Thursday, August 21, 2014

ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲသစ် ထပ်မံ ထွက်ရှိ

Posted by drmyochit Thursday, August 21, 2014, under | No comments


ဂျေတေရိုလင်း ရေးသားထားသည့် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲသစ် ထပ်မံ ထွက်ရှိခဲ့သည်။ ယင်း ဇာတ်လမ်းတွဲ သည် မှော်ဆရာ ဘီလက်စတီနာဝါဘက်ခ်၏ သီချင်းဆိုဟန်နှင့် ပတ်သက် ၍ ရေးဖွဲ့ထားသည့် အတ္တုပ္ပတ္တိ ဇာတ်လမ်း တစ်ပုဒ် ဖြစ်သည်။

ဇာတ်ကောင် စရိုက်သည် ဟယ်ရီပေါ်တာ  စာအုပ်ကွဲများတွင် ပါဝင်သော မိုလီဝီစိလေး၏  အကြိုက်ဆုံး အဆိုတော် အဖြစ် ရေးဖွဲ့ထားသည်။ ဆီလက်စတီနာဝါဘက်ခ်သည် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများ၏ ဇာတ်ကောင်များသည်" မိမိအကြိုက်ဆုံး ဇာတ်ကောင် စရိုက် တစ်ခု ဖြစ်ပါတယ်"ဟု ရိုလင်းက ပြောကြားသည်။

၎င်းတို့ အနေဖြင့် ထွက်ရှိပြီးသား ဟယ်ရီပေါ်တာ စာအုပ်တွဲ နှစ်ခုတွဲစလုံးတွင် ဆီလက်စကီနာ ကို မမြင်ခဲ့ ဖူးသော်လည်း ၎င်း၏ ပုံပန်း သွင်ပြင်နှင့် စတိုင်လ် သည် ရှီလေးဘက်စ်ဆေးနှင့် ဆင်တူ သည်ဟု ၎င်းအနေဖြင့် အမြဲတမ်း ပုံဖော်ခဲ့ပါတယ်ဟု ရိုလင်းက ပြောကြားသည်။

အဆိုပါ ဇာတ်လမ်းတွဲသစ်ကို Potter more website အတွင်း ရရှိနိုင်ပြီး Today.com တွင်လည်း ဖော်ပြထားသည်။ ဆီလက်စတီနာကို အသီးသီးသော ကတော့ ချွန်သဏ္ဍာန် ထင်ရှူးပင်နှင့် ဖီးနစ်ငှက်မွေးဖြင့် ပြုလုပ်ထားသည့် ကြိမ်တံကို သေခြင်း နိမိတ်အသံ ဆိုးဖြင့် အော်မြည်စွမ်း ရှိသည့် ဂရစ်ဖင်ဒါဟောင်း အဖြစ် သရုပ်ဆောင် ထားသည်။

Mizzima

အမေရိကန်သတင်းထောက်ကို IS စစ်သွေးကြွက ခေါင်းဖြတ်သတ်

Posted by drmyochit Thursday, August 21, 2014, under | No comments


ဒီနေ့အတွက် ကမ္ဘာတလွှား သတင်းလောကမှာ နာမည်ကြီးနေတာကတော့ အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို အစ္စလမ်မစ်နိုင်ငံတော် IS စစ်သွေးကြွအဖွဲ့က ခေါင်းဖြတ် သတ်လိုက်တဲ့ ဗွီဒီယိုကိစ္စပါဘဲ။

အမေရိကန်နိုင်ငံသား ဂျိမ်းဖိုလေဟာ AFP နဲ့ အမေရိကန် ဂလိုဘယ်ပို့စ် သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေရင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလကတည်းက ဆီးရီးယားနိုင်ငံ အနောက်မြောက်ဖက် တူရကီ နယ်စပ်နားမှာ ပျောက်ဆုံးသွားခဲ့ တာဖြစ်ပြီး အခုရက်ပိုင်းအတွင်းပဲ သူ့ကို IS အဖွဲ့က ခေါင်းဖြတ် သတ်ပုံရတဲ့ ဗီဒီယိုကို အင်တာနက်ပေါ် အင်္ဂါနေ့က တင်ခဲ့တာဖြစ်ပါတယ်။

ဗွီဒီယိုထဲမှာ လိမ္မော်ရောင် ၀တ်စုံဝတ်ထားတဲ့ သတင်းထောက် ဂျိမ်းဖိုလေ က သူ့ကို ဖမ်းဆီးထားသူတွေ
ပြော ခိုင်းတဲ့ သတင်းစကားကို ဖတ်နေပုံရပါတယ်။

သူက တကယ့် လူသတ်သမားဟာ အမေရိကားဖြစ် တယ် ဆိုပြီး ပြောဆိုကာ သူ လွတ်မြောက်လိုကြောင်းနဲ့ သူ့မိသားစုနဲ့ နောက်ထပ်တကြိမ် ပြန်ဆုံလိုကြောင်းပြောထားပါတယ်။

သူ့ကို ခေါင်းဖြတ်သတ်ပုံရတဲ့ အမည်းရောင်အဝတ်အစားဝတ် မျက်နှာကိုလည်း ဖုံးကွယ်ထားတဲ့ IS စစ်ကြွေး ကြွ တဦးက အင်္ဂလိပ်လို ခြိမ်းခြောက်ပြောကြားရာမှာ အမေရိကန်သမ္မတ အိုဘားမားကို ရည် ရွယ်ပြီး အီရတ်မှာ IS အခြေစိုက်စခန်းတွေ ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေဟာ အမေရိကန်မှာ တာဝန်ရှိပြီး အမေရိကန်နိုင်ငံသား တဦးသေဆုံးမယ့် ကိစ္စကလည်း အမေရိကန်မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ဂျိမ်းဖိုလေကို ခေါင်းဖြတ်သတ်ပြီးပုံရတဲ့ ဗွီဒီယို ပြကွက်အပြီးမှာ နောက်ထပ် လိမ္မော်ရောင်ဝတ် နောက်ထပ် အမေရိကန်နိုင်ငံသား သတင်းထောက် တဦးကိုလည်း IS စစ်သွေးကြွက ပြသကာ သူ့ကံကြမ္မာဟာ အမေရိကန်ရဲ့နောက်ထပ် ခြေလှမ်း အပေါ် မူတည်တယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။

အမေရိကန်အရာရှိတွေကတော့ ဒီဗွီဒီယိုဟာ အစစ်လား၊ လုပ်ကြံထားတာလားဆိုတာ စိစစ်နေဆဲဖြစ် တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် အမျိုးသားလုံခြုံရေး ကောင်စီ ပြောခွင့်ရ Caitlin Hayden က ပြောတာကတော့ အခု အမေရိကန် သတင်း ထောက် ဂျိမ်းဖိုလေကို ခေါင်းဖြတ်သတ်တာ ထောက်လှမ်းရေးသတင်း အချက် အလက် များအရ တကယ်ဖြစ်နိုင်ပုံရကြောင်း နဲ့ သတင်းအချက်အလက် ရသမျှ ဆက်လက်ထုတ်ပြန် သွားမယ်လို့ ပြောရင်း မိသားစုနဲ့အတူ ထပ်တူကြေကွဲရကြောင်း လည်း ဆိုသွားပါတယ်။

 သေဆုံးသူ ဂျိမ်းဖိုလေရဲ့ မိခင် Diane ကတော့ သူ့ လူမှုကွန်ရက်စာမျက်နှာမှာ သားဖြစ်သူအတွက် ပူဆွေးမှုနဲ့ ဆုတောင်း စာကို ရေးသားထားပါတယ်။

သားဖြစ်သူ ဟာ ဆီးရီးယားပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကို သူ့အသက်ရင်းပြီး ကမ္ဘာကြီးကို သိအောင်
ပြသ သွားတာလို့ လည်း Diane က ဆိုပါတယ်။

အခုတလော နာမည်ကြီးနေတဲ့ IS အဖွဲ့ဆိုတာ အရင်က ISIS အဖြစ်နာမည်ခံယူခဲ့ပြီး ဆီးရီးယား၊ အီရတ်
နိုင်ငံတွေက နယ် မြေတော်တော်များများကို သိမ်းယူကြီးစိုးကာ အစ္စလမ်မစ်နိုင်ငံထူထောင်ရေး လှုပ်ရှား
နေကြတဲ့ စစ်သွေးကြွ အဖွဲ့ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကာဒ် နယ်တဝိုက်က ယာဇီဒီ ဒေသခံတွေ၊ ခရစ်ယာန်တွေကို အစုလိုက် အပြုံလိုက် သတ် ဖြတ်တဲ့ ကိစ္စတွေကိုလည်း ကျူးလွန်နေတဲ့ အဖွဲ့လို့ ယုံကြည်ရပါတယ်။

ဒီလိုကိစ္စတွေကြောင့် အမေရိကန်က အီရတ်က IS စစ်သွေးကြွတွေရဲ့ အဓိက စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက် တိုက်လုပ်လာပြီး ဒေသခံ ထွက်ပြေးသူတွေအတွက် စားရေ ရိက္ခာချပေးတာနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေတာဖြစ်ပါတယ်။



အိမ့်သံစဉ်
ဧရာဝတီ

Thursday, August 07, 2014

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ကျီစု စက်မှုဇုန်သစ် တည်ဆောက်မည်

Posted by drmyochit Thursday, August 07, 2014, under | No comments


ရန်ကုန် ၊ ၇-၈-၂၀၁၄

 မကြာမီ အချိန်အတွင်း အလုပ်သမား ပေါင်းများစွာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်မည့် စံချိန်စံညျွန်း နှင့် ပြည့်မီသော လျှပ်စစ် သုံးစွဲမှု နည်းပါးသည့် ကျီစု စက်မှုဇုန်သစ် ကြီးတစ်ခုကို ရန်ကုန်တိုင်း ဒေသကြီး အတွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ၌ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး ယင်းတို့မှာ အရှေ့ပိုင်း ခရိုင်၌ ၁၀ ဇုန် ၊ တောင်ပိုင်း ခရိုင်၌ တစ်ဇုန် ၊ မြောက်ပိုင်း ခရိုင်၌ ၁၈ ဇုန်တို့ ဖြစ်သည်။ ယင်း စက်မှုဇုန် များအနက် အရှေ့ပိုင်း ခရိုင်ရှိ စက်မှုဇုန် ၁၀ ဇုန်တွင် စက်ရုံ ၊ အလုပ်ရုံပေါင်း ၃၆၀၅ ရုံရှိပြီး အလုပ်သမား ပေါင်း ၇၀၈၀၄ ဦးတို့ လုပ်ငန်းခွင် အတွင်း လုပ်ကိုင်လျက် ရှိသည်။ အလားတူ မြောက်ပိုင်း ခရိုင်ရှိ စက်မှုဇုန် ၁၈ ဇုန်တွင် စက်ရုံ ၊ အလုပ်ရုံပေါင်း ၁၅၁၇ ရုံရှိပြီး အလုပ်သမား ပေါင်း ၁၅၃၈၀၀ ရှိကြောင်း သိရသည်။

