Sunday, June 30, 2013
မိုးဟေကိုရဲ့ အမိုက်စား Sexy ဓါတ်ပုံတွေ
Posted by drmyochit
Sunday, June 30, 2013, under ဓါတ်ပုံ Album | No comments
“၃၁ ဘ၀ အသက်တစ်ချောင်း ကယ်တင်သူများကို ကုမ္ပဏီပိုင်ရှင်ရဲနဲ့ဖြဲခြောက်”
Posted by drmyochit
Sunday, June 30, 2013, under သတင်းများ | No comments
ဖြူးမြို့နယ်တွင် အမျိုးသမီး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်မှ လက်ဗွေရာများ ရရှိလာသဖြင့် ကျူးလွန်သူများကို ရှာဖွေနေ
Posted by drmyochit
Sunday, June 30, 2013, under မှုခင်း | No comments
တောင်ငူခရိုင် ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး တံတားအောက်တွင် ဖေဖော်ဝါရီလ အတွင်း က တွေ့ရှိခဲ့သော အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့် အမှုဖြစ်စဉ်မှ လက်ဗွေရာများကို ရရှိလာ သဖြင့် ကျူးလွန်ခဲ့သူများကို ဆက်စပ်ရှာဖွေ ဖော်ထုတ်စစ်ဆေးနေပြီဖြစ်ကြောင်း ဇွန် ၂၉ ရက် နံနက် ပိုင်းက ဖြူးမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်ရှိ ဇဟားကျေးရွာ ချောင်းတံတားအောက် အနောက်ဘက် ကမ်းစပ်အနီးတွင် ပီနံအိတ် အဖြူရောင်ဖြင့် ထည့်ထားသော ခေါင်းပြတ်ခန္ဓာကိုယ်အား တွေ့ရှိခဲ့ရပြီး စစ်ဆေးရာမှတစ်ဆင့် ဦးခေါင်းအား ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၂/၁၃၈ ရှိလမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းအား တွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်း စစ်ချက်အရ သိရသည်။
ဖြူးမြို့နယ် ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက "ဒီအမှုကိုတော့ CID က တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနေတယ်။ အမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေကတော့ သေဆုံးသွားသူရဲ့ ခန္ဓာကိုယ်နဲ့ အခင်းဖြစ်စဉ် အနီးကနေ လက်ဗွေရာတွေကို စစ်ဆေးရရှိ နေပါပြီ။ အဲ့ဒီ လက်ဗွေရာတွေကို လ.၀.က ဌာနနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်သွားတဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟုဆိုသည်။
အဆိုပါ အမျိုးသမီးမှာ ပဲခူးတိုင်း ဒေသကြီးအတွင်း နေထိုင်သူ မဟုတ်ကြောင်းနှင့် တခြားတစ်နေရာမှ လာရောက်စွန့်ပစ်သွားခြင်း ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီးမြ၀င်းက ပြောကြားခဲ့သည်။ ဖြူးရဲစခန်းမှ(ပ) ၃၆/၂၀၁၃ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။
Eleven

လားရှိုးမြို့တွင် ရပ်ကွက်(၇)တွင် နေအိမ်အတွင်းမှ မူယစ်ဆေးဝါးနှင့်အတူ လက်နက်များဖမ်းဆီးရမိ
Posted by drmyochit
Sunday, June 30, 2013, under ပြည်တွင်းသတင်းများ | No comments
