ရန်ကုန်
အောက်တိုဘာ ၁၈
အညတရ
သူရဲကောင်း တေးစီးရီး မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၆ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့
ဗိုလ်ချုပ် အောင်ဆန်းလမ်းရှိ စင်ထရယ် ဟိုတယ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ
အညတရ တေးစီးရီး ဖြစ်မြောက်ရေး အတွက် တေးရေး၊ တေးဆို၊ တီးခတ်၊ စီစဉ် ဖန်တီးသူ ဆောင်းဦးလှိုင်က
အညတရ သူရဲကောင်း တေးစီးရီးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အလင်းတန်း ဂျာနယ်မှ
ဦးဝင်းငြိမ်းနှင့် လျှပ်တစ်ပြက် ဂျာနယ်မှ ဦးမြတ်ခိုင် တို့က အမှာစကား ပြောကြား ခဲ့သည်။
ဆိုးလ် အောက်တိုဘာ ၁၉
တောင်ကိုရီးယား
နိုင်ငံတွင် တရုတ် နိုင်ငံမှ တရားမဝင် ငါးဖမ်းခဲ့သော သင်္ဘောသားနှင့် ငါးဖမ်းသမား ၁၁
ဦးကို တရား ဥပဒေ ချိုးဖောက်မှုဖြင့် အောက်တိုဘာ ၁၉ ရက်က ဖမ်းဆီးအမိန့် ထုတ်ပြန်ခဲ့ကြောင်း
ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့ အနောက်ဘက် ဒေသ ဌာနချုပ်မှ မိုကေပိုက ပြောကြား ခဲ့သည်ဟု
သိရသည်။ အဆိုပါ ငါးဖမ်းသမား ၁၁ ဦးကို ကမ်းခြေစောင့် တပ်ဖွဲ့မှ တာဝန် ရှိသူများက ရှာဖွေခဲ့ရာ
ကိုရီးယား နိုင်ငံ အနောက်ဘက် ပင်လယ် အတွင်းရှိ သီးသန့် စီးပွားရေး ဇုန်အတွင်း တရားမဝင်
ငါးဖမ်းနေသည့် သင်္ဘောသား ၁၁ ဦးကို စစ်ဆေးစဉ် ကိုရီးယား ပင်လယ်ပြင် ရဲတပ်ဖွဲ့ကို လက်နက်များ
အသုံးပြု၍ အကြမ်းဖက် တိုက်ခိုက် ခဲ့ကြကြောင်း သိရသည်။
လန်ဒန် အောက်တိုဘာ ၁၉
ဗြိတိန်
နိုင်ငံမှ အပျော်တမ်း ရှေးဟောင်းပစ္စည်း ရှာဖွေသူ တစ်ဦးသည် လေးရာစု ကာလ အတွင်းမှ ရောမ
ခေတ် သုံး ရွှေဒင်္ဂါးများကို လန်ဒန်မြို့ မြောက်ဘက် ၂၂ မိုင် အကွာရှိ စိန့်အယ်လ်ဘမ် မြို့ရှိ
ပုဂ္ဂလိကပိုင် မြေကွက်တစ်ခု အတွင်း၌ ရှာဖွေ တွေ့ရှိခဲ့ကြောင်း
အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ ရှာဖွေ တွေ့ရှိသည့် ရွှေဒင်္ဂါးပြား အရေအတွက်မှာ ၁၅၉ပြားရှိပြီး
၎င်းတို့ကိုစိန့်အယ်လ်ဘမ် မြို့ရှိ Verulamium ပြတိုက်တွင် ခင်းကျင်း ပြသ သွားမည်
ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် ထိုဒင်္ဂါးပြား များအား ရှာဖွေ တွေ့ရှိခဲ့သည့် နေရာ အတိအကျ
ကို ဖော်ပြခြင်း မရှိခဲ့ပေ။
ကချင် ပြည်နယ်ရှိ လူငယ်များ အကြား၌ မူးယစ် ဆေးဝါး သုံးစွဲမှု အလွန် များပြား နေသော်လည်း