အဆိုပါ ကျီစု စက်မှုဇုန် ကို ရန်ကန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ တည်ဆောက် သွားမည် ဖြစ်ပြီး ယင်း စက်မှုဇုန် သည် ယခင် တည်ရှိပြီး စက်မှုဇုန် များ၏ အားနည်းချက် များကို ပြုပြင်ကာ သတ်မှတ် စံချိန် စံညျွန်း များနှင့် ကိုက်ညီစေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

စက်မှုဇုန် လုပ်ငန်းများသည် ၁၉၉၁ ခုနှစ် ၀န်းကျင်တွင် ပေါ်ထွန်း လာပြီး ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် စက်မှု လုပ်ငန်းသည် တိုင်းဒေသကြီး ၏ GDP တွင် ၃၆ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရှိရသည်။

ဝန်းရံခ
Themyawadydaily

တစ်ခေတ်ဆန်း အလှမယ်နဲ့ သရဖူအရှုပ်တော်ပုံ

Posted by drmyochit Thursday, August 07, 2014, under | No comments


၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှစကာ ကင်းကွာခဲ့သော နိုင်ငံတကာ မယ်ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံက ပြန်လည်ထိတွေ့ခွင့်ရခဲ့ သည်က မကြာလှသေး။

နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်စသော အမည် နာမများသည် နိုင်ငံအတွက် ဂုဏ်ယူစရာ ဆုတံဆိပ်နှင့်အတူ  မြန်မာပြည်သူတို့ကြားတွင် ပြောစရာ အကြောင်း တရားတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သိပ်မကြာလိုက်သော အချိန်တွင်ပြောစရာအကြောင်းအရာက ပြောင်းသွားသည်။

ယနေ့ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်များနှင့် ပတ်သက်ပြီး အများပြည်သူကြား ပြောစရာဖြစ်နေသည်က သရဖူ ရုပ်သိမ်းခံရသည့်ကိစ္စ ဖြစ်နေ သည်။ နိုင်ငံတကာတွင် ကိုယ်စားလှယ်အဖွဲ့ အစည်း၏ စည်းမျဉ်းများကို လိုက်နာမှုမရှိသော အလှမယ်များ ကိုသရဖူရုပ်သိမ်းခြင်းများ ရှိတတ်သည်။ သို့သော် သတ်မှတ် စည်းမျည်းများက ရှင်းလင်းပြတ်သားသည်။

သို့သော် မြန်မာနိုင်ငံတွင်တော့မယ်များကို သရဖူ ရုပ် သိမ်းခြင်း၊ သရဖူလွှဲခွင့်ပိတ်ပင်ခြင်းစသော ကိစ္စများသည် မည် သည့်အချက်များအပေါ်တွင် မူတည်သည်ကို ရှင်း ရှင်းလင်း လင်း မသိရသေးသည့် အခြေအနေတွင် ဖြစ်နေသေးသည်။

Miss Supranational Myanmar    ၂ဝ၁၃ အလှမယ် ခင်ဝင့်ဝါနှင့်Miss Grand International Myanmar ၂ဝ၁၃ အလှမယ်ထားထက်ထက်တို့ကို သရဖူလွှဲပေးခွင့် ပိတ်လိုက် ကြောင်း ၄င်းတို့၏ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သောMiss Golden Land Myanmar Organization က ပြီးခဲ့သည့်လ အတွင်းကထုတ်ပြန်ကြေညာ ရာတွင်တိကျရေရာသောအကြောင်း ပြချက်မပါရှိသည်ကို တွေ့ရသည်။

”ကျွန်တော်တို့ထားထက်ထက်နဲ့ ခင်ဝင့်ဝါကို သရဖူသိမ်း တာ မဟုတ်ဘူး။ လွှဲပေးခွင့် မပေးတာပါ။ စည်းမျဉ်းစည်း ကမ်းကို ချိုးဖောက်သလို ဖြစ်သွားတဲ့အတွက် နောက် လူတွေ ဒီလိုမဖြစ်အောင် အပြစ်ပေးတဲ့သဘောပါ” ဟူ၍သာ Miss Golden Land Myanmar Organization မှ ဦးဝေယံ အောင်ကပြောခဲ့ပြီး မည်သည့်စည်းမျဉ်းကို ချိုးဖောက်ခဲ့သည် ဆိုသည့်အချက်ကိုမူ ရှင်းရှင်းလင်းလင်းမပြောခဲ့ပေ။

”ဘာပြစ်ချက်ကြောင့် လွှဲခွင့်မပေးတာလဲဆိုတာ မသိပါ ဘူး။ ညီမတို့ဘက်က ပျက်ကွက်တာမျိုးမရှိသလို အကျိုးအမြတ် ခံစားခွင့် ၃ဝ ရာခိုင်နှုန်းကိစ္စကိုလည်း အမြဲတမ်းေ ပးနေတာပဲ လေ”ဟု ခင်ဝင့်ဝါက ပြောသည်။

ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့သည်Miss Golden Land Myanmar Organization နှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ကိုချုပ်ဆိုပြီး ပရဟိတလုပ်ငန်းများကို ပူးတွဲ လုပ်ဆောင် နေသူများလည်း ဖြစ်သည်။ သို့ရာတွင် အဖွဲ့အစည်းကိုယ်တိုင် က ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒါလုပ်မယ်ဆို ပြီး ညီမတို့ကိုမခေါ်ဘူး။ဘာလုပ်မယ် ဆိုတာလည်း မပြောဘူး။ တစ်နှစ်သက်တမ်းအတွင်း နှစ်ကြိမ်မျှသာ ပါဝင်ပူးပေါင်းခွင့်ရခဲ့ သည်ဟု ခင်ဝင့်ဝါက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့သည့်Miss Grand International Myanmar ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့်ထားထက်ထက်က ”ဘာကြောင့် လွှဲပေးခွင့် မပေးတာလဲ မသိဘူး။ ညီမတို့ဘက်က စာချုပ်ပါအတိုင်းပဲ သွားခဲ့တာပါ။ဒီလိုတစ်နှစ်ပြည့်ဖို့အလိုလေးမှာ ဒီလို ကြေညာ ခံရတော့ အရမ်းစိတ်မကောင်းဖြစ် မိတယ်”ဟု ပြောသည်။

ထို့အတူ Miss Globe Myanmar  ၂ဝ၁၄  အလှမယ် ဂျူးစံသာကိုလည်း သူမ၏ National Director  ဖြစ်သူ မလှနု ထွန်းကMiss Globe Myanmar  အဖြစ်မှ ရပ်စဲ လိုက်ပြီ ဖြစ်ကြောင်းကို  ဇူလိုင်လ ၂၄ ရက်နေ့ညက ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။

အဆိုပါ ကြေညာချက်တွင်ဂျူးစံသာ၏ ကိုယ်စားလှယ် ဖြစ်သူ မလှနုထွန်းက အကြောင်းတရားသုံးခုကို ဖော်ပြခဲ့သော် လည်း အဓိကအချက်မှာ သုံးနှစ်သက်တမ်းရှိ စာချုပ်ကြောင့် ဖြစ်မည်ဟု ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။

”အမှန်ဆို နိုင်ငံတကာစည်းမျဉ်းအရMiss တစ်ဦးကို တစ်နှစ်ပဲ စာချုပ်ချုပ်ရမယ်။ တစ်နှစ်ထက်ကျော်ပြီး ချုပ်ရင် ဒီ Miss ကို မွေးထုတ်ပြီးအမြတ်ထုတ်တယ်လို့ မြင်တယ်” ဟု ဦးဝေယံအောင်က ပြောသည်။

သရဖူလွှဲပေးသည့်ကိစ္စ၊ သရဖူပြန်သိမ်းသည့်ကိစ္စက အလှ မယ်တစ်ဦး ထမ်းဆောင်ရမည့်တာဝန်နှင့် ဝတ္တရား ပျက်ကွက် ခြင်းလား၊ နိုင်ငံတကာ ကျင့်ထုံးနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပေ လော။

မော်ဒယ်အေးဂျင့် ကိုနှစ် ၂ဝကြာ ထူထောင်ထားသည့် မတင်မိုးလွင်က ”အခု မြန်မာမှာ ဖြစ်တဲ့ ပြဿနာက နှစ်ဦး နှစ်ဖက် နားလည်မှုအားနည်းလို့ ပဋိပက္ခတွေ ပေါ်လာတာ ပါ။ နှစ်ဦးနှစ်ဖက် ကိုယ့်လိုအပ်ချက်ကို ပြန်ရှာဖို့ အရေးကြီးတယ်” ဟု ပြောသည်။

”နှစ်ဦးနှစ်ဖက်က ညှိလို့မရတော့တဲ့ ကိစ္စဆိုရင် ပြီးခဲ့တာ တွေ မပြောကြတော့ဘဲ နောက်ထပ်အကောင်းဆုံးကိုပဲ ရွေး ချယ်ကြပါ”ဟု တင်မိုးလွင်က ပြောသည်။

မြန်မာနိုင်ငံ၏ သရဖူသိမ်းသည့် ကိစ္စ၊ လွှဲပေးခွင့် မပေး သည့်ကိစ္စမှာ Miss နှင့် Organization ကြားက ပရဟိတစိတ်၊ အတ္တဟိတစိတ်နားလည်မှုတစ်စုံတစ်ရာ လွဲခြင်း လည်းဖြစ်နိုင် သည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး Star and Talent  မော်ဒယ် အေဂျင်စီတည်ထောင်သူ ဂျွန်လွင်က ”မသွားခင်ကတည်းက စာချုပ်ကိုသေသေချာချာချုပ် သင့်တယ်။   အောင်မြင်ပြီး ပြန် လည်းပြန်လာရော စာချုပ်မချုပ်ချင်ကြတော့ဘူး။ အဓိကက ကော်မရှင်မပေးချင်ကြတာပါ” ဟု ပြောသည်။

”အော်ဂနိုင်ဇေးရှင်းဘက်ကလည်း အဲ့ဒီ Miss  တွေ ဆီကရတဲ့ ကော်မရှင်ကိုပရဟိတဒါတွေ လုပ်ပါတယ်ဆိုပြီး ကြေညာခဲ့တာရောရှိလား” ဟု မေးခွန်းထုတ်ခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ နိုင်ငံတကာသို့ စေလွှတ်ရန် ရွေး ချယ်ထားသည့် အလှမယ်တစ်ဦးကို တာဝန်မှရပ်စဲပြီး သွား ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပစ်သည့်ပထမ ဆုံးဖြစ်ရပ် သည်  မြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့ပါပြီ။

