Thursday, February 07, 2013

အုစ်စုဖွဲ့ ဓားနှင့် ထိုးသတ်၍ လူငယ်တစ်ဦး သေဆုံး

Posted by drmyochit Thursday, February 07, 2013, under | No comments



မန္တလေး၊ ဖေဖော်ဝါရီ ၇
          မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့ ကန်သာယာ မြို့သစ်တွင် လူငယ် တစ်စုက ဓားနှင့် ထိုးသတ်ခဲ့ သောကြောင့် ဘေဘေးထည် ရောင်းသူ လူငယ်တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက် အရ သိရသည်။

ရခိုင်ရောက်MSF လို့ခေါ်တဲ့ နယ်စည်း မထား ဆရာဝန် များအဖွဲ့ ခြိမ်းခြောက်ခံနေရ

Posted by drmyochit Thursday, February 07, 2013, under | 1 comment


ရခိုင်ပြည်နယ်တွင်း မူဆလင် ဒုက္ခသည်စခန်းအတွင်း အကူအညီပစ္စည်းတွေ ပေးဝေနေစဉ်။ (နိုဝင်ဘာလ ၁၀၊ ၂၀၁၂)
ရခိုင်ပြည်နယ် ထဲမှာရှိတဲ့ ဒုက္ခသည် တွေရဲ့ ကျန်းမာရေး စောင့်ရှောက် မှုကို အကူ အညီပေး နေတဲ့ MSF လို့ခေါ်တဲ့ နယ်စည်း မထား ဆရာဝန် များအဖွဲ့က လုပ်ငန်း ဆောင်ရွက်တဲ့ နေရာမှာ အခက် အခဲ တွေနဲ့ ကြုံနေ ရတာကြောင့် အစိုးရ ကရော ပြည်သူ လူထု ကပါ ၀ိုင်းဝန်း ကူညီကြပါရန် တိုက်တွန်း လိုက်ပါတယ်။  ရခိုင် ဒေသခံ လူတ ချို့က MSF ၀န်ထမ်း တွေကို ခြိမ်းချောက်တာ၊ ရန်လိုတာ၊

KIA ထံမှ သိမ်းဆီးရမိသော လက်နက်ခဲယမ်းမိုင်းအားလုံးသည် Made in China ဖြစ်

Posted by drmyochit Thursday, February 07, 2013, under | No comments



တရုတ်နိုင်ငံမှာ KIA အတွက်များလက်နက်စက်ရုံရှိနေလားမသိပါ။ KIA ထံမှ သိမ်းဆီးရမိသော လက်နက်ခဲယမ်းမိုင်းအားလုံးသည် Made in China ဖြစ်ပါသည်။


သေနတ်သံ တွေ မကြား ရတာ တစ်ပတ် လောက် ရှိပါပြီ။ ဗန်းမော်မြစ်ကြီးနား ကားလမ်း တစ်လျောက် KIA ထောင်ထား တဲ့မိုင်း တွေရှင်း နေပါ တယ်။ မိုင်းခွဲ ခံထားရတဲ့ တံတားတွေပြင်ပြီးရင် မြစ်ကြီးနား ဗန်းမော်ကား လမ်း အသုံးပြုနိုင် တော့မယ် ထင်ပါတယ်။

တရုတ်နှစ်သစ်ကူးဂီတပွဲ ဖျက်သိမ်းရန် PSY ကို မလေးရှားပရိသတ် တိုက်တွန်း

Posted by drmyochit Thursday, February 07, 2013, under | No comments



မလေးရှားနိုင်ငံတွင် လာရောက်သီဆိုမည့် တရုတ်နှစ်သစ်ကူးကာလ ဂီတဖျော်ဖြေပွဲ အစီအစဉ်ကို ဖျက်သိမ်း ရန် ကိုရီးယားရက်ပ်အဆိုတော် PSY အား ၎င်း၏ မလေးရှားပရိသတ်များက Facebook မှတစ် ဆင့် တိုက်တွန်း တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အပေါင်းပါ ၅၀ ကျော်ကို တရားစွဲသွားမယ်တဲ့

