Monday, June 03, 2013
အမျိုးသားအရေး တမျိုးသားလုံးဝိုင်းဝန်းကူညီနိုင်ခွင့်ရှိမှဖြစ်မည်
Posted by drmyochit Monday, June 03, 2013, under | No comments
ထိုင်းနိုင်ငံတွင်ဆွမ်းခံကြွမည့်သံဃာများကိုဘာသာရေးအစွန်းရောက်များကချောင်းမြောင်းလုပ်ကြံမည့်ဘေးမှကာကွယ်မှုပြုပေးနေပုံ
ကျောက်နီမော်မှ မသီတာထွေး ကွယ်လွန်သည့် တနှစ်ပြည့်မြောက်ဝမ်းနည်း ခြင်း အခမ်း အနားကို ရခိုင်ပြည်နယ်မှ လွဲ၍ မည်သည့်နေရာတွင်မျှ ကျင်းပခဲ့သည် ဟုမကြားရပေ။
အနောက် ကမ္ဘာဖြစ်သော ဥရောပနှင့်မြောက် အမေရိကတို့ တွင် မိမိကိုယ်ကိုယ်ကိုကာကွယ်နိုင်စွမ်းမရှိသူ (vulnerable person) တစ်ဦးအား ဤသို့ စော်ကားပြီး ရက်ရက်စက်စက် သတ်ဖြတ် ခံရလျှင်နှစ် ပါတ်လည် အခမ်း အနားများကျင်းပ၊ နိုင်ငံခေါင်းဆောင်(သမတ/၀န်ကြီးချုပ်) များတက်ရောက် ကာဝမ်း နည်းကြေ ကွဲစကားပြောခြင်း၊ ကျန်ရစ်သူမိသားစုကိုနှစ်သိမ့်ခြင်းများ ပြုလုပ်ကြသည်ကိုတီဗီ၊သတင်းစာများ
တွင်တွေ့  ရမည်ဖြစ်သည်။
မြန်မာပြည်တွင်ထိုကဲ့သို့ သောနိုင်ငံရေးယဉ်ကျေးမှု (political culture) မရှိသေး သည်မှာဝမ်းနည်း စရာကောင်း သည်။ သမတဦးသိန်းစိန်ကောငြိမ်းချမ်း ရေးနိုဗယ်ဆုရှင်အောင်ဆန်းစုကြည်ပါမိမိတို့ နှင့် မ ဆိုင် သလိုနေခဲ့ကြသည်။
အထူး သဖြင့်နောက်ဆက် တွဲဖြစ် ရပ်ဖြစ်သောတောင် ကုတ်တွင် အခြားအပြစ်မဲ့ လူဆယ်ဦး အသတ်ခံ ရသော အခါ၌ သက်ဆိုင်သူပူဆွေးနေသူများ (mourners) အား ကိုယ်ထိ လက်ရောက်နှစ် သိမ့်မှုပေး ခဲ့သောအောင် ဆန်းစုကြည် သည် ကံဆိုး ရှာသူ တိုင်းရင်း သူမိန်းခလေး ၏နှစ်ပါတ်လည်၌ မိမ္မ သား ချင်းဖြစ် ပါ လျှက်ကိုယ်နှင့် မဆိုင်သလိုနေသည်မှာအကျည်းတန် လှသည်။
ဤအချက်သည်သူမအားသူမ၏နောက်လိုက်များက“လူထုခေါင်းဆောင်”ဟုတဖွဖွအမွှမ်းတင်နေသော်လည်း
ဤသို့  ဟုတ်မဟုတ်ရခိုင်လူထုကိုမေး ကြည့်ပါဟုစောဒကတက်စရာဖြစ်နေသည်။
သမတဖြစ်စေ-အောင်ဆန်းစုကြည်ဖြစ်စေယခုကဲ့သို့ ဗုဒ္ဓဘာ သာနှင့်မူ ဆလင် ဘာသာဝင် များနှစ်ဘက် ပဋိပ က္ခဖြစ်နေသော အချိန်မျိုးတွင်ဤအခမ်းအနားမျိုးကိုအားပေးလျှင်နိုင်ငံရေးအရမှားယွင်းသည် (politically incorrect) ဟုဆင်ခြေပေးနိုင်ကြပါ သည်။နိုင်ငံရေး အရမှား/မှန်ပြဿနာ (political correctness) သည်ကိုယ်ကျိုးစီးပွား(self-interest) အပေါ်အခြေတည်၍ ဆုံးဖြတ် ကြသော ကိစ္စမျိုး ဖြစ်သည်။ ပိုကျယ်ပြန့် သောလူသားအားလုံး၏ကောင်းကျိုး (humanitarian interest) ကိုနှ လုံးသွင်း၍ စဉ်းစားခြင်း မဟုတ်ခြေ။
ရပ်တည်ချက်များအားခွဲခြမ်းစိတ်ဖြာနေခြင်း (attitudes analysis) ကို ရပ်တန့်  ၍လက်တွေ့ ရင်ဆိုင်နေ ရသောပြဿနာကိုဆွေးနွေးပါမည်။
ရေရှည်အသွင်ဆောင်လာနေသောဘာသာရေးပဋိပက္ခကိုရင်ဆိုင်ရာတွင်အစိုးရသည်အခြေအနေ၏နောက်မြီးဆွဲ ဘ၀သို့ ကျရောက်နေသည်။ ဦးသိန်းစိန်အစိုးရနှင့်မြန်မာနိုင်ငံသည်တဘက်ကဆင်ထားသည့် ထောင်ချောက် ထည်းတွင် မိနေသည်။  ဤအချက်ကိုရှင်းလင်းပါမည်။
အိမ်နီးနား ချင်းဘင်္ဂလားဒက်ရှ်နိုင်ငံသည် လူဦးရေပေါက် ကွဲမှုဖြစ်နေ သည့်နိုင်ငံဖြစ်နေသည် သာမက ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက်ဖြစ်သော ပင်လယ်ရေပြင်မြင့် တက် လာမှုကြောင့် ကမ်းရိုး တန်းဒေသ များရေအောက်ရောက်ပြီးမြေ ဧရိယာ တစတစ ဆုံးရှုံး နေသောနိုင်ငံဖြစ်သည်။
အာဏာရပါတီကအိမ်နီးချင်းမြန်မာပြည်နှင့်ဆက်ဆံရေးမပျက်စေရန်အစွန်းရောက်အစ္စလမ်းမစ်တွေ ကိုနှိမ်နင်းနေသော်ငြားလည်း ဘီဂန်ခါလီဒါဇီယာ ဦးဆောင်သော အတိုက် အခံ ပါတီသည် တစ်ချိန် ကဂျာမန်နာ ဇီတွေအကြောင်းပြ ခဲ့သောနေစရာမြေနေရာရရှိရေး (lebensraum) ဆင်ခြေ ကိုပြောင်ပြောင် တင်းတင်း သတင်းစာ မှပြန်၍ ထုတ်ဖေါ်ကာလူပိုတွေကိုနိုင်ငံပြင်ပမှာနေရာရှာကြ ဖို့ မြှောက်ပေးနေလေ သည်။
ဘင်္ဂလားဒက်ရှ်မှလူပိုများသည့်အိမ်နီးချင်းနိုင်ငံတွေထံကုန်းကြောင်းရေ ကြောင်းတို့ တစ်ဦး ချင်းကော အုပ်လိုက် ထွက် ခွာနေကြသည်။ တောင်ဘက်အိမ်နီးချင်းနိုင်ငံတွေထံရေကြောင်းဖြင့်ရောက်သွားကြသည့် ဘင်္ဂလီများ ကသူတို့ သည် မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေပါဟုပြောကြသည်။
ထိုင်းနှင့်မလေးရှားနိုင်ငံ အစိုးရများ သည်သူတို့ အားလူ သားချင်း စာနာမှု အရ ဒုက္ခသည် အဖြစ် လက်ခံပေးနေကြ ရသည်။
အစိုးရများကဤကဲ့သို့ လက်ခံ လာကြစေရန် INGO များကလော်ဘီလုပ်မည်ကိုသံသယရှိစရာမလိုချေ။
လက်ရှိမလေးရှားရှိအကြီးဆုံးဒုက္ခသည်စခန်းတွင်လူတစ်သိန်းရှိနေသည်။ မြန်မာဒုက္ခသည်ပါဆိုသူတွေက ၉၀%  ကျော်ဖြစ်သည်။ပြင်ပမှာမိသားစုအလိုက်နေထိုင်ခွင့်ရနေသူတွေတရားမ၀င်နေထိုင်သူတွေမပါသေး။
ဒုက္ခသည် အဖြစ်နှင့်ရောက် လာ၍စခန်းဖွင့်ပြီးလက်ခံထားခြင်း၊အသက်ရှင်ရေး အကူ အညီတွေ ပေးခြင်းသည် မမှားပေ။
သို့ သော်ထိုလူတွေကသူတို့ ဒုက္ခသည် ဖြစ်ရခြင်း၏အကြောင်းရင်းအဖြစ် “မြန်မာပြည်မှာ”လူများစုကသူတို့ ကိုနှိပ် စက်နေ ပါသည် ဟုပြောကြသည်။ နှိပ်စက်တာ (persecution) မရှိဘဲနှင့်ဒုက္ခသည် (တရားဝင် အသုံး အနှုံးမှာ ‘ခိုလှုံသူ’ - refugee) ဖြစ်ချင်လို့ မရပါ။
UNHCR Handbook ၏အဓိကသတ်မှတ်ချက် (criterion) ဖြစ်သည်။ ထို့ကြောင့်မြန် မာပြည်မှာ လူများစု ကသူ တို့ အားနှိပ် စက်နေပါ သည်ဟု သက်သေပြနိုင်စေရန် မှာဗလီတွေ များများ မီးလောင် လေကောင်း လေဖြစ် နေသည်။
ပြဿနာ ဆက်ဖြစ်နေအောင်ဖန်တီးနေမှာဖြစ်ပါ သည်။ (keeps the issue alive)။
သို့ မှသာ ဘင်္ဂလားဒက်ရှ်နိုင်ငံမှ တိုက်ရိုက် ရာထောင်ချီ၍ လစဉ်ထွက် ခွာလာသောမြန် မာဘာ သာစကား တစ်ခွန်း မှနားမ လည်သော ဘင်္ဂလီများထိုင်းနှင့် မလေးရှားနိုင်ငံတွေမှာခိုလှုံခွင့်ရကြမှာဖြစ်သည်။ထို့ ကြောင့် မြန် မာပြည်မှာ ဘာသာရေးပဋိပက္ခဆက်ရှိနေဘို့  သူတို့ အတွက်လိုအပ်ပါသည်။ ယခုဤ “ဆင် ကွက်”ထည်းမှာမြန်မာလူထုနဲ့ မြန်မာအစိုးရမိနေသည်။
မြန်မာအစိုးရကိုယ်စားလှယ်သည်ဤအချက်ကိုကုလသမဂ္ဂလိုစင်မြင့်မှာတ ဘက်က ပုဂ္ဂိုလ် များနှင့်ပြိုင် ၍ငြင်းခုံကြ ၍ပြန်လှန်ငြင်းချက်မထုတ်နိုင်သော အထောက်အထားများ (Conclusive evidences) ပြသနိုင်ရပါလိမ့်မည်။
စင်စစ်မြန်မာတွေသာမကပြည်တွင်းနေမြန်မာမူဆလင်တွေလည်းဤထောင် ချောက်ထည်းမှာမိနေသည်။
သူ့ ဖက် ကိုယ့်ဖက် အဖိတ်အစင်တွေရှိနေပြီမို့ ခံစားချက်များဖြစ်နေပြီးကျော်လွှားရုန်းထွက်ဘို့ ခက်နေ ကြသည်။
ဖြစ်စဉ်တစ်ခုချင်းစီကိုအကျဉ်းချုပ်ပြန်ကြည့်လျှင်လှိုင်သာယာ - မိထ္ထိလာ - ဥက္ကံ - လားရှိုး အဖြစ် အပျက် တိုင်းတွင် မူဆလင်တွေ ဘက်ကရန်စသည့် သဘောများ ထင်ရှားသည်။ ဗမာတွေ (ဗုဒ္ဓဘာသာ ၀င်တွေဆို လျှင်ပိုတိ ကျမည်)ဘက်က လည်းချက်ချင်း အချိန်မဆိုင်းဘဲတုန့် ပြန်နေကြသည်ဖြစ်ရာ၎င်းတို့ စိတ်ထည်း မှာနောက် ထပ် ဘယ်နေ့ -ဘယ်နေရာမှာ ထပ်ဖြစ်မလဲဆိုသည် ကိုအသင့်နား စွင့်စောင့် မျှော်နေကြ သလိုပင်။