မူးယစ်ဆေး သုံးစွဲသူ များအား သက်ဆိုင်ရာ ရဲစခန်း များက ခဏတာ ဖမ်းဆီး ခေါ်ဆောင် ထားလေ့ရှိပြီး
မိသားစု ၀င်များမှ လာရွေးပါက ပြန်လွှတ်ပေး နေကြောင်း မိုးကောင်း ဒေသခံ များထံက သိရှိရသည်။
စစ်အင်
အားကြီး အမေရိကန် အပါအ၀င် အာရှ နိုင်ငံ အချို့ပါဝင်သော ကမ္ဘာ့အကြီးဆုံး ‘ကော်ဘရာဂိုး’
စစ်ရေး လေ့ကျင့်မှု ကိုလေ့ လာရန် မြန်မာနိုင်ငံ အမေရိကန် ပြည်ထောင်စုက ဖိတ်ခေါ် သွားမည်
ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
In a pageant, evaluating a girl based on the
beauty of her curves, skin and overall bearing is probably one of the most
difficult task a judge has to go through. But, with merely a few seconds
to base such assessment, it is no surprise why some of those who look
incredibly hot in their swimsuit portfolio still fail to get the nod of the
judges.
မကွေးတိုင်း
ဒေသကြီး အောင်လံ မြို့နယ် စစ်အောင် ကျေးရွာ၌ အောက်တို ဘာလ ၁၂ရက် နေ့ နေ့လည် ၂နာရီ တွင်
ယင်း ကျေးရွာ၌ နေထိုင်သူ နေဝင်းထွန်းသည် ၄င်း ရည်းစား ဖြစ်သူကို မတွေ့ရ၍
လူငါးဦးကို ဓါးဖြင့် ခုတ်ခဲ့ရာ နှစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ
စုံစမ်း သိရှိရသည်။
ဘန်ကောက်မြို့မှာ
အလုပ်လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက် ကနေ တဆင့် သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာ
နိုင်ငံသား ၄၂ ယောက်ကို ဒီကနေ့ ဖမ်းမိတယ်လို့ သိရပါတယ်။ သူတို့ရဲ့
လှုပ်ရှားမှုကို သတင်းရ တဲ့အတွက် ထိုင်းအာဏာပိုင် အင်အား ၂၀ လောက်က မဲဆောက် မြို့ပြင်
တနေရာမှာ သွားရောက် ဖမ်း လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လားရှိုးမြို့၊
ရပ်ကွက်(၂)၊ ပြည်ထောင်စု လမ်းမကြီးပေါ်၊ ရေပန်း လမ်းဆုံ အနီးတွင် အောက်တို ဘာလ ၁၉ ရက်နေ့၊
နေ့လယ် ၁၂ နာရီအချိန်က သီပေါဖက်မှ မောင်းနှင် လာသော (၁၂)ဘီး
ကုန်တင်ယာဉ် တစ်စီး သည် ဘရိတ် ပေါက်ကာ လမ်းဘေးသို့ ထိုးကျခဲ့ပြီး လမ်းဘေး လေထိုး ကျွတ်ဖာ
ဆိုင်မှ အလုပ်လုပ်နေသူတစ်ဦးအား တိုက် ကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လာမယ့်
နိုဝင်ဘာလ ၁၈ရက်နေ့ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် အတ္တလန်တစ် စီးတီး (Altantic