”မြန်မာနိုင်ငံကMiss  ပြိုင်ပွဲနဲ့ အလှမ်းဝေးသွားတာ နှစ်ပေါင်း ၅ဝ ကျော်ရှိပြီး အခုကျမှ တစ်နှစ် နှစ်နှစ်အတွင်း ပြန်ခေတ်စားလာတဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေ နား လည်မှုပိုင်းမှာ လိုတာဖြစ်မှာပါ” ဟု ဦးဝေယံအောင်က ပြော သည်။

တစ်ခေတ်ဆန်းမြန်မာ့အလှမယ် လောက၏ ပိုင်အိုးနီး ယားဟုဆိုရမည့် အလှမယ်နန်းခင်ဇေယျာက နိုင်ငံတကာ ဆုတံဆိပ်ရ အလှမယ်များအနေနှင့် ပရဟိတအလုပ် များကို အများထက်အာရုံစိုက်ကာ လုပ်ဆောင်သင့်ကြောင်း တိုက် တွန်းသည်။

နှစ် ၅ဝ ကြာမှ ပြန်လည်စေလွှတ်ယှဉ်ပြိုင်ခွင့်ရသည့် နိုင်ငံအလှမယ်ပြိုင်ပွဲကို ရှေ့ဆက်မှာလည်း ပြဿနာပဋိပက္ခ တစ်စုံတစ်ရာမရှိဘဲ နှစ်ဦးနှစ်ဖက်ပြေလည်သည့် သဘော တရားများကို ဆောင်ရွက်နိုင်စေရန်အတွက်  ယခုပဋိပက္ခက စံပြဖြစ်မည်လော။

”တစ်ခဏတာကိုပဲကြည့်ပြီး စာချုပ်ချုပ်မယ်။ ပြန်လာ တော့ မမျှော်လင့်တဲ့ ဆွဲဆောင်မှုတွေကမ်းလှမ်းလာရင် ခံနိုင်ဖို့ ဆိုတာ ခဲယဉ်းတယ်။ ပါးစပ်နဲ့မပြောကြဘဲ စာချုပ် စာတမ်းနဲ့ ဖြစ်သင့်တယ်။ မဟုတ်ရင် မဖြစ်သင့်တာ ဖြစ်လာနိုင်တယ်”ဟု မော်ဒယ်မိခင်ကြီးတင်မိုးလွင်က ပြောသည်။

အမြင်ဆန်းနေသေးသော်လည်း နားလည်လက်ခံထားရ မည်က နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသည် လူမှုရေးရော သော စီးပွားရေးပုံစံတစ်မျိုးသာ ဖြစ်သည် ကိုပင်   ဖြစ်သည်။ အောင်မြင်မှုအတွက် လှေကားထစ်များသာ ဖြစ်သည်။ ထို့ ကြောင့်စီးပွားရေးဆိုသည့်အတိုင်း စနစ်တကျ ဖြစ်စေသင့် သည်ဟုဆိုသူများလည်း ရှိသည်။

”စာချုပ်စာတမ်းနဲ့ဆို ပိုပြီးသင့်တော်တယ်။ နှစ်ဖက်စလုံး အတွက် ပိုအဆင်ပြေပါလိမ့်မယ်”ဟု တင်မိုးလွင်က ဆိုသည်။

Popular jopurnal

Android OS သုံး စမတ်ဖုန်းကိုပေါ့ပါးစေရန် (၁၁)ချက်

Posted by drmyochit Thursday, August 07, 2014, under | No comments



ယခုဆိုလျှင်စမတ်ဖုန်းတွေဟာပေါများလှသလို အမျိုးအစား ဈေးနှူန်း အနိမ့်အမြင့် မျိုးစုံရှိလှပါတယ်။ ဒီလိုပေါများတာကလည်း Open Source OS

၁ခုဖြစ်တဲ့ Android OS ကြောင့်ဆိုလဲ မမှားပါဘူး ။ Android OS မှာတင် အရွယ်အစားမျိုးစုံ ဒီဇိုင်းမျိုးစုံ တံဆိပ်မျိုးစုံ တန်ဖိုးနည်း/ များ

ရှိကြပါတယ် ။ ဒီထဲ ကမှ တန်ဖိုးကြီးစမတ်ဖုန်းကိုင်ဆောင်သူတွေဟာ ဖုန်းရဲ့ ပေါ့ပါးမှု ဖုန်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုတို့ကို အသုံးပြုချင်လို့

ကိုင်ဆောင်ကြတာများပါတယ် ။ ဒါပေမယ့် စမတ်ဖုန်းကို ပေါ့ပါးအောင် မပြုလုပ်နိုင်တဲ့ အတွက် ဈေးကြီးပေးပြီး စိတ်မချမ်းမသာဖြစ်ကြရပါတယ်။

ဒီလို မဖြစ်ရအောင် Android OS သုံး စမတ်ဖုန်းတွေကို ပေါ့ပါးအောင် ပြုလုပ်နိုင်မယ့် အချက် (၁၁) ချက်ကို တင်ပြပေးလိုက်ရပါတယ်။

၁ ။ သင့်ဖုန်းဟာ Up to date ဖြစ်ပြီလား

Android OS သုံး စမတ်ဖုန်းတွေမှာ System ပိုင်းဆိုင်ရာ Update တွေ minor update တွေပေးတတ်ကြပါတယ် ။ အဆိုပါ Updateတွေမှာ
Error များကို Bug fixes ပါဝင်တတ်ပြီးစမတ်ဖုန်းကို ပိုမို မြန်စေနိုင်ပါတယ်။ အဆို ပါ minor နဲ့ System Update များကို internet မှ တိုက်ရိုက်
မြှင့်တင်နိုင်ပြီး မိမိရဲ့ ဖုန်းမှာ Update တွေရှိမရှိဆိုတာကို Settings > About device > Software update မှာ ကြည့်ရှူနိုင်ပါတယ်။
ထို့ အတူ ဖုန်းမှာ ပါဝင်လာတဲ့ Default Application တွေကို လည်း Update မြင့်ပေးသင့်ပါတယ်။

၂ ။ Home screen ကို ရှင်းလင်းအောင်ထားခြင်း

သင့်ရဲ့ စမတ်ဖုန်းကိုပေါ့ပါးစေဖို့ လှပတဲ့ Live Wallpaper တွေအသုံပြုမယ့် အစား ပိုမိုသင့်တော်ကောင်းမွန်တဲ့ Original Wallpaper တွေကို
အသုံးပြုသင့်ပါတယ်။ ထို့အပြင် Screen ပေါ်မှာ မိမိအတွက် အသုံးမလိုတဲ့ icon တွေနဲ့ widgets တွေထားဖြင်းမှရှောင်ရှားသင့်ပါတယ်။
ထိုသို့ပြုလုပ်ခြင်းဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ပြီး Performance ကိုလည်း ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

၃ ။ အသုံးမလိုတဲ့ Application တွေကို Uninstall သို့မဟုတ် Disable ပြုလုပ်ပါ

တချို့သော App တွေဟာ မိမိအတွက် အသုံး မ၀င်သလို မိမိရဲ့စက်ကိုလဲ လေးလံစေပါတယ် ။ အဆို ပါ အချက်တွေကလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်
ကိုကျဆင်းစေနိုင်ပါတယ်။ Uninstall သို့မဟုတ် Disable လုပ်ဖို့ Setting > App ကိုသွားပါ ပြီး ရင် All ဆိုတဲ့ Tab မှာမိမိအတွက် အသုံးမ၀င်သော
Application များကို Uninstall ပြုလုပ်ပေးပါ ထို့အပြင် မသုံးသော default app များကို Disable ပြုလုပ်ပေးပါ ။ ထို့နောက် Setting > App
ထဲမှ Running App ထဲတွင် မိမိကမသုံးပေမယ့် နောက်ကွယ်မှာ အလုပ်လုပ်နေသော App များကို ပိတ်ပေးပါ အဆိုပါ အချက်များကြောင့်လည်း
စမတ်ဖုန်းဟာ ပိုမိုလေးလံနိုင်ပါတယ်။

၎ ။ Animations အသုံးပြုမှူကို ပိတ်ထားပါ

သင်ရဲ့စမတ်ဖုန်းကို ပုံမှန်အတိုင်း အသုံးပြုနေရင်တော့ မသိသာပါဘူး တကယ်တမ်းလေ့လာမယ်ဆိုရင်တော့ Page လေးတွေရွေ့သွားတာက ရိုးရိုး
မဟုတ်ပါဘူး လှုပ်ရှားမှုတိုင်းမှာ Animation လေးတွေပါရှိပါတယ်။ အဆိုပါ Animation ကြောင့်လည်း ဖုန်းဟာ ပိုမို လေးလံတတ်ပါတယ်။
Animation တွေကို ပိတ်ချင်ရင်တော့ ဖုန်းမှာ Developer options ဖွင့်ထားမှရမှာပါ ။ Developer options ထဲမှာအောက်ဆုံးကိုသွားလိုက်ပါ
Window animation scale , Transition animation scale ,နဲ့ Animator duration scale တို့ကို အနည်းဆုံးဖြစ်တဲ့ 5x ပမာဏ သို့မဟုတ်
ပိတ်ထားပေးပါ ။ ဒီအချက်တွေဟာ လည်း ဖုန်းကိုလေးလံစေသော အချက်များထဲကတစ်ခု့ဖြစ်ပါတယ်။

၅ ။ Application တွေရဲ့ Data တွေပါတဲ့ cached တွေကိုရှင်းပေးပါ

ဖုန်းတွေမှာ တချို့ app တွေဟာ လိုအပ်တဲ့ data ဖိုင်တွေကို ဖုန်းရဲ့ Storage ထဲမှာ ထားရှိတတ်ပါတယ် ။ ဥပမာ Offline ဖတ်ရှုနိုင်တဲ့ သတင်း
ကဲ့သို့သော Application တွေဟာ လိုအပ်တဲ့ offline ဖတ်ရှုနိုင်တဲ့ Data တွေကို ဖုန်းထဲမှာထားတတ်ကြပါတယ်။ အဆိုပါ App တစ်ခုချင်းဆီမှာ
လည်း Data cached တွေကိုရှင်းနိုင်သလို Setting > Storage ထဲမှာ လည်း Cached ဖိုင်တွေကို ရှင်းလို့ရပါတယ်။

၆ ။ Wipe cache partition ပြုလုပ်ခြင်း

Wipe cache ဆိုတာဖုန်းထဲမှာ သိုလှောင်ထားတဲ့App တွေရဲ့ ယာယီ Data တွေကို ဖျက်ပစ်တာပါ ဒီလိုဖျက်ရာမှာ internal storage ထဲမှာ
ဝင်ရောက်ဖျက်နိုင်သလို မမြင်နိုင်တဲ့ ဖိုင်တွေကိုတော့ ဖုန်းရဲ့ Partition တစ်ခုဖြစ်တဲ့ Recovery မှ ၀င်ရောက်ဖျက်ပေးရမှာ့ဖြစ်ပါတယ်။
မိမိဖုန်းနဲ့သက်ဆိုင်တဲ့ Recovery သို့ဝင်ရောက် နည်းတွေကို Google မှာရှာဖွေနိုင်ပါတယ်။