ထို့ ကြောင့်ပြဿနာ၏တနှစ်သားကာလအတွင်း ဖြစ်နေကြဖြစ်စဉ်  ကို လေ့လာကြည့်လျှင် -
၁ - မူဆလင်ဘက်ကရန်စမည်
၂- ဗုဒ္ဓဘာသာတွေကနေ့ ကူးမခံချက်ချင်းပင်တုန့် ပြန်မည်
၃ - အစိုးရ (ရဲ-လုံထိမ်း-စစ်တပ်) က၀င်ထိမ်းမည် - ပုဒ်မ ၁၄၄ ထုတ်မည်။
ပြဿနာကိုကိုင်တွယ်ပုံ
ဦးသိန်းစိန်အစိုးရသည်ပြဿနာကိုအစိုးရတစ်ဦးတည်း မည်သူ့ အကူအညီ ၀င်စွက်မှုမျှလက်မခံဘဲ
တတ်နိုင် သမျှ အုပ်အုပ်ဆိုင်းဆိုင်းနည်းဖြင့်ဖြေရှင်း လိုဟန်ရှိသည်။ဤအချက်ကိုအခွင့်ကောင်းယူ
၍နိုင်ငံရေး သမားများ (NLD, 88 မျိုးဆက်စ သည်) များကလည်း တရားခံ အဖြစ် မခံလိုဘဲကျေကျေနပ် နပ်ဖြင့် ပင် လက်ရှောင်ပေးနေသည့်သဘောတွေ့ ရသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောဆိုနေပုံမှာပြဿနာကိုအစိုးရကနိုင်နင်းစွာ ကိုင်တွယ်နေ ပါသည် ဟူသော အသွင်ကိုဆောင်ထားသည်။ ဤအချက်သည် လောလောဆယ်အတွက်တော့မှန်ကောင်းမှန်မည်။သို့ သော်တနေ့ နေ့ ဤပြဿနာရန်ကုန်ရောက်လာလျှင် တိုင်းပြည်ပျက်နိုင် လောက်သည် ဟုအရပ် စကားဖြင့် တုံး တိတိပြောလိုသည်။ ရမည်းသင်း - ပျဉ်း မနား - ပြည် - မုံရွာ -တောင်ကြီး
တောင်ငူ - မော်လမြိုင်စသည့်မြန်မာမူဆ လင်တွေ အုံခဲနေသောတခြားမြို့ကြီးများကိုထည့်မတွက်သေး။
သို့ ဖြစ် သောကြောင့်ဖြစ်သင့်သည်မှာအစိုးရ၏လုံခြုံရေးတပ်ဖွဲ့ တစ်ခုတည်း အားမကိုးနေဘဲ အရပ်ဘက် အဖွဲ့  အစည်းများ (civil society) ၏အကူအညီ ကိုယူသင့်သည်။
ရပ်ရွာလုံခြုံရေးနှင့်ကိုယ့်ကိုကိုယ်ကာကွယ်ရေးကိစ္စ
Neighborhood security and self – protection
မူဆလင်များကဘုန်းကြီးများကိုရွေးချယ်၍လိုက်လံသတ်ဖြတ်နေခြင်းသည် ထိုင်းနိုင်ငံတောင်ပိုင်း တွင်အ ထူးအဆန်း မဟုတ်တော့။ ဆွမ်းခံကြွသောကိုယ် တော်များကိုကျည်ကာအင်္ကျီဝတ်ပေးကာ စစ်သားများ ကနောက်ကတ ကောက်ကောက်လိုက်၍လုံခြုံရေးယူပေးနေရသော သတင်း ဓါတ်ပုံများ ပလူပျံနေသည်။မြန်မာနိုင်ငံတွင်ကားရခိုင်ပြည်နယ်တွင်ဤအဖြစ်မျိုးသံဃာတော်များရင်ဆိုင်ရကာအသက်ဆုံးရှုံးခံနေကြရ
သည်မှာမသီတာထွေးကိစ္စမတိုင်မီပဝေသဏီကတည်းကဖြစ်သည်။ ယခုမှပြည်မဘက်သို့ နယ်ချဲ့ လာခြင်း ဖြစ် သည်။
သံဃာတော်များအားလုပ်ကြံမှုနှင့်အမျိုးသမီးများအပေါ်ရက်စက်မှုများသည်ကြိုတင်ကာကွယ်၍
ရနိုင် စကောင်းသော အရာများဖြစ်သည်။ မှန်ကန်သော နည်းဖြစ်လျှင်ထိရောက်စွာကာကွယ်နိုင်ပါသည်။
ဘုန်းကြီးကျောင်းများတွင်ဘုန်းကြီးကျောင်းသားကြီးများ၊ကပ္ပိယများ ယခင်က ထက်ဦးရေ ပို၍ထားရှိကာ လုံခြုံရေး အစောင့် အဖြစ် သုံးသင့်သည်။ သူတို့ အားအစိုးရ၏လုံခြုံရေးတပ်ဖွဲ့ များနှင့် အချိန်ပြည့် အဆက် အသွယ် ရှိစေ ရန်လက် ကိုင်ဖုံးများရရှိစေရန်စီစဉ်ပေး သင့်သည်။
ဤနည်းသည်မိမိတို့ ရပ်ရွာ၊သံဃာနှင့် မိန်းခလေးများ အပေါ် ကျူးလွန်စော်ကား မှုများကို ဥပဒေဘောင် အပြင်ဘက်မှ လက်တုန့် ပြန်ကြမည့် ဗရမ်း ဗမာ လူအုပ် ကြီးများ (mobs) ကိုတနည်း တဖုံ အားဖြင့်ကြို တင်၍ ထိမ်းချုပ် ထားရာလည်းကျပေလိမ့်မည်။
ဤစေတနာအလျှောက်တာဝန်ယူမည့်ဒေသခံလုပ်အားပေးများ၏ကာကွယ်ရေးအဖွဲ့ များအနေဖြင့် ၂၄/၇ အခြေ ခံဖြင့် နာရီမလပ်အလှည့်ကျကင်းတာဝန် ယူရန်ဖြစ်သည်။ သူတို့ သည်သံဃာတော်များကြွရာသို့ လိုက် ပါစောင့်ရှောက်ခြင်း၊ မသင်္ကာသောနေရာများကိုအထူးစောင့်ကြပ်ခြင်း၊ လူပြတ်သောနေ ရာများ တွင်ကင်း လှည့်ခြင်း များလုပ်နိုင်သည်။
သူတို့ အားကိုယ်ခံပညာသင်တန်း များ (Martial arts trainings) သင်ပေးသင့် သည့် အပြင် တိုက်ခိုက် လာသူများ (attackers)  ၏ရန်မှာ ကာကွယ်ရန် လုံလောက်သော တန်ပြန် လက်နက် များကိုလည်း ခွင့်ပြုပေး ထားသင့် သည်။လူရမ်းကားအုပ်စုများကိုဖြိုခွဲရန် ရဲခွေး (Canine units) များကို ပါပူးတွဲပေးထား သင့်သည်။[မက္ကဆီကိုနှင်ထိစပ်နေသောအမေရိကန်ပြည်ထောင်စုတောင်ပိုင်းပြည်နယ်
တစ်ချို့ တွင်လူထု ကနယ်စပ်လူခိုးဝင်မှုကိုကိုယ်ထူကိုယ်ထလက်နက်ကိုင်၍ စောင့်ကြပ်နေကြ သည်မှာကြာပြီ။ (Vigilante)]
ဤဒေသခံအရပ်သားများ၏စေတနာ့ဝန်ထမ်းသက်သက်အဖွဲ့ များသည်လုံခြုံရေးတပ်ဖွဲ့ များနှင့် ပူးတွဲဆောင် ရွက်ခြင်း (cooperation and coordination) များရှိရပေမည်။၎င်းတို့ ကိုဥ ပဒေနား လည်ကျွမ်း ကျင်၍ ရပ်ရွာကယုံကြည်လေးစားသောပုဂ္ဂိုလ်များ (respectable persons) ကအုပ် ချုပ်စေရ မည့်အပြင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ များကအသိအမှတ်ပြုထားသင့်သည်။
ဤအစီအစဉ်က ၃ ချက်အကျိုးရှိနိုင်စေလိမ့်မည်။
၁ - အသင့်ပြင်ထားသောအနေဖြင့်စောင့်ကြည့် နေသောကြောင့် တဘက် ကရန်စရန် အခွင့် မသာဖြစ် လိမ့်မည်။ သို့ မဟုတ်ပို၍နည်းပါးသွားစေလိမ့်မည်။
 ၂ - ဗုဒ္ဓဘာသာဝင်နိုးကြားတက်ကြွနေသူများအားဤတာဝန်ပေးထားခြင်း ဖြင့်သူတို့ ကိုယ်တိုင် mobs အဖြစ်နှင့်တရားလက် လွတ်တုန့် ပြန်မည့်အချက် ကိုချေဖျက်ပြီးဖြစ်စေမည်။ [သို့ သော်သူတို့ တွင်လည်း - မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့် - သင့်လျှော်သော နည်းဖြင့်တုန့် ပြန်ခွင့်ရှိ စေရမည်။]
တနှစ်အတွင်း တဖြည်းဖြည်းနှင့်စုပုံလာနေသောဖြစ်ပေါ်မှုများ
၁ - တဘက်ကိုလျှော့ပေါ့အရေးယူနေသည်ဟူသောဗုဒ္ဓဘာသာတွေဘက်က စွပ်စွဲမှု များဆက် တိုက် ထွက်ပေါ်နေ ကာမကျေနပ်မှုတစတစပိုကြီးထွားလာနိုင် ပြည်သူ့  အမြင် တွင် ကုလား ကို အကြောင်း မဲ့အလျှော့ပေး လွန်းသည်ဟုထင်လာမည်။ [လားရှိုး တွင်သာသနာရေး ၀န်ကြီး ကိုပင် ဘုန်းကြီးတွေ ကဆဲသည် အထိ ဖြစ်လာသည်။]
၂- ၀န်ထမ်း များလာဘ်ယူသည်ဟူသောစွပ်စွဲမှုများလည်းဆက်၍ထွက်ပေါ်နေ
ပြဿနာ ရင့် လာသည်နှင့် အမျှဌာန ဆိုင်ရာ ၀န်ထမ်းများ အမျိုးသားရေး ကို သစ္စာဖေါက်သည် ဟူသော အမြင်ပို၍အင်အားကြီးမားလာမည်။ အကျင့်ပျက်ဝန် ထမ်းကို ထိထိရောက်ရောက် အရေး မယူသော အစိုးရကို ပါ အပြစ်မြင်လာမည်။
အစိုးရနှင့်လူထုအကြားချောက်ကမ္ဘားယခုထက်ပို၍ကျယ်ပြန့် လာမည်။
၃ - ၉၆၉ လှုပ်ရှားမှု ၇၈၆ နှင့်အပြိုင်ပြု၍ပေါ်ထွက်လာသည်။ ၉၆၉ သည်ကို လိုနီခေတ် ကအင်္ဂလိပ်တွေရွှေ တိဂုံဘုရားပေါ် ဘိနပ်စီးတက်ကြတာကိုမခံနိုင်၍ YMCA ကိုတုပပြီးအမျိုး-ဘာသာသာ သနာကာ ကွယ်စောင့် ရှောက်ရေး ဆိုကာ YMBA အသင်းပေါ် လာသလို မျိုးပေါ် လာတာဖြစ်သည်။ ၉၆၉ သည် ဘာသာ ရေး -လူမှုရေး - စီးပွားရေးသုံးမျိုးစလုံးကိုချုံငုံ၍ပေါ်ထွက်လာသည်။
၎ -သူတို့ ကိုယ်တိုင်ဖွင့်ဟချက်အထောက်အထားများအရမူဆလင်ပိုင်စီးပွား ရေးလုပ် ငန်းများ အထိနာနေကြကြောင်း သိရသည်။
ဘာသာရေးကြောင့် မိတ်ပျက် ကုန်သည်။စီးပွားရေးလုပ်ငန်းပိုင်ရှင်ချမ်းသာသောမူဆလင် များအဖို့ ဘာသာရေး အစွန်းရောက်များကိုကူညီမလား - ဟန့် တားပေးမလား တစ်ခုခု ကိုရွေးချယ် ရတော့ မည်ဖြစ် သည်။