ဇွန်လ၂၈ရက်နေ့ကလားရှိုးမြို့၊ရပ်ကွက်(၇)၊နယ်မြေ(၆၀)၊ ရန်ကင်းလမ်းရှိ စိုင်းလှထွန်း (ခ)အိုက်ကျိုင်းနေ အိမ် အားသတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် စိုင်းလှထွန်းအားမတွေ့ဘဲ ၄င်း၏ ဇနီးဖြစ်သူ မနန်းမလေးအား မိသားစုနှင့် အတူတွေ့ရပြီးစိုင်း လှထွန်းမှာနေအိမ်မှ ထွက်ခွာသွားကြောင်း သိရပြီးနေအိမ်အားရှာဖွေရာ၎င်းအိမ် အိပ်ခန်းအတွင်းမှ ကုတင်ခေါင်းရင်း အံဆွဲအ တွင်းမှအမေ ရိကန်နိုင်ငံ လုပ်Beretta အမျိုးအစား အနက်ရောင် ပစ္စတို(၁)လက်နှင့်ကျည်(၁၂)တောင့်၊ထိုင်းနိုင်ငံလုပ်မိန်းမကိုင်
(၅)လုံးပြုးသေနတ်(၁)လက်ကျည်(၁၇)တောင့်၊ WYစိတ်ကြွဆေးပြား(၁၀၀)ပြား၊ ဆူဒိုအက်ဖီ ဒရင်း အဖြူရောင်ဆေးပြား(၆၀၀)ပြား၊ မက်သာအက် ဖက်တမင်း (ICE)၂ဂရမ်၊နှင့်နေ အိမ်အိပ်ခန်း မီးခံသေတ္တာ အတွင်းမှ အမေရိကန်ဒေါ်လာ(၄)ဒေါ်လာ၊အိန္ဒိယရှုပီး(၁၆၃၅)ရှုပီး၊ တရုတ်ယွမ်ငွေ
(၁၃၆၀၁၄)ယွမ်၊ ထိုင်းဘတ်ငွေ(၁၄၃၂၀)ဘတ်၊မြန်မာကျပ်ငွေ(၄၀)သိန်းအားသိမ်းဆီးရမိကြောင်း သိရ သည်။
မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ တရားမ၀င် သိုဝှက်သယ်ဆောင် ရောင်းဝယ်သူ စိုင်းလှထွန်းနှင့် မနန်းမလေး အားလား ရှိုး ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး စိုင်းလှထွန်း အားဖမ်းဆီး ရမိရေး ဆောင်ရွက် နေကြောင်း တာဝန်ရှိသူ တစ်ဦးမှ ပြောပါသည်။
from ရွှေလားရှိုး

မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၂၂၈ ဦး ထပ်မံရောက်ရှိ
Posted by drmyochit
Sunday, June 30, 2013, under ပြည်တွင်းသတင်းများ | No comments
မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ တစ်ဦးအား ကြိုဆိုသူ တစ်ဦးနှင့် တွေ့ရစဉ်
မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများမှ မြန်မာရွှေ့ပြောင်းလုပ်သား ၂၂၈ ဦး ဇွန် ၂၉ ရက် တွင် မြန်မာနိုင်ငံ သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
ဇွန် ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ရွှေ့ပြောင်းလုပ်သား ၅၅ ဦး၊ ဇွန် ၂၉ ရက်နေ့ ညပိုင်း ၉ နာရီတွင် ၁၇၃ ဦး ထပ်မံရောက်ရှိခဲ့ရာ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး ပါဝင်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း၏ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ ကိုအောင်မျိုးစောက ပြောကြားသည်။ ပြန်လည်ရောက်ရှိ လာသူများသည် ထိန်းသိမ်းရေး စခန်းတွင် နှစ်၊ လ၊ ရက်ပိုင်း ထိန်းသိမ်းခံရသူများ ဖြစ်ကြပြီး အများစုမှာ ထိန်းသိမ်းရေး စခန်းတွင် ရိုက်နှက်မှုများ၊ ခွဲခြားဆက်ဆံမှုများ ခံခဲ့ရကြောင်း သိရှိရသည်။
"ကျွန်တော်တို့က တရားဝင်သွားပေမယ့် အေးဂျင့်တွေက ပတ်စ်ပို့ မပေးထားဘူး။ ရဲစစ်တဲ့အခါ အဖမ်းခံရတယ်။ ဖမ်းတဲ့အခါ အိမ်ထဲကို ၀င်ဖမ်းတာပါ။ ဖမ်းတော့ အကုန်ပါပြီး ထိန်းသိမ်းရေး ကန့်ထဲကို ထည့်ခံရတယ်။ ထောင်ချကြိမ်ဒဏ် ပေးတာတွေ လုပ်တယ်။ တစ်လတစ်ကြိမ်၊ သုံးလ၊ ခြောက်လတစ်ကြိမ်လောက်ခွဲပြီး ကြိမ်ဒဏ်ပေးတာတွေ ရှိတယ်။ ကြိမ်ဒဏ်က တရားအမိန့် ချတာပေါ် မူတည်တယ်။ မလေးရှားကို ပြန်မသွားချင်တော့ပါဘူး" ဟု ကွာလာလမ်ပှုရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်စဉ် အဖမ်းခံရသူ ကိုအောင်နိုင်ဦးက ပြောကြားခဲ့သည်။