၇ ။ အခြား ပေါ့ပါးစေမယ့် Third party Launcher ကို အသုံးပြုပေးပါ

စမတ်ဖုန်းတိုင်းမှာ Google မှထုတ်လုပ်တဲ့ Nexus Devices တွေကလွဲလို့ Android OS ပေါ်ကို အခြေခံထားတဲ့ Launcher တွေကို အသုံးပြုကြပါတယ်
အဆို ပါ Launcher တိုင်းဟာ ဖုန်းပေါ်မှာ အခြေပြု လုပ်ဆောင်နေတာဖြစ်လို့ CPU တွေစွမ်းအင်ကို အသုံးပြုလည်ပတ်နေတာဖြစ်ပါတယ်။
အခြား Developer တွေရေးသားထားတဲ့ Third party Launcher တွေဖြစ်တဲ့ Go launcher , Next Launcherတို့ကို
အသုံးပြုခြင်းဖြင့် CPU ရဲ့ စွမ်းဆောင်ရည်တွေကို လျော့ချနိုင်သလို ဖုန်းကိုလည်း ပိုမို သွက်လက်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၈ ။ Factory Reset ချခြင်း

ဒီစကားကိုတော့ တော်တော်များများ ကြားဖူးမှာပါ မိမိရဲ့ ဖုန်း တော်တော်ကိုလေးလံလာပြီဆိုရင် လုပ်တတ်ကြပါတယ် ။
ထိုသို့ ပြုလုပ်ခြင်းဟာလည်း ဖုန်းကို စက်ရုံမှထုတ်သကဲ့ သို့ ပြုလုပ်ပေးတာဖြစ်တာကြောင့် ဖုန်းကိုပိုမို ပေါ့ပါးစေပါတယ်။ ဒါပေမယ့်
Factory reset ပြုလုပ်မယ်ဆိုရင်တော့ Data တွေကို back up ပြုလုပ်သင့်ပါတယ် ။ Factory reset ချချင်တယ်ဆိုရင်တော့
Setting > Backup & reset > Factory reset ဆိုသော ခလုတ်ကိုနှိပ်ပြီးပြုလုပ်ရမှာပါ။

၉ ။ ဖုန်းကို Over Clock ပြုလုပ်ခြင်း

Over Clock ပြုလုပ်ခြင်းဟာလည်း ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုမြင့်တင်တာဖြစ်ပြီး Processor တွေကို အမြန်နှုန်းမြှင့်လိုက်ခြင်းဖြစ်ပါတယ်
ထိုသို့ ပြုလုပ်ခြင်းဖြင့် ဖုန်းဟာ ပိုမို မြန်ဆန်လာမှာဖြစ်ပါတယ် ။ ဒါပေမယ့် Over Clock ပြုလုပ် ခြင်းဟာ System ပိုင်းဆိုင်ရာကိုပြုပြင်
တာဖြစ်တာကြောင့် Root Access လိုအပ်မှာဖြစ်သလို အခန့်မသင့်ရင် ဖုန်းကိုပျက်ဆီးစေနိုင်တာကြောင့် သတိထားပြီးပြုလုပ်စေချင်ပါတယ်။

၁၀ ။ Auto – Sync ကို ပိတ်ထားခြင်း

Android Device အသုံးပြုသူများဟာ ဖုန်း နဲ့ Cloud Service တွေကို ချိတ်ဆက်အသုံးပြုကြတာကြောင့် Data တွေကို ဖလှယ်တဲ့ စနစ်ဖြစ်တဲ့
sync ကို အသုံးပြုကြပါတယ် ဒါပေမယ့် အဆိုပါ အလိုအလျောက် ဖလှယ်တဲ့ စနစ့်ဖြစ်တဲ့ Auto – sync ဟာ နောက်မှာ Run နေတတ်ပါတယ်။
ဒီစနစ်ဟာ စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ Battery ကို အသုံးပြုမှု များတာကြောင့် အားကုန်ခြင်း စက်လေးခြင်းတွေဖြစ်တတ်ပါတယ်။
ဒါကြောင့် မိမိအသုံးပြုလိုသော Data ကို Sync ပြုလုပ်ပြီးလျှင် Auto – sync စနစ်ကိုပိတ်ပေးသင့်ပါတယ်။

၁၁ ။ Custom Rom တင်ခြင်း

ဖုန်းတွေမှာ original ပါဝင်လာတဲ့ Feature တွေဟာနည်းပါးပါတယ် ဥပမာ – Huawei လို ဖုန်းတွေမှာ ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ
နည်းပါးလှပါတယ် ။ ဒါ့ကြောင့် Developer တွေဟာ ဖုန်းတွေနဲ့ ကိုက်မယ့် Rom အမျိုးအစားတွေကို ပြုလုပ် ဖန်တီးကြပါတယ်။
အသစ်ပြုလုပ်ဖန်တီးထားတဲ့ Rom တွေကိုတော့ Custom Roms ဟုခေါ်ပြီးတော့ အဆိုပါ Roms တွေမှာ သာမန် stock rom တွေမှာ မပါရှိတဲ့
Feature တွေ Tweak တွေကိုထည့်သွင်းပေးရုံသာမက ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုပိုမို မြင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် Error နည်းတဲ့
Roms ကိုရွေးချယ်တင်မှသာ အဆင်ပြေနိုင်မြှာ့ဖစ်ပါတယ်

refer : http://www.androidauthority.com/11-tricks-make-android-run-faster-414542/

 ပေါ့ပါးသောဖုန်းကိုပိုင်ဆိုင်နိုင်ကြပါစေ
myanmarmobileapp

Tuesday, August 05, 2014

လှည်းကူးမြို့နယ် ရေကြီးမှု နှစ်ပတ်ကြာသည်အထိ လူမှုရေးအဖွဲ့များ၏ ထောက်ပံ့မှုကိုသာ မှီခိုနေရဆဲ

Posted by drmyochit Tuesday, August 05, 2014, under | No comments

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ရေဘေးဒုက္ခခံနေရသူများကို အလှူရှင်များက ဆန်များကူညီထောက်ပံ့နေသည်ကို ဩဂုတ်လ ၄ ရက်က တွေရစဉ်။ ဒေသခံများ ရေကြီးဒဏ်ခံနေရသည်မှာ နှစ်ပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း အစိုးရက အကူအညီမပေးသေးဘဲ အလှူရှင်များထံမှ အကူအညီများကိုသာ ငံ့လင့်နေရသည် ရေဘေးဒုက္ခသည်တို့က ဆိုသည်။ ဓာတ်ပုံ-ဘိုဘို
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ရေဘေးဒုက္ခခံနေရသူများကို အလှူရှင်များက ဆန်များကူညီထောက်ပံ့နေသည်ကို ဩဂုတ်လ ၄ ရက်က တွေရစဉ်။ ဒေသခံများ ရေကြီးဒဏ်ခံနေရသည်မှာ နှစ်ပတ်ခန့် ကြာမြင့်ပြီဖြစ်သော်လည်း အစိုးရက အကူအညီမပေးသေးဘဲ အလှူရှင်များထံမှ အကူအညီများကိုသာ ငံ့လင့်နေရသည် ရေဘေးဒုက္ခသည်တို့က ဆိုသည်။ ဓာတ်ပုံ-ဘိုဘို


ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ ဘာလားကျေးရွာနှင့်ငွေနံ့သာစံပြကျေးရွာတို့တွင် မိုးသည်းထန်စွာ ရွာသွန်း မှုများဖြစ်ပွားခဲ့ပြီးနောက် နှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လူမှုကူညီရေးအသင်းများ၏ အထောက်အ ပံ့ကိုသာ မှီခိုနေရဆဲဖြစ်ကြောင်း အဆိုပါကျေးရွာများမှ ရေဘေးဒုက္ခသည်များက ပြောသည်။

“အာဇာနည်နေ့ ကတည်းက မိုးတွေရွာတယ်။ အဲဒီနောက်ကတည်းက ရေတွေကြီးပြီး ပြန်မကျဘူး။ စားရေးသောက်ရေး အခက်အခဲဖြစ်နေကြလို့ ထောက်ကြံ့က လူမှုကူညီရေးအသင်းတွေ၊ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတနာရှင်တွေ စုပြီး ထမင်းထုတ်တွေ ဝေတယ်။ အစိုးရပိုင်းက ဘာမှ လာလုပ်ပေး တာ မရှိသေးဘူး။ စာသင်ကျောင်းတွေထဲလည်း ရေ၀င်တဲ့အတွက် ကျောင်းတွေ ပိတ်ထား ရတယ်”ဟု ငွေနံ့သာကျေးရွာမှ ဦးဝင်းနိုင်က ဆိုသည်။

လက်ရှိတွင် ငွေနံ့သာကျေးရွာမှ အိမ်ခြေများထဲမှ ၂၀၀ ကျော်နှင့် လူဦးရေ ၁,၅၀၀ ကျော်တို့မှာ ရေကြီးမှု ဒဏ်ကို ခံစားနေရကြောင်း ငွေနံ့သာကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်က ပြောသည်။

“အကူအညီက ဒီအချိန်အထိတော့ အလှူရှင်တွေ လာဝေတာနဲ့ လောက်ပါတယ်။ ရေကျသွားတဲ့အချိန်တော့ သောက်ရေပြဿနာ၊  ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံရနိုင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ဘားလားကျေးရွာမှ အိမ်ခြေ ၃၀ ကျော်နှင့် လူဦးရေ ၃၀၀ ကျော်အပါအ၀င် ဘားလားကျေးရွာသို့ သွား သည့် အမှတ်(၇)လမ်းမကြီးဘေးတစ်လျှောက်တွင် နေထိုင်သော နေအိမ်ပေါင်း ၃၀၀ ကျော်မှာလည်း ရေနစ်မြှုပ်မှုအခက်အခဲနှင့် ရင်ဆိုင်နေရသည်။ အဆိုပါကျေးရွာနှစ်ရွာတွင် လယ်ဧကပေါင်း ၅,၃၀၀ကျော် ရှိရာ ၎င်းတို့အနက်မှ ၁၀၀၀ ခန့်မှာ ရေနစ်မြုပ်လျက်ရှိသည်။