အစိုးရသည်မူဆလင်ကိုမူဆလင်ဖြင့်ထိမ်းပေးရန်တာဝန်ပေးကြည့်သင့်သည်။ အနည်းဆုံး အားဖြင့် အကူ သဘော (auxiliary) သုံးကြည့်သင့်သည်။ မူဆလင် ဘာသာတွင်ဆွန်နီ (Sunni) များက အစွန်းရောက်ပြီး ရှီယား (Shia) - ဘဟာအီ (Baha’i ) နှင့်အာမက်ဒီယား (Ahmedia)  များကငြိမ်းချမ်းရေး လိုလားသည်ဖြစ် ရာဗုဒ္ဓဘာသာတွေ ဘက်ကသိုးနှင့်ဆိပ်ခွဲခြားဖို့ လိုသည်။
အစ္စလမ်ဘာသာသည်ကမ္ဘာတ၀ှမ်းတွင်အခြားဘာသာကိုးကွယ်မှုများနှင့်၎င်း၊ သူတို့ အချင်း ချင်း ဂိုဏ်းကွဲ များအကြား ၌၄င်း သွေးချောင်းစီး ပဋိပက္ခများ သမိုင်းတလျှောက်လုံးဖြစ်နေသည်။ လောလောဆယ် တွင်မြန်မာနိုင်ငံ သာမကအ နောက်ဥရောပ တခွင်တွင်လည်း ဤဘာသာရေး အစွန်းရောက် များ၏သောင်း ကျန်းမှုများနှင့် ရင်ဆိုင်နေကြရသည်။
ဤပြဿနာသည်ကမ္ဘာ့ပြဿနာကြီး တရပ်အသွင်သာမကထာဝရအသွင် (a global issue of all times) လည်း ရှိနေ သည်ဖြစ် ရာမြန်မာနိုင်ငံ အစိုးရသည် ဤပြဿနာကို မိမိနိုင်ငံနယ်နမိတ် အတွင်း၌ ထိမ်းချု နိုင် ရန် -
1-    အမြဲတမ်းအဖွဲ့ အစည်းတစ်ခု (a permanent, state level body to contain religious extremism) ထူထောင်ထားရန်လိုပေလိမ့်မည်။
 2-    ဘာသာရေးအစွန်းရောက်သောင်းကျန်းမှုကိုရင်ဆိုင်ဖြေရှင်းနေသောအခြားနိုင်ငံများ(အိန္ဒိယ-အစ္စရေး -ယူအက်စ်အေ-ယူကေ -သြစတျေး လျားစသည်)နှင့် လည်း ပူးပေါင်းဆောင် ရွက်ရေး အစီအစဉ် များစတင် သင့်နေပြီဖြစ်သည်။
From : ..မြန်မာသံတော်ဆင့်
ဆိပ်ကမ်းအာဏာပိုင်ရေယာဉ် မီးလောင်မှုဖြစ်
Posted by drmyochit Monday, June 03, 2013, under | No comments
၃-၆-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ဆိပ် ကမ်းမြို့နယ်၊မိသားစုရပ်ကွက်၊ သိမ်ဖြူ ဆိပ် ခံ တံ တား တွင် ရပ်နား ထားသော ဆိပ်ကမ်းအာဏာပိုင် pilot ကြိုပို့ စတီဗီဒို အမှတ်(၆) ရေယာဉ်အား ရေယာဉ် မှူး ဦးစိုးနိုင်(ဘ) ဦးမောင် စိန်၊ ရေယာဉ်သေး ဌာနခွဲ၊ ဆိပ်ကမ်းအာဏာပိုင်နှင့် စက် ဆရာ ဦးဇော်ဝင်းအောင် (ဘ) ဦးတင်အောင် ၊ ရေယာဉ်သေး ဌာနခွဲ၊ဆိပ်ကမ်း အာဏာ ပိုင်တို့ (၂) ဦးမှ စက်ချို့ယွင်းမှုပြင်ဆင်နေစဉ် အိပ်ဇော ပိုက်ပေါ်သို့ ကျသောဒီဇယ်များမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး အင်ဂျင်အားလောင်ကျွမ်းသဖြင့် ပတ်ဝန်း ကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့်၀၆၄၀အချိန်မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ရေယာဉ်မှူးဦးစိုးနိုင်တွင် ၀ဲ/ယာလက်နှင့် ပေါင်တို့၌မီးလောင်ဒဏ်ရာ၊ 
စက်ဆရာ ဦးဇော်ဝင်းအောင်တွင် မျက်နှာမီးလောင်ဒဏ်ရာတို့ အသီးသီးရရှိပြီး ရန်ကုန် အလုပ် သမားဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များ အဖြစ်ဆေးကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။
 Yangon Police
မလေးရှားရောက် မြန်မာများ ဆက်တိုက် အကြမ်းဖက်ခံရ
Posted by drmyochit Monday, June 03, 2013, under | No comments
ရန်ကုန်၊ ဇွန် ၂
တရားဝင် မြန်မာအလုပ်သမား သုံးသိန်းကျော် ရှိသည့် မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ ယခု ရက်ပိုင်း အတွင်း သုံးကြိမ် ဆက်တိုက် လူအုပ်စုဖွဲ့ အကြမ်းဖက်မှု ခံခဲ့ရကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်လတ် က ပြောကြားသည်။
မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အသတ်ခံရသည်ဟု ဆိုသည့် သတင်းများနှင့် ပတ်သက်၍ သံ အမတ်ကြီး ဦးတင်လတ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြား သည်။
ကွာလာလမ်ပူ မြို့တော်ရှိ ဟင်းသီးဟင်းရွက် ဈေးတစ်ခုဖြစ်သော ဆာလာယန်းတွင် မေလ ၃၀ ရက်နေ့က ဈေးရောင်းပြီး ပြန်လာသည့် မြန်မာလုပ်သားတစ်ဦးကို အမည်မသိ လူအုပ်စု တစ်စုက တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရပြီး မေလ ၃၁ ရက်နေ့ ည ၁၀နာရီ ကလည်း ယင်းကဲ့သို့ အလားတူ အကြမ်းဖက်ခံ ခဲ့ရကြောင်း၊ မေလ ၃၁ ရက်နေ့က ဆာလာယန်း အနောက်ဘက်ရှိ မြန်မာများ နေထိုင်သည့် နေရာကို ဝင်ရောက် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာသံအမတ်က သေဆုံးမှု ရှိမရှိ အတည်ပြု ပြောဆိုခြင်း မရှိသော်လည်း မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်များကြောင့် မြန်မာ လုပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့ အသင်းက ဦးစီး သဂြုင်္ိဟ်ရန် ပြင်ဆင်နေကြောင်း ဆာလာယန်းရှိ ကပုန်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက The Voice သို့ ပြောဆိုသည်။
“သဂြုင်္ိဟ်ဖို့ သံရုံးကို ခွင့်ပြုချက် တောင်းထားတယ်”ဟု ၎င်းက ဆိုသည်။
ယင်း နှစ်ဦးလုံးသည် လည်ပင်းဖြတ် သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့က မြန်မာလေးဦး ထပ်မံ ရိုက်နှက် ခံခဲ့ရရာ တစ်ဦးမှာ ဦးခေါင်း ဒဏ်ရာဖြင့် စိုးရိမ်ရပြီး ကျန်နှစ်ဦးကို အတွင်းလူနာ အဖြစ် ကုသနေရကြောင်း ဦးဆန်းဝင်းက ရှင်းပြသည်။
ဆာလာယန်းတွင် ဆက်တိုက် ဖြစ်ပွားနေသည့် အကြမ်းဖက်မှု များကြောင့် မြန်မာလုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် ကိုးဦးမှာ အထူးကြပ်မတ် ကုသဆောင် (ICU) တွင် ကုသ နေရကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
အကြမ်းဖက်မှု များကြောင့် ကပုန်း မြန်မာဘုန်းတော်ကြီး ကျောင်းတွင် မြန်မာလုပ်သား ၃၀ ကျော် ပြောင်းရွှေ့ ခိုလှုံလျက် ရှိပြီး ယင်းနေရာကို မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး ပေးထားကြောင်း မြန်မာသံအမတ် ဦးတင်လတ်က ပြောကြားသည်။
အကြမ်းဖက်မှု များကြောင့် ဆာလာယန်း အနီးတွင် အလုပ် လုပ်နေသည့် မြန်မာလုပ်သား ၅၀၀ ခန့် တိမ်းရှောင် နေကြပြီး အချို့ ပြန်လာလိုသော်လည်း နိုင်ငံကူးလက်မှတ် မရှိသဖြင့် အခက်အခဲ ဖြစ်နေ ကြောင်း ဦးဆန်းဝင်းက ဆို သည်။
“လားရှိုးမှာ ပြဿနာ ဖြစ်ပြီး ကတည်းက နေရတာ မလုံခြုံတော့ဘူး။ အမြဲတမ်းသတိထားနေရတယ်” ဟု မလေးရှားရောက် မြန်မာအလုပ်သမား တစ်ဦးက The Voice သို့ ပြောကြားသည်။
ဆာလာယန်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူသတ်မှု အပါအဝင် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်သော နေရာ ဖြစ်ပြီး မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ထိရောက်စွာ ကိုင်တွယ်နိုင်မှု မရှိသည့် နေရာ ဖြစ်ကြောင်း ဦးတင်လတ်က ဆိုသည်။
ဆာလာယန်းတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများမှာ ဘာသာရေးကို အခြေခံခြင်း မဟုတ်ဘဲ ဒုစရိုက်မှုများ ဖြစ်ပွားလေ့ ရှိသည့် နေရာဖြစ်၍ မြန်မာလုပ်သားများ အနေနှင့် အချိန်မတော် အပြင်မထွက် သင့်ကြောင်း ဦးတင်လတ်က တိုက်တွန်းသည်။