ယခုရောက်ရှိ လာသူများမှ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပဉ္စအကြိမ်မြောက် ထပ်မံရောက်ရှိ လာသူများ ဖြစ်သည်။
"ကလေးက မလေးစာသင်ကျောင်း တစ်ခုမှာ စာသင်နေရင်း ကလေးကို အရင်ဖမ်းတာ ပြီးတော့ကျွန်မကို ဖမ်းတယ်။ ထောင်ထဲမှာ မြန်မာနိုင်ငံ အကျဉ်းသားတွေကို ခွဲခြားဆက်ဆံတာတွေ ရှိပါတယ်။ အစားအသောက်ကတော့ တန်းတူစားရတယ်။ စကားနားမထောင်ရင်တော့ ရိုက်တာတွေ ရှိပါတယ်" ဟု မလေးရှား စခန်းတွင် တစ်လနီးပါး အကျဉ်းချခံသူ မခမ်းဝါက ပြောပြခဲ့သည်။
မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဌာန၏ လုပ်ထုံးလုပ်နည်းအရ ထိန်းသိမ်းရေး စခန်းများမှ ပြန်လိုသူများကို လေဆိပ်သို့ ပို့ဆောင်ရာ၌ မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ယူပြီး လေယာဉ်ပေါ်သို့ တိုက်ရိုက်ပို့ဆောင်သည့် အချိန်ထိ လက်ထိတ်ခတ် ပို့ဆောင်ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသူများ၏ ပြောကြားချက်အရ သိရသည်။
ညပိုင်းတွင် ရောက်ရှိလာသူများမှာ မွန်တိုင်းရင်းသားများ အများဆုံးဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲ ရှိသူများကို ဧရာဝတီ ဖောင်ဒေးရှင်း၊ အမ်အေအိုင် လေကြောင်းလိုင်းနှင့် ကွာလာလမ်ပူရှိ မြန်မာသံရုံးတို့ ပူးပေါင်းဆောင်ရွက်ပြီး အခမဲ့ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်။
From: Eleven
Saturday, June 29, 2013
ပေါက်တော ဘင်္ဂါလီအချင်းချင်း အုပ်စုလိုက် အကြမ်းဖက်မှု နှစ်ဦးသေ
Posted by drmyochit
Saturday, June 29, 2013, under မှုခင်း | No comments
ပေါက်တော ဘင်္ဂါလီအချင်းချင်း အုပ်စုလိုက် အကြမ်း ဖက်မှု နှစ်ဦးသေ ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် ကြိမ် နီပြင် ကျေးရွာတွင် ဘင်္ဂါလီ လူမျိုး အချင်းချင်း လူအုပ်စုလိုက် အကြမ်းဖက်မှု ဇွန်လ ၂၇ ရက်နေ့ က ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့များက ဝင်ရောက် ထိန်းသိမ်းရာ လူနှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရ ရှိ ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ သတင်း ထုတ်ပြန်ရေး ဆပ်ကော်မတီ အဖွဲ့ဝင် ဦးမျိုး သန့်က ပြောကြားသည်။ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်များ အတွက် ယာယီ တဲကြီး များ ဆောက်ရန် ကြိမ်နီပြင် ကျေးရွာ ဒုက္ခသည်စခန်း လုပ်သား တာဝန်ခံ ဦးလာလုကို လုပ်သားငှား ရမ်းစေ ရာ တွင် အလုပ်မရှိ သူများက မကျေနပ် ကြကြောင်း၊ ယင်းအပြင် ဒုက္ခသည်များ အတွက် ယာယီ တဲ ဆောက်လုပ်သည့် နေရာတွင် အလုပ်မလုပ်ရန် ဘင်္ဂါလီအုပ်စု အချို့က ဟန့်တား မှုများ ရှိခဲ့ကြောင်း ဦးမျိုးသန့် က ဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက အလုပ်သမား ခေါင်းဆောင် ဦးလာလု ဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည် စခန်းမှ ဘင်္ဂါလီ ဒုက္ခသည် အချို့ လုပ်သား အခကြေးငွေကိစ္စ မပြေမလည် ဖြစ်ရာမှ ယာယီ တဲကြီး များ ဆောက်လုပ်နေသည့် ဦးလာလုနှင့် လုပ်သားများကို လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်ရန် လုပ်ဆောင် သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များက လူစုကွဲရန် ပစ်ခတ် ထိန်းသိမ်းရာ နှစ်ဦး သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။
ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက် အအုံ များကို ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်လုပ်နေခြင်း ဖြစ်သည်။ မြောက်ဦးမြို့နယ် ပရိန်ကျေး ရွာ တွင်လည်း ဇွန်လ ၄ ရက်နေ့က ဘင်္ဂါလီဒုက္ခသည် များအတွက် နေအိမ် ဆောက် လုပ် နေမှုကို ပရိန်ကျေးရွာမှ ဘင်္ဂါလီများက ကန့်ကွက် ခဲ့ကြပြီး နေအိမ် ဆောက်လုပ်သူများကို လူအုပ်စုလိုက် အကြမ်းဖက်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် ထိန်းသိမ်း ခဲ့ရာ ဘင်္ဂါလီသုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိ ခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ထုတ်ပြန် ထားသည်။
By The Voice Journal
အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှု
Posted by drmyochit
Saturday, June 29, 2013, under ပြည်တွင်းသတင်းများ | No comments
မန္တလေးတိုင်း
ဒေသကြီး၊ မန္တလေး စက်မှုဇုန်(၁)မြ၀တီ မင်းကြီး ကျောင်းတိုက် လမ်းတွင် တရုတ် လူမျိုး ပိုင်သော သက်တန့် နီယွန် ကုမ္ပဏီ ရှိပါတယ်။ တရုတ် လူမျိုးတွေက မြန်မာ ဗီဇာနဲ့ နေတယ်လို့ ပြောပါတယ်။ သက်တန့်နီယွန် ဆိုတဲ့ဆိုင်းဘုတ် ကလည်း စစ်ဆေး ရေးတွေလာမှ တပ်ဆင် ထားလေ့ ရှိတယ်လို့ သိရပါတယ်။
လျှပ်စစ်မီးသီး ပြုလုပ်ရန် မိန်းခလေး တွေကို ခိုင်းစေ ပါတယ်။ မီသီးတွင် ပါရှိသော ခဲ ဆော်တဲ့ အလုပ်လုပ် ကြရပါ တယ်။ ခဲဆော်တဲ့ နေရာမှာ ထင်းရှူးဆီ သုံးပြီး ခဲ ဆော်ရမှာဖြစ်ပေမဲ့ ပြင်းလွန်းတဲ့ ဓါတု အက်စစ် တမျိုး သုံးပြီး ခဲဆော်ခိုင်း ပါတယ်။ မိန်းခလေးတွေ ကိုယ်တိုင် ထင်းရှူးဆီ ယူလာ ခဲ့ရင်တောင် မှ တရုတ်တွေ က လာသိမ်းသွား ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု မရှိပါဖူး အကာအကွယ် အနေနဲ့လက်အိပ်နဲ့နှာခေါင်း စွပ်ဆိုတဲ့ပေါပေါရနိုင် တာတောင် မပေးပါ ဘူးလို့ မလှိုင်မြို့ညောင် ကန် ကျေးရွာ မှ လာရောက် လုပ် နေကြတဲ့မိန်းခလေး အလုပ်သ မားတွေက ပြောပါတယ်။
နေစရာပေးထား ပေမဲ့မီး၊ ရေအသုံးပြုခ လုပ်ခ ကနေဖြတ် တောက်ပါတယ်။ မိုးရွာရင် မိုးမလုံလို့ မအိပ်ရဖူးလို့သိရှိ ရပါတယ်။ သုံးရက်လုပ်ခ လေးထောင်ကျပ် ပေးနေတာနေ(၂၅၀၀)ကျပ်ပေးတာ မကျေနပ်ကြတာကို ပြောဆို ကြတောင်းဆိုကြတော့ နောက်နေ့ကစပြီး လာစရာ မလိုတော့ဘူးးဆိုပြီး တမင်သက် သက်အလုပ်ထုတ်လိုက် ပါတယ် တိုင်ချင်ရာ တိုင်ကြလို့လည်း တရုတ်လူမျိုး
မြန်မာနံ မည် ယူထားတဲ့ကျော်ဝင်းထွန်းက တွန်းထုတ်ရင်း ဆိုတယ်လို့ သိရပါတယ်။
