူမှုတစ်စုံတစ်ရာ ဘာ လို့မလုပ်တာလဲဆိုတာ သိချင်ပါ တယ်။ ရာဇာမင်း ယာဉ်လိုင်းကို အရေးယူသလိုတောင်ပြာတန်း ယာဉ်လိုင်းကိုလည်း အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်စေချင် ပါ တယ်။ ကျွန်တော့်သမီးလေးဆို ကိုးနှစ်ပဲရှိသေးလို့ အသက်အာမ ခံကြေးမ လုပ်တော့မရဘူး’’ဟု တောင်ပြာတန်းယာဉ်မီးလောင်မှု ဖြစ်စဉ်တွင် ၎င်း၏ သားနှင့် သမီး ဆုံးရှုံးခဲ့သူ ဦးစိန်လှိုင်ကပြော သည်။

ဧပြီ ၁၂ ရက်က တောင်ပြာ တန်းခရီးသည်တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင် ဆလွန်းကား တစ်စီးကို ၀င်တိုက် ရာ ဆလွန်းကားငယ်မှ ဆီတိုင်ကီ ပေါက်၍ မီးလောင်မှုဖြစ်စဉ်တွင် ဆလွန်းကား ငယ်ပေါ်မှ လိုက်ပါ လာသူ ခြောက်ဦးနှင့် တောင်ပြာ တန်းခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသူ စုစုပေါင်း ၁၃ ဦး မီးလောင်သေဆုံးခဲ့သည်။

7Day Daily

ကြည့်မြင်တိုင်မြို့နယ်အတွင်း တိုက်ဟောင်းဝရန်တာ ပြိုကျမှုကြောင့် တစ်ဦး သေဆုံး၊ သုံးဦး အပြင်းအထန်ဒဏ်ရာရ

Posted by drmyochit Friday, August 01, 2014, under | No comments

ဇူလိုင် ၃၁ ရက် ညပိုင်းက ကြည့်မြင်တိုင်ညဈေးအနီးရှိ တိုက်ဟောင်းဝရန်တာပြိုကျပြီးနောက် ရှင်းလင်းမှုများပြုလုပ်နေစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ကြည့်မြင်တိုင်မြို့နယ် မကျီးကန်းအနောက်ရပ်ကွက် ရွှေလှိုင်လမ်းရှိ အမှတ် ၄၃ နှစ်ထပ်တိုက်ဟောင်း ဝရန်တာပြိုကျမှု ဇူလိုင် ၃၁ ရက် ည ၇နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း ဝရန်တာပြိုကျမှုကြောင့် တိုက်အောက်တွင် ကုန်စိမ်းရောင်းနေသည့် အမျိုးသမီး သုံးဦး အပြင်းအထန်ဒဏ်ရာရပြီး အမျိုးသားတစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“တိုက်က နှစ်ပေါင်း ၅ဝ ကျော်ရှိပြီ။တိုက်က လူမနေဘူး။ ပြီးတော့ အမှုဖြစ်နေတာ။ တိုက်အောက်ခန်းမှာတော့ ဈေးသည်တွေ ပစ္စည်းတွေသိမ်းတယ်။ အခုဖြစ်တာက မိုးသည်းထန်စွာရွာထားတော့ တိုက်အမိုးတွေကရေဝပြီး ဝရန်တာကို အရင်ကျတယ်။ ပြီးတော့ ဝရန်တာပြိုကျပြီး အောက်ကဈေးရောင်းနေတဲ့ အမျိုးသမီးသုံးဦးရယ် သူတို့ထဲက တစ်ဦးရဲ့ အမျိုးသား ဂါလီနင်းတဲ့ကောင်လေးရယ်ပါ”ဟု မကျီးတန်းအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမင်းက ပြောကြားခဲ့သည်။


သေဆုံးသူ အမျိုးသား ကိုတင်ကို (၃၁)နှစ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသမီးသုံးဦးဖြစ်သည့် မဝေဝေမြင့်၊ မစန်းစန်းနွယ်နှင့် မသန်းသန်းစိုးတို့အား ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကာ အခင်းဖြစ်ပွားပြီးနောက် အုတ်ကျိုးများအောက်တွင် ပိနေသည့် ၎င်းတို့အား မိနစ်နှစ်ဆယ်အကြာတွင် ခေါ်ထုတ်နိုင်ခဲ့ကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှ ရဲတပ်ကြပ်ဝင်းထွန်း ၏ပြောပြချက်အရ သိရသည်။

တိုက်ဝရန်တာပြိုကျမှုကြောင့် လျှပ်စစ်မီးကြိုးများပြတ်ကျကာ မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးအခင်း ဖြစ်ပွားရာ အနီးတစ်ဝိုက်ကိုလည်း တားမြစ်နယ်မြေအဖြစ် ကန့်သတ်ထားခဲ့သည်။ အဆိုပါ တိုက်မှာယခင်ကတည်းကပင် အနည်းငယ်စီပြိုကျမှု ဖြစ်ပေါ်လျက်ရှိပြီး တိုက်မှာနှစ်ပေါင်းကြာမြင့်နေပြီဖြစ်သော်လည်း သက်ဆိုင်ရာမှအန္တရာယ်ရှိအဆောက်အအုံအဖြစ် သတိပေးဆိုင်းဘုတ် တပ်ဆင်ထားခြင်းမရှိကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများက ပြောပြသည်။

ဝေလင်းအောင်
Eleven Media Group

ထိုင်ဝမ်မှာ ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက်ဖြစ်

Posted by drmyochit Friday, August 01, 2014, under | No comments

 ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့ နေရာတွေမှာ
မီးတောက်ကြီးတွေ တွေ့ရတယ်လို့ မျ
က်မြင်သက်သေတွေကပြော
ထိုင်ဝမ်ကျွန်း အနောက်ပိုင်းက ဂေါင်ရှီအွန်း မြို့မှာ ဂက်စ်ဓါတ်ငွေ့ ပေါက်ကွဲမှုကြီးတွေ ဆက်တိုက် ဖြစ်ပွားခဲ့ရာမှာ လူ၁၅ဉီး သေဆုံးပြီး နှစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။
ပေါက်ကွဲမှုကနေ လွင့်ထွက်လာတဲ့ မီးတောက်လုံးကြီး တခုကြောင့် ကားတွေ ပြောင်းပြန် လန်သွားပြီး သစ်ပင်တွေ လဲကုန်တဲ့ ပုံတွေကို လူမှု ကွန်ရက် သတင်း စာမျက်နှာတွေပေါ်မှာ တွေ့ရပါတယ်။

ပေါက်ကွဲမှုပေါင်း ၅ခု ဖြစ်ခဲ့တယ်လို့ ထိုင်ဝမ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဂက်စ် ဓါတ်ငွေ့ ယိုစိမ့်မှု ရှိနေတယ် ဆိုတဲ့ အသိပေး ဖုန်းဆက်ပြောမှုတွေကို ကြာသပတေးနေ့ နှောင်းပိုင်းလောက်တုန်းက လက်ခံ ရခဲ့တယ်လို့ အဲဒီမြို့က မီးသတ်ဌာနက ပြောပါတယ်။

လမ်းမတွေပေါ်မှာ လူသေအလောင်းတွေ ပြန့်ကျဲနေပြီး ဆေးရုံတွေမှာ ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေတယ်လို့ မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်