“ရေနက်ကွင်းဆိုတော့ မနှစ်ကလည်း ရေမြုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်က ပိုဆိုးတယ်။ မိုးကလည်း မရပ်မနား ရွာတယ်။ဆက်သွယ်ရေးလမ်းတွေပေါ်လည်း ရေတွေ ကျော်တယ်။ အစားအသောက် အတွက်တော့ လူမှု ကူညီရေး အသင်းတွေက ထမင်းထုပ်တွေ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လာပို့ပေးကြလို့ အဆင်ပြေပါ တယ်။ ထောက်ကြံ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်အိမ်ကို ဆန်နို့ဆီဘူးလေးလုံးကနေ တစ်ပြည် အထိလာဝေပါတယ်”ဟု ဘားလားကျေးရွာမှ ဦးမောင်တိုးက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ထောက်ကြံ့မြို့နယ်နှင့် လှည်းကူးမြို့နယ်အကြားရှိ အဝေးပြေး လမ်းမကြီးပေါ်တွင် ရေလျှံမှုများဖြစ် ပေါ်လျက်ရှိသည်မှာ ခုနစ်ရက်ခန့်ရှိနေပြီဖြစ်ပြီး အဝေးပြေးကားများ၊ ကုန်တင် ကားများ သွားလာရေး ခက်ခဲလျက်ရှိသည်။

“ဒီနေရာမှာ ရေလျှံတာက တော်တော်ဆိုးတယ်။ ပြီးခဲ့တဲ့ရက်က ကိုယ်ပိုင်ကားသမားတွေဆိုရင် ကားဝမ်းထဲ ကိုတောင် ရေတွေ ၀င်တယ်။ ရေလျှံတဲ့နေရာက တစ်မိုင်လောက်တော့ရှိတယ်။ ကားတွေ ခရီးကြန့်ကြာမှု ဖြစ်တာပေါ့” ဟု လှည်းကူးမြို့မှ ဦးသောင်းတင်က ဆိုသည်။

ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသော တိုင်းဒေသကြီးအလိုက်တွင် သက်ဆိုင်ရာမြို့နယ်အလိုက် ကယ်ဆယ် ရေး လုပ်ငန်းများကို လုပ်ကိုင်ရန် စာရင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိအခြေအနေများသည် တိုင်းဒေသ ကြီးအဆင့်ဖြင့် ပြေလည်မှုရရှိနေကြောင်း၊ အောက်ခြေအဆင့် မည်သည့် အကူအ ညီတောင်း ခံမှု မှ မရှိသေးကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထွေးကြည်က ပြောသည်။

Mizzima

ကတုံးမနှင့် အပေါင်းပါများ တတိယအကြိမ် ရုံးထုတ်

Posted by drmyochit Tuesday, August 05, 2014, under | No comments

ကတုံးမကို သြဂုတ် ၄ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - နန်းအောင်)

မန္တလေးပဋိပက္ခ ကြောင့် ၁၉၅၀ပြည့်နှစ်အရေးပေါ် စီမံမှုအက်ဥပဒေဖြင့်တရားစွဲဆိုခံ ထားရသော မဖြူဖြူမင်း(ခ)ကတုံး မ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်း ထွန်းတို့အား သြဂုတ် ၄ရက်တွင် တတိယအကြိမ်ရုံးထုတ်ပြီး ပထမ ဆုံးအကြိမ်တရားလိုပြသက်သေ နှစ်ဦးအား စတင်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။

‘‘မနက်ဖြန်ထပ်ရုံးချိန်းထား တယ်။ ပြီးရင် ဆက်စစ်မယ်။ ဒီ နေ့ကတော့ တရားလိုပြသက်သေ ပဲစစ်ရသေးတယ်။ မနက်ဖြန် တော့ ကျန်တဲ့သက်သေတွေဆက် စစ်မယ်’’ဟု ဟာဂျီထွန်းထွန်းအမှု အားလိုက်လံဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦး အောင်သူရှိန်ထွန်းကပြောသည်။
ပျဉ်းမနားမြို့နယ်တရားရုံး၌ ပထမအကြိမ်စတင်စစ်ဆေးရာ၌ ၁၁နာရီမှ ၁၂နာရီ ၄၅မိနစ်အထိ စစ်ဆေးခဲ့ပြီး တရားရုံးခြံတံခါး ပိတ်၍ လုံခြုံရေးတင်းကျပ်စွာဖြင့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လာရောက်သတင်းယူသော သတင်းထောက်များက တရားစီရင်ရေးကို ၀င်ရောက်နားထောင်ရန်ခွင့်ပြုချက် တောင်းခံခဲ့သော်လည်းဝင်ခွင့်မပြုခဲ့ပေ။

စစ်ဆေးပြီးစီးချိန် အချုပ် ကားပေါ်သို့တင်ရန် ခေါ်ဆောင် လာစဉ် ရဲထွဋ်က‘‘နိုင်ငံသားတစ် ယောက်ဖြစ်ပါရက်နဲ့ နိုင်ငံသားအ ခွင့်အရေးအပြည့်အ၀မရဘူး။ဖွဲ့ စည်းပုံအခြေခံဥပဒေမှာပါတဲ့ပုဒ် မ ၃၅၄အရလည်းအခွင့်အရေးမရ ဘူး’’ဟုအော်ပြောသွားခဲ့သည်။ ယင်းပြောဆိုမှုအပေါ် အနီးတွင် စောင့်ကြပ်သူရဲအရာရှိက ‘‘မင်းလုပ်လို့မင်းခံရတာ၊ အခုမှ ဘာမှအော်မနေနဲ့၊ ကားပေါ်တက်’’ ဟုပြောသည်။
၁၉၅၀ပြည့်အရေးပေါ်စီမံမှု အက်ဥပဒေ၅(ဃ)၊ (င)၊(ည)တို့ ဖြင့် ၎င်းတို့လေးဦးအား ဒုတိယအ ကြိမ်ရုံးထုတ်ချိန်တွင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၅ရက် တွင် ထပ်မံစစ်ဆေးရန်ချိန်းဆို လိုက်ကြောင်း ဦးအောင်သူရှိန် ထွန်းကပြောသည်။

တရားခွင်တွင် စစ်ဆေး သောအကြောင်းအရာအချက်အ လက်များကို ဥပဒေကြောင်းအရ ထုတ်ဖော်ပြေဆိုခွင့်မရှိကြောင်း၊ ယင်းအမှုစစ်ဆေးရာတွင် ပွင့် လင်းမြင်သာမှုရှိ၊ မရှိ၊ သတင်း ထောက်များက မေးမြန်းရာတွင် ယခုအချိန်တွင် မည့်သည်သုံးသပ် ချက်မှ မပေးလိုကြောင်းဦးအောင် သူရှိန်ထွန်းက ငြင်းဆိုသွားခဲ့သည်။

စွဲဆိုထားသော ပုဒ်မများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သောလှုံ့ဆော်မှုများကို ပြုလုပ်သူများအားစွဲသည့်ပုဒ်မဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကပြောသည်။ထို့အပြင် ပြစ်မှုထင်ရှားပါကထောင်ဒဏ်ခုနစ်နှစ်ကျခံနိုင်ပြီး အာမခံမရရှိနိုင်သော်လည်း ရှေ့နေငှားရမ်းခွင့်ရှိကြောင်းသိရသည်။

အဆိုပါတတိယရုံးချိန်းသို့ မန္တလေးမှ မိသားစုဝင်တချို့လာ ရောက်တွေ့ဆုံခဲ့ကြသော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ပေ။ ယင်းအမှု ကို စီအိုင်ဒီက တာဝန်ယူစစ်ဆေး နေခြင်းဖြစ်သည်။
ဇူလိုင် ၁ရက်က ဖြူဖြူမင်း အား ဘာသာခြားအမျိုးသားနှစ်ဦး က အဓမ္မပြုကျင့်ခဲ့သည်ဟု သ တင်းများထွက်ပေါ်လာသော ကြောင့်မန္တလေးမြို့တွင် ပဋိပက္ခ များဖြစ်ပွားရာမှ လူနှစ်ဦးသေဆုံး ပြီးရှစ်ဦးဒဏ်ရာရခဲ့သည်။ ထိုပဋိပက္ခနှင့်ဆက်စပ်သူ ၄၉ဦး ကို ဖမ်းဆီးအရေးယူထားသည်။

7Day Daily

လူမှုကူညီရေးအတွက် ၇နာရီကြာ အပစ်ရပ်ပြီးရင် စစ်ဆင်ရေး ပြန်လုပ်မယ်လို့ဆို

Posted by drmyochit Tuesday, August 05, 2014, under | No comments


ဂါဇာဒေသမှာတော့ ​လူမှု အကူ အညီ ပေးရေး ​အတွက် ​၇ ​နာရီကြာ ​အပစ်ရပ်ပြီးတဲ့ နောက်မှတော့ ​စစ်ဆင်ရေးတွေကို ​ဆက်လက် လုပ်ဆောင် သွားမယ်လို့ ​အစ္စရေး ​စစ်တပ်က ​ဆိုပါတယ်။

ရေရှည်လုံခြုံရေး ​ရရှိတဲ့ အထိ ​စစ်ဆင်ရေးတွေ ​ဆက်လုပ်သွား ​မယ်လို့ ​အစ္စရေး ၀န်ကြီးချုပ် ​ဘင်ဂျာမင် ​နာတန်ရာဟု ​က ​ပြောဆို ​လိုက်ပါတယ်။

အပစ်ရပ်တဲ့ ​အချိန်အတွင်း ​သွေးထွက် ​သံယိုမှုတွေ ​လျော့ကျ ​သွားပေမယ့် ​ဂါဇာမြောက်ပိုင်းက ​ဒုက္ခသည် ​စခန်းကို ​ဗုံးကျဲတိုက်ခိုက်ပြီး ​အပစ်ရပ်ရေးကို ​အစ္စရေးတွေ ​ဘက်က ​ချိုးဖောက်ခဲ့ ​တယ်လို့ ​ပါလစ္စတိုင်း ​ဘက်က ​ပြောပါတယ်။

စစ်သွေးကြွတွေရဲ့ ​ဒုံးကျည် ​သုံးပုံ ​တစ်ပုံကို ​အစ္စရေးတွေ ​ဘက်က ​ဖျက်ဆီး ​လိုက်နိုင်ကြောင်း၊ ​ကျန် ​သုံးပုံ ​တစ်ပုံ ​လောက်ကို ​အစ္စရေး ​နိုင်ငံဘက်ကို ​ဟားမတ်စ်တွေက ​ပစ်လွှတ်ခဲ့ပြီး ​ဒုံးကျည် ​ထောင်ဂဏန်း ​လောက် ​လက်ကျန် ​ရှိနေသေးတဲ့ ​အတွက် ​ရန်မူဖို့ ​အားခဲနေ ​သေးတာ ​ဖြစ်ပြီး ​ဟားမစ်တွေ ​အနေနဲ့ ​ဂါဇာကနေ ​ဒုံးကျည်တွေနဲ့ ​ပစ်ခတ်မှုကို ​ရပ်တန့် ​ရမယ်လို့ ​အစ္စရေး ​စစ်ရေးဆိုင်ရာ ​ပြောခွင့်ရသူ ​ဒုဗိုလ်မှူးကြီး ​ပီတာလာနာ ​က ​ပြောပါတယ်။