The Voice Weekly
ကျောင်းခန်းထဲတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် အမေရိကန်ကျောင်းသားတစ်ဦးကြံစည်
Posted by drmyochit Monday, June 03, 2013, under | 1 comment
အသက် ၁၇ နှစ်အရွယ်ရှိ အမေရိ ကန်ကျောင်း သား တစ်ဦးသည် သူ၏ကျောင်းတွင် ပေါက်ကွဲစေ တတ်သော ပစ္စည်းများနှင့် သေနတ်များကိုသုံးကာ တိုက်ခိုက် ရန်ကြံစည်ကြောင်းစွပ်စွဲခံရသဖြင့် မေ ၂၈ ရက်တွင် တရားသူကြီးက အာမ ခံကြေး ဒေါ်လာနှစ် သန်းပေးရန် ပြောခဲ့သည်။ ဂရန့် အကော့ သည် သူ၏ ကျောင်းဖြစ်သော အိုရီဂွန်၏ အနောက်မြောက်ဘက်တွင်ရှိသော Albany အထက် တန်းကျောင်း တွင် “ရုရှားနိုင်ငံသား ရက်စက်တဲ့ လူသတ် သမား ကဒီမှာပါ” ဟု ပြောကာ မီးလောင် ဗုံးတွင် လောင်စာ ဆီပစ် ထည့်ပြီး သေနတ်ဖြင့် ပစ်ခတ်ရန် စီစဉ်ကြောင်း တရားရုံး အချက် အလက် များ အရ သိရသည်။
အကော့ သည်ရှားပါးသော စိတ်ကယောင်ချောက်ချား ရောဂါခံစားနေရကြောင်း ၎င်း၏မိခင်ကပြောခဲ့ပြီး သူသည်ဗုံးပြုလုပ်နည်းစာအုပ်ကို ဝယ်ပြီးချိန်မှစပြီး စိုးရိမ်မိကြောင်း အာဏာပိုင်များက ပြောသည်။
အကော့ကိုလူသတ်မှုကျူးလွန်ရန် အားထုတ်မှုကြောင့် တရားရုံးတွင်အမှုစစ်ဆေးနေပုံများကို ဗီဒီယိုဖိုင် များမှတစ်ဆင့်တွေ့ရသည်။ ပြီးခဲ့သောရက်သတ္တပတ်က ၎င်း၏အိပ်ခန်းတွင် ဗုံးနှစ်လုံး၊ပိုက်ဗုံးနှစ်ခုနှင့် တခြားလက်နက်နှစ်ခုကို တွေ့ခဲ့သည့်အပြင် သူ့ကျောင်းတွင် လူအစုလိုက်အပြုံလိုက်ကို သတ်ရန် စီစဉ်ထားသည့် စာများကိုအရာရှိများက တွေ့ခဲ့သည်။
“ကားကို ကျောင်းဝင်းထဲမှာ ရပ်လိုက်မယ်၊ လက်တစ်ဖက်က ကျောပိုးအိတ်ကိုကိုင်မယ်၊နောက်တစ် ဖက်ကမီးလောင်ဗုံးကိုင်မယ်။ ပြီးတော့ကျောင်းကို လမ်းလျှောက်သွားမယ်။ လက်ထဲကအိတ်ကို ပစ်ချ မယ်။ မီးလောင်ဗုံးမှာ လောင်စာလောင်းထည့်မယ်။ အိတ်ကိုပြန်ပိတ်မယ်။ မီးရှို့မယ်၊ ထွက်ပေါက်တွေ ကို မီးလောင်ဗုံးနဲ့ ပစ်ထားမယ်။ တံခါးတွေ အကုန်ပိတ်ထားမယ်၊ ပြီးရင် ရဲတွေမဖမ်းမိခင် ကိုယ့်ကိုယ် ကိုယ် သတ်သေလိုက်မယ်” ဟု စာဖြင့်ကြိုတင်ရေးသားထားခဲ့သည်။
၁၉၉၉ ခုနှစ်ဧပြီ ၂၀ ရက်ကလည်း Columbine အထက်တန်းကျောင်းတွင် ကျောင်းသားနှစ်ဦး ထိုသို့တိုက်ခိုက်သဖြင့် လူပေါင်း ၁၃ ဦးသေကာ ၂၃ ဦး ဒဏ်ရာရခဲ့ဖူးသဖြင့် အကော့က ကိုကဲ့သို့ ဖန်တီး ခြင်းဖြစ်သည်။ အကော့သည် OCD ဟုခေါ်သော စိတ်ရောဂါတစ်မျိုးခံစားနေရကြောင်း ၎င်း၏မိခင်က ပြောခဲ့သည်။
Ref: AFP/ACSP
The Yangon Time Daily
အတွဲ (၁)၊ အမှတ် (၂၆)၊ မေ ၃၀၊ ၂၀၁၃
From: မောက္ခ
မယ်လိုဒီ ပရိတ်သတ်များ အတွက် မယ်လိုဒီရဲ့ ဓါတ်ပုံ Album လေးပါ
Posted by drmyochit Monday, June 03, 2013, under | No comments
သားအိမ်ကင်ဆာ စမ်းသပ်နည်းသစ် အိန္ဒိယရှာဖွေတွေ့ရှိ
Posted by drmyochit Monday, June 03, 2013, under | No comments
သားအိမ်ကင်ဆာ ရောဂါကြောင့် အမျိုးသမီးတွေ သေဆုံးနေ ရတာ ကို သာမာန် အိမ်သုံးစားသောက်ပစ္စည်း တခုဖြစ်တဲ့ ရှာလ ကာ ရည်ကို အသုံးပြုပြီး သိသိသာသာ လျှော့ချနိုင် တဲ့အ ထိ အောင်မြင်မှုရခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံ မွမ်ဘိုင်း မြို့က ဆရာဝန်တွေက ကြေညာလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ရှီကာဂိုမြို့က ညီလာခံ တခု အတွင်း အိန္ဒိယဆရာဝန်တွေရဲ့ လေ့လာတွေ့ ရှိချက် ကို တင်ပြရာမှာတော့ အမျိုးသမီးပေါင်း ၁ သိန်း ခွဲလောက် ပါဝင်တဲ့ သုတေသနအတွင်း သေဆုံးမှုနှုန်း ၃၁ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့တဲ့အကြောင်း ပြော ဆိုခဲ့တာပါ။
ရှာလကာရည်ပါတဲ့ ဂွမ်းစနဲ့ သားအိမ်ကို ဆေးကြော စမ်းသပ်ကြည့်တဲ့ အခါမျိုးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ တစ်ရှုးတွေ ဟာ အဖြူရောင်အဖြစ် ပြောင်းလဲ သွားတတ်တဲ့အတွက်၊ ကြိုတင်ကာကွယ်မှုတွေ ကုသမှုတွေ အချိန် မီ လုပ်ဆောင်နိုင် တယ်လို့လည်း ပြောပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာလို သားအိမ်ကင်ဆာရောဂါအတွက် ငွေကုန်ကြေးကျ များတဲ့ စံချိန်မီ စမ်းသပ် စစ်ဆေးမှု မျိုးတွေကို မတတ်နိုင်ကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမှာ လွယ်ကူရိုးစင်းတဲ့ ဒီစမ်းသပ်နည်းသစ်က အမျိုး သမီးပေါင်း ထောင်သောင်းမကရဲ့ အသက်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့လည်း အိန္ဒိယ ဆေးသုတေသန ပညာ ရှင်တွေ က ပြော ခဲ့ကြ တာပါ။
From: VOA
မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ပြည်တွင်း အင်တာနက်ဆိုင်ရာ ကိစ္စရပ်များကို ဟောပြောဆွေးနွေး
Posted by drmyochit Monday, June 03, 2013, under | No comments
မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်သို့ တက်ရောက်လာသူများ
မြန်မာ့အင်တာနက်ဖိုရမ်ကို ဇွန် ၁ ရက်က MICTDC ၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့ပြီး ပြည်တွင်း အင် တာနက် ဆိုင်ရာ ကိစ္စရပ်များကို ဟောပြောဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
''ဒီနေ့ခေတ် မှာ အင်တာနက်ဆိုတာ အရေးကြီးတဲ့ မရှိမဖြစ် Tool တစ်ခုဖြစ်ပါတယ်။ ကဏ္ဍအားလုံးမှာ အင်တာနက် က အရေးပါလာတယ်။ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံ တစ်ပုံလောက်က အင်တာနက် သုံးနေတယ် လို့ သိရ ပါတယ်။ အင်တာနက်ကြောင့် အကျိုးကျေးဇူးတွေ ရတာရှိသလို ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိနိုင် ပါတယ်။ ရလာမယ့် အကျိုးကျေးဇူးကတော့ ပိုများပါတယ်။ အင်တာနက် လွတ်လပ်ခွင့် လာတဲ့အခါမှာ လွတ်လပ် ခွင့်နဲ့ အတူ သူတစ်ပါး အကျိုးစီးပွား ပျက်စီးစေလိုတာမျိုးတွေလည်း တွေ့လာရတယ်။ ဆက်သွယ်ရေး ဥပဒေ ကိုလည်း မကြာခင် ပြဋ္ဌာန်းနိုင်မယ်လို့ ထင်ပါတယ်။ Commerce Law မူကြမ်းကို ရေးဆွဲဖို့ လည်း ရှိနေပါတယ်'' ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
