Friday, September 21, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ထပ်မံဆန္ဒပြ

Posted by drmyochit Friday, September 21, 2012, under | No comments

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း ဆက်လက် လုပ်ဆောင်နေတဲ့ နေရာကို ကျေးရွာ (၁၀) ရွာက ဒေသခံ ၁,၀၀၀ နီးပါးလောက် ဒီကနေ့ သွားရောက်ပြီး တားမြစ်ဆန္ဒပြခဲ့ကြပါတယ်။ လယ်မြေသိမ်းခံ ထားရတဲ့ နေရာတွေမှာ လယ်သိမ်းခံ တောင်သူတွေက နှမ်းသီးနှံတွေ စိုက်ပျိုးနေတဲ့အတွက် ဆက်လက် မစိုက်ပျိုး နိုင်အောင် အဲဒီလယ်မြေတွေ အတွင်းကို ကုမ္ပဏီဘက်က ကျောက်တွေလာပုံတဲ့အတွက် ဒေသခံတောင်သူတွေက သွားရောက် တားမြစ်ကြတာ ဖြစ်တယ်လို့ ဆန္ဒပြ ဒေသခံတောင်သူ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။
"တားတဲ့အခါကျတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဆင်းလာပါတယ်။  သူ့ရဲ့နောက်က စစ်သားတွေနဲ့ အတူပေါ့ဗျာ။ သေနတ်တွေနဲ့လည်း ချိန်ထားတယ်။ 

သူတို့က ဒီနေရာတွေကို အဆောက်အဦးဆောက်မှာ ဖြစ်တဲ့အတွက် ယာမြေတွေကို  ခုတ်ထွင် ပေးတဲ့ လယ်ထွန်စက် တွေကိုလည်း သူတို့သိမ်းမယ်လို့ ပြောပါတယ်။  ကျွန်တော်တို့က ဒီတစ်နှစ်မှာ တစ်ရက်ပဲ တန်ဖိုးထားရတာ။ အခုဆိုရင် ကြဲလို့ မရဘူး ဖြစ်နေတယ်။ 

အခုက ခြိမ်းခြောက်မှုနဲ့ အဲဒီလို အာဏာတွေပြနေတဲ့ အခါကျတော့ ကျွန်တော်တို့ ဘာမှ  လုပ်စားလို့ မရတော့ဘူးဗျ။ ကျွန်တော်တို့က တွေ့ချင်တယ်။ ဆွေးနွေးမှုကို လာပြီးတော့ ဆွေးနွေးမှုလည်း မပြုပါဘူး။ ကျွန်တော်တို့နဲ့ မနီးမဝေးမှာ စခန်းထိုင် ထားတာ ၃ ခု ရှိတယ်ဗျ"

ဒီကနေ့ ဆန္ဒပြတားမြစ်တဲ့ ကျေးရွာတွေဟာ စီမံကိန်း အကောင်အထည်ဖော်ဖို့ လယ်မြေ သိမ်းယူခံထားရတဲ့ ဆည်တဲ၊ မိုးကြိုးပြင်၊ အလယ်ရွာ စတဲ့ ကျေးရွာတွေဖြစ်ပြီး အဲဒီ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့ ဒေသခံ တောင်သူတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ပေမယ့် အခုအချိန်ထိ ကြေးနီစီမံကိန်းကို လုပ်ကိုင် နေဆဲပဲလို့ သိရပါတယ်။ အဲဒီ ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ-၀မ်ပေါင် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာဖြစ်ပြီး စီမံကိန်းတ၀ိုက်က ကျေးရွာ ၂၆ ရွာက လယ်မြေဧက ၇,၈၀၀ ကျော်ကို ၂၀၁၀ ခုနှစ်ကစပြီး အဓမ္မ သိမ်းယူခံထားရပါတယ်။ သြဂုတ်လ နောက်ဆုံးပတ်ကစလို့ လယ်သိမ်းခံရတဲ့ ဒေသခံ တောင်သူတွေက အဲဒီ စီမံကိန်းကို တားဆီးဖို့ လယ်သိမ်းတိုက်ပွဲကို နေ့စဉ်ရက်ဆက် ဆင်နွှဲခဲ့ကြပါတယ်။ ဒီနေ့ ဆန္ဒပြမှု နောက်ဆုံး အခြေအနေကတော့ ဒေသခံတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုခွဲလိုက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် ဆေးကုသခံယူမှု ထိုင်းနိုင်ငံပြီးနောက် မလေးရှားသို့ သွားရောက်မှု မြင့်တက်လာ

Posted by drmyochit Friday, September 21, 2012, under | No comments



မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် ဆေးကုသမှု ခံယူကြရာတွင် အိမ်နီးချင်း ထိုင်းနိုင်ငံပြီးနောက် မလေးရှားနိုင်ငံသို့ သွားရောက် ဆေးကုသခံယူမှု မြင့်တက်လာခဲ့ကြောင်း မလေးရှားကျန်းမာရေး စောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်းကောင်စီမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက် ဆေးကုသခံယူမှုနှုန်းမှာ ၂၀၁၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၄၆ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့ကြောင်း သိရသည်။ အဓိက ကုသခံယူခဲ့ကြသည့် ရောဂါအမျိုး အစားများမှာ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အရေပြားခွဲစိတ်ပြုပြင်ခြင်း၊ ဖန်ပြွန်သန္ဓေသား ရယူခြင်းနှင့် အရိုး၊ အကြော၊ အဆစ် ရောဂါများကို အများဆုံး လာရောက်ကုသခဲ့ကြသည်ဟု သိရသည်။ မြန်မာနိုင်ငံသား အများစုသည် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့်အတူ ကုန်ကျစရိတ် သင့်တင့်မျှတသော ထိုင်းနိုင်ငံသို့ အများဆုံး သွားရောက်လေ့ရှိကြပြီး မလေးရှားနိုင်ငံ၏ ကျန်းမာရေး ဝန်ဆောင်မှုပေးခြင်းအပေါ်ကိုလည်း ယခင်ကထက် ပိုမိုစိတ်ဝင်စားမှု ရှိလာကြသည်။ မလေးရှားနိုင်ငံ၏ ကျန်းမာရေး ဝန်ဆောင်မှုများအပေါ် မလေးရှား ကျန်းမာရေး စောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်းကောင်စီက မြန်မာနိုင်ငံသို့ မိတ်ဆက်တင်ပြရန် ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် Malaysia Expo & Healthcare Seminar 2012 ပြပွဲတွင် မလေးရှားနိုင်ငံမှ ဆေးရုံကြီးများနှင့် ကျန်းမာရေး ဝန်ဆောင်မှု စနစ်များကို လေ့လာနိုင်ရန် မိတ်ဆက်ပြသသွားမည် ဖြစ်သည်။ မလေးရှားနိုင်ငံတွင် နိုင်ငံနှင့်အဝန်း ငါးကီလိုမီတာ အကွာအဝေးတိုင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးသော ဆေးခန်းများ ဖွင့်လှစ်ထားရှိ၍ ကျန်းမာရေး ဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိရာ ဆေးခန်းစုစုပေါင်း ၉၄၈၇ ခန်းရှိကြောင်း သိရသည်။ ဆရာဝန်များ၏ အရေအတွက်မှာလည်း နိုင်ငံလူဦးရေနှင့် အချိုးချကြည့်ပါက ၁း ၈၅၉ ခန့် ရှိသည့်အတွက် နာမကျန်းသော လူနာများသည် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် အချိန်စောင့်ဆိုင်းစရာ မလိုဘဲ ချက်ချင်းပြုစု စောင့်ရှောက်မှု ခံယူနိုင်ရန် မလေးရှား ကျန်းမာရေး စောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်း ကောင်စီက ဦးစီးဆောင်ရွက်ပေးလျက် ရှိကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။  

