Monday, December 24, 2012

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

Posted by drmyochit Monday, December 24, 2012, under | No comments

Monday, 24 December 
အဖွဲ့နှင့် ကချင်ပြည်နယ် နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့အား ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ကချင်ပြည်နယ် ဒေသကြီး ကြပ်ရေးမှူး ဒုတိယ ညွှန်ကြား ရေးမှူး ဦးဇော်ဝင်းအောင်က နတလ ဦးစီး ဌာနနှင့် WFP တို့ အကောင် အထည်ဖော် ဆောင်ရွက်နေ မှုများ၊ Mr. Kai . Alexander. Roehm (Head of Program. Unit, WFP, Country ,Office) က ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (PRRO- 2000299) ၂ဝ၁၃-၂ဝ၁၅ တွင် ဆောင်ရွက်မည့် စီမံကိန်းနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြ ကြသည်။

တဦးချင်း သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များ စတင် ထုတ်ပေးလျှက်ရှိ

Posted by drmyochit Monday, December 24, 2012, under | No comments

နယ်စပ် ကုန်သွယ်ရေး ဇုန်များတွင် ဒေသခံ ကုန်သည်ငယ်များနှင့် လုပ်ငန်းရှင်များ အတွက် တဦးချင်း အနည်း ဆုံး သိန်း ၅၀ အထိ တင်ပို့၊ တင်သွင်းခွင့် ရှိသည့် သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များကို ဒီဇင် ဘာ ၁ ရက်နေ့မှ စ၍ ထုတ်ပေးလျှက် ရှိကြောင်း သိရသည်။

ရေကြည်မြို့နယ် ပေါက်ပင်ကွင်း ကျေးရွာမှ တစ်ခါမွေး ၂ ဦး၊ ၂ ခါမွေး ၅ ဦး ရှင်မွေးလွန်း မိခင်

Posted by drmyochit Monday, December 24, 2012, under | No comments

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဒိုးကုန်းကျေးရွာ အုပ်စု ပေါက်ပင်ကွင်း ကျေးရွာ၌ ဒီဇင် ဘာ ၁၇ ရက် နံနက် ၁ဝ နာရီက မီးယပ်နှင့် သားဖွား သင်တန်း ဆင်း ဒေါ်မိဌေးက ကလေးအမြွှာ သုံးဦး ယော က်ျားလေး နှစ်ဦး၊ မိန်းကလေး တစ်ဦးတို့ကို အောင်မြင်စွာ မွေးဖွား ပေးခဲ့ ကြောင်း သိရသည်။

ကျိုက်ထီးရိုးတွင်ကားသမားထံမှအတင်းအဓမ္မတောင်းယူသွားသော ငွေ ၇ သိန်းကို KNU အဖွဲ့ မှ ပြန်လည်ပေး အပ်

Posted by drmyochit Monday, December 24, 2012, under | No comments


KNU ကမ်းဘဲခေါင်းဆောင်သည့်အဖွဲ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကျိုက်ထီးရိုး တောင်တက် ယာဉ်တစ် စီးမှ အတင်း အဓမ္မတောင်းယူသွားသော ငွေ ၇ သိန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် KNU အဖွဲ့မှ တာဝန် ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

ဆီးရီးယားအစိုးရ လေကြောင်းက ပစ်လို့ လူ၉၀ သေဆုံး

Posted by drmyochit Monday, December 24, 2012, under | No comments


ဆီးရီးယား နိုင်ငံက လက်နက်ကိုင်သူပုန်တွေ ထိန်းချုပ်ရာHama ပြည်နယ်Halfaya မြို့မှာ မုန့်ဖုတ်ဆိုင်က တန်းစီစောင့်နေတဲ့ သူတွေ အပေါ်ကို အစိုးရ တပ်တွေက လေကြောင်းက ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူကိုးဆယ်ကျော် သေဆုံးသွားခဲ့တယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းက တစ်နိုင်တစ်ပိုင် လုပ်စားသူတွေကို ဒေသခံရဲက နှင်ထုတ်

Posted by drmyochit Monday, December 24, 2012, under | No comments

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ မှော်စီစာ ကျေးရွာ ပတ်ဝန်းကျင်က ကျောက်စိမ်း လုပ်ကွက် တစ်ချို့ရဲ့ စွန့်ပစ်မြေ စာပုံတွေမှာ တနိုင်တပိုင် ရွှေတူးဖော်လုပ်ကိုင်နေသူ တွေကို ဒီကနေ့မ နက်က ဖားကန့်မြို့နယ် လုံးခင်းအခြေစိုက် ရဲဝန်ထမ်း ၂၀ လောက်က လုပ်ကွက်တွေထဲကနေ မောင်းထုတ် ခဲ့ပြီး စုစုပေါင်း သိန်း ၂၀၀ လောက် တန်ဖိုးရှိတဲ့ ရေစုပ်စက် ၁၁ လုံးကို မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့  စုံစမ်း သိရ ပါတယ်။

စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ သုခကာရီအသင်းမှ နှလုံးစမ်းသပ်စက် နှင့် မြွေဆိပ်ဖြေဆေးများလှူဒါန်း

Posted by drmyochit Monday, December 24, 2012, under | No comments

စစ်ကိုင်းမြို့သုခကာရီကျန်းမာ ရေးနှင့် လူမှုကူညီရေးအသင်းမှ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ နှလုံး စမ်းသပ် စက်နှင့် မြွေဆိပ်ဖြေ ဆေးလှူဒါန်းခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်နေ့က စစ်ကိုင်း မြို့လေး ကျွန်းမြေအုတ် ကျောင်းတိုက်၌ ကျင်းပပြုလုပ် သည်။ အခမ်းအနား၌ အသင်း ကြီး၏ နာယကလေး ကျွန်းမြေ အုတ် ကျောင်းဆရာတော်ဘဒ္ဒန္တဓမ္မပ်္ပီယာ လင်္ကာရကစစ်တိုင်းပြည်သူ့ဆေးရုံ ကြီး၌ လိုအပ်လျက် ရှိသည့် (ECG) နှလုံးစမ်းသပ်စက်နှင့် မြွေ ကိုက်လူနာများအရေးပေါ် အသုံးပြုကုသနိုင်ရန်အတွက် မြွေ ဆိပ်ဖြေဆေး များလှူဒါန်းပေးရခြင်း ရည်ရွယ်ချက်တို့ကို သြ၀ါဒစကား ပြောကြားသည်။

မြောက်ကိုရီးယားဒုံးကျည် အမေရိကန်သို့ ရောက်ရှိနိုင်ဟုဆို

Posted by drmyochit Monday, December 24, 2012, under | No comments

ဒီဇင်ဘာ ၁၂ ရက်နေ့က မြောက်ကိုရီယားက ပစ်လွှတ်ခဲ့သော အန်ဟာ-၃ တာဝေးပစ်ဒုံးကျည်တွင် ၅၀၀ မှ ၆၀၀ ကီလိုဂရမ်ရှိ ပေါက်ကွဲစေနိုင်သော ထိပ်ဖူးတစ်ခု တပ်ဆင်ထားမည်ဆိုပါက ကီလိုမီတာ ၁၀,၀၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။ Posted on Dec 23 12 - 03:04 AM မြောက်ကိုရီးယားဒုံးကျည် အမေရိကန်သို့ ရောက်ရှိနိုင်ဟုဆို မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ တာဝေးပစ်ဒုံးကျည်အား အမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိနိုင်သည်အထိ အဆင့်မြှင့်တင်မှု ပြုလုပ်ထားကြောင်း တောင်ကိုရီးယားက ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် မှ သမ္မတ လုပ်မည် ပြောသည့်နေ့ တွင် ရွှေတိဂုံစေတီပေါ် လင်းတ နားခဲ့

Posted by drmyochit Monday, December 24, 2012, under | No comments


ဒေါ်အောင်ဆန်းစုကြည် သမ္မတ လုပ်မည် ပြောသည့်နေ့ တွင် ရွှေတိဂုံစေတီပေါ် လင်းတ နားခဲ့ သည်။

ဒီဇင်ဘာ ၂၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီ ဒေသတွင် သမ္မတ လုပ်မည်ဟု ပြောဆိုပြီးနောက် ခဏ အကြာ ရန်ကုန်မြို့ ရွှေတဂုံစေတီတော်မြတ်ကြီး၌ ညနေ ၄နာရီခွဲ အချိန်ခန့်တွင် လင်းတကြီးများ လာရောက် နားကာ နမိတ်ပြ ခဲ့ပါသည်။

မြောက်ကိုရီယား ဒုံးကျည်နည်းပညာ တိုးတက်လာ

Posted by drmyochit Monday, December 24, 2012, under | No comments


Photo: မြောက်ကိုရီယား ဒုံးကျည်နည်းပညာ တိုးတက်လာ 
Monday, 24 December 2012

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးပျံ အစိတ်အပိုင်း တခုအရ
မြောက်ကိုးရီးယားဟာ ပဲ့ထိန်းဒုံးကျည်နည်းပညာ သိသိသာသာ တိုးတက်လာတာကို တွေ့ရတယ်လို့ တောင်ကိုးရီးယား က
ပြောဆိုလိုက်ပါတယ်။