''အာဖရိကမှာတောင် အင်တာနက်က အရေးပါနေပါပြီ။ အင်တာနက် ဖွံ့ဖြိုးလာဖို့ အခြေခံ အဆောက် အအုံပိုင်း အရေး ကြီးပြီး ဥပဒေတွေလည်း အရေးကြီးပါတယ်။ အစိုးရ ဌာနတွေ၊ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ အိုင်စီ တီကို များများသုံးဖို့ လိုပါတယ်။ ရုံးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာ စာရွက်သုံးလေးရွက် လျှောက်ဖြည့်နေ ရတာက အချိန်ကုန် အလုပ်ရှုပ်စေတယ်။ နောက်ပြီးစက်တွေက လာဘ်မစားတတ်ဘူး။ အိုင်စီတီ ကို သေချာအသုံးပြုမယ်ဆိုရင် လာဘ်ပေးလာဘ်ယူ ကိစ္စတွေလည်း နည်းလာနိုင်တယ်။ အားလုံး ၀ိုင်းတွန်း မှ ရွေ့မှာပါ။ အင်တာနက်ကလည်း လွတ်လပ်လာပြီ ဆိုပေမယ့် လုံခြုံစိတ်ချရမှု မရှိသေးပါဘူး'' ဟု MIDO မှ ကိုနေဘုန်းလတ်က ပြောကြားသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်ကလည်း ''ပြည်တွင်း အညွှန်း ကိန်းများ မြင့်မားလာအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ဟာ့ဒ်ဝဲ ပိုင်း (မြင်ရပြီး လက်တွေ့လုပ်ဆောင် ရမည့်အပိုင်း) နှင့် ဆော့ဖ်ဝဲပိုင်း (ထိတွေ့၍ မရသောအပိုင်း) ဟူ၍ ရှိ ရာ ယင်းနှစ်ခုစလုံးကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့်ကို မြှင့်တင်နိုင်ရေးအတွက် MIDO အဖွဲ့သည် Freedom House အဖွဲ့မှ  ကျင်းပသော IGF Incubator Project ပြိုင်ပွဲကြီးတွင် Myanmar Internet Freedom Forum ပြုလုပ်နိုင် ရန် ပရောဂျက် ရေးသား၍ ပြိုင်ပွဲဝင်ခဲ့ရာ ပြိုင်ပွဲဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပရောဂျက်များနှင့် ယှဉ်ပြိုင် ကာ ပရောဂျက်ကို ရရှိခဲ့ပြီး မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ် ၂၀၁၃ ကို ကျင်းပခွင့် ရရှိခဲ့သည်။
From: Eleven
လာမည့်နှစ်နှစ်အတွင်း ဖုန်းပြောခ နှုန်းထားများ လျော့ကျနိုင်ပြီး အင်တာနက် တပ်ဆင်ခများလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေး ဒုဝန်ကြီးပြောကြား
Posted by drmyochit Monday, June 03, 2013, under | No comments
အင်တာနက်ဖိုရမ်တွင် တွေ့ရသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်
ဆက်သွယ်ရေး ကုမ္ပဏီအသစ်နှစ်ခု ရွေးချယ်ပြီး နောက်လာမည့် နှစ်နှစ်အတွင်း၌ ဖုန်းပြောဆိုခ နှုန်းထား များ လျော့ကျလာနိုင်ပြီး Broadband အင်တာနက်လိုင်းများ၏ ကနဦး တပ်ဆင်ခများမှာလည်း အခမဲ့ ဖြစ် လာနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်း တင်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
''လက်ရှိမှာ မိုဘိုင်းဖုန်း သိပ်သည်းဆက ၇ ရာခိုင်နှုန်းရှိပြီး အင်တာနက် သိပ်သည်းဆကတော့ ဖုန်း အင်တာ နက် သုံးစွဲမှုတွေ အပါအ၀င်ဆိုရင် ၁ ရာခိုင်နှုန်းကျော်ရှိ လာပါတယ်။ မြန်မာနိုင်ငံရဲ့ GDP က ဒေါ်လာ ၁၀၀၀ အောက်ပဲ ရှိသေးပြီး ဖုန်းခေါ်ဆိုခနှုန်းထားက များနေပါသေးတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှု တိုးတက် လာဖို့ အတွက် နိုင်ငံတကာရဲ့ လုပ်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင် မိုဘိုင်းဖုန်း သိပ်သည်းဆ ၃၀ ရာခိုင်နှုန်းရောက် ဖို့ အသည်းအသန် ကြိုးစားကြပြီး ၅၀ ရာခိုင် နှုန်းကျော် ရှိလာပြီဆိုရင် မျှခြေတစ်ခုကို ရောက် လို့ အတော် အတန် တည်တည်ငြိမ်ငြိမ် ရှိလာပါတယ်။
တကယ်လို့ ၁၀၀ ရာခိုင်နှုန်းကျော်ပြီး လူတစ်ဦးက နှစ်ကတ်၊ သုံးကတ် သုံးစွဲနိုင်တဲ့ အနေအထားမှာ ဆို ရင်တော့ Web ကင်မရာတွေအတွက် ထည့်သွင်းသုံးစွဲတာ၊ Tablet တွေထဲ ထည့်သွင်းသုံးစွဲတာမျိုး ဖြစ်လာ ပါပြီ။ မြန်မာနိုင်ငံမှာ နှစ်နှစ်ခွဲအတွင်း မိုဘိုင်းဖုန်း သိပ်သည်းဆကို ၅၀ ရာခိုင်နှုန်း ရောက်စေဖို့ ပစ်မှတ် ထား ပါတယ်။ အဲဒီအတွက်လည်း ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်တဲ့အခါ အကောင်းဆုံး သူ၊ တကယ် စိတ်အ ချ ရဆုံးသူရဲ့ လက်ထဲ ထည့်ပေးမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အစမ်းသပ်ခံလို့ မရတော့ ပါဘူး။ အင်တာနက် လွတ်လပ်ခွင့် ဆိုရာမှာလည်း အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးစွဲနိုင် ရုံသာမ ကဘဲ လူတိုင်းသုံးစွဲခွင့်ရဖို့၊ နှုန်းထားသက်သာဖို့ လိုပါတယ်။
 မိုက်ခရိုဆော့ဖ်နဲ့ ဆွေးနွေးတုန်းကဆိုရင် မျှတတဲ့ ဈေးနှုန်းဖြစ်မှသာ လိုင်စင်ဗားရှင်းကို သုံးစွဲနိုင်မှာ လို့ပြောတော့ ဘယ်ဈေးနှုန်းဆိုရင် မျှတတဲ့နှုန်းထား ဖြစ်မလဲလို့ သူတို့ကမေးပါတယ်။ အဲဒီအခါ FOC(Free of Charge) အခမဲ့ဖြစ်မှ မျှတတဲ့ ဈေးနှုန်းဖြစ်မယ်လို့ ပြောခဲ့တယ်။ ကျေးရွာတွေမှာ အသက်သာဆုံး ဈေးနှုန်းနဲ့ အင် တာနက် Access ရဖို့လိုပြီး အခမဲ့ဆိုရင် ပိုကောင်းပါတယ်'' ဟု ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြား သည်။
ဆန်ခါတင်စာရင်းဝင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ ၁၂ ခုမှ နှစ်ခုကို ဇွန်လကုန်ပိုင်းတွင် အပြီး သတ်ရွေးချယ်မည် ဖြစ်သည်။
From: Eleven
သေနတ်များ ကိုင်ဆောင်ထားသော လူတစ်စုမှ ကျောင်းနေအရွယ်ကလေးများအား အဓမ္မဖမ်းဆီး
Posted by drmyochit Monday, June 03, 2013, under | No comments
လားရှိုး၊ ဇွန် ၂။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွက်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအုပ်စုအတွင်းရှိ မန်ဂျက်၊ လွယ် ကန်၊ မန်နိမ့်ကျေးရွာတို့တွင် နေထိုင်လျက် ရှိသော ကျောင်းနေအရွယ်ကလေး (၁၅)ဦးကို မေလ(၂၇)ရက်နေ့ညတွင် ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသော လက် နက်ကိုင် လူတစ်စုမှ အဓမ္မခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။
“၁၈ အရွယ် ကျနော့်သမီးလေးကို ၂၇ရက်နေ့ည ၁၁နာရီခွဲ ၁၂နာရီလောက်က လက်နက်ကိုင်အဖွဲ့တွေ အတင်း အဓမ္မ ခေါ်သွားတယ်။ ညကြီး အချိန်ဆိုတော့ အစိမ်းရောင်ပြောက်ကျား ၀တ်စုံကိုပဲ မြင်ရတယ်။ သူတို့ အဖွဲ့ရဲ့ အမှတ်တံဆိပ်ကိုတော့ မမြင်လိုက်မိဘူး။ သေနတ်တွေကို တော့ သူတို့လွယ်ထားတာ တွေ့ ရတယ်” ဟု လွယ်ကန်ကျေးရွာတွင် နေထိုင်သော ဦးနော်မိုင်က ပြောကြားသည်။
အဓ္ဓမဖမ်းဆီးခေါ်ဆောင် ခံရသောသူများမှာ လက်ရှိကျောင်းစာသင်ကြားနေသော ကျောင်းသူ/သားများ အများ ဆုံးဖြစ်ကြပြီး ထိုသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် လုံးဝ အဆက်အသွယ် မရရှိကြောင်း သိရ သည်။
“ကျမတို့ အားကိုးအားထားပြုနေရတဲ့ သားလေးကိုသူတို့ခေါ်သွားတော့ အိမ်မှာအရမ်းကို အခက် အခဲတွေ့ တယ်။ သားအတွက်လည်း အရမ်း စိုးရိမ်တယ်။ သူ့အဖေဆိုရင် အဲဒီနေ့ကတည်းက ဒီနေ့ထိ မစားနိုင် မသောက်နိုင် ဖြစ်နေတယ်”ဟု လွယ်ကန်ကျေးရွာတွင် နေထိုင်သော ဒေါ်အိုက်ကျန်က ပြောကြားသည်။
အစိမ်းရောင် ပြောက်ကျားဝတ်စုံ ဝတ်ထားသော လူတစ်စုသည် လက်နက်အပြည့်အစုံဖြင့် ညကြီး အချိန် မတော်တွင် ရွာသူ/သားများ၏ နေအိမ်များထဲသို့ အတင်းဝင်ရောက်ကာ ကချင်ဘာသာစကား၊ မြန်မာ ဘာသာ စကားကို အသုံးပြုပြီး ကျောင်းနေအရွယ် ကလေးများကို မည်သည့် ဒေသ၊ မည်သည့်အရပ် သို့ ခေါ်ဆောင် သွားမှန်း မသိသလို လူကုန်ကူးသူများမှလည်း လက်နက်ကိုင်အဖွဲ့ ဟန်ဆောင်ကာ ကျေးရွာများ ရှိ ကျောင်းနေ အရွယ် ကလေးများကို အဓမ္မခေါ်ဆောင်ကာ တဖက်နိုင်ငံသို့ ရောင်းစားတာလည်း ဖြစ်နိုင် တယ်ဟု ကောလဟာများ ထွက် နေသဖြင့် ကလေးမိဘများမှာ အထူးစိုးရိမ်နေကြကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ နမ့်ဖက်ကာရဲစခန်းသို့ ဆက်သွယ်မေးမြန်ရာ ၎င်းဖြစ်စဉ်အား မသိသေး သည့် အ တွက် စုံစမ်းမေးမြန်းပြီး ပြန်လည် ဖြေကြားမည်ဖြစ်ကြောင်း နမ့်ဖက်ကာရဲစခန်းမှ ဒုရဲအုပ် သန်းဦးက ပြန်လည်းဖြေကြား ခဲ့သည်။