တချိန် ​တည်းမှာပဲ ​အစ္စရေးဟာ ​ဂါဇာမှာရှိတဲ့ ​ပါလစ္စတိုင်း ​အပြစ်မဲ့ ​ပြည်သူတွေ ​အပေါ် ​လူသတ်ပွဲ ​ဆင်နွှဲနေ ​တယ်လို့ ​ပြင်သစ်သမ္မတ ​ဖရန်ဆွာအောလွန်းက ​အစ္စရေးရဲ့ ​လုပ်ရပ်ကို ​ပြစ်တင် ​ဝေဖန်လိုက်ပါတယ်။

ဂါဇာတိုက်ပွဲနဲ့ ​ပတ်သက်ပြီး ​အရင်တုန်းက ​အစ္စရေးကို ​ထောက်ခံတဲ့ ​ပြင်သစ်နိုင်ငံဟာ ​အခုတော့ ​လေသံပြောင်းလာတာ ​ဖြစ်ပါတယ်။

ဂါဇာတိုက်ပွဲကြောင့် ​လူပေါင်းဘယ်လောက်လောက်ရဲ့ ​အသက်ကို ​စတေးရမှာလဲဆိုပြီး ​ပြင်သစ်ဝန်ကြီးချုပ် ​လောရန့်ဖာဘိရပ်စ် ​ရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​မေးခွန်းထုတ်ထားပါတယ်။

ဥရောပအနေနဲ့ ​ငြိမ်းချမ်းရေးအတွက် ​အသားပေးလုပ်ဆောင်ရမှာ ​ဖြစ်တယ်လို့ ​ဘယ်လ်ဂျီယံမှာ ​ပြုလုပ်ခဲ့တဲ့ ​ပထမ ​ကမ္ဘာ့စစ် ​နှစ် ​၁၀၀ ​ပြည့်အခမ်းအနားမှာ ​ပြင်သစ်သမ္မတက ​ပြောဆိုလိုက်သလို ​အစီအစဉ်အပြီး ​သတင်းထောက်ကို ​ပြောကြားရာမှာတော့ ​အပြစ်မဲ့တဲ့ ​ပြည်သူတွေကို ​သတ်ဖြတ်နေတာဟာ ​အစုလိုက်အပြုံလိုက် ​သတ်ဖြတ်မှု ​ဖြစ်တယ်လို့ ​အစ္စရေး ​စစ်ဆင်ရေးနဲ့ ​ပတ်သက်ပြီး ​ပြင်သစ်သမ္မတက ​ဝေဖန်လိုက်ပါတယ်။

ABC Radio Australia

ချစ်သူကို မတော်တဆဓားဖြင့် ထိုးသတ်မိခဲ့ပြီးမှ ဇာပနအခမ်းအနားတွင် ပြန်လည်လက်ထပ်ခွင့်တောင်းခဲ့

Posted by drmyochit Tuesday, August 05, 2014, under | No comments


တဒင်္ဂအတွင်းမှာဖြစ်ပေါ်လာတဲ့ ပြင်းပြင်းထန်ထန်စိတ်ခံစားမှု ဒေါသအိုးကြောင့်နောက် ဆက်တွဲ အကျိုးရ လာဒ်က ပတ်ဝန်းကျင်လှုမှုဘ၀တွေမှာ ဘယ်လိုမှအစားထိုး လို့ မရနိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေပါပဲ။

ကျွန်တော်တို့ သာမန်လူတွေမှာတော့ နေစဉ် နဲ့အမျှစိတ်ရှုပ်ထွေးမှုတွေ၊ လှုမှုဆက်ဆံရေးလုပ်ငန်းတွေမှာ အဆင် မပြေတဲ့ အခါမျိုး တွေဖြစ်လာလေ့ရှိတတ်ကြပါတယ်။ အဆိုးဆုံးဖြစ်ကတော့ ဒေါသကို မထိန်း လိုက်နိုင် ခဲ့လို့ မတော်တဆဖြစ်သွားခဲ့တဲ့အရာတွေပါပဲ။

တောင်အာဖရိက သမီးရည်းစားတို့နှစ်ဦးတစ်ဦးနဲ့ တစ်ဦးစိတ်အခန့်မသင့် စကားများ ကြရာမှ ကောင်လေးဖြစ်တဲ့ ကွာဇူလူနက်တယ်လ်က ကောင်မလေး လောင်းဝေးလ် နဲ့ ကောင်မလေးမိ ခင်ဖြစ်သူ တို့ကို ဓားဖြင့်အချက်ပေါင်းများစွာထိုးခဲ့ရာမှ ချစ်သူကောင်မလေးက နေရာမှာပင်သေဆုံးသွားခဲ့ပါတယ်။

ယင်းနောက် ဇာပနအခမ်းအနားမှာ သူရဲ့ချစ်သူကောင်မလေးနဲ့ ပြန်လည်လက်ထက် ခွင့်တောင်းခံခဲ့ကာ သူရဲ့စိတ်ဒေါပြင်းထန်ပေါက်ကွဲမှုကြောင့် ဒီလိုဖြစ်သွားခဲ့ပေမဲ့လည်း သူ့ကောင်မလေးကိုတော့ တကယ်မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့တာဖြစ်တဲ့ အတွက်လက် ထပ်လိုကြောင်းဆိုပြီး သူ့ရဲ့ပြစ်မှုကိုဝန်ခံခဲ့ပါတယ်။

ချစ်သူကောင်မလေးရဲ့ ဇာပနအခမ်းအနားမှာ ကွာဇူလူက သူရဲ့ကောင်မလေးအုတ်ဂူ ရှေ့မှာ သူ့ရဲ့ဒေါသ လက်လွတ်ဖြစ်မှုကြောင့် ဘယ်လိုမှ အစားထိုးလို့မရနိုင်တဲ့ဆုံးရှုံး မှုကြီးကြောင့် ငိုယိုတောင်းပန်နေကာ လက်ထပ်ခွင့် လည်းတောင်းနေပါတယ်။ သူ့ရဲ့ အပြစ်တွေကို ပြန်လည်ပေးဆပ်ဖို့တောင် အခွင့်အရေးမ ရှိတော့ပါဘူး။ ကိုယ်ချစ်တဲ့ သူကို ကိုယ့်လက် နဲ့ပဲ အသက်ဆုံးရှုံးသွားအောင် လုပ်လိုက်တဲ့တာက တခြားပြစ် မှုတွေ ထက်တောင် ကြေကွဲဖွယ်ကောင်းပါတယ်။

သူတို့သမီးရည်းစားသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကိုတောင် ဖြတ်ကျော်ခဲ့ပြီးဖြစ်ပါတယ်။
မြို့တော် အီဗ်ကူဗူကီနီရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ကောင်မလေး ဇာပနအခမ်းအနား မှာ မင်္ဂလာဆောင် သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ ညှာတာသောအားဖြင့် ကွာဇူလူ ကို စောင့်ကြည့်ထား မှာဖြစ်ပြီးတော့ ဇာပနပြီးမှသာ သူ့ကို တရားဥပဒေအရ ဖမ်းဆီး အပြစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

credit: phothutaw

နယူးရောက်ဆေးရုံမှာ လူနာတဦး Ebola ရောဂါပိုး ရှိ မရှိ စစ်ဆေး

Posted by drmyochit Tuesday, August 05, 2014, under | No comments

 အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် လက္ခဏာရှိနေသူ လူနာတစ်ဦး ဆေးကုသမှုခံနေတဲ့ နယူးယောက်မြို့က Mount Sinai ဆေးရုံ။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် လက္ခဏာရှိနေသူ လူနာတစ်ဦး ဆေးကုသမှုခံနေတဲ့ နယူးယောက် မြို့က Mount Sinai ဆေးရုံ

အီဘိုလာ ဗိုင်းရပ်ကူးစက်ခံရဖွယ် လက္ခဏာမျိုး လူနာတစ်ဦးကိုအမေရိကန်ပြည်ထောင်စု နယူးယောက် ဆေးရုံမှာ စမ်းသပ်တွေ့နေရပါတယ်။ အဲဒီလူနာဟာ အဖျားပြင်းပြီး အစာအိမ်လမ်းကြောင်းဆိုင်ရာပြဿနာနဲ့ Mount Sinai ဆေးရုံကို တနင်္လာနေ့အစောပိုင်းက ရောက်ရှိလာပြီး သူ့ကို အခု သီးခြားခွဲထုတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သူဟာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ အာဖရိကတိုက်အနောက်ခြမ်းဒေသကို မကြာခင်က ခရီးသွား ခဲ့ သူဖြစ်ပါတယ်။ အာဖရိကတိုက်အနောက်ခြမ်း အီဘိုလာဗိုင်းရပ်စ် ပြန့်ပွားကူးစက်မှုကြောင့် သေဆုံးရတဲ့ အရေအ  တွက်ဟာ အခုဆိုရင် ၉၀၀ နီးပါး ရှိသွားပါပြီ။ Guinea ၊ Liberia နဲ့ Sierra Leone တို့မှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် နောက်ထပ်သေဆုံးမှုတွေ ရှိခဲ့တာကြောင့်ပါ။

သေဆုံးသူ အရေအတွက် ၉၀၀ နီးပါး ဖြစ်သွားပြီဆိုတာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တနင်္လာနေ့က အတည်ပြု ထုတ်ပြန်ပေးခဲ့တာပါ။ ဇူလိုင် ၂၅ ရက်နေ့က နိုင်ဂျီရီးယားနိုင်ငံ Lagos မှာတော့ အီဘိုလာရောဂါ ပိုးတွေ့တဲ့ ပထမဆုံးလူနာကို ကုသပေးခဲ့သူ ဆရာဝန်ဟာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် နိုင်ဂျီးရီး ယားမှာ ဒုတိယမြောက် အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် အာဏာပိုင်တွေက အတည်ပြု ထုတ်ပြန်ခဲ့ ပါတယ်။

အာဖရိကတိုက်အနောက်ခြမ်းတလွှားမှာ အီဘိုလာရောဂါပိုး ကူးစက်ခံရသူအရေအတွက်ဟာ အခုဆိုရင် ၁,၆၀၃ ဦးရှိသွားပြီး သေဆုံးသူဟာ ၈၈၇ ဦး ရှိသွားပြီလို့ WHO က ကြေညာခဲ့ပါတယ်။ Liberia နိုင်ငံမှာ အီဘိုလာပိုးကူးစက်ခံရသူ ရောဂါသည်တွေကို ကုသပေးရင်း အီဘိုလာပိုးကူးစက်ခံခဲ့ရတဲ့ အမေရိကန် ဆရာဝန် တဦးကတော့ အခြေအနေသက်သာလာပြီလို့ သိရပါတယ်။ သူ့ကို အမေရိကန်ပြည်ထောင်စု Atalanta မြို့ က Emory တက္ကသိုလ် ဆေးရုံကို ခေါ်ယူကုသပေးနေတာဖြစ်ပါတယ်။