အီးယူလက်နက်ပိတ်ပင်မှု တရုတ်ဝေဖန်

Posted by drmyochit Friday, September 21, 2012, under | No comments




တရုတ်နိုင်ငံက ဥရောပယူရိုငွေကြေး အကြပ်အတည်း ပြဿနာကို ကူညီဖြေရှင်းပေးဖို့ ဆက်ပြီး လုပ်နေပေမယ့် EU အီးယူ ဥရောပ သမဂ္ဂက တရုတ်နိုင်ငံအတွက် လက်နက် မရောင်းဖို့ အရင်ကတည်းက တားမြစ်ထားတာကို အခုထိ ဖျက်သိမ်း မပေးသေးဘူးလို့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) က ဝေဖန်လိုက်ပါတယ်။ ဘရပ်ဆဲလ် (Brussels) မှာ ကြာသပတေးနေ့ ကျင်းပတဲ့ EU ဥရောပသမဂ္ဂနဲ့  တရုတ်နိုင်ငံတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မစ္စတာ ၀မ်က အခုလို ပြောကြား လိုက်တာပါ။ ဆွေးနွေးပွဲအစပိုင်းမှာ  တရုတ်နဲ့ EU တို့ကြား ဆက်ဆံရေး ခိုင်မာမှုအတွက် ဦးစားပေး ပြောကြားခဲ့ပေမယ့် လက်နက် ရောင်းဝယ်မှု တားမြစ်တဲ့ ကဏ္ဍကိုရောက်လာတဲ့ အခါမှာတော့ သတင်းထောက်တွေ အတွက် ဗီဒီယိုကနေ တိုက်ရိုက် ထုတ်လွှင့်ပေးမှု ကို ရပ်တန့်ပစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် တီယာနင်မင် ရင်ပြင် (Tiananmen Square) အရေးအခင်းဖြစ်ပွါးခဲ့ပြီးတဲ့နောက် အီးယူက တရုတ်အတွက် လက်နက်ရောင်းဝယ်မှုကို တားမြစ်ခဲ့တာပါ။

တရုတ်နိုင်ငံမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေကို လာမယ့်လ အနည်းငယ် အတွင်းမှာပဲ ပြုလုပ်ဖို့ ရှိပါတယ်။ ဒါ့ကြောင့် အခု အီးယူ တရုတ်ထိပ်သီးဆွေးနွေးပွဲဟာ မစ္စတာဝမ် ၀န်ကြီးချုပ်အဖြစ် နောက်ဆုံးအကြိမ်တက်ရောက်တဲ့ အစည်းအဝေး ဖြစ်ဖို့ ရှိပါတယ်။

ဆွေးနွေးပွဲ အပြီးမှာတော့ မစ္စတာဝမ်က ဥရောပနိုင်ငံတွေဟာ ငွေကြေးပြဿနာ အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်မယ့် လမ်းကြောင်းပေါ်မှာ ရောက်နေပြီဖြစ်ပြီး ဒါကို အကောင်ထည်ဖေါ် ဆောင်ရွက်ဖို့က အရေးကြီးတယ်လို့ ပြောကြားခဲ့ ပါတယ်။

ဖူးကက်မြို့ရွှေဆိုင်လုယက်မှု မြန်မာလှေလုပ်သားများဟုယူဆ”

Posted by drmyochit Friday, September 21, 2012, under | No comments


                           
စက်တင်ဘာ ၁၈ ကိုတီး
 
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှ  ရွှေဆိုင် တစ်ဆိုင်အား ဝင်ရောက် လုယက်သူ များမှာ မြန်မာ အလုပ်သမားများဖြစ်နိုင်ကြောင်း ယမန်နေ့ထုတ် သတင်းစာတို့တွင် ရေးသားဖေါ်ပြထားသည် ။
 

စက်တင်ဘာလ ၁၇ ရက်နေ့တွင် လုယက်မှု ဖြစ်ပွားခဲ့ရာ ရွှေဆိုင်ရှိ ရွှေ အလေးချိန်၁၅၀ ကျပ်သား၊ ထိုင်းဘတ်ငွေ ၄ သန်း နီးပါးရှိကြောင်း သတင်းတွင်ရေးသားထားသည်။     ရွှေဆိုင်တွင် ဝင်ရောက်လုယက်စဉ် အသုံးချသော ဆိုင်ကယ်အား   လှေလုပ်သားများ၏ အခန်းနံဘေးတွင် တွေ့ ရပြီး အင်္ကျှီအိတ်ကတ် ထဲတွင် ရွှေဆွဲကြိုး၁ ကျပ်သား တစ်ကုံး ၅ကျပ်သား တစ်ကုံး လေသေနတ် တလက် တွေ့ရှိခဲ့သည်။
 
၁၆ ရက်နေ့က ဖူးခက်မြို့လတ်စဒါ ရပ်ကွက်   နယ်မြေ (၇) လမ်းသွယ် (၁၀ ) အနီး တဝိုက် တွင် လိုင်စဉ်အမှတ် ၈၁၀ Honda ဆိုင်ကယ်အနီရောင်တစ်စီးက လမ်းကြောင်းလာကြည့် သွားခဲ့ကြောင်း လုံခြုံရေးကယ်မရာများတွင် စစ်ဆေးတွေ့ ရှိရသည်။
 
အမှုမှန်ပေါ်ပေါက်ရန်အတွက် နယ်မြေပုလိပ် အယောက်တစ်ရာ နီးပါး လိုက်ရှာသော်လည်း လုယက်သူများကိုမဖမ်းဆီးနိုင်ခဲ့ချေ။ လုယက်သူများမှာ လှေဆိပ်ဘက်သို့ထွက်ပြေး လွတ်မြောက် သွား ခဲ့သဖြင့် ငါးဖမ်းလှေပေါ်တွင် အလုပ် လုပ်နေသောမြန်မာ လှေလုပ်သား များဖြစ်နိုင်ကြောင်း တင်မြင်ချက် အမျိုးမျိုးပေးနေကြသည်။ ထိုင်းလူမျိုးလဲ ဖြစ်နိုင်သည်ပာု သက်ဆိုင်ရာ နယ်မြေရဲ စခန်းက ခေါင်စွတ်၊ ထိုင်းရပ်နှင့်ဒေးလီးနယူးသတင်းစာများ သို့ပြောပြခဲ့သည်။
From  -ရွှေလုပ်သားဂျာနယ်

နိုင်ငံရေးအကျဉ်းသား များ ထောင်ကထွက်လာချိန် ဇနီးသည်များ နောက်မီးလင်းသဖြင့် လှည်းကျိုးထမ်းနေရ

Posted by drmyochit Friday, September 21, 2012, under | No comments


နိုင်ငံရေးအကျဉ်းသား (သို့) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ထောင်ကထွက်လာချိန် ဇနီးသည်များ နောက်မီး လင်းသဖြင့် လှည်းကျိုးထမ်းနေရ ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး အကျဉ်းသား ဆိုသူ အများစုမှာ ထောင်မကျခင်တုန်းကလည်း လက်ကြောတင်အောင် အလုပ်လုပ်ပြီး မိသားစုတွက် ပိုက်ဆံမရှာကြပဲ လရားလရား လုပ်နေကြသူများ ဖြစ်သဖြင့် ထောင်ကျချိန်များတွင် ဇနီးဖြစ်သူများက အထူးဝမ်းနည်းခြင်းမရှိကြကြောင်း နီးစပ်သူ တစ်ဦးက ဆိုသည်။