City, New Jersey) မှာ ကျင်းပမဲ့ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး လောက ကြေးစား လက်ဝှေ့
ပွဲစဉ် အမှတ် R.O.C ( Ring of Combat – 38 ) အတွက် MMA ( Mixed Martial Art ) မက်ဒယ်လ်
ဝိတ်တန်း ရှင် အင်ဆန် အောင်လ ကို ယခင်အပါတ် အောက်တိုဘာလ ၁၅ရက် စနေနေ့
ညနေတွေ့ဆုံ ဖုန်းနဲ့မေးမြန်း စကားစမြည် ပြောဆို ဖြစ်တယ်။
မီချီဂန် ပြည်နယ် က အမေရိကန် ပြည်သူတွေ ပညတ်ပေးလို့ ရခဲ့တဲ့ ( Burmese Python - ဘားမိစစ်
ပိုင်သွန် ) - မြန်မာ့ စပါးကြီးမြွေ ဆိုတဲ့ နာမည်နဲ့ အခုနှစ် ၂၀၁၁ အတွင်းမှာ ၃ပွဲထိုးသတ်ရာ
၂ပွဲ အနိုင်ရပြီး၊ လွန်ခဲ့တဲ့ စက်တင်ဘာလ ကပဲ ချေဆီမရစ် ( Casey Manrique ) ဆိုသူကို
လက်သီးထိုးချက်တွေ ချုပ်သတ် ကွက်တွေနဲ့ ၂ချီမှာ ဒိုင်ပွဲရပ်ကာ အနိုင်ရလာတဲ့ အောင်လ
ဟာ နောက်လဆို ပြိုင်ဖက် ဒရူးပူဇွန် (Drew Puzon) ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ မြစ်ကြီးနားမြို့
ဆရာအတတ်သင် လေ့ကျင့်ရေး မူလတန်းကျောင်းထွက် အောင်လ ဟာ သားချင်း ၅ယောက် ထဲက ၄ယောက်မြောက်
ဖြစ်ပြီး အမေရိကားမှာ အထက်တန်း တက်နေစဉ် နဘမ်း သတ်သည့် အားကစား လေ့ကျင့်ရာမှ ကိုယ်ခံပညာကို
မြေစမ်း ခရမ်းပျိုး ဖြစ်ပါတယ်။ တက္ကသိုလ် တက်နေစဉ် ကာလ ၂၀၀၅ ခုနှစ်မှာပင် အပျော်တမ်း
ကလပ်ပွဲ တွေမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြောင်း၊ ယခု အမေရိကန် ကြေးစားလက်ဝှေ့ လောကထဲ
ဝင်ရောက် လာပြီး၊ ဘော်လ် တီးမိုးလ်မြို့၏ အယ်လ်ကရစ် အရပ်မှာ နေထိုင်ကာ ယခု ဘွဲ့ရချိန်မှာ
သူ့ကို မြေတောင် မြှောက်ပေး ခဲ့တဲ့ Crazy 88 Brazilian Jiu-Jitsu ဂျူဂျစ်ဆု ကလပ်မှာ
နည်းပြလုပ်ရင်း နိုင်ငံတကာ ပွဲတွေကို ထိုးသတ်ဖို့ ပြင်ဆင်နေတာပါ။ လာမဲ့နှစ် ကယ်လီဖိုးနီးယားမှာ
ကျင်းပမဲ့ ကမ္ဘာ့ဂျူဂျစ်ဆု ပြိုင်ပွဲ ဝင်ဖို့လဲ အဓိကထား ဦးတည်လေ့ကျင့် နေတယ်လို့
MMA ( Mixed Martial Art ) မှာ အဆင့် ၁၇၈ ရှိသူ အောင်လ က ဆိုပါတယ်။
(နေပြည်တော်
- အောက်တိုဘာ ၁၉)
ကချင်
ပြည်သူလူထု အကျိုးနှင့် လူထု ကိုယ်စားပြု အဖွဲ့အဖြစ် ကြွေးကြော် နေသည့် ကေအိုင်အေ၊
ကေအိုင်အေသည် မိုင်းခွဲ ၊ လူသတ် ၊ ဆက်ကြေး တောင်းခြင်း ကိုသာ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာ
၁၇ ရက် ည ၁၀ နာရီခန့်တွင် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့သည် ဖားကန့်မြို့နယ် ၊ မှော်ဝမ်း