Posted by drmyochit Thursday, February 07, 2013, under | No comments

ကိုအောင်ထွန်း၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှု သမိုင်း” (၁၉၀၃-၁၉၆၂) ရှားမှု စာအုပ်အားစာအုပ်ကိုရေးသားခဲ့သည့် ကိုအောင်ထွန်း က " ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား)၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် နှင့်အပေါင်းအပါ ၅၀ ကျော် ကို ICC/ ICJ ကမ္ဘာ့ ၁၉၉ နိုင်ငံမှ တရားသူကြီးချုပ် အားလုံးသို့ ပေးပို့ကာတရားဆွဲဆိုသွားမည်" ဖြစ်
ကြောင်း ပြောဆို လိုက်ပါတယ်။

မြန်မာပြည် လာမယ့်သူ တရုတ်အစိုးရ ပေးမထွက

Posted by drmyochit Thursday, February 07, 2013, under | No comments

၂၀၁၀ တုန်းက “ချာတာ ၀၈” တီရှပ်ဝေနေတဲ့ ဝမ်ဇွန်ရှ

ရန်ကုန်လာပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် ကြိုးပမ်းမည့် တရုတ် လူငယ် တဦးကို တရုတ် အစိုးရက နိုင်ငံ အပြင်ဘက် ပေးမထွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၆ ရက် မနက်တွင် တရုတ်ပြည် တောင်ပိုင်း ဂွမ်ဇူး (ယခင်အခေါ် ကန်တုံ) မြို့ လေဆိပ်တွင် ဝမ်ဇွန် ရှ အမည်ရှိ လူငယ်ကို တရုတ် အရာရှိများက ရန်ကုန်သို့ ထွက်ခွာမည့် လေယာဉ်ပေါ် မတက်မီ တားဆီး ခဲ့ပြီး တနာရီခန့် စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ တိုင်းပြည်မှ ထွက်ခွာခွင့် မပြုနိုင်ကြောင်း အဆိုပါ လူငယ် ကို တာဝန်ရှိသူများက ပြောဆိုခဲ့ပြီး လူငယ် နေထိုင်ရာ ဘီဂျင်းရှိ ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

တိုးတက် စည်ပင် ကရင် ပြည်နယ် တစ်ခွင်

Posted by drmyochit Thursday, February 07, 2013, under | No comments

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဂုဏ်ပြု ဆောင်းပါး 

ကရင် ပြည်နယ်ဟု ဆိုလိုက်လျှင် ကရင်ရိုးရာ ဝတ်စုံကို ပြေး၍ မြင်မိသလို ဒေါနမြေက ဖားစည်သံနှင့် ဘားအံရှိ ဇွဲကပင် တောင်ကြီး ကလည်း ကရင် ပြည်နယ်၏ အမှတ်သညာ ဖြစ်နေပါသည်။ 

ထို့အပြင် ရိုးရာ အကဖြစ်သော ကရင်ဒုံးယိမ်း သီချင်းသံနှင့် ဒုံးယိမ်းအက မြိုင်မြိုင်ဆိုင်ဆိုင် တို့ကလည်း စိတ်မျက်စိထဲတွင် မြင်ယောင် ကြားယောင် လာစေပါသည်။ ထို့အတူ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် များမှ ပဉ္စမ ဦးတည်ချက် ဖြစ်သော ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံ တော်ကြီး ဖြစ်ထွန်း လာစေရန် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးက

မိုဘိုင်းဖုန်းများ ယခုထက် ဈေးလျှော့မည့်အစီအစဉ်ရှိ

Posted by drmyochit Thursday, February 07, 2013, under | No comments

မိုဘိုင်းဖုန်းများ ယခုထက် ဈေးလျှော့မည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဝင်းသန်းက ပထမ အကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်း အဝေး နဝမ နေ့ မေးခွန်း ဖြေကြားခြင်း ကဏ္ဍတွင် ပြောကြား ခဲ့ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဒေါက် တာ မြတ်ဉာဏစိုး၏ မိုဘိုင်းဖုန်းများ ကို ဈေးလျှော့ချရန် အစီအစဉ် ရှိသည့် အတွက် ကျေးလက်နေ ပြည်သူများအား အရစ်ကျ ရောင်းချမည့် အစီအစဉ်ကို ဈေးလျှော့ ချပြီးမှသာ ဆက် လက် ဆောင် ရွက်ရန် အစီ အစဉ် ရှိ၊ မရှိ မေးမြန်း ချက်နှင့် စပ်လျဉ်းပြီး ဆက်သွယ်ရေး ဒုဝန်ကြီးက မိုဘိုင်း ဖုန်းများ ယခုထက် ဈေးလျှော့ ပေးမည် ဖြစ်ပြီး ရောင်းချမည့် ဈေးနှုန်းကို သတ်မှတ်ပြီး ပါက ကျေးလက်နေ ပြည်သူများ အား ရောင်းချပေး မည့် အစီ အစဉ်ကို ဆက်လက် အသိပေး ကြေငြာပေးမည် ဖြစ်ပြီး ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

အင်ဒိုနီးရှားတွင် ကိုဒိုမိုနဂါးတိုက်ခိုက်မှုကြောင့် လူ ၂ ဦးဒဏ်ရာရ

Posted by drmyochit Thursday, February 07, 2013, under | No comments

ကိုမိုဒိုနဂါးဟု ခေါ်ဝေါ်လေ့ရှိသည့် တွားသွား သတ္တဝါကြီးသည် နိုင်ငံ အရှေ့ပိုင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥယျာဉ်တစ်ခုထဲတွင် လူ(၂)ဦးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံတွင် ပုတ်သင် အကြီးစားကြီး တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လူ(၂)ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။ ကိုမိုဒိုနဂါးဟု ခေါ်ဝေါ်လေ့ရှိသည့် တွားသွား သတ္တဝါကြီးသည် နိုင်ငံ

သျှမ်းပြည်မှာ အာဏာပိုင်တွေက ကိုယ့်အကျိုးအတွက်ကိုပဲ ကြည့်ပြီး မြန်မာ့ သယံဇာတတွေကို မှောင်ခိုတင်သွင်း

Posted by drmyochit Thursday, February 07, 2013, under | No comments

သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူနှင့် မိုးမိတ်မြို့နယ် တစ်ဝိုက်မှ သစ်များကို နမ့်ခမ်းမြို့နယ်မှ တဆင့် ဖြတ်သန်း ၍ တရုတ် နယ်စပ်သို့ တရားမဝင် သယ်ယူနေရာ အဆိုပါသစ်မှောင်ခိုသမားများထံမှ အာဏာ ပိုင် များ ၀င်ငွေရနေသော်လည်း ဒေသခံ များ အတွက် အကျိုးမရှိဟု နမ့်ခမ်းမြို့နယ် မုံးဝီးရွာ ဒေသခံများက ဆိုသည် ။
Photo: တရုတ်ဘက် သစ်မှောင်ခိုတင်သွင်းမှု ဒေသခံများအတွက် အကျိုးမရှိဟု ဆို
Thursday, February 07, 2013 

သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူနှင့် မိုးမိတ်မြို့နယ် တစ်ဝိုက်မှ သစ်များကို နမ့်ခမ်းမြို့နယ်မှ တဆင့် ဖြတ်သန်း၍ တရုတ် နယ်စပ်သို့ တရားမဝင် သယ်ယူနေရာ အဆိုပါသစ်မှောင်ခိုသမားများထံမှ အာဏာပိုင်များ ၀င်ငွေရနေသော်လည်း ဒေသခံ များ အတွက် အကျိုးမရှိဟု နမ့်ခမ်းမြို့နယ် မုံးဝီးရွာ ဒေသခံများက ဆိုသည် ။

နေ့စဉ်မြင်တွေ့နေရသော တရုတ်၏ သစ်လုံးတင်ကားကြီးများ

နေ့စဉ် သစ်ကားအစီးရေ ၂၀ ခန့် နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာလမ်းအတိုင်း ဖြတ်သန်း၍ တရုတ်နယ်စပ် နောင်တောင်းမြို့ သို့ သယ်ယူနေရာ သစ်ကားတစ်စီးလျှင် ကျပ်ငွေ ၁၀ သိန်းခန့် အုပ်ချုပ်ရေးအာဏာပိုင်များက ကောက်ခံနေကြောင်း ဒေသ ခံများကဆိုသည်။

အဆိုပါ ၀င်ငွေများကို အာဏာပိုင်အဆင့်ဆင့်က အချိုးကျ ခွဲဝေယူကြပြီး သစ်ကားများ ဖြတ်သန်းသွားလာမှုကြောင့် ပျက် စီးသွားသော လမ်းများကိုမူ ပြုပြင်ပေးခြင်း မရှိကြောင်း မုံးဝီးရွာခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“သစ်တွေက မုံးဝီးကိုဖြတ်ပြီး နမ့်ခမ်းဘက်ကို တက်သွားတာ။ မုံးဝီးမှာဆိုရင် သစ်ကားတစ်စီးကို ၁၀ သိန်းကောက်တယ်။ တစ်ရက်ကို အနည်းဆုံး အစီး ၂၀ လောက်ဖြတ်တယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေက သူတို့ကိုယ်ပိုင်ငွေဖြစ်သွား တာပေါ့နော်။ သစ်ကားဖြတ်လို့ ပျက်သွားတဲ့လမ်းတွေကျတော့ မပြင်ပေးဘူး။ ဒေသခံတွေအတွက်ကတော့ ဘာမှ အကျိုး မရှိဘူး ” ဟု သူက ဆိုသည် ။
မိုးရွာပါက လမ်းများပျက်စီးကြသည်ကိုတွေ့ရစဉ်

၎င်းသစ်မှောင်ခိုကားများထံမှ ငွေတောင်းယူနေသည် ဆိုသည့် အပေါ် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးအာဏာပိုင်နှင့် နီးစပ်သူ တစ်ဦးက ယခုလို တုန့်ပြန် ပြောဆိုသည် ။

“သစ်ကားတွေဖြတ်နေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ ငွေတောင်းတယ်တာ မရှိဘူး။ လမ်း တွေပျက်လို့ မပြင်ဘူးဆိုတာလည်း ဒီလမ်းတွေက နိုင်ငံတော်က ဖေါက်ထားတဲ့လမ်းတွေမဟုတ်ဘူးလေ။ သစ်မှောင်ခို သမားတွေ သူ့ဟာသူ ဖေါက်ထားတဲ့လမ်းတွေပဲ ။ ဒေသခံတွေကမှ ပိုတောင်အကျိုးရှိသေးတယ်။ လမ်းမှာဈေး ရောင်းကြ တယ်ဗျာ။ သစ်ကယ်ရီသယ်ကြတယ်ဗျာ ။ အဲလိုတော့ရှိပါတယ်” ဟု အဆိုပါ နီးစပ်သူက ဆိုသည် ။

နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်း ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်းမှ သစ်မာများ တရုတ်နယ်စပ်ဘက် တရားမဝင်သယ်ယူလေ့ရှိကြောင်း သိရသည် ။

Credit to : သျှမ်းသံတော်ဆင့်

ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်လို့ ခံယူထားသလား စက်ရုံမှူးရယ်

Posted by drmyochit Thursday, February 07, 2013, under | No comments


သိပံ္ပနှင့်နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာ့သိပံ္ပ နှင့် နည်းပညာသုတေသနဦးစီး ဌာန စမ်းသပ် စက်ရုံစု (မှော်ဘီ) ၏ တံတိုင်းဘေးရှိ မြေဧရိယာနှင့် ပတ်သက်၍ စက်ရုံမှူးက လူအင် အားသုံးကာ ပိုင်ရှင် များကို နှောင့်ယှက်ခြောက်လှန့်သည်ဟု ဆိုကာ ကာယကံရှင်များက ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်လွှတ်တော် မြေ အသိမ်းခံရမှု စုံစမ်းရေး ကော်မရှင် သို့ တိုင်စာများပေးပို့ခဲ့ကြောင်း ကာယကံ ရှင်၏ ပြောပြ ချက်အရ သိရှိရသည်။