  
ဦးမင်းဇေယျဇနီး မချိုချိုဝင်း(ယောဂီရောင်) ၊ ဦးဇော်မျိုးအောင်ဇနီး မဟန်နီ(အဖြူအနက်ကျား) ၊ ဦးကိုသော်ဇင်ထွန်းဇနီး မအေးစန္ဒာဦး(အဖြူတီရှပ်)သမ္မတကြီးဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် နောက်ဆုံးလွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား တစ်ဦးမှ ၎င်း လွတ်မြောက်လာချိန်တွင် ဇနီးသည်မှာ ကိုယ်ဝန် ၄ လ ရနေကြောင်း၊ သို့သော်လည်း ယခင်ကတည်းက အလုပ်အကိုင်မရှိပဲ ဇနီးသည် လုပ်ကျွေးသမျှ စားနေရသဖြင့် ပြန်မပြောရဲတာကြောင့် လှည်းကျိုးထမ်းရတော့မည် ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ "ဒါကတော့ ထုံးစံပါပဲဗျာ... နိုင်ကျဉ်း တော်တော်များများက လှည်းကျိုးထမ်းနေရတာ အစဉ်အလာဖြစ်နေပြီ... ကို ဇာဂနာ ကတော့ ဒါတွေ သိလို့ သူ့မိန်းမကို နိုင်ငံခြားပို့ထားတာ..." လို့ ဆိုပါတယ်။

မြန်မာ့ နိုင်ငံရေးသမား အတိုက်အခံ အင်အားစုများကို ယူမိထားသူ အမျိုးသမီးများက နောင်တရကာ နောက်ကွယ်တွင် အခြားယောင်္ကျားများ ထားရှိသည်သာမက အသိပညာ ဖွံ့ဖြိုးလာသည့် မြန်မာမိန်းကလေးများက ယောင်ခြောက်ဆယ် နိုင်ငံရေး သမား အတိုက်အခံ အင်အားစုများကို ဝေးဝေးက ရှောင်ကြသဖြင့် ၈၈ မျိုးဆက် ကျောင်းသား များအပါအဝင် အများစုမှာ လူပြိုကြီးဘဝဖြင့် ဇတ်သိမ်းရမည့် အနေအထားရှိကြောင့် ဝါရင့် နိုင်ငံရေး သမား တစ်ဦးက သုံးသပ်ထားပါသည်။

မြန်မာ အဓိကရုဏ်းပုံများ ဝဘ်ဆိုက်တင်၍ အိန္ဒိယ ကျောင်းဆရာတဦး ဖမ်းဆီးခံရ

Posted by drmyochit Friday, September 21, 2012, under | No comments


နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေရန် လံှု့ဆော်မှု ဖြစ်စေခဲ့သည့် “၂ဝ၁၂ မြန်မာပြည် အဓိကရုဏ်း ရင်ဖိုဖွယ် ပုံများ” Burma Riots Thrilling Pictures 2012 အား အင်တာနက် ဝဘ်ဆိုက်တခုပေါ် လုပ်ကြံဖန်တီး၍ တင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် အိန္ဒိယနိုင်ငံ၊ မုံဘိုင်းအခြေစိုက် ကျောင်းဆရာ တဦးအား အိန္ဒိယ သတင်းဆက်သွယ်ရေးဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။


“ကျောင်းဆရာ ရှရစ် အာမဒ် ဘရှီး ဆီဒီကီ Sharif Ahmed Bashir Siddiqui ဟာ သူ့အိမ်က ကွန်ပျူတာကနေ ဒါတွေ ကို အင်တာနက်ပေါ် တင်နေတာ ဖြစ်တယ်” ဟု ဒု-ရဲမင်းကြီး ဆန်ဂျေး ရှင်ဒေး Sanjay Shinde အား ကိုးကား၍ ပီတီအိုင် သတင်းတရပ်တွင် ဖော်ပြထားသည်။



မြန်မာနိုင်ငံ(ရခိုင်ပြည်နယ်)အတွင်း အကြမ်းဖက်မှုများကို လီဆည် ပြုပြင်ထားသည့် အဆိုပါ ဗီဒီယိုများကို ကျောင်းဆရာ က သြဂုတ်လ အတွင်းက အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိက ဆိုသည်။ အဆိုပါ ဗီဒီယိုများမှာ နောက်ပိုင်းတွင် မိုဘိုင်းဖုန်းများသို့ ပျံ့နှံ့သွားကာ ပူနေးမြို့နှင့် အခြား ဒေသများရှိ အိန္ဒိယ အရှေ့မြောက် ပြည်နယ်သား ကျောင်းသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေသည့် အကြောင်းရင်း ဖြစ်သည်ဟုလည်း ဆိုသည်။



သိပံ္ပဘွဲ့ရ ကျောင်းဆရာမှာ မုံဘိုင်းမြို့အတွင်း ပုန်းအောင်းနေထိုင်ရာမှ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကမှ သတင်းဆက်သွယ်ရေး ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။



အဆိုပါ လုပ်ကြံဗီဒီယိုများ ဆက်လက်မပြန့်ပွားစေရန် အိန္ဒိယ အစိုးရက အင်တာနက်စာမျက်နှာ ၂၄၅ ခုကို သြဂုတ်လ ၂၂ ရက်နေ့မတိုင်မီကတည်းက ပိတ်ပင်ခဲ့ရသည်။



အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများလည်း ထိုအတောအတွင်း ပျံ့နှံ့ခဲ့သည်။



အာသံပြည်နယ်တွင် ဒေသခံ ဘိုဒို တိုင်းရင်းသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသည်ဆိုသော မွတ်ဆလင် များအကြား အကြမ်းဖက်မှုများ ဇူလိုင်လကတည်းက စတင်ဖြစ်ပွားခဲ့သည်။ သြဂုတ်လဆန်းပိုင်းတွင် သတ်ဖြတ်မှုများနှင့် မီးရှိုမှုများ ပြင်းထန် သည်းသန်လာခဲ့ကာ အနည်းဆုံး လူ ၁ဝဝ ခန့် သေဆုံးခဲ့ရပြီး လူဦးရေ လေးသိန်းခန့်မှာ အိုးအိမ်မဲ့
ဖြစ်ခဲ့ရသည်။ 



သြဂုတ်လ ၁၁ ရက်နေ့က မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက်အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။



၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ် ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။



အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ပူနေး၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့မှုများ ဖြစ်ပွားခဲ့ရသည်။



အိန္ဒိယ ပြည်ထဲရေးဌာနက ပိတ်ပင်လိုက်မှုကြောင့် အဆိုပါ Burma Riots Thrilling Pictures 2012 အား အင်တာနက်ပေါ်တွင် ကြည့်ရှု၍ မရတော့ပေ။

မောင်းတော အရေးအခင်းအတွင်း ဇွန် ၈ ရက်နေ့တွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်သော တရားခံအား နစကဖမ်းဆီး