အလေးချိန် ၅၀၀ ကနေ ၆၀၀ ကီလိုဂရမ်ရှိတဲ့ ထိပ်ဖူးသာ သယ်ဆောင်နိုင်တယ်ဆိုရင် အထီးကျန် ဖြစ်နေတဲ့ အိမ်နီးချင်း
မြောက်ကိုရီးယား နိုင်ငံဟာ မိုင်ပေါင်း ၆ ထောင်ကျော် ကီလိုမီတာ ၁ သောင်းကျော် ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တခုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီ ဆိုပြီး တောင်ကိုးရီးယား ကာကွယ်ရေး ၀န်ကြီးဌာန အရာရှိတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အခု စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်နှုန်းဟာ အမေရိကန် ပြည်ထောင်စုရဲ့ အနောက်ဘက်ကမ်းခြေ အထိ ရောက်နိုင်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
 
ဒါပေမဲ့လည်း ဒုံးကျည်မှာ တပ်ဆင်နိုင်တဲ့ အသေးစား နျူကလီးယား ဗုံး နည်းပညာတော့ ဖွံ့ဖြိုးတဲ့ပုံ မရှိဘူးလို့လည်း တောင်ကိုးရီးယား အရာရှိတွေက ပြောပါတယ်။
 
မြောက်ကိုးရီးယား ဘက်ကတော့ ဒီဇင်ဘာ ၁၂ ရက်နေ့က လွှတ်တင်လိုက်တဲ့ ဒုံးကျည်ဟာ အာကသ လမ်းကြောင်းထဲကို ရာသီဥတု ဆိုင်ရာ ဂြိုဟ်တု တလုံးလွှတ်တင်ခြင်းသာ ဖြစ်ပြီး ငြိမ်းချမ်းရေးကို ချိုးဖောက်လုပ်ဆောင်မှု တစုံတရာ မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။
 
သောကြာနေ့တုန်းကတော့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ဒုံးကျည်ဆိုင်ရာ သိပ္ပံပညာရှင်တွေကို  ပြုံယမ်းမြို့တော်မှာ တည်ခင်းတဲ့ ညစာစားပွဲ တခုမှာ မြောက်ကိုးရီးယားရဲ့ ဒုံးကျည် နည်းပညာ တိုးတက်စေဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ 

ဗွီအိုအေ


မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးပျံ အစိတ်အပိုင်း တခုအရမာက်ကိုးရီးယားဟာ ပဲ့ထိန်း ဒုံးကျည် နည်းပညာ သိသိသာသာ တိုးတက်လာတာကို တွေ့ရတယ်လို့ တောင်ကိုးရီးယား ကပြော ဆိုလိုက်ပါတယ်။

တည်ထားကိုးကွယ်မည့် ဝေရော စန ကျောက်စိမ်း စေတီတော်သည် အရွယ်အစား ကြီးမားသည့် အတွက် ကမ္ဘာ့အံ့ဖွယ် ဖြစ်လာနိုင်

Posted by drmyochit Monday, December 24, 2012, under | No comments

မန္တလေးတိုင်း ဒေသကြီး အောင်မြေ သာစံ မြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည့် အမရ ပူရ မြို့နယ် မြင်းမှူး ကျေးရွာအုပ်စု ဆင်ရွာ ကွင်း အတွင်း တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်း စေတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး လုပ်ငန်း ညှိနှိုင်း အစည်း အဝေးတွင် ကျောက်စိမ်းစတီနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး နာယကအဖွဲ့ ဥက္ကဋ္ဌ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးမြင့်မောင် က ယခု တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်း စေတီတော်သည် ကမ္ဘာတွင် မရှိသေး ပါကြောင်း၊

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းတွင် ပြုပြင်ပယ်ဖျက်သင့်သည့် အချက်များ အများအပြားရှိနေ

Posted by drmyochit Monday, December 24, 2012, under | No comments

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာနလက်အောက်မှ သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ထားရှိနိုင်မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းအား နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေကြမ်းတွင် ပါဝင်နေသည့် အချက်များမှာ သီးခြားလွတ်လပ်စွာ ရပ်တည်နိုင် မည်ဆိုသည့် ဗဟိုဘဏ်၏ ရပ်တည်မှုအား ထိခိုက်စေနိုင်ကြောင်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောပါသည်။အဆိုပါ ပြောကြားချက်အား ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းတို့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တတိယအကြိမ်မြောက် တွေ့ဆုံခဲ့သည့် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်မယ့်အစီအစဉ် NRA ဆန့်ကျင်