စိုင်းကံသာ
From:   မြန်မာ့ခေတ်
Sunday, June 02, 2013
မလေးရှားနိုင်ငံ ဆလာယန်းတွင် မြန်မာ နှစ်ဦး ခေါင်းဖြတ် အသတ်ခံရကာ သုံးဦးမှာ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရ
မလေးရှားနိုင်ငံ ဆလာယန်းမြို့တွင် မွတ်ဆလင်ဘာသာဝင်အချို့နှင့် ပဋိပက္ခဖြစ်ပွားကာ မြန်မာ အလုပ် သမား နှစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီး သုံးဦးမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေ ရကြောင်း သတင်းရရှိပါသည်။
“မေ ၃၀ မှာ မြန်မာအလုပ်သမားတစ်ဦး ခေါင်းပြတ်သေဆုံးတယ်။ ၃၁ ရက်မှာ နောက်တစ်ဦး ခေါင်းဖြတ် အသတ် ခံရ တယ်။ ဇွန်လ ၁ ရက်နေ့မှာ ထပ်ဖြစ်တာမှာ မြန်မာအလုပ်သမား ၃ ဦး ဆေးရုံတင်ထား ရပါ တယ်။ သူတို့ ၃ ယောက်လည်း အခြေအနေ မကောင်းပါဘူး” ဟု ကပုန်း နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်း က ပြောပါသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ ဆာလာယန်း ကုန်စိမ်းဈေးတန်းရှိ မြန်မာ ဒုက္ခသည် ၁၀၀ ခန့်ကို ကပုန်း နာရေး ကူညီမှု အသင်းမှ ဦးဆောင်၍ ကပုန်းဘုန်းကြီးကျောင်းနှင့် အခြားနေရာ အသီးသီးသို့ ပို့ဆောင် ကူညီပေး လျက် ရှိကြောင်း သိရသည်။
ကွာလာလမ်ပူမြို့မှ မြန်မာနိုင်ငံသား တစ်ဦးက ''အဲဒီနေက ဖြစ်စဉ်မှာ နှစ်ယောက်သေတယ်။ သုံးယောက် က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး တစ်ယောက်ပျောက်နေတယ်လို့ ကြားတယ်။ လူ ၁၀၀ ကျော်လောက် က ပုန်းဘုန်းကြီးကျောင်းထဲမှာ ပုန်းနေရတယ်။ ဘုန်းကြီးကျောင်း အပြင်ဘက်ကနေ ဆိုင်ကယ်တွေ နဲ့ ပတ်နေပြီး ဘုန်းကြီးကျောင်းကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်။ ဒီဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်တဲ့သူတွေက ဆလာယန်းဒေသခံတွေ မဟုတ်ဘဲ ဒေသခံအချို့တောင် မသိလိုက်ကြဘူးလို့ ပြောတယ်။ ဒေသခံတွေက ကျီးလန့်စာစား ဖြစ်နေပေမယ့် မြန်မာသံရုံး အသိုင်းအ၀ိုင်းက ပြဿနာက စိုးရိမ်စရာမရှိဘဲ အေးအေးချမ်းချမ်းပဲလို့ ပြောနေကြတယ်'' ဟု ပြောပြခဲ့ပါသည်။
ဆလာယန်းဒေသမှ မြန်မာအလုပ်သမား တစ်ဦးကလည်း “ကျွန်တော်သိတာကတော့ ဒီဖြစ်စဉ်မှာ ၆ ယောက်လောက် သေသွားတယ်။ အချို့ဆိုရင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာ။ ဒီဖြစ်စဉ်ကြောင့် လူ ၈၀ နဲ့ ၁၀၀ ကြား ဆလာယန်းက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်။ ဒါကို အကြမ်းဖက်လိုတဲ့ မွတ်ဆလင်ဘာသာဝင်အချို့က ဘုန်းကြီးကျောင်းအရှေ့ကနေ အော်ဟစ်ခြိမ်းခြောက်မှုတွေ လုပ်တယ်။ ကျွန်တော်တို့ဆီမှာ အခုနောက်ပိုင်း မွတ်ဆလင် အကြမ်းဖက် လူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပြဿနာဖြစ်အောင် ဖန်တီးလိုမှုတွေ မကြာခဏ ဖြစ်နေ၊ ကြားနေပါတယ်။ ကွာလာလမ်ပူ ဘက်မှာတော့ မြန်မာဆိုင်တွေမှာလည်း အေးဆေးပဲ၊ မွတ်ဆလင် ဆိုင်တွေမှာလည်း အေးဆေးပါပဲ၊ သံရုံးကတော့ ဒီပြဿနာကို ထူးထူးခြားခြား ထုတ်ပြန်တာ မရှိသလို အခြေအနေ အေးဆေးရှိတယ် လို့ပဲ ပြောတာ ကြားရပါတယ်။ မြန်မာသံရုံးရဲ့ အကူအညီကိုတော့ ဆလာယန်းမှာ ရှိတဲ့ မြန်မာတွေ အခုအချိန်ထိ မရသေးပါဘူး” ဟု ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော အဆိုပါ ကိစ္စများနှင့် ပတ်သတ်၍ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဖြစ်မှန်ကို စုံစမ်း၍ သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက Eleven Media Group သို့ ပြောကြားထားပါသည်။
မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော ကိစ္စများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံသားများ အသတ်ခံရမှု မရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဇွန်လ ၁ ရက်နေ့တွင် ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ ပြန်လည်ရှင်းလင်းထားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ မလေးရှားနိုင်ငံရှိ နာမည်ကြီး The Star သတင်းစာတွင် လက်ရှိအထိ သတင်းဖော်ပြထားခြင်း မရှိသေးကြောင်း သိရပြီး NTV 7 သတင်းဌာနက သေဆုံးသူတစ်ဦး၏ အလောင်းအား ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားပုံကို movie file ဖြင့် သတင်းဖော်ပြခဲ့သည်။ Bernama သတင်းဌာနတွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်းဖော်ပြထားသည်။
Eleven
အိမ်ထောင်ရေး ဖေါက်ပြန်နေစဉ် တွေ့ရှိသူ ယောက်ခမအား သတ်ခဲ့သူချွေးမ ဖမ်းမိ
Posted by drmyochit Sunday, June 02, 2013, under | No comments
၂၈-၅-၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် သုံးခွမြို့နယ်၊ သာသာမြိုင်ကျေး ရွာနေ ကိုသန့်ဇင်ဝင်း၏ နေအိမ်
မြောက် ဘက် ရှိ ရေကန်အတွင်းမှ လွန်ခဲ့သော (၂)ရက် ကျော် ခန့် ကတည်းကပျောက်ဆုံးနေသော ကိုသန့် ဇင်ဝင်း ၏ဖ ခင် ဦးလှတင်၏အလောင်းအား နောက်ပြန်ကြိုး တုပ် လျက် တွေ့ ရှိသဖြင့် ကိုသန့်ဇင်ဝင်းမှ အရေး ယူပေး ပါရန် တိုင် တန်းခဲ့၍ သုံးခွမြို့မရဲစခန်းမှအမှုဖွင့်ပြီး တရား ခံဖော် ထုတ် ဖမ်းဆီးရမိရေး စုံစမ်း ဆောင် ရွက် ခဲ့ပါ သည်။
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခရိုင်/မြို့နယ်များမှ တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းစုံစမ်းဖော်ထုတ်ခဲ့ရာ ၂၅-၅-၂၀၁၃ရက်နေ့ ၁၆၀၀ အချိန်ခန့် တွင်သေဆုံးသူ ဦးလှတင်၏ချွေးမ မစန်းစန်းလှိုင်(ကိုသန့်ဇင်ဝင်း၏ဇနီး)သည် နေအိမ် တွင် နောက်ကျော ဘက်နေ အိမ်မှ ကရင်ကြီး (ခ) ကိုသက် (ခ)တင်မောင်မြင့်နှင့် လူမှုရေး ဖောက်ပြန် ဆက်ဆံနေ စဉ် ဦးလှ တင် ရောက်ရှိမြင်တွေ့ သွားသဖြင့် ကရင်ကြီးမှာ ထွက်ပြေး သွား ခဲ့ပါသည်။
၁၈၀၀ အချိန် ဦးလှတင်သည် နေအိမ်တွင်ရှိနေစဉ် ကရင်ကြီး ရောက်ရှိလာကာ မစန်းစန်းလှိုင်နှင့်အတူ ဦးလှ တင်အား လည်ပင်း ညှစ်သတ်ပြီး ကြိုးတုပ်၍ရေကန်အတွင်းသို့ပစ်ချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ကရင်ကြီးနှင့် မစန်းစန်းလှိုင်တို့အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
၅၀၀၀ တန်အတု တရားခံ လွှဲပြောင်းပေးရန်မရှိဟု ကေအိုင်အိုဆို
Posted by drmyochit Sunday, June 02, 2013, under | No comments
မြစ်ကြီးနား၊ ဇွန် ၁