Posted by drmyochit Friday, September 21, 2012, under | No comments


မောင်တောမြို့နယ် အခြေစိုက် နစက က ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံ တချို့အား သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမား တရားခံ မိုဟာမတ် အာလာမ် (၄၀)နှစ်အား တနင်္ဂနွေ (၁၆)ရက်နေ့က လိုက်လံဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
နစကထံ ဖမ်းဆီးခံရသူမှာ မောင်တောမြို့ မင်္ဂလာကြီးနယ်မြေမှ မိုဟာမတ် ဇော်လိလေရ်၏သား အာလာမ်ဖြစ်ကြောင်းနှင့် အရေးအခင်းကာလတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာနှင့် ဒေသခံတချို့အား ၎င်းအပါအ၀င်  ဇွန် ၈ ရက်နေ့က သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့ကြောင်း နစကမှ ထုတ်ဖေါ် ပြောဆိုသည်။     
သို့သော်လည်း ကျောင်းအုပ်ဆရာကြီးနှင့် ဒေသခံများအား သတ်ဖြတ်ရာတွင် အဓိက ပါဝင်ခဲ့သူ အကြမ်းဖက်သမား တရားခံဖြစ်သော၊ မူးယစ်မှောင်ခိုသမားများဖြစ်သော ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရှိရသည်။
ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာအား သတ်ဖြတ်သော တရားခံမှာ အာလာမ် အပါအ၀င် တခြားဘင်္ဂလီ အကြမ်းဖက်သမားများဝိုင်းပြီး ဓါးဖြင့်ခုတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြက်သက်သေ ဒေသခံနှင့် သရီကုန်ဘောင်တွင် တာဝန်ထမ်းဆောင်နေခဲ့သော ကျောင်းဆရာမများက ပြောသည်။ 
တရားခံ အာလာမ်မှာ ကျောင်းအုပ်ဆရာကြီးများနှင့် ဒေသခံရခိုင်လူထုများအား သတ်ဖြတ်ပြီး မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တာခ်နာမြို့ ကားဂိတ်အနီးရှိ ၎င်း၏ညီ နုရုလ်အာမိ နေအိမ်သို့ ၃ လခန့် တိမ်းရှောင်နေခဲ့ပြီး ယခုမောင်တောမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နစကမှ ပြောသည်။ 
အာလာမ် အနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း ၎င်းအကြမ်းဖက်ခဲ့သော ဓါတ်ပုံနှင့် သတင်းအမှားများကို ဖြန့်ချီခဲ့ကြောင်းနှင့် ဘင်္ဂလီများအား လူမျိုးရေး၊ ဘာသာရေးအရ စည်းရုံးပြီး ရခိုင်ပြည်သို့ သွားရောက်ကာ တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း လှုံဆော်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ 
သက်ဆိုင်ရာမှ စစ်ဆေးချက်များအရ အာလာမ်မှာ မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးများအား ဂိုဏ်းဖွဲ့ပြီး မှောင်ခိုတင်ပို့ နေသောသူဖြစ်ကြောင်း နစကမှ ဆိုသည်။ 
အဆိုပါ ညီအစ်ကို နှစ်ဦးမှာ ရာဘားမူးယစ်ဆေးဝါးများအား လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ဘင်္ဂလာသို့ ထွက်ပြေးလာပြီးနောက်ပိုင်း မူးယစ်ဆေးဝါးများ ထပ်မံလုပ်ဆောင်နိုင်ရန် မောင်တောမြို့နယ်ရှိ နစကအရာရှိတဦးနှင့် အဆက်အသွယ်ပြုလုပ်ပြီး စက်တင်္ဘာ ၁၆ ရက်နေ့က လှေဖြင့်နတ်မြစ်ဖြတ်ကျော်၍ မိမိနေအိမ် မင်္ဂလာကြီးနယ်မြေသို့ ရောက်လာချိန်တွင် နစကမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ပြောသည်။ 
ယခုအခါ သက်ဆိုင်ရာမှ အသေးစိပ်စစ်ဆေးချက်များကို မေးမြန်းနေကြောင်းနှင့် ဥပဒေကြောင်းအရ သေဒဏ်ချမှတ်နိုင်ကြောင်း မောင်တောမြို့နယ် ဒေသခံများက ဆိုသည်။
ဇွန် ၈ ရက်နေ့က စတင်အကြမ်းဖက်သော ကာလတွင် သတ်ဖြတ်ခံရသည့် ကျောင်းအုပ်ဆရာကြီးများမှာ ၎င်း၏တပည့်များဖြစ်သော ယင်းဖေါ်ပြပါ ဘင်္ဂလီကျောင်းဆရာများထံ အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းအကြမ်းဖက်သမားများမှာ ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ (မောင်တောမြို့နယ် သရီကုန်ဘောင်ရွာ)၏ နေအိမ်သို့ နေ့စဉ်ဝင်ထွက်သွားလာ စားသောက်နေကြသူများလည်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သရီကုန်ဘောင်ကျေးရွာတွင် ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာ၊ ဦးဘဒို၊ ဦးအောင်သိန်းလှနှင့် တချို့သူများအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သော တရားခံများမှာ မော်ဇူရာမာန်၊ အောင်မြင့်နှင့် ခင်မောင်ထူး တို့ပါဝင်ခဲ့ကြောင်း သိရှိရသည်။ 
ကျောင်းအုပ်ဆရာကြီးတွင် သမီး မလဲ့လဲ့သန်း (၈)တန်းနှင့် သားတဦးကျန်ရစ်ခဲ့ကြောင်းနှင့် ဇနီးဖြစ်သူ ဆရာမကြီးမှာလည်း အကြမ်းဖက်သမားများ၏ ဓါတ်းဒဏ်ရာဖြင့် မထနိုင်သေးကြောင်း သိရှိရသည်။ ဦးမောင်ချမ်းသာမှာ မသေခင် မိမိနေအိမ်အတွင်း ကျောင်းဆရာ၊ ဆရာမများအား သိမ်းဆည်းထားခဲ့ပြီး ၎င်းတို့လွတ်မြောက်ရန် ရှေ့ကကာကွယ်ပေးခဲ့ကြောင်းနှင့် နောက်ဆုံးတွင် တပည့်များ၏ လက်ချက်ကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 
သို့သော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရခိုင်ပြည်နယ်အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့် UNHCRနှင့် INGOမှ ၀န်ထမ်းများအား ဥပဒေပုဒ်မ အမှုများဖြင့် သြဂုတ် ၂၄ ရက်နေ့က အသီးသီး ထောင်ပြစ်ဒဏ် ၂ နှစ်မှ ၆ နှစ်အထိ မောင်တောမြို့ တရားရုံးက ချမှတ်ထားသော ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်၊ ခင်မောင်ဆွေ (ခ) တာရတ်နှင့် ချိုလေးမာခါတုန်တို့ကို သမ္မတအာဏာဖြင့် သြဂုတ် ၂၈ ရက်နေ့က လွှတ်ပေးခဲ့သည်။ 
ယင်းရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်သမားများ သောင်းကျန်းမှုတွင် နေအိမ်စုစုပေါင်း ၃၀၀၀ ကျော်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ ၃၈ ဦး၊ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း၊ ဗလီကျောင်း ၇ ခု၊ ဒုက္ခသည်စခန်း ၃၇ နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း ၉၀၀၀၀ ခန့်ရှိခဲ့ကြောင်း သိရှိရသည်။ 

ထူးဆန်းသောနည်းများဖြင့် သေဆုံးသူများ

Posted by drmyochit Friday, September 21, 2012, under | No comments




- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ် သေသွားပါတယ်။

- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။

- အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခု ရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင် အသတ်ခံရပါတယ်။

- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင် တားဆီးနိုင်စွမ်း ရှိမရှိ ဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။

အဲဒီလိုလုပ်နေရင်းနဲ့ပဲ သူ အအေးပတ်ပြီးသေသွားပါတယ်။

- ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကို အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းက သိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။

- ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။ အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ ပေါင်မုန့်တစ်လုံး ၀ယ်စား ပါတယ်။

တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။

- ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့ ကြိုးဆွဲချ သေသွားပါတယ်။

- ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာကိုယ် ကိုက်မိရာ ကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။

- ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး မီးထိုးတဲ့ သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲကျသေပါတယ်။

- ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီး ရေကို လက်တွေ့ သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး သူသေသွားပါတယ်။

- ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။

- ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့ လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။ နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။

- အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့ သေသွား ပါတယ်။

- အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။

- ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။

ဘင်္ဂါလီညှဉ်းပန်းမှုကြောင့် ဟိန္ဒူများ စစ်တွေသို့ ပြောင်းရွှေ

Posted by drmyochit Friday, September 21, 2012, under | No comments



အတူနေ ဘင်္ဂါလီမူဆလင်များ၏ ညှဉ်းပန်း ဖိအားပေးမှုကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာမှ ထွက်ပြေးလာခဲ့ရသော ပေါက်တောမြို့နယ် အတွင်းမှ ဟိန္ဒူလူမျိုး (၂၅) ဦးတို့သည် ယနေ့ မနက်ပိုင်းတွင် စစ်တွေဈေး ဖောင်တော်ဆိပ်သို့ ရောက်ရှိရာ လံခြုံရေးတပ်ဖွဲ့ များ အပါအ၀င် တာဝန်ရှိသူများက သွားကြိုကာ စစ်တွေမြို့ မင်းဗာကြီးလမ်း ပေါ်ရှိ ဟိန္ဒူဒုက္ခသည် စခန်းသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြသည်။ == ပေါက်တောမြို့နယ် တောလည် ကျေးရွာမှ လူဦးရေ (၂၅)ဦး ရှိ ဟိန္ဒူမိသားစု လေးစု တင်ဆောင်ထားသော စက်လှေသည် ယနေ့ နံနက် ၁၁နာရီခွဲတွင် စစ်တွေမြို့နယ် ဈေးဖောင်တော်သို့ ရောက်ရှိလာသည်။


 == အဆိုပါမိသားစုများ အား တောင်ရွာဘင်္ဂလီကျေးရွာမှ ဘင်္ဂလီများက အတင်းအဓမ္မ အမဲသားကျွေးပြီး မူဆလင် ဘာသာဝင်ခိုင်းသဖြင့် တောလည်ကျေးရွာ သို့ ထွက်ပြေး လာခဲ့ရကာ၊ ယင်းရွာတွင် တစ်လမျှ ကြာပြီးနောက် ယခုမှ စစ်တွေ ဟိန္ဒူဒုက္ခသည် စခန်းသို့ ခိုလှုံခွင့်တောင်းခံကာ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။ == စစ်တွေမြို့ပေါ်သို့ ရောက်သည်အထိ လိုက်ပို့လာသူ တောလည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာဒိုးက ထိုဟိန္ဒူဘာသာဝင်များ လွတ်မြောက်လာပုံကို Coral Arakan အား အောက်ပါအတိုင်း ပြောပြသည်။ == “ အဲဒီနေ့က ည(၈)နာရီလောက်ရှိမယ်၊ ဓါတ်မီးရောင်တွေ အများကြီး ကျွန်တော်တို့ ရွာကနေ လှမ်းမြင်ရတယ်။ စစချင်းတော့ ဘာမှန်းမသိဘူး။ နောက်တော့မှ


သူတို့ (ဟိန္ဒူတွေ) ပြေးလာတာတွေ့တယ်။ သူတို့နောက်က ဟိုးဘက် တောင်ရွာဘက်က (ဘင်္ဂါလီ) ကုလားတွေ နောက်ကနေ လိုက်လာတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်တို့ ရွာက ထလိုက်ကြတော့မှ ဒီကောင်တွေ(ဘင်္ဂါလီတွေ) ပြန်ပြေးသွားတာ” ဟု ဦးမောင်သာဒိုးက ပြောပြသည်။ ==ထိုနည်းတူစွာစစ်တွေမြို့သဲချောင်း နှင့်သက်ကယ်ပြင်ဒုက္ခသည် စခန်းများတွင် နှစ်လခန့် ရောက်ရှိနေခဲ့သော ဟိန္ဒူဘာသာဝင် အိမ်ထောင်စု(၁၈)စု လူဦးရေ (၉၈)ဦး တို့အားအား အတူနေ ဘင်္ဂါလီ မူဆလင် ဒုက္ခသည်များက အမဲသားစားခိုင်းခြင်း ဘာသာပြောင်းရန် ဖိအားပေးခြင်းတို့ကြောင့် အတူထားရှိခဲ့ရာမှ ခွဲထုတ်ကာ ပြီးခဲ့သော သြဂုတ်လကျမှ စစ်တွေမြို့တွင်းရှိ ဟိန္ဒူဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ == (သာထွန်းဦး နှင့် မင်းခရီ ရေးသားသည်။) ======

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့  အထိမ်းအမှတ်ပွဲများသို့  ဖိတ်ကြားအပ်ပါတယ်။

Posted by drmyochit Friday, September 21, 2012, under | No comments


ရန်ကုန်မြို့ နှင့် မော်လမြိုင်မြို့ တို့ တွင် မနက်ဖြန် စက်တင်ဘာလ( ၂၁) ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့  အထိမ်းအမှတ်ပွဲများသို့  ဖိတ်ကြားအပ်ပါတယ်။


မော်လမြိုင်မြို့ တွင် မနက်ဖြန် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “တနိုင်ငံလုံးစစ်ပွဲရပ် (Stop Civil War)” စတေကာကန်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်းနှင့် မော်လမြိုင်သူ မော်လမြိုင်သားများအား ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါကြောင်း သိရှိရပါတယ်။ မော်လမြိုင်မြို့  ရွှေမြင့်မိုရ်ထွန်းဟိုတယ်မှာ နေ့ လည် (၁) နာရီ မှ (၃) နာရီထိ ကျင်းပမှာ ဖြစ်ပါတယ်။



ရန်ကုန်မြို့  ဆူးလေဘုရားလမ်း မြို့ တော်ခန်းမ အနီး နံနက် (၁၀း၃၀) နာရီမှ စတင်ပြီး အင်းယားကန်ဘောင် တံတားဖြူ မှတ်တိုင် နေရာ) သို့ ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်မှုနဲ့  ဆုတောင်းမှုကို ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းနှင့် ရန်ကုန်သူ ရန်ကုန်သား များအား ဖိတ်ခေါ်ပါကြောင်း သိရှိရပါတယ်။

 

မဲခေါင်မြစ် တရုတ် ၁၃ ဦးသတ်ဖြတ်မှု နော်ခမ်းဝန်မခံသေး တရုတ် CCTV ဘာသာပြန်ထုတ်လွှင့်မှုလွဲမှားနေ

Posted by drmyochit Friday, September 21, 2012, under | No comments



ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း(နှင့်အဖွဲ့) နှင့်ပတ်သက်၍  စက်တင်္ဘာ ၁၈ ရက် တရုတ်နိုင်ငံပိုင် CCTV ဘာသာပြန် ထုတ်လွှင့်မှုမှာ လွှဲမှားနေကြောင်းသိရှိရပါသည်။ စိုင်းနော်ခမ်း သျှမ်းဘာသာ ပြောကြားချက်တွင် - ‘ကျနော် စိုင်းနော်ခမ်း အသက် ၄၄ နှစ်၊  အောက်တိုဘာလ ၁၀ ရက်နေ့ ရှပ်ပြေး ဘုတ်နှစ်စီးပေါ် လူသတ်မှုနဲ့ပတ်သက်ပြီး အထင် မှားလို့ ကျနော့် ကိုဖမ်းတယ်’ ဟု ပြောကြားရာတွင် တရုတ်နိုင်ငံပိုင် CCTV က ‘Cause Iplanned and killed 13 Chinese on the Mekong River ကျနော်အစီအစဉ်ချခဲ့ပြီး တရုတ်  ၁၃ ဦးကို မဲခေါင်မြစ် အတွင်း သတ်ဖြတ်ခဲ့တယ်’ ဟု အင်္ဂ္လိပ်ဘာသာပြန်၍ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။

“အခုလို ဘာသာပြန်မှားယွင်းမှုဟာ လုံးဝမဖြစ်သင့်ဘူး၊ ဒါမြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်မင်းတို့ လဲသိ သင့်တယ်။ သျှမ်း- တရုတ်ဘာသာပြန်တွေ သျှမ်း-တရုတ် နယ်စပ်မှာ အများကြီး၊ မရှာနိုင်ရင် ကျနော် ဝိုင်းရှာ ပေးလို့ရ တယ်၊