အလုပ် ထုတ်ခံရတဲ့ မိန်ခလေးများမှာ-(၁၅)နှစ်ထဲက ၀င်လုပ်နေတဲ့ မမီးမီး-ဘ-ဦးကြည်လင် ညောင်ကန် မလှိုင်မြို့။ အသက်(၁၃)နှစ်ထဲက လုပ်နေတဲ့ မခိုင်မွန်ဟန်-ဘ-ဦကြည် လင် ညောင်ကန် မလှိုင်မြို့။ အသက်(၁၆)နှစ်ထဲက ၀င်ရောက်လုပ်နေတဲ့ မလှလှဝင်း -ဘဦးမောင်ညို ညောင်ကန်၊ မလှိုင်မြို့။
အသက်(၁၂)ခွဲလောက်ထဲက လုပ်နေတဲ့ မနီလာထွန်း ဘ-ဦးနိုင်ဝင်းညောင်ကန်၊ မလှိုင်မြို့။ အသက်(၁၆)နှစ်ထဲက လုပ်တဲ့ မသင်းနွယ်အောင် ဘ-ဦးသန်းထွန်းအောင် ညောင် ကန် မလှိုင်မြို့။ အသက်(၁၆)နှစ် ထဲကလုပ်တဲ့ မတင်မော်အောင် ဘဦးသန်းထွန်းအောင် ညောင်ကန်၊ မလှိုင်မြို့။ အသက်(၂၄)နှစ်ထဲကလုပ်နေတဲ့မဇာဇာ ဘ-ဦးရဲဝင်း ညောင်ကန်မလှိုင်မြို့။ အသက်(၂၂)နှစ်ထဲက လုပ်တဲ့ မနွယ်နွယ်ဝင်း ဘ-ဦးမောင်ညို ညောင်ကန်၊မလှိုင် မြို့။ အသက်(၂၂)ခွဲထဲက လုပ်တဲ့မဖြူသီဝင်း
ဘ-ဦးရီ ညောင်ကန် မလှိုင်မြို့။ အသက်(၂၂)နှစ်ထဲက လုပ်တဲ့မသူဇာ ဘ-ဦးမင်းလှိုင် ညောင်ကန်၊ မလှိုင်မြို့။ အသက်(၁၆)နှစ်ခွဲ ထဲက လုပ်တဲ့မမိုးမိုး ဘ-ဦးမင်းလှိုင် ညောင်ကန် မလှိုင်မြို့။
ထို (၁၁)ဦးမှာ အလုပ်သမား နစ်နာရမှုတို့ကို မြ၀တီဆရာ တော်နှင့် တပည့် ဒါယကာ ဦးဘိုကြိုင်(၀မ်းတွင်း) တို့ထံ လာရောက်ပြီး Rainbow တံဆိပ်ပါ မီးသီးသွင်း လုပ်ငန်း ၏ ရက်ရက်စက်စက် အလုပ်ထုတ် ခံရသော နစ်နာမှုတို့ကို သမ္မတကြီးနှင့် နိုငံတော် အဆင့်လူကြီးများ ထံဥပဒေနဲ့ အညီလုပ်ဆောင်ပေးပါရန်
ပြောပြ အကူအညီတောင်း ခံလာတယ်ဆိုတာ သတင်းရရှိပါတယ်။ ခဲဆိပ်များကြောင့်လည်း
ကျန်မာရေးချို့တဲ့နေရ တယ်လို့ သိရပါတယ်။ မြ၀တီ ဆ၇ာတော်-၀၉-၉၁၀၄၁၀၄၆၊၀၉-၃၃၁၁၅၅၀၉။ ကိုဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄။ တို့ကို မေးမြန်း နိုင်ပါတယ်။
By ရိုးရာလေး
ကိုယ်အထက်ပိုင်း ဗလာ ဓါတ်ပုံရိုက်ခဲ့မိလို့ စိတ်ညစ်နေရသည့် မော်ဒယ်
Posted by drmyochit
Saturday, June 29, 2013, under နိုင်ငံတကာသတင်းများ | No comments
ဟန်ဆောင်လက်ထပ်သူ မြန်မာနှစ်ဦး စင်ကာပူတွင်ထောင်ကျ ..........
Posted by drmyochit
Saturday, June 29, 2013, under သတင်းများ | No comments
စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ဟန်ဆောင် လက်ထပ် မှုဖြင့် စင်ကာပူတရားရုံးက မေလ ၃၁ ရက်နေ့ တွင် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း Singapore Now သတင်း ဌာနတွင် ရေးသား ဖော်ပြထားသည်။
ယင်းသို့ ဟန်ဆောင်လက်ထပ်မှုကြောင့် စင်ကာပူနိုင်ငံတွင် အိမ်ဖော် အဖြစ် လုပ်ကိုင်နေသော ဒေါ်အေးအေးဆိုသူနှင့် ၎င်းကို လက်ထပ် ခဲ့သည့် စင်ကာပူနိုင်ငံသား စဖာရီမင်ဟတ် ဆိုသူတို့ ကို ထောင်ဒဏ် ခြောက်လစီ၊ ၄င်းတို့နှစ်ဦး လက်ထပ်ရန် အကျိုးဆောင်ပေးသူ စင်ကာပူနိုင် ငံရောက် မြန်မာနိုင်ငံ သား ဦးကျော်ကျော်ဦး ဆိုသူကို ထောင်ဒဏ်ကိုးလ အသီးသီးချမှတ်ခဲ့ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။
အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူ ဒေါ်အေးအေးသည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်၍ အလုပ်အကိုင်အသစ် ရှာဖွေလုပ်ကိုင်နိုင်ရန