မြစ်ကြီးနားတွင် ဖမ်းမိခဲ့သော ၅၀၀၀ တန် အတုအမှုတွင် ပါဝင် ပတ်သက်သည့် ကေအိုင်အိုမှ အရာရှိနှစ် ဦး ကို အစိုးရထံသို့ လွှဲပြောင်းပေးရန် အစီအစဉ်မရှိကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က The Voice သို့ ပြောကြားသည်။
“ကေအိုင်အိုမှာ ကိုယ်ပိုင် တရားစီရင်ရေးရှိလို့ လွဲပြောင်းပေးဖို့ မဖြစ်နိုင်ပါဘူး” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
တရားခံကို လွဲပြောင်းပေးရန် အစီအစဉ် မရှိသော်လည်း အစိုးရထံမှ လာရောက် စစ်ဆေးရန် တောင်းဆို ပါက ခွင့်ပြု သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ထပ်ဆင့် ပြောကြားသည်။
ကေအိုင်အို နိုင်ငံခြားဆက်ဆံရေး ဌာနမှ အရာရှိတစ်ဦးနှင့် ကေအိုင်အိုမြို့နယ် အုပ်ချုပ်ရေး အရာရှိ တစ်ဦး တို့က အဆိုပါ ၅၀၀၀ တန်အမှုတွင် ပါဝင် ပတ်သက် ခဲ့ကြခြင်း ဖြစ်ပြီး တစ်ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင် ဖမ်းဆီး ထားကာ ကျန်တစ်ဦးကို ကေအိုင်အိုတွင် ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း ဗိုလ်ချုပ်ဂွမ်မော်၏ ပြောပြ ချ က်အရ သိရသည်။
မြစ်ကြီးနားမြို့ ရှင်းရှန်းဟိုတယ်တွင် ဧပြီလ နောက်ဆုံးပတ်က ကျပ် ၅၀၀၀ တန်အတု ကျပ်သိန်း ၂၇၀ ကျော်နှင့် တရားခံ သုံးဦးကို ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး ၎င်းအမှုတွင် အဆိုပါ ကေအိုင်အို အရာရှိနှစ်ဦးပါဝင် ပတ်သက် ခဲ့ကြခြင်း ဖြစ်သည်။
၅၀၀၀ ကျပ်တန် အတုများကို ဧပြီလ တစ်လတည်းတွင် မြစ်ကြီးနား၊ မန္တလေး၊ မြဝတီ၊ မှော်ဘီ၊ အင်းစိန် စသည့် မြို့ တို့တွင် ဖမ်းဆီးရမိခဲ့သည်။
The Voice Weekly
ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့ ရခိုင်ဝန်ကြီး သွားစောင့်
Posted by drmyochit Sunday, June 02, 2013, under | No comments
ရန်ကုန်၊ ဇွန် ၁
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့တွင် ရခိုင်လူငယ်များက ဆန္ဒ ထုတ်ဖော် မည့် သတင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင် သည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့၌ ဇွန်လ ၁ ရက်နေ့ က သွားရောက် စောင့်ဆိုင်းနေခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဘင်္ဂါလီမိသားစု တစ်စုလျှင် ကလေးနှစ်ဦး သာမွေးဖွား ရန် ကန့်သတ်ချက်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယ ခုလို ခွဲခြားဆက်ဆံမှုမျိုး ထားရှိခြင်းသည် မသင့်လျော်ကြောင်း၊ ယင်းသည် လူ့အခွင့်အရေးနှင့် လည်း ကိုက်ညီမှု မရှိကြောင်း ပြောကြားခဲ့သည်။
ယင်းပြောကြားချက်အပေါ် မကျေနပ်၍ ရန်ကုန်မြို့ရှိ ရခိုင်လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ တွင် ဆန္ဒ ထုတ်ဖော်မည်ဟု ကောလာဟလသတင်း ထွက်ပေါ်လာခဲ့သည်။
ဦးဇော်အေးမောင်က ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် မီဒီယာသမား များနှင့် တွေ့ဆုံစဉ် “ကျွန်တော့် အနေနဲ့ ရခိုင်နဲ့ ပတ်သက်တဲ့ ဘုန်းကြီးပဲလာလာ၊ ရခိုင် လူငယ်ပဲလာလာ ပြန်လွှတ်ဖို့ လာစောင့်နေတာ။ ဒါက သူ့ အမြင်ကိုယ့် အမြင် ပြောကြတာပဲဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုအပေါ် ရခိုင်လူငယ်များက မကြိုက်နှစ်သက်ကြောင်း၊ လုံးဝ ကန့် ကွက်ကြောင်း ဖြစ်နိုင်လျှင် ဆန္ဒထုတ်ဖော်ချင်ကြောင်း၊ ဘင်္ဂါလီများ အဆိုပါ မွေးဖွားနှုန်းတိုင်း မွေးဖွားပါက ဆယ်စုနှစ် တစ်စုကြာလျှင် ရခိုင်ပြည်နယ်သည် ဘင်္ဂါလီပြည်နယ် ဖြစ်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ခြံရှေ့ ရောက်ရှိနေသော ရခိုင်လူငယ် တစ်ဦးဖြစ်သည့် ကိုစစ်ငြိမ်းကဆိုသည်။
The Voice Weekly
“မြေမြို၍ လူမျိုးမပျောက် လူမျို၍ လူမျိုးပျောက်” ဆိုသည့်စကား ဒေါ်အောင်ဆန်းစုကြည် သိစေချင်သည်
Posted by drmyochit Sunday, June 02, 2013, under | 1 comment
ဒကာမကြီး အောင်ဆန်းစုကြည်- ဦးပဉ္ဖင်းကတော့ ဘုန်းကြီးတစ်ပါးမို့ ..ပြောရမယ်ဆိုရင် ဒကာမကြီးရဲ့ လုပ် ရပ်တွေ ကို အကောင်းမြင်စိတ်နဲ့ ထောက်ခံလာတဲ့သူမို့ ဒကာမကြီးအတွက် အကျိုးရှိစေဖို့ ပြောဆို သွားမှာဖြစ် ပါတယ်။ ယခုတလော ဒကာမကြီးအပေါ်လူကြိုက်နည်းလာတာနဲ့ပတ်သက်လို့ ဘယ်ကစပြောရ မလဲ ဆိုရင် ဘုန်းကြီးဝီရသူပြောတဲ့ ခွပ်ဒေါင်းကနေ မွတ်ဒေါင်း ဖြစ်သွားပြီဆိုတဲ့အကြောင်းကိုပဲ အခြေခံ ပါ့မယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ၇၈၆ တွေကို နေရာပေး လိုက်ကတည်းကဘုန်းကြီးတို့ လောက မှာလဲ လှုပ် လှုပ်ရွရွ တော်တော်ဖြစ်သွားပါတယ်။
 ဒီလိုမျိုး ဘုန်းကြီးဝီရသူကထောက်ပြလိုက်တော့ ပိုဆိုး သွားတာပေါ့။ ဒါပေမယ့် ဦးဇင်း တို့ကတော့ ဒကာ မကြီး ကို ထောက်ခံ ဆဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်သမီး  ဖြစ်နေလို့ပါပဲ။ ရခိုင်ပြည်နယ် မှာက နေရာတော်တော် များများမှာ မွတ်ဆလင်တွေရှိနေပါ တယ်။ အများဆုံးကတော့ ဘူးသီးတောင်၊  မောင်တောပေါ့၊ အဲဒီမှာက ကုလား ၉၄ ယောက်ဆိုရင် ရခိုင် ၆ ယောက်ပဲရှိပါတယ်။ လူများစုက ကုလား တွေ(ဘဂါင်္ လီတွေ)ဖြစ်ပါတယ်။ သူတို့ရဲ့ လူဦးရေတိုးပွားနှုန်း ဟာ အလွန်တရာကြောက်စရာကောင်းတဲ့ အနေ အထား ပါ။ ကဲ.. ဒကာမကြီးလဲသိပါတယ်။ ဘင်္ဂလားဒေ့ရှ် ဆိုရင် သူ့အကျယ်အ၀န်းက ရှမ်းပြည်နယ်လောက် ပဲရှိတယ်။ သူ့လူဦးရေက သန်း(၁၆၀)ကျော်ရှိတယ်။
ဒီလောက်ကျယ်တဲ့ဗမာပြည်မှာတောင် လူဦးရေသန်း(၆၀)ပဲရှိပါတယ်။ ကွာခြားချက်ကိုနှိုင်း ယှဉ်ပြ တာနော်..။ မွတ်ဆလင်တွေ အကြောင်း ဒကာမကြီးက ဦးပဉ္ဖင်းတို့ထက်ပိုသိမှာပါ။ ဦးဇင်းတို့သိတာက ဒကာ မကြီးကို မမှီပါဘူး။ မွတ်ဆလင်တွေဟာ သူတို့ရဲ့ အစ္စလာမ်ဥပဒေအရ ယောင်္ကျားတစ်ဦးဟာ တရား ၀င် မိန်းမ(၄)ယောက် ယူလို့ရတယ်။ ကလေးတွေ ကြိုက်သလောက် မွေးကြတယ်။ ရခိုင်ပြည်နယ်မှာ မွတ်ဆလင် အိမ်ထောင်တစ်စုမှာ အိမ်ထောင်ဦးစီးယောက်ျား ၁ဦး၊ မိန်းမ ၄ဦး၊ မိန်းမ တစ်ယောက်ကို ကလေး ၁၀ ယောက်လောက်မွေး တယ်။ မိသားစု တစ်စုကို အနည်းဆုံး ကလေး(၄၀)ယောက်ရှိတယ်။
တစ်ချို့ဆို မိသားစုတစ်စုထဲမှာ လူဦးရေ ၇၀ ကျော်တဲ့ အိမ်တွေရှိတယ်။  တစ်ချို့ ကုလားတွေဆို ကလေးတွေ များလွန်းလို့ ကိုယ့်သား သမီးတောင် ကိုယ် မမှတ်မိ တဲ့သူ ရှိတယ်။ လွန်ခဲ့တဲ့ (၅)နှစ်က ရခိုင် က အမ်းမြို့လေးမှာ လူဦးရေ ၅၀၀၀ ပတ်ဝန်းကျင်လောက်ပဲရှိတယ်။ အခုလို ဘင်္ဂါလီတွေမွေးနှုန်းနဲ့ တစ်မိသားစု ကို လူ (၅၀)၊ မိသားစု (၁၀၀)ဆိုရင် လူ (၅၀၀၀)၊ မိသားစု (၁၀၀)နဲ့တင် မြို့ငယ်လေး တစ်မြို့ လို လူတွေများ လာမယ်။ အဲဒီလိုမိသားစုတွေ ရခိုင်မှာ အများကြီး။မောင်တောတစ်မြို့ထဲပဲ ကြည့်ဦး။ လွန်ခဲ့ တဲ့ (၁၀)နှစ်လောက်က ဘင်္ဂါလီ (၃၀၀၀၀)လောက်ရှိတဲ့မြို့ဟာ အခု ၇၀၀၀၀၀ (ခုနစ်သိန်း) ကျော်နေပြီ။ ကလေး (၂)ယောက်အမိန့် ဆိုတာကလည်း အရင်ကတည်းက ထုတ်ထားတဲ့အမိန့်၊ ဒါတောင် အခု တရား မ၀င်ကလေး (၆၀၀၀၀)ကျော် ရှိတယ်တဲ့။ မွေးချင်သလောက်သာ မွေးခိုင်းလိုက်လို့ကတော့ မတွေးရဲစရာပဲ။ ဒါက ရခိုင် စုံစမ်းရေး ကော်မရှင်မှာပါတဲ့ ဒေါက်တာတွေပြောတဲ့စကား။ သူတို့လဲ မဟုတ်ဘဲ နဲ့တော့ လက်လွတ် စပယ် မပြောပါဘူး။ ဒကာမကြီး- ဒကာမကြီးသာ ကလေး နှစ်ယောက်မွေးတာ၊ ဘင်္ဂါလီ အားလုံး က ရသလောက် မွေးနေကြတာကို ဒကာမကြီး သိမှာပါ။ ဒကာမကြီးသာ အင်္ဂလိပ်ကြီးနဲ့မဟုတ်ဘဲ ဘင်္ဂါလီ ကုလားနဲ့ သာရကြည့် ကလေး (၁၀)ယောက် လောက် မွေးရမှာပဲ။ “မြေမြိုလို့ လူမျိုး မပျောက်၊ လူမြိုမှ လူမျိုးပျော က်မယ်” ဆိုတဲ့စကား ဒကာမကြီး ကြားဖူးမှာပါ။