 ဒီလူသတ်မှုကိစ္စ စိုင်းနော်ခမ်းက ဝန်မခံသေးဘူး၊ ဆိုတော့ တရားရုံးက တရားခံအဖြစ် တရားစီရင်လို့ မရဘူး” - ဟု သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် စဝ်ခင်းဆာယီက ပြောပါသည်။ ယနေ့စက်တင်ဘာ ၂၀ ရက်နေ့ တရုတ်နိုင်ငံ ကူမင်း(ခွန်းမင်) မြို့ တရားရုံး၌ မူးယစ်ရာဇာ အမည်ရ စိုင်းနော် ခမ်း နှင့် ပတ်သက် ဆက်နွယ်သူ လူ ၅ ဦးအား ရုံးတင် စစ်ဆေးနေပါသည်။

စက်တင်္ဘာ ၁၈ ရက်နေ့ တရုတ်နိုင်ငံပိုင် CCTV  အင်္ဂလိပ်ဘာသာသို့ ဘာသာပြန် လွှဲမှား ထုတ်လွှင့်မှုအား ကြည့်ရှု လိုပါက အောက်ပါ ကလစ်အားကြည့်ရှု နိုင်ပါသည်။http://english.cntv.cn/program/newsupdate/20120918/106694.shtml မှယူ၍ ပြန်လည်တင်ပြထားပါသည်။


ရခိုင်မြောက်ဖျားပိုင်း တိုင်းရင်းသားကျေးရွာများ ဆန်ပြတ်လပ်

Posted by drmyochit Friday, September 21, 2012, under | No comments


ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်ပွဲတခုတွင် ရိုးရာ တူရိယာများနှင့်အတူ တွေ့ရသော မြို ၊ ခမီး တိုင်းရင်းသား တချို့(ဓာတ်ပုံ – Van Dhammika facebook မှ)
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်းမှ တိုင်းရင်းသား ကျေးရွာ ၁၀၀ ကျော်တွင် ဆန် ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဆန် ရှားပါးပြတ်လပ်နေသည့် ကျေးရွာများသည် ဘူးသီးတောင်မြို့နယ်အတွင်းမှ ကျေးရွာ ၁၅၀ ၀န်းကျင်နှင့်မောင်တော ဒေ သ ၌ ကျေးရွာ ၁၀ ရွာ ကျော်တို့ဖြစ်သည်။ ဆန်နှင့်စားသောက်ကုန် ပြတ်လပ်ရှားပါးမှုသည် မကြာသေးခင်က ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများနောက်ပိုင်းတွင် ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

မောင်တောမြို့နယ်အတွင်း ကျေးရွာများ၌ ရခိုင်တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားနှင့် ရခိုင်မျိုးနွယ်စုများဖြစ်သော မြို၊ ခမီး၊ သက် စသည့် လူမျိုးများနေထိုင်ကြပြီး ဘူးသီးတောင်မြို့နယ်မှ ကျေးရွာများတွင် ရခိုင်နှင့်မြို၊ ခမီး၊ ဒိုင်းနက်၊ သက် စသည့် တိုင်းရင်းသားများ နေထိုင်ကြသည်။ ၎င်း ကျေးရွာများသည် ပဋိပက္ခကာလ အတွင်း မီးရှို့ဖျက်ဆီး ခံရသော ကျေးရွာများ မဟုတ်ပေ။
အစိုးရ အာဏာပိုင်များ၊ NGO အဖွဲ့အစည်းများကလည်း မောင်တောမြို့နယ်အတွင်းမှ မီးလောင်ကျွမ်းသွားသည့် ကျေးရွာ ၁၀ ရွာ ကျော်နှင့်တချို့တ၀က် မီးလောင်သွားသည့် ကျေးရွာများအတွက်သာ လာရောက်မှုရှိကြောင်း သိရသည်။
ဘူးသီးတောင်ဒေသမှ ကျေးရွာများသည် မြို့နှင့်ဝေးလံသည့် ဒေသများဖြစ်သည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လုံခြုံရေး စိတ်မချ၍ ကျေးရွာ တရွာမှ တရွာသို့ သွားရောက်ရန် စိုးရိမ်မှုများ ကြီးထွားနေသည့် အတွက် စားဝတ်နေရေး ခက်ခဲခြင်း တို့နှင့် ကြုံတွေ့နေရကြောင်း ဘူးသီးတောင် ဒေသခံ ဦးထွန်းအောင်သိန်း က ဧရာဝတီကို ပြောသည်။
ဘူးသီးတောင်နှင့်ကျောက်တော်မြို့နယ်တို့၌ သတ်ဖြတ်မှု၊ လုယက်မှု၊ ဓားခုတ်မှု တို့ကို ပြီးခဲ့သည့် သီတင်းပတ်များတွင် ဖြစ်ပွား ခဲ့သကဲ့သို့ မောင်တောမြို့နယ်မှ လယ်သမားတဦးသည်လည်း လယ်တဲ၌ ရှိစဉ် ဓားခုတ်ခံရ၍ ဆေးရုံ၌ ဆေးကုသမှု ခံယူနေ ဆဲ ဖြစ်ကြောင်း၊ ထိုသို့ အကြမ်းဖက်မှုများကြောင့် ဒေသခံ တိုင်းရင်းသားများအနေဖြင့် စိုးရိမ်မှုများ ရှိနေဆဲဟု ဆိုကြသည်။
ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တောင်တန်း ဒေသနှင့်တောင်ပေါ်ဒေသတွင် နေထိုင်သော ခမီး၊ ဒိုင်းနက်၊ မြို၊ သက် လူမျိုးများသည် တောင်ယာလုပ်ငန်းနှင့်တောတောင်ထွက် ပစ္စည်းများကို မြေပြန့်ဒေသ၌ နေထိုင်သည့် ဘင်္ဂါလီလူမျိုးများထံ ရောင်းချလေ့ ရှိကြောင်း၊ ယခုအခါ ဘင်္ဂါလီများက ၀ယ်ယူသုံးစွဲခြင်း မရှိတော့ကြောင်း သိရသည်။
“တောင်ပေါ် တိုင်းရင်းသားတွေဟာ တောထဲက အသီးအနှံတွေ၊ မျှစ်တွေ ရောင်းချပြီး အသက်မွေးနေကြသူတွေပါ၊ ရခိုင်ဒေသ တွင်း ဖြစ်ခဲ့တဲ့ ပြဿနာတွေအပြီးမှာ သူတို့ရောင်းချတာကို လူများစုဖြစ်တဲ့ ဘင်္ဂါလီတွေက လုံးဝ မ၀ယ်ကြတော့ဘူး”ဟု
ဦးထွန်းအောင်သိန်း က ပြောသည်။
တောင်ပေါ်တိုင်းရင်းသားများသည် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာတို့ကို ကိုးကွယ်ပြီး တချို့သည် နတ်ကိုးကွယ်သူများဖြစ် ကာ အခြေခံ လက်လုပ်လက်စား ဘ၀ဖြင့် အသက်မွေးကြသူများဟု သိရသည်။ ထိုဒေသများသည် လမ်းပန်းဆက် သွယ်ရေး အခက် အခဲကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်တို့ နိမ့်ပါးသော ကျေးလက်ဒေသ ဖြစ်သည်။
မောင်တောမြို့နယ် မြောက်ဖျားပိုင်းဒေသရှိ ဆန်ရှားပါးနေသည့် တိုင်းရင်းသား ကျေးရွာ ၁၀ ရွာကျော်အတွက် ရခိုင်လူမှုရေး အဖွဲ့ အစည်းများ၊ ရခိုင်ပါတီ တို့က သွားရောက်လှူဒါန်းမှု တချို့ရှိကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကလည်း ယခုရက်ပိုင်း အတွင်းထပ်မံ သွားရောက် လှူဒါန်းရန် ဆန်အိတ်များ စုဆောင်းနေကြောင်း ပါတီ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ဧရာဝတီ ကို ပြောသည်။
မောင်တော မြောက်ဖျားပိုင်းတွင် နေထိုင်သော ခမီး၊ မြို၊ ဒိုင်းနက် လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိက လုပ် ကိုင်ကြောင်း၊ ထိုတိုင်းရင်းသား ကျေးရွာများတွင် အိမ်ခြေ ဆယ်ဂဏန်းမှ အများဆုံး ၁၀၀ ၀န်းကျင်သာ ရှိကြောင်း၊ ၎င်း တို့နှင့် ဆက်စပ်နေသည့် ဘင်္ဂါလီကျေးရွာများ တွင်မူ အိမ်ခြေ ၅၀၀ မှ ၂၀၀၀ ကျော်အထိ ရှိကြောင်း သိရသည်။
“အဲဒီတိုင်းရင်းသားကျေးရွာတွေက အိမ်ခြေ ၃၀၊ ၅၀၊ အများဆုံး ၁၀၀ လောက်ပဲရှိတယ်၊ ရွာတွေ အတွက်တော့ လုံခြုံရေး ရှိ တယ်၊ အများစုက တောတောင်ထဲတွေ လယ်ကွင်းထဲကို မသွားရဲကြ၊ အလုပ် မလုပ်ရဲကြဖြစ်နေကြတုန်းပါ၊ တဘက်နဲ့တဘက် ယုံကြည်မှု မရှိ ကြသေးဘူး”ဟု ဦးခိုင်ပြည်စိုး က ပြောသည်။ ထိုဒေသတည်ငြိမ်ရေးနှင့်ဒေသခံများ မူလအခြေအနေပြန်ရောက် ရန် အချိန်ကာလတခု ကြာမြင့်ဦးမည်ဟုလည်း ၎င်းက ဆို သည်။
ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တောင်တန်းဒေသနှင့် မြေပြန့်ဒေသရှိ ကျေးရွာ ၁၅၀ ကျော်တွင် အိမ်ခြေ ၂၀ ၀န်းကျင်မှ ၂၀၀ ၀န်းကျင်ရှိကြောင်း၊ လူအများစုသည် တောင်ယာလုပ်ငန်း လုပ်ကိုင်ကြကြောင်း သိရသည်။
 ဧရာဝတီ