ရပ်ကွက် ၊ မှော်မောင်း ကုန်း ကျေးရွာသို့ ရုတ်တရက် ဝင်ရောက် လာပြီး၎င်းရွာမှ မြို့အပြင်စည်း လုံခြုံရေး တာဝန် ထမ်းဆောင် နေသည့် တပ်မတော်
စစ်ကြောင်း တစ်ခုအား လက်နက်ကြီးဖြင့် နှောက်ယှက် ပစ်ခတ်သဖြင့် လုံခြုံရေး တပ်ဖွဲ့များမှ
ပြန်လည် ပစ်ခတ်ခဲ့ ရပါသည်။ ကေအိုင်အေ၏ လက်နက်ကြီး ပစ်ခတ်သံ များကြောင့် မှော်မောင်းကုန်း
ရွာသားများ ရွာအပြင်သို့ ထွက်ပြေး တိမ်းရှောင်ကြရာ ကေအိုင်အေ အဖွဲ့ ထောင်ထားသော တိုက်မိုင်း
၁ လုံး တိုက်မိ ပေါက်ကွဲသဖြင့် ဂွမ်ယော်တန် ဂွန်း (ဘ) ဦးဂွန်ယော်ဂမ် သေဆုံးခဲ့ပြီး မောင်ဆဂလဂျာ (ဘ)
ဦးဆဂဂျာနော် နှင့် မောင်ဇော် ဆိုင်း (ဘ) ဦးဂွန်ဂျာတို့ မိုင်းစ ထိမှန် ဒဏ်ရာ ရခဲ့ပါသည်။
KIOနှင့်
မြန်မာ အစိုးရ အကြား ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက် နိုင်ရန် အတွက် ငြိမ်းချမ်းရေး
အကျိုး ဆောင် အဖွဲ့ဝင် (၂)ဦး လိုင်ဇာ မြို့သို့ သွားရောက် နေပြီဖြစ် ကြောင်း သိရှိရသည်။
”ဘယ်နေ့
လုပ်မယ် ဆိုတဲ့ ရက် ကတော့ မရ သေးဘူး၊ ဒီနေ့က ကျနော်တို့ အဖွဲ့ ၄ ယောက်ထဲက ၂ ယောက် သွားတာ
ဦးလာ မိုင်ဂွမ်းဂျာ နဲ့ ဦးခွန်အောင် သွားတာပါ။ ဘယ်တော့ လုပ်ဖြစ် မလဲ ဆိုတဲ့ ဟာရယ် ဘယ်သူတွေ
ပါဝင်မလဲ ဆိုတဲ့ အချက်တွေကို ကျနော်တိုက သိရအောင်လို့ ဒီ ဖုန်းနဲ့ အဆက် အသွယ် ရတာက
အခု တစ်လော ဆက်သွယ် ရတာ အဆင် မပြေလို့ လူကိုယ်တိုင် သွားဆွေးနွေး ရတာပါ။ ရက်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ
အစည်းအဝေးထိုင်းနေတယ် လို့တော့ သိရတယ်။” ဟု ငြိမ်းချမ်းရေး အကျိုး တော်ဆောင် တစ်ဦးက
ပြောသည်။
KIA နဲ့ ဗမာ စစ်တပ် တို့အကြား တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တဲ့
တစ်နှစ်ကျော် ကာလအတွင်း KIA မှ အရာရှိ အဆင့် ၂၆၀ ကျော် အပါအ၀င် စုစုပေါင်း ၂၀၀၀
လောက်သေ ဆုံးခဲ့တယ်။ သေဆုံးသူ အရေအတွက်ရဲ့ ၂ ဆဖြစ်တဲ့ အင်အား ၄၀၀၀ လောက်ဟာ ထိခိုက်
ဒဏ်ရာ ရခဲ့ တယ်။ အဲဒီ ထိခိုက် ဒဏ်ရာ ရသူတွေရဲ့ တစ်ဝက်ကျော် လောက်ဟာ ကိုယ်လက်
အင်္ဂါတွေ ဆုံးရှုံး ခဲ့ပြီး ပြန်လည် တာဝန် ထမ်းဆောင်လို့ မရတော့ သူတွေ ဖြစ်တယ်လို့
လိုင်ဇာ သတင်း ရပ်ကွက် အဆို အရ သိရပါတယ်။ KIA စစ်ဘက် ခေါင်းဆောင် တစ်ဦး
ကတော့ “စစ်ပညာ အခြေခံ နည်းလို့ ဖြစ်တာပါ။ ငြိမ်းချမ်း နေတုန်းက စစ်ပညာ ဟုတ်တိ
ပတ်တိ မသင်ခဲ့ဘူး။ တကယ် စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်တော့ ထိခိုက် ကျဆုံးမှု များတယ်။