Dr.Kent Brantly ကို Liberia နိုင်ငံက မထွက်ခင်မှာ စမ်းသပ်ဆေးတမျိုး ထိုးပေးခဲ့တယ်လို့ သူအလုပ် လုပ် တဲ့ ခရစ်ယာန်စေတနာဝန်ထမ်းအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် သူကုသပေးခဲ့လို့ အီဘိုလာဗိုင်းရပ်စ် ပိုး ကနေ အသက်ရှင်ကျန်ရစ်သူ ၁၄ နှစ်အရွယ် ကလေးငယ်ဆီကလည်း သွေးကို သူ့ဆီသွင်းပေး ထားတယ်လို့ ဆိုပါတယ်။ အီဘိုလာပိုးကူးစက်ခံရသူ နောက်တဦးဖြစ်တဲ့ အမေရိကန်သာသနာပြုပုဂ္ဂိုလ် Nancy Writebol ကိုတော့ အခု အင်္ဂါနေ့ အမေရိကန်ကို ပြန်ခေါ်လာဖို့ ရှိနေပါတယ်။ သူ့ကိုလည်း အဲဒီ Emory တက္ကသိုလ်ဆေးရုံမှာ ကုသပေးဖို့ ရှိနေတာပါ။

ဗွီအိုအေ (မြန်မာဌာန)

၇၂ နာရီ အပစ်ရပ်ဖို့ အစ္စရေးနဲ့ Hamas သဘောတူ

Posted by drmyochit Tuesday, August 05, 2014, under | No comments

အစ္စရေးဘက်က ပစ်ခတ်တဲ့ ဗုံးထိမှန်ပျက်စီးသွားတဲ့ အဆောက်အဦးတခု (သြဂုတ် ၃၊ ၂၀၁၄)
အစ္စရေးဘက်က ပစ်ခတ်တဲ့ ဗုံးထိမှန်ပျက်စီးသွားတဲ့ အဆောက်အဦးတခု (သြဂုတ် ၃၊ ၂၀၁၄)

ဂါဇာဒေသမှာ အခု အင်္ဂါနေ့ အစောပိုင်းကစပြီး အစ္စရေးနဲ့ ဟားမတ်အကြား ၇၂ နှစ်ကြာ အပစ်အခတ်ရပ်စဲ ထားဖို့ နှစ်ဖက် သဘောတူညီလိုက်ကြပါတယ်။ စစ်ဒဏ်ခံနေရတဲ့ ဂါဇာဒေသမှာ တည်မြဲတဲ့ အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ဆိုပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အီဂျစ်နှိုင်းရေးမှူးတွေ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနေပြီးနောက် တနင်္လာနေ့နှောင်းပိုင်းမှာ အခုလို အပစ်ရပ်ကြေညာချက်ထွက်လာတာပါ။

ရေရှည်အပစ်ရပ်ရေး သဘောတူညီချက်ရဖို့ ကိုင်ရိုမှာလုပ်တဲ့ သုံးရက်ကြာဆွေးနွေးပွဲကို အစ္စရေး ကိုယ်စား လှယ်တွေလည်း သွားရောက်ခဲ့ကြတယ်လို့ အစ္စရေးအကြီးတန်း တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံထဲအထိ ထိုးဖောက်ဝင်ရောက်ဖို့ လက်နက်တွေ သိုလှောင်ဖို့သုံးတဲ့ ဟားမတ်စ်တို့ရဲ့ မြေအောက်ဥမင်တွေကို အစ္စရေစစ်တပ်က ဖျက်ဆီးနေရာမှာ နောက်ဆုံး အပြီးသတ် အခြေအ နေရောက်တော့မယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့ အစောပိုင်းက ကြေညာပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အစ္စရေးရဲ့ အခု ၂၈ ရက်ကြာ ဂါဇာစစ်ပွဲဟာ အစ္စရေးပြည် သူတွေအ တွက် ရေရှည် လုံခြုံဘေးကင်းမှုရတဲ့ အခြေအနေရောက်မှသာ ရပ်နားမယ်လို့ အစ္စရေး ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

လှိုင်သာယာ လက်ဖက်ရည်ဆိုင်တွင်း လူသတ်မှု စီစီတီဗီဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေ

Posted by drmyochit Tuesday, August 05, 2014, under , | No comments


လှိုင်သာယာမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အ မျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် စီစီတီဗီမှတ်တမ်းဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့က ထိုသို့ အင်တာနက်ပေါ်မ တင်ကြရန်သတိပေးထားသည်။

အဆိုပါ စီစီတီဗီရုပ်သံဖိုင် သည် ဖေ့စ်ဘွတ်ခ်တွင်ပျံ့နှံ့နေရာ လူအများကြည့်ရန် မသင့်လျော်သောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ Yangon Police ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘ကြည့်ရှုသူပြည်သူများအ နေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အ နှောင့်အယှက်ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ် သောပြဿနာများဖြစ်ပွားလာနိုင် ပြီးတစ်ဦးတစ်ယောက်၏ လုံခြုံ ရေးကို ထိခိုက်နိုင်ဖွယ်ရှိသဖြင့် အလားတူဗီဒီယိုဖိုင်များ နောင် တွင် ဖော်ပြခြင်းမပြုပါရန်မေတ္တာ ရပ်ခံအပ်ပါသည်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတိ ပေးသည်။

သို့သော် မှုခင်းနှင့်ဆက်နွှယ် နေသည့်အဆိုပါ စီစီတီဗီဖိုင်မည် ကဲ့သို့ ထွက်ပေါ်လာသည်ကိုမူမ သိရှိရပေ။
လှိုင်သာယာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ဗိုလ်အောင် ကျော်လမ်းဘေးရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်၌ ဇွန် ၉ ရက်ညက စားပွဲဝိုင်းတစ်ဝိုင်းစီတွင် ခေါက်ဆွဲစား၊ လက်ဖက်ရည်သောက်နေကြသော အမျိုးသားသုံးဦးနှင့် လူငယ်ငါးဦးတို့ ရန်ဖြစ်ခဲ့ကြသည်။ တစ်ဖက်ဝိုင်းမှ လူငယ်တစ်ဦးက လက်သီးဖြင့်စထိုးရာ ခေါက်ဆွဲကြော်စားနေသော သေဆုံးခဲ့သူက ခက်ရင်းဖြင့် ပြန်ထိုးသည်။ ထိုအခါ လူသတ်သမားက ဓားဖြင့်အချက်ပေါင်းများစွာပြန်ထိုးပြီးနောက်နှစ်ဦးကိုလည်း ထိုလူငယ်များက ဓာတ်ဘူးနှင့်ရိုက်၊ ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့် ၀ိုင်းထိုးခဲ့သည်။

ယင်းကဲ့သို့ အက်ရှင်ဇာတ်ကားဆန်ဆန် ဖြစ်ပွားသည့် လူသတ်မှုတစ်ခုလုံးကို ဆိုင်ရှိစီစီတီဗီက ရိုက်ကူးခဲ့သည်။

ထိုသို့ အုပ်စုဖွဲ့ထိုးသတ်ခဲ့သ ဖြင့် တစ်ဦးသေဆုံးပြီးကျန်နှစ်ဦး လည်း ဒဏ်ရာများရခဲ့၍ လှိုင် သာယာဆေးရုံတွင်အတွင်းလူနာ များအဖြစ် ဆေးကုသခဲ့ရသည်။ ယင်းသို့ ကျူးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်းက ပြစ်မှု ပုဒ်မ ၃၀၂/၃၂၅/၁၄၄ဖြင့်အမှုဖွင့် လှစ်ပြီးဆယ်ကျော်သက်လေးဦး နှင့် အသက်(၂၄)နှစ်အရွယ်ရှိအမျိုး သားတစ်ဦး၊ စုစုပေါင်း ငါးဦးတို့ကို ဖမ်းဆီးထားပြီး အမှုစစ်ဆေးဆဲဖြစ်ကြောင်း စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

7Day Daily

အမေရိကန်နဲ့ အာဖရိကနိုင်ငံ ၅၀ ထိပ်သီး ညီလာခံ ၀ါရှင်တန်မှာကျင်းပ

Posted by drmyochit Tuesday, August 05, 2014, under | No comments

မြို့တော် ဝါရှင်တန်မှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အာဖရိကခေါင်းဆောင်များရဲ့ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်လာစဉ်။
မြို့တော် ဝါရှင်တန်မှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အာဖရိကခေါင်းဆောင်များရဲ့ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ တက်ရောက်လာစဉ်။ 
အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ အာဖရိကနိုင်ငံခေါင်းဆောင် ၅၀ ကျော်တို့ရဲ့ အစည်းအဝေးကို ၀ါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပနေကြပါတယ်။

တနင်္လာနေ့က ပြုလုပ်တဲ့ အာဖရိကလူထုအခြေပြုလူမှုအဖွဲ့အစည်း ဆွေးနွေးပွဲတွေအတွင်း တက်ရောက်လာကြတဲ့ သူတွေကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ဒီမိုကရေစီ နဲ့ တဦးချင်းစီရဲ့အခွင့်အရေးတွေကို တွန်းအားပေးလုပ်ဆောင်ကြဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်း လိုက်ပါတယ်။

ပြည်သူတွေက သူတို့ရဲ့ အစိုးရကို ယုံကြည်နိုင်တယ်ဆိုရင် လူမှုအသိုင်းအ၀ိုင်းဟာ ပိုပြီးတော့ သာယာဝပြော၊ တည်ငြိမ်ပြီး အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက်မှုတွေ  ဖြစ်နိုင်ခြေ နည်း သွားတယ်လို့ အမေရိကန်အနေနဲ့ ယုံကြည်ကြောင်း ၀န်ကြီးက ပြောပါတယ်။ အစောပိုင်းက ကျင်းပတဲ့ စီးပွားရေးအခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲအတွင်းမှာတော့ အမေရိကန်ရဲ့ ရည်မှန်းချက်တချို့ကို ချပြခဲ့ပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှုရှိလာဖို့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားတဲ့ အခွင့်အလမ်းကောင်းတွေရလာဖို့ ကျနော်တို့ရဲ့ မိတ်ဆွေ ဆက်ဆံမှုတွေ ထဲထဲဝင်ဝင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အခုအစည်းအဝေးမှာ ပိုပြီး အရေးကြီးတာကတော့ အစိုးရအုပ်ချုပ်မှုတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကတဆင့် သူတို့ရဲ့ ပြည်သူတွေ စွမ်းရည်မြင့်တက်လာစေဖို့ဖြစ်ပါတယ်လို့ ၀န်ကြီးကယ်ရီက ပြောပါတယ်။