သမ္မတကြီး ဦးသိန်းစိန် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အပ်နှင်းခံရ

Posted by drmyochit Friday, September 21, 2012, under | No comments



ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကြောင့် တရုတ်တက္ကသိုလ်က ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို သမ္မတကြီး ဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အတွင် လက်ခံရယူခဲ့ကြောင်း Sky Net ရုပ်သံလိုင်းက ယနေ့ ညနေတွင် ထုတ်လွှင့်ခဲ့သည်။


ယနေ့ မြန်မာ နိုင်ငံတော် ဒီမိုကရေစီ ထူထောင်ရေး လုပ်ငန်းများ သည် သမ္မတကြီး ဦးသိန်းစိန် နှင့် ပြည်ထောင်စု လွှတ်တော်ကြောင့်သာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ဝန်ခံ ပြောကြား

Posted by drmyochit Friday, September 21, 2012, under | No comments




အမေရိကန် ကွန်ဂရက်မှာ ၂၀၀၈ ခုနှစ် အိမ်ထဲမှာ ထိုင်နေစဉ်က ရရှိခဲ့သော ဆုကို ဒေါ်အောင် ဆန်း စုကြည် ယနေ့ လက်ခံယူစဉ်တွင် လက်ခုပ်တီးသူများအားလုံးကို လက်အုပ်ချီ ရှိခိုးဦးချ ပြီးနောက် ယနေ့ မြန်မာနိုင်ငံတော် ဒီမိုကရေစီ ထူထောင်ရေးလုပ်ငန်းများသည် သမ္မတကြီး ဦးသိန်းစိန် နှင့် ပြည်ထောင်စု လွှတ်တော်ကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ဝန်ခံ ပြောကြားသည်။

  "ကျမတို့ရဲ့ ဒီနိုင်ငံတော်ထူထောင်ရေးလုပ်ငန်းစဉ် တွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်လာရတာပါ။ သမ္မတကြီး နဲ့အတူ အခုသက် တမ်းနုနယ်သေးပေ မယ့် အလျင်အမြန်ရင့်ကျက်လာနေပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ဒါ့အပြင် ဒီမိုက ရေ စီတန်ဖိုးတွေ ကို တစိုက်မတ်မတ်တန်ဖိုးထားကြတဲ့ လူထုကြီးတရပ်လုံးဟာ ကျမတို့ လိုလားသ လို ခေတ်သစ် ကမ္ဘာကြီးထဲမှာ ကျမတို့နိုင်ငံတော်ကို နေရာမှန်ရစေဖို့အတွက် အားအင်အပြည့်နဲ့ ရှေ့တိုး ဆောင် ရွက် သွားစေနိုင်မှာဖြစ်ပါတယ်။

 မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဦးစီးဆောင်ရွက်နေတဲ့ ၀န်ကြီး ဦးအောင်မင်း ကိုယ်တိုင်လည်း အခု လာရောက်ခဲ့တဲ့အတွက် ကျမ သိပ်ကိုအားတက်မိပါ တယ်။ ပြုပြင်ပြောင်း လဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အနာဂတ်အပေါ် ကျမရဲ့ ယုံကြည်မှုတွေ ကိုလည်း ပိုပြီးတိုးပွားလာစေပါတယ်။"
ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာ့အရေးကို တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တဲ့ နယူးယောက်မြို့နယ်က ဒီမိုက ရက် အောက် လွှတ်တော်အမတ် Joseph Crowley က လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ထွန်းမှုတွေ အများကြီးတွေ့ရတဲ့အကြောင်း၊ ဒီလို အပြောင်းအလဲတွေပေါ် လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့သူတွေကို ချီးကျူးရမှာဖြစ်ပြီး အဲဒီအထဲမှာ လက်ရှိ အစိုးရ ခေါင်းဆောင်တွေကိုလည်း ထည့်သွင်းရမှာဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

 အခမ်းအနားသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း နှင့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းဆွေ လည်း တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