သူတို့ စစ်တပ် နဲ့တော့ ဘယ်တူ မလဲဗျာ။ တစ်ချို့ ကိုလည်း အလွယ် တကူ ခေါ်သုံး ထားရတာ။ သေနတ်
ပစ်တတ် တယ် ဆိုရုံ ပဲရှိတယ်။ စစ်နည်း ဗျူဟာပိုင်း ဆိုတာ ကတော့ ဝေးရော”လို့
ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသား ၁၄၈ ဦး ပြန်လည် လွတ်မြောက်ရန် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီး ဌာနတို့နှင့် နီးစပ် သည့် အသိုင်းအ၀န်းတွင် သတင်း ထွက်ပေါ်နေသည်။ ပြီးခဲ့သည့်လက သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းက အမေရိကန် နိုင်ငံသို့ ရောက်ရှိချိန်တွင် မြန်မာ မိသားစုများက အကျဉ်း ကျခံ နေရသည့် ဦးမြင့်အေး၊ ကိုလက်ျာထွန်းနှင့် နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွှတ် ပေး ရန် တောင်းဆိုခဲ့ရာ အမြန်ဆုံး စိစစ်ပြီး ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ကတိပေးပြောကြားထားသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အောက်တိုဘာ ၁၂ ရက်နေ့ ထုတ်ပြန် ချက်အရ နိုင်ငံရေး အကျဉ်းသား ၂၈၀ လွတ်မြောက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။
KIO နှင့်မြန်မာ အစိုးရအကြား ငြိမ်းချမ်းရေးကိစ္စများဆောင်ရွက်နိုင်ရန်အတွက် ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့ဝင် (၂)ဦး လိုင်ဇာမြို့သို့ သွားရောက်နေပြီဖြစ်ကြောင်း သိရှိရသည်။
”ဘယ်နေ့ လုပ်မယ်ဆိုတဲ့ ရက်ကတော့ မရသေးဘူး၊ ဒီနေ့က ကျနော်တို့ အဖွဲ့ ၄ ယောက်ထဲက ၂ ယောက်သွား တာ ဦးလာမိုင်ဂွမ်းဂျာ နဲ့ ဦးခွန်အောင် သွားတာပါ။ ဘယ်တော့ လုပ်ဖြစ်မ လဲဆိုတဲ့ ဟာရယ် ဘယ်သူတွေ ပါဝင်မလဲ ဆိုတဲ့ အချက်တွေကို ကျနော်တိုက သိရအောင်လို့ ဒီ ဖုန်းနဲ့ အဆက် အသွယ်ရတာက အခုတစ်လော ဆက်သွယ်ရတာ အဆင်မပြေလို့ လူကိုယ်တိုင် သွားဆွေးနွေးရတာပါ။ ရက်က အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ အစည်းအဝေးထိုင်းနေတယ် လို့တော့ သိရတယ်။”ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ပြောသည်။ အခုတစ်ခေါက်တွေ့ဆုံမှုမှာ နှစ်ဖက်စစ်ခေါင်းဆောင်များ ပါဝင်နိုင် မည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးအတွက် အဖြေ တစ်ခုခုထွက်ပေါ်လာနိုင်မည်ဟု မျှော် လင့်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင် ထံက သိရှိရသည်။