သမ္မတအိုဘားမားဟာ အင်္ဂါနေ့မှာ ပြုလုပ်မယ့် အမေရိကန်နဲ့ အာဖရိက စီးပွားရေးဆွေးနွေးပွဲကို တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပြီး အဲဒီနောက် ဗုဒ္ဓဟူးနေ့မှာ လုပ်သွားမယ့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသတွင်းလုံခြုံရေးနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှု တရပ်ပေါ်ထွက်လာဖို့ စတဲ့ ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်သွားမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက်တန်ဖိုးရှိတဲ့ စီးပွားရေးသဘောတူညီချက်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတွက် နောက်ထပ် ရန်ပုံငွေတွေ နဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ အစားအအသောကနဲ့ စွမ်းအင် အစီအစဉ်တွေကို ၃ ရက်ကြာ အစည်းအဝေးအတွင်း ကြေညာသွားဖို့ ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် စစ်တွေတွင် ကလေးငယ်ရှစ်ဦးသေဆုံး

Posted by drmyochit Tuesday, August 05, 2014, under | No comments

စစ်တွေဆေးရုံကြီးတွင် ဂျပန်ဦးနှောက်ရောင် ရောဂါ ကြောင့် ရက်ပေါင်းသုံးဆယ်အ တွင်း ကလေးငယ်ရှစ်ဦးသေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။

‘‘မနှစ်ကဆို ဖြစ်တော့ဖြစ် တယ်။ အသေအပျောက်မရှိဘူး။ ဒီနှစ်က သေတယ်ဆိုတော့ စိုးရိမ် စရာဖြစ်သွားတာပေါ့။ အခုလက် ရှိကုသနေတဲ့ ကလေးငယ်တွေအ နေနဲ့ကတော့ စိုးရိမ်စရာမရှိတော့ ပါဘူး။ တက်ခါစနဲ့စာရင် ငါးဆယ် ရာခိုင်နှုန်းကျော်ကျော်လောက် တော့ သက်သာလာပါပြီ’’ ဟု သြဂုတ် ၁ ရက်က စစ်တွေမြို့၌ ကျင်းပပြုလုပ်ခဲ့သော ကျန်းမာ ရေးဆွေးနွေးပွဲတစ်ခုတွင် ဆေးရုံ အုပ်ကြီး ဒေါက်တာစိုးထွန်း အောင်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် တောင်ကုတ်မြို့နယ်များတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ (Ja-panese Encephalitis) ဖြစ်ပွား၍ ဇူလိုင် ၁ ရက်မှ ၃၀ ရက်အတွင်း ဆေးရုံရောက်ရှိလာသော ကလေးငယ် ၃၂ ဦးရှိကာ ၎င်းတို့ထဲမှအသက် ဆယ်နှစ်အောက်ကလေးငယ်ရှစ်ဦး သေဆုံးခဲ့ပြီး ကျန်ကလေးငယ်များမှာ ဆေးကုသမှုဆက်လက်ခံယူနေရသည်။

ထိုရောဂါမှာ ကျူးလပ်စ်ခြင် ကိုက်ခြင်းမှတစ်ဆင့် ကူးစက် တတ်သောရောဂါဖြစ်ကာ အ သက်(၅)နှစ်မှ(၁၃)နှစ်အရွယ် က လေးငယ်များ၌ ပိုမိုအဖြစ်များပြီး ရောဂါလက္ခဏာပြင်းထန်ကာကုသမှုနောက်ကျပါက အသက်ဆုံး ရှုံးနိုင်သော ရောဂါတစ်မျိုးဖြစ် သည်။
ရောဂါ လက္ခဏာများမှာ သာမန် အအေးမိတုပ်ကွေးရော ဂါနှင့်ဆင်တူပြီး နှာစေးခြင်း၊ ဖျား ခြင်း၊ ခေါင်းကိုက်ခြင်းအပြင်ထိုမှ တစ်ဆင့်နှစ်ရက်သုံးရက်ကြာမြင့် ပါက အဖျားကြီးကာတက်လာ ခြင်း၊ ထို့နောက်အကြောဆွဲခြင်း၊ သတိလစ်ခြင်း စသည့် ဦး နှောက်ရောင်သည့် လက္ခဏာများ ဖြစ်ပေါ်လာသည်။
အဆိုပါရောဂါအတွက်ကြို တင်ကာကွယ်ဆေးမှာ မြန်မာနိုင်ငံ၌ မရှိသေးဘဲ အိန္ဒိယနှင့်ထိုင်း နိုင်ငံများမှ မှာယူတင်သွင်းရပြီး လက်ရှိတွင် ရောဂါဖြစ်ပွားနေ သော ရခိုင်ပြည်နယ်သို့ ကျန်းမာ ရေးဝန်ကြီးဌာနမှ ကွင်းဆင်းစစ် ဆေးလျက်ရှိကြောင်း ကျန်းမာရေး ဦးစီးဌာနမှသိရှိရသည်။

‘‘အခုကတော့ ဆက်ပြီးဖြစ် တာတော့မတွေ့ရဘူး။ ဒါပေမဲ့ ဒီ ရောဂါနဲ့ပတ်သက်ပြီး အစိုးရဘက် ကလည်း ပညာပေးတာတွေ၊ဘယ်လိုဆင်ခြင်နေထိုင်ရမယ်ဆို တာလိုက်လုပ်ပေးတာမျိုး မရှိ သေးဘူး’’ ဟု စစ်တွေမြို့နယ်ရှိစာရေးဆရာ ဦးကောင်းဇံရွှေ(ကျွန်းသားငမန်း)က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အ တွင်းရှိ ရန်ကင်းကလေးဆေးရုံ ကြီးတွင် ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားသူဟူ၍ တိကျစွာ မပြောနိုင်သေးသော်လည်းအခြား ဦးနှောက်ရောင်ခြင်းနှင့် အမြှေးပါး ရောင်ခြင်းများကြောင့် လာ ရောက်ကုသသူကလေးငယ်များ ရှိနေကြောင်း ထိုဆေးရုံကြီးမှ ဒေါက်တာကျော်ဇင်ဝေက ဆို သည်။

‘‘တခြားရောင်ပြီး ရောက် လာတဲ့ လူနာတွေတော့ ကြိုကြား ကြိုကြားရှိတယ်။ ဦးနှောက်ရောင် တာလား၊ ဦးနှောက်အမြှေးပါး ရောင်တာလား ဆိုတာကိုတော့ ဓာတ်ခွဲခန်းတွေမှာ သေချာစစ် ဆေးရမှာမို့ အတိအကျတော့မပြောနိုင်သေးဘူး။ အမြှေးပါး ရောင်တာဆိုရင် စိုးရိမ်စရာမရှိ ပေမယ့် ဦးနှောက်ရောင်တာဆို ရင် ပိုဆိုးပြီး အသက်ဆုံးရှုံးနိုင် တယ်’’ ဟု ၎င်းကပြောသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ သည် အသက်အရွယ်မရွေးဖြစ် ပွားနိုင်ကာ အသက် (၁၀)နှစ် အောက် ကလေးငယ်များမှာမူ ကိုယ်ခံအားနည်းခြင်းကြောင့်သေ ဆုံးမှုပိုမိုများပြားနိုင်ပြီး တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့်ကြည့်လျှင် ယင်းရောဂါဖြစ်ပွားပါက သေဆုံး နိုင်ခြေမှာ ၃၀ရာခိုင်နှုန်းမှ ၅၀ရာ ခိုင်နှုန်းအထိရှိသည်။

7Day Daily

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီ တစ်ထောင်ကျော် ယနေ့ လူတွေ့စစ်ဆေးမည်

Posted by drmyochit Tuesday, August 05, 2014, under | No comments

စစ်တွေမြို့အနီး မန်စီကျေးရွာရှိ ဘင်္ဂါလီဒုက္ခသည်စခန်းသို့ ပြန်လာနေသည့် ဘင်္ဂါလီမိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီတစ် ထောင်ကျော်အား ယနေ့ လူတွေ့ စစ်ဆေးမေးမြန်းခြင်းကို မြို့နယ် အဆင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။

လူတွေ့ စစ်ဆေးမေးမြန်း ခြင်းကို မြို့နယ်အဆင့် ဆောင် ရွက်ရာ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ အဆို ပါအဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေပညာရှင်များ၊ မြို့နယ် လ.၀.က၊ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်နှစ်ဦး၊ ဘင်္ဂါလီ ကိုယ်စားလှယ်တစ်ဦး ပါဝင်မည် ဖြစ်ပြီး အချက်အလက်များကို လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း လ၀က အကြီးတန်းတာဝန်ရှိသူတစ် ဦးက ပြောသည်။

လျှောက်ထားသူများ နိုင်ငံ သားဖြစ်ခွင့်ကို မြို့နယ်အဆင့် စိစစ်ပြီးပါက ခရိုင်အဆင့်၊ ပြည် နယ်အဆင့်နှင့် လ၀က ရုံးချုပ် က ပြန်လည်စစ်ဆေးပြီး အစိုးရ အဖွဲ့များ ပါဝင်သည့် ဗဟိုအဆင့် အဖွဲ့က စိစစ်ခွင့်ပြုသွားမည်ဖြစ် သည်။

‘‘ရခိုင်၊ ဗမာစကားမတတ်၊ ယဉ်ကျေးမှုဘာမှမသိတဲ့သူ၊ အဲ ဒါအပြင် ဘင်္ဂါလီလို့ မထည့်တဲ့သူကို နဂိုကတည်းက နိုင်ငံသားလျှောက်ခွင့် လက်မခံထားပါဘူး’’ ဟု လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

၁၉၈၂ ဥပဒေအရ မြန်မာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ များကို ဇွန်လ ၁၅ ရက်မှစတင်ပြီး လျှောက်လွှာများ လက်ခံခဲ့ရာ ယခင်လျှောက်ထားသူ ဘင်္ဂါလီ လူဦးရေ ၃၆၈ ရှိရာမှ ၁၀၉၄ ခန့် တိုးလာခြင်းဖြစ်သည်။

၁၉၈၂ နိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ မြေပုံမြို့နယ်တွင် ဇွန် လ ၁၅ ရက်မှစ၍ ပိုင်းလော့ Pilot ဧရိယာအဖြစ် သတ်မှတ်ပြီး ဘင်္ဂါ လီလူမျိုးများကို နိုင်ငံသားစိစစ် ရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရာတွင် ရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ က ရိုဟင်ဂျာလူမျိုးအမည် ထည့် သွင်းမှ ကောက်ခံမည်ဟု တောင်း ဆိုခြင်းကြောင့် ၎င်းတို့ နေထိုင် သည့် နေရာများတွင် အပြည့်အ၀ ကောက်ယူခွင့် မရှိခဲ့ပေ။
ထို့အပြင် ၂၀၁၃ ခုနှစ် ဧပြီ လတွင် စစ်တွေမြို့ အတွင်းရှိ ဘင်္ဂါလီများကို လူဦးရေ စာရင်း ကောက်ယူရေးလုပ်ငန်း (ဆွဲတင် စစ်)ကို အကောင်အထည်ဖော်ခဲ့ သော်လည်း ဘင်္ဂါလီလူမျိုးများ အကြမ်းဖက်ကန့်ကွက်မှုကြောင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ရသည်။


7Day Daily

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်