Thursday, September 20, 2012

KIA အသုံးချတာခံနေရတဲ့ ABSDF မြောက်ပိုင်းအဖွဲ့

Posted by drmyochit Thursday, September 20, 2012, under | No comments


KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာနဲ့ ၅ မိုင်အကွာမှာ KIA ဌာနချုပ်ကိုကာထားတဲ့ စစ်ရေးအခေါ် နဲ့ပြောမယ်ဆိုရင် KIA ရဲ့ရှေ့ဆုံးခံစစ်စည်း(ပထမခံစစ်စည်း)မှာ စက်တင်ဘာလ ၁၇ ရက်နေ့က အစိုးရ စစ်တပ်နဲ့ တိုက်ပွဲ တွေပြင်း ပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်။ လဂျားယန်နားမှာ ABSDF (မြောက်ပိုင်း)ကျောင်းသား အဖွဲ့ကို KIA ကရှေ့ဆုံးကနေ ကာကွယ်ဖို့နေရာချထားခဲ့တာဖြစ်တယ်။ အစိုးရတပ်က ပစ်တဲ့အမြောက် ကြောင့် ABSDF တပ်ဖွဲ့က မောင်ရှင်း ကျဆုံး ခဲ့ရတယ်။ ဒါကိုကြည့်ရင်မဖြစ်သင့်တဲ့ကိစ္စပါ။ ကချင်ပြည်နယ်မှာ တစ်ဖွဲ့တည်းသာကျန်ရှိနေတဲ့ ABSDF ကို KIA ကအ သုံးချလိုက်တာပဲ။ အစိုးရနဲ့အရင်ဆုံး ထိပ်တိုက် တွေ့ရမဲ့နေရာတွေမှာ KIA တပ်တွေပဲရှိသင့်တယ်။ KIA ရဲ့ပြောရေး ဆိုခွင့်ရှိတဲ့ ဦးလနန်ကသာ တောင်ပြော မြောက်ပြော ပြောနေတာ။ တိုက်ပွဲဖြစ်တိုင်း အစိုးရတပ်က ဘယ်လောက် ကျသွားတယ်။ KIA ကတော့ အထိအခိုက်မရှိဘူး။ ထာဝရငြိမ်းချမ်းရေးအတွက်ဆိုပြီး အ သံကောင်းဟစ်နေတာ။ အစိုးရ စစ်တပ်က အထိအ ခိုက်ရှိသလို KIA ဘက်က ပိုပြီးတော့များလိမ့်မယ်။ KIA ရဲ့လက်ခုပ်ထဲက မြေစာဖြစ်သွားရတဲ့ က ချင် တိုင်း ရင်းသားအရေအတွက်ဟာ မနည်းလှတော့ဘူးထင်တယ်။ မုဆိုးမအဖြစ်ကျန်ရစ်တဲ့ ကချင်တိုင်းရင်းသူ တွေ ကိုစစ် တမ်းကောက်ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်ဘက်က ဘယ်လောက်ထိခိုက်ကျဆုံးပြီး ဘယ်သူတွေ အတိဒု က္ခရောက်နေရတယ်ဆိုတာ ကျွန် တော်တို့ ဒေသ ခံတွေလောက် ဘယ်သူမှမသိနိုင်ပါဘူး။ သေချာစွာ စာရင်းလုပ် ကြည့်လိုက်တော့ ဘယ်သူမှမမြတ်ဘဲ ဆုံးရှုံးနေတာကိုတွေ့ရမှာပါ။ အစိုးရတပ်က KIA ဌာနချုပ်နဲ့ ငါးမိုင်လောက် အကွာအဝေးထိရောက်နေတာ ဌာနချုပ်ကိုဝင်သိမ်းမယ်ဆိုရင် သိမ်းပိုက်နိုင်တဲ့အနေအထား ကိုရောက်နေတာ ဘာ ကြောင့် မသိမ်း ပိုက် သေး တာလဲဆိုတာစဉ်းစားစရာပါ။ နိုင်ငံရေးအရဖြစ်လိမ့်မယ်။ ဦးလ နန်ရဲ့လေလုံးတွေကြောင့် ဖြစ် မယ် ထင်တယ်။
          စက်တင်ဘာလ ၃ ရက်နေ့က ဖားကန့်ကိုကျောက်သွားတူးတဲ့ ကချင်၊ ရှမ်း လူအယောက် ၃၀ ကို KIA က အတင်းအဓမ္မဖမ်းပြီး လူသစ်စုသွားတယ်။ ပြန်ပေးဆွဲသွားတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်။ မိဘ တွေက သွားရွေးတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့မိန်းကလေးငယ်တွေ ၁၂ယောက်ကို တစ် ယောက် ၂၅၀၀၀ စီတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဒါတွေဟာအခုမှမဟုတ်ဘူး။ KIA ရဲ့ဓါးပြလို၊ အကြမ်းဖက် သမားလို လုပ်ဆောင် နေတာကြာခဲ့ပါပြီ။ NLD အဖွဲ့ဝင်တွေပါ လာလို့သာ အင်တာ နက်သတင်းပေါ်ရောက်လာ ရတာပါ။ ကချင်လူမျိုး ကောင်းစားရေးလို့ ကြွေးကြော်နေပေမယ့် အတင်းအဓမ္မဖမ်းခေါ်တဲ့ကိစ္စတွေ၊ ဓါးပြ တိုက်၊ လူသတ်တဲ့ကိစ္စတွေ၊ ဆက် ကြေး တောင်းတဲ့ကိစ္စတွေ၊ ရှမ်းမိန်းကလေးတွေကို KIA စစ်သားတွေ အ တင်း အဓမ္မမယားလုပ်ခိုင်းတာတွေ၊ စည်းမဲ့ ကမ်းမဲ့ရွာ ဘေးမှာမိုင်းထောင်တာတွေ၊ လမ်းတံ တားတွေ မိုင်းခွဲဖျက်ဆီး လို့ သေကြေပျက်စီးဆုံးရှုံးရတာတွေ၊ အဖျက် လုပ်ငန်းမျိုးစုံကို ရက်စက်မှုကမ်းကုန်အောင် ကျူးလွန်နေကြတာ တွေဟာ ကချင်ပြည်နယ်က တိုင်းရင်းသား တွေကြိတ် မှိတ်ခံစားနေရတဲ့ ဒုက္ခတွေပါ။
          KIO/KIA ဆိုတာ ၁၉၆၀ ခုနှစ်က လားရှိုးငွေတိုက်ကို ဓါးပြတိုက်ပြီးရတဲ့ ပိုက်ဆံနဲ့ အဖွဲ့အစည်း ကိုစ ဖွဲ့ခဲ့တာပါ။ အဲဒီနောက်ပိုင်းကစပြီး ဒီနေ့အထိလည်း ပြည်သူတွေဆီက လူသတ်၊ ခြိမ်းခြောက်ပြီးမှ ရလာတဲ့ မသထာ ရေစာတွေနဲ့ ရပ်တည်လာခဲ့တာပါ။ စက်တင်ဘာလ ၁ ရက်နေ့ကလည်း မိုးကောင်း၊ နမ္မတီး ရွာက မဂျာဒွဲနူးဆိုတဲ့ ကိုယ်ဝန်သည်အမျိုးသမီးကို လူသစ်အဖြစ်နဲ့ စုသွားတယ်။ ဗိုက်ထဲကကလေးလေးက လူ့လော ကထဲတောင် မရောက်သေးဘူး။ ကိုယ်ဝန်သုံးလနဲ့တပ်သားသစ်အစုခံရတာ တော်တော်အကြံ ပက် စက်တဲ့ KIA တွေပါပဲ။ KIO/KIA ဟာ ကချင်ပြည်နယ်၊ ကချင်လူမျိုးကောင်းစားရေးအတွက်လို့ ပြောနေ တာဟာ လက်တွေ့နဲ့တခြားစီဖြစ်နေပါပြီ။ ကချင်လူမျိုးရဲ့ဘ၀နဲ့ဆန္ဒတွေကို ကိုယ်စားမပြုဘဲ ထင်ရာစိုင်း ဒုက္ခပေးနေကြသူတွေဖြစ်ပါတယ်။ တစ်အူထုံ့ ဆင်းညီ အစ်ကိုအရင်းတွေမို့ နွေးနွေးထွေးထွေးနဲ့ ညိနှိုင်း ဆွေးနွေးအဖြေရှာတာကို လက်မခံနားမ၀င်တာမို့ ကျွဲပါးစောင်း တီးသလို အချိန်တွေကုန်လွန်းလှပါတယ်။ ဒီအချိန်တွေ၊ အနိဋ္ဌာရုံတွေကို လက်တွေ့ခံစားနေရတဲ့ ကျွန်တော် တို့မှာတော့ အရှင်လတ်လတ်ငရဲကျနေ တာပါပဲ။ ၈၈ မျိုးဆက်အဖွဲ့တွေ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့ UNFC အဖွဲ့တွေက ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေကြတော့မှာလား။ အဆိပ်ပင်ကို ရေလောင်း မြေသြဇာကျွေး သလိုဖြစ်နေပါပြီ။ အရေးကြုံ လာရင်တော့ ပြည်ထောင်စုတပ်မတော်ကြီးကိုပဲ အားကိုးရတော့မယ်။ KIA က ဘီလူး ဆိုင်း တီးနေမှတော့ ဘီလူးက ကလို့ လိုင်ဇာဌာနချုပ်ကိုသာမြန်မြန်သိမ်းပြီး ပြတ်ပြတ်သားသားသာ ကျူပင်ခုတ် ကျူငုတ် မကျန် အောင်တွယ် ပေးပါ တော့လား။ ကျွန်တော်တို့ ပြည်သူတွေ ဘေးကင်းရာကိုရွှေ့ပေးပါ့မယ်။
မနောမောင်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်