Posted by drmyochit Monday, December 24, 2012, under | No comments

အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့်အပေါ် ကန့်သတ်မယ့် ဥပဒေသစ်တွေကို ဆန့်ကျင် သွားမှာ ဖြစ်တဲ့အကြောင်း လက်နက်ကိုင်ဆောင်ခွင့် အပြည့်အ၀ ရရှိရေး အဓိက လှုံ့ဆော်လှုပ်ရှားနေတဲ့ အမျိုး သား ရိုင်ဖယ်အသင်းက ပြောလိုက်ပါတယ်။

ပဲပင်ပေါက်ကို ဆေးသုံးထားလား၊ ဆေးမသုံးထားဘူးလားဆိုတာကို သိဖို့ရာ

Posted by drmyochit Monday, December 24, 2012, under | No comments

ပဲပင်ပေါက် ကိုတော့ စားသုံးသူတွေ အနေနဲ့ ဆေးသုံး ထားလား၊ မသုံးလားကို ခွဲခြားလို့ ရပါတယ်။ အမြစ် တိုတိုတုတ်တုတ် ဆိုရင် ဆေးသုံး ထားတာမို့ မစားသင့် ပါဘူး။ သဘာဝ အတိုင်း ဖောက်ထားတာ ဆိုရင်တော့ သေးသေးသွယ်သွယ်၊ အမြစ်ရှည်ရှည် လေးတွေ ဖြစ်နေပြီး တချို့ဆို အပင် ပေါက်ဖို့ အညှောင့်စိမ်း လေးတွေတောင် ထွက်နေ တတ်ပါတယ်။ ဆေးသုံး ထားရင် အပင် မပေါက်နိုင် တော့ပါဘူး။ ဒါ့ကြောင့် သဘာဝအတိုင်း သေးသေး သွယ်သွယ် အမြစ် ရှည်ရှည် လေးတွေ ကိုပဲ ရွေးဝယ် စားသင့်တယ်လို့ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုပါတယ်။

ကချင်မြေမှ စစ်သားတစ်ယောက်ရဲ့ တီးတိုးရွတ်သံ

Posted by drmyochit Monday, December 24, 2012, under | No comments

ကျွန်တော်က ရွာတစ်ခုမှာ လူလားမြောက် ခဲ့တဲ့ကောင်၊ အဖေက မရှိတောဘူး။ အမေရယ်၊ ညီ ၂ယောက်နဲ့ ညီမ တစ်ယောက် ရှိတယ်။ တောမှာနေပြီး လယ်လုပ်၊ စပါးထမ်း ထမင်းဝပေမယ့် မြို့တက်ပြီး အလုပ် လုပ်ချင် လို့ အသိဆိုင်မှာ စားပွဲထိုး ၀င်လုပ်တယ်။ စစ်သားတွေနဲ့ မိတ်ဆွေဖြစ်တယ်။ နောက်တော့ ကျွန်တော် လည်း စစ်သားဖြစ် သွားတယ်။ ရဲဘော်သစ် သင်တန်း၊ လယ်လုပ် စပါးထမ်းလာတဲ့ ကျွန်တော့် အတွက် အဲလောက် မခက်ခဲဘူး။ ဇွန်း ခရင်း နဲ့ ထမင်းစား ခိုင်းတာကို စိတ်အညစ်ဆုံးပဲ။ အဲဒီတော့ လစ်ရင် လက်နဲ့စားတယ်။ ဆရာကြီးတွေ၊ အရာရှိေ တွ ရှေ့ကျရင် ဇွန်းခရင်းနဲ့ စားတယ်။ဘ ယ်ညာ ဘယ်ညာ စစ်ရေးပြနဲ့ လက်ချောင်းလေးကွေးရင် ကျည်ဆံထွက်တာ၊ သေနတ်ဖြုတ်တာ၊တပ်တာကို ကျွန်တော် တတ်ခဲ့တယ်။ အရှင်းဆုံး ပြောရရင် ဒို့တာဝန် အရေး (၃)ပါး တွေ၊နိုင်ငံတော်ကြီးကို ကာကွယ်တာတွေကို ကျွန်တော် အဲလောက် စိတ်မ၀င်စားခဲ့တာတော့ အမှန် ပါပဲ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်