ဟက်ကာဆိုတာ အဖျက်သမားလား

Posted by drmyochit Thursday, February 07, 2013, under | No comments


ပြီးခဲ့တဲ့ ရက်တွေက နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်အပါအဝင် သတင်းထုတ်ပြန်ပေးနေတဲ့ သတင်းဌာန တော်တော် များများ ရဲ့ စာမျက်နှာတွေတိုက်ခိုက်ခံခဲ့ရပါတယ်။နိုင်ငံတော် သမ္မတရုံးက ဦးမှူးဇော်ရဲ့ facebook စာမျက်နှာမှာတော့ DDoS နဲ့အတိုက်ခိုက်ခံရတယ်လို့ ဖော်ပြထားပါတယ်။

ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူဒေသတွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမူများ စတင် ဖြစ်ပေါ်နေ

Posted by drmyochit Thursday, February 07, 2013, under | No comments

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထိ ဆက်သွယ်ဖေါက်လုပ်မည့် ရေနံနှင့် ဂတ်စ် ပိုက် လိုင်း စီမံကိန်းကြောင့် ဒေသအတွင်း လေထု ရေထု ညစ်ညမ်းမူများ အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီး မူများနှင့် စတင် ရင်ဆိုင် နေကြရပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခု ရေနံနှင့် ဂတ်စ် ပိုက်လိုင်းများကို မြေတွင် မြုပ်နေရာ ပိုက်လုံးများ ချရန် အတွက် မြေများကို တူးပစ်ခြင်း၊ ပိုလျှံထွက်လာသော မြေများကို အနီးအနားရှိ လယ်ကွင်းများတွင် စုပုံ စွန့်ပစ်ခြင်းကြောင်း ပိုက်လိုင်း အနီးအနားရှိ လယ်ကွင်းများ အားလုံးလိုလိုမှာ ပျက်စီးနေသည်ဟု ဒေသခံ တောင်သူ တစ်ဦးက နိရဉ္စရာကို ပြောပြသည်။

လက်ပံတောင်းတောင် သံဃာများ အရေပြားအစားထိုး ဆက်လက်ကုသ

Posted by drmyochit Thursday, February 07, 2013, under | No comments

လက်ပံတောင်းတောင် အရေးအခင်း ဒဏ်ရာရ သံဃာများအနက် ထိုင်းနိုင်ငံတွင်ဆေးကုသမှု ခံယူနေသော ရှင်သဇ္ဇနသည် ဆေးရုံမှ မဆင်းနိုင်သေးကြောင်း ဆေးကုသရာသို့ အတူလိုက်ပါလာသည့် ဦးတေဇောသာရ က မိန့်သည်။

ထိုင်းနိုင်ငံတွင် ဒုတိယအကြိမ် ဆေးကုသမှု ခံယူနေသည့် ရှင်သဇ္ဇန သည် တနင်္လာနေ့တွင် အရေပြား ပြန်လည်အစားထိုးကုသမှု ခံယူရသည့်အတွက် ယခုလို ဆေးရုံမှ မဆင်းနိုင်သေးတာ ဖြစ်ကြောင်း ဦးတေဇာသာရမှ ရှင်းလင်းမိန့်ကြားခဲ့သည်။ 

ထင်းအစားထိုး စပါးခွံထင်းချောင်း ရခိုင်ပြည်နယ်တွင် စတင်

Posted by drmyochit Thursday, February 07, 2013, under | No comments


ရခိုင်ပြည်နယ်တွင် သစ်တောများပြုန်းတီးလာမှုကိုကာကွယ်ရန် မီးဖိုချောင်သုံးထင်းများအစား စပါးခွံ များကို အစားထိုးသုံးရန် ပြုလုပ်သည့်နည်းပညာစမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီဟု နည်းပညာ စမ်းသပ်မှု တွင် ပါဝင်သူတစ်ဦးဖြစ်သည် ဦးသန်းဝင်းက ပြောသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်