ဒါကြောင့်လဲ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက မွတ်ဆလင်မိန်းမတစ်ယောက်ကို ကလေး၂ ယောက်ပဲ ယူဖို့ သတ်မှ တ်တယ်။ ကုလားတစ်ယောက်ကို မိန်းမတစ်ယောက်ပဲယူဖို့ သတ်မှတ်တယ်။ ဒါဟာမြန်မာ့ ဓလေ့နဲ့ ညီညွတ် သလို ဒေသအခြေအနေအရ လူဦးရေအရ၀ါးမြိုခြင်းကို ကာကွယ်တာဖြစ်ပါတယ်။ ဒီလိုမျိုး အမိန့် ထုတ်ထား တာကို ဒကာမကြီးအနေနဲ့ လူ့အခွင့်အရေးနဲ့မညီတာတို့၊ ကုလားတွေအပေါ် ခွဲခြား မဆက် ဆံသင့်ပါဘူးတို့ဆိုတဲ့စကားပြောလိုက်တော့…အရပ်စကားနဲ့ပြောရရင်ဒကာမကြီး တော်တော်အောက် သွားတယ်။ ဦးဇင်းက ဒကာမကြီးဘက်ကနာလို့ပြောနေတာပါ။
ဒကာမကြီးစဉ်းစားကြည့်လေ…. သူတို့ ကုလားပြည်မှာ  တစ်ခြားနိုင်ငံက သူတွေသွားနေလို့ရသလား၊ ဗုဒ္ဓဘာ သာတွေနေ လို့ရသလား။ တစ်ခြားကို မပြောပါဘူး။ အာဖဂန် နစ္စတန်နိုင်ငံမှာ အစဉ် အဆက် ရှိနေတဲ့ ကျောက်တောင်မှာ ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးပစ်ခဲ့တာ ဒကာမကြီး အသိပါ ပဲလေ။ ဒီလောက်ဆိုးသွမ်းလှတဲ့ လူရိုင်းကုလားတွေကို ဒီလောက်အသေးအမွှားစည်းကမ်းလေး ထုတ်တာ ကို ဒကာမကြီးက ဘာလို့ဝင်ပြီး နာနေရတာလဲ။ သူတို့အတွက် နာလို့ပြောတာလို့ပဲ လူတွေနားလည် နေကြ တယ်။ ဦးဇင်းတို့ကတော့ ဒကာမကြီးမှာ အတိတ်က ဘယ်လိုအမည်းစက်တွေပဲရှိရှိ ဗိုလ်ချုပ်အောင်ဆန်း သမီး ဆိုတဲ့ အမြင်နဲ့ပဲ ရှုမြင်ပြီး ချစ်ခင်လေးစားပါတယ်။ ဦးဇင်းတို့တိုင်းပြည်ကို ကျွန်ပြုခဲ့တာ အင်္ဂလိပ်၊ ဗိုလ်ချုပ် ကို လုပ်ကြံ စေ ခိုင်းခဲ့တာအင်္ဂလိပ်၊ ဒကာမကြီးယူလိုက်တာက အင်္ဂလိပ်။ ဦးဇင်းတို့အခေါ်တော့ ကုလားဖြူပေါ့ ဒကာ မကြီး ရယ်။ ဦးဇင်းကတော့ ရှင်းရှင်းပဲပြောချင်တယ် ဒကာမကြီးရယ်။ ကုလားဖြူ ကိုချစ်ရင်ချစ်ပါ။ ကုလား မဲတွေကိုတော့ မချစ်လိုက်ပါနဲ့ ။
 မြန်မာပြည်မှာနေရင်တော့ မြန်မာစည်းကမ်းအတိုင်းသူတို့နေပါစေ။ မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုးနဲ့ အခြားနေ ရာတွေ မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေအားလုံးဟာ မွတ်ဆလင် ကုလားတွေကစလို့ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ ချည်းပါပဲ။ ဒီလောက်ဆိုးသွမ်းလှတဲ့ မွတ်ဆလင်ကုလားတွေ ကို ဒကာမကြီးသွားပြီး မြှောက်မပေးပါနဲ့။ ဒကာမကြီးအပေါ်မှာ မြန်မာပြည်က တိုင်းရင်းသားပြည်သူတွေ မုန်းတီး နာကျည်း သွားမှာကို ဦးဇင်း မလိုလားလို့ ပြောနေတာဖြစ်ပါတယ်။
ဦးနန္ဒမာဂိန္ဒ
ဂျစ်ဘက်ဘုန်းတော်ကြီးကျောင်း၊ စစ်တွေ
ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ လိုင်ဇာသို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ဆန္ဒပြ
Posted by drmyochit Sunday, June 02, 2013, under | No comments
ဆန္ဒပြနေကြသော ရှမ်းတိုင်းရင်းသား အချို့ (ဓာတ်ပုံ -ထွန်းလင်းအောင်)
ကေအိုင်အို/ကေအိုင်အေမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ လိုင်ဇာဌာနချုပ်သို့ အပြန်လမ်းတွင် ရှမ်းတိုင်းရင်းသားများ ၂၀၀ ၀န်းကျင်ခန့်က ၀ိုင်းမော်မြို့တွင် ၎င်းတို့၏ ဆန္ဒကို ထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းတိုင်းရင်းသားများသည် ရိုးရာဝတ်စုံများ ၀တ်ဆင်၍ "ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ အပစ်အခတ် ရပ်စဲရေး အမြန်လက်မှတ် ရေးထိုးပါ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သားအဖြစ် စုဆောင်းခြင်းမှ ရပ်တန့်ပါ၊ အကြောက်တရားကင်းစွာ လယ်လုပ်ခွင့်ပြုပါ၊ စိုက်ပျိုးမြေများတွင် ထောင်ထားသော မိုင်းများကို ပြန်ဖော်ပေးပါ" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးအဖွဲ့ ကျန်းမာပါစေ၊ အပစ်အခတ် ရပ်စဲရေး အမြန်လက်မှတ် ရေးထိုးပါ၊ ဖမ်းဆီး ခံထားရသော တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါ။ ကချင်ပြည်နယ် အတွင်းရှိ ရှမ်းမျိုးနွယ်စုများအား ပေါ်တာဆွဲခြင်း၊ စစ်သား အဖြစ် စုဆောင်းခြင်းမှ ရပ်တန့်ပါ၊ အကြောက်တရားကင်းစွာ လယ်လုပ်ခွင့်ပြုပါ၊ စိုက်ပျိုးမြေ များ တွင် ထောင်ထားသော မိုင်းများကို ပြန်ဖော်ပေးပါ . . . . .
"၁၉၉၄ ခုနှစ် ဟိုဘက်တုန်းက စစ်သားတွေက ပေါ်တာဆွဲတယ်။ ကေအိုင်အေက အတင်းအဓမ္မ စစ်သား လုပ်ခိုင်းတယ်။ အခွန်ကောက်တယ်။ ၂၀၁၁ ခုနှစ် ဒီဘက်ပိုင်းကျတော့ စစ်သားတွေက ဒါမျိုးလုပ်တာ မတွေ့ ရဘူး။ ကေအိုင်အေကတော့ အခု အချိန်မှာလည်း အခွန်ကောက်တုန်း စစ်သားစုဆောင်းတုန်း ရှိသေး တယ်။ ကျွန်တော်တို့ကတော့ ဘယ်သူ့ကိုမှ မမုန်းပါဘူး။ ကျွန်တော်တို့ကို နှိပ်စက်တဲ့ ဘယ်လက် နက်ကိုင် အဖွဲ့အစည်းမှ လက်ခံမှာ မဟုတ်ဘူး" ဟု ခတ်ချိုရွာမှ အသက် ၆၀ ကျော်အရွယ် ဦးစိုင်း တင်လှိုင်က ဆိုသည်။
၎င်းဆန္ဒပြမှုကို တွေ့မြင်သွားသော ဗိုလ်ချုပ်ဂွမ်မော်အား ဆက်သွယ်မေးမြန်းခဲ့ရာ "အားလုံးညှိနှိုင်းပြီး လုပ်သွား မှာပါ။ ဖမ်းဆီးခံထားရတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး အစီအစဉ် ရှိပါတယ်။ (အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး) ဒါကို တောင်းဆိုနေတာ ကြာပါပြီ။ အစိုးရနှင့် ကေအိုင်အို ဆက်ညှိသွားမှာပါ။ ရှမ်းတိုင်းရင်း သားနဲ့ ကချင်တိုင်းရင်းသားတွေဟာ အရင်ကတည်းက အတူနေခဲ့ကြတာပါ။
ကျွန်တော်တို့ဆီမှာ ရှမ်းတိုင်းရင်းသားနဲ့ ကချင်တိုင်းရင်းသား အတူတကွ နေထိုင်ရေးမူ ပေါ်လစီ ရှိပါတယ်။ (နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့) ကချင်နဲ့ ရှမ်းတိုင်းရင်းသား ချစ်ကြည်ရေး အမြဲတမ်း တည်တံ့ခိုင်မြဲမှာပါ" ဟု အပြန်ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
ကချင်ပြည်နယ် အတွင်းနေ ရှမ်းတိုင်းရင်းသားများက ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း ၎င်းတို့၏ ဆန္ဒများကို ဆွေးနွေးခွင့် မရခဲ့သည့်အတွက် ကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
From: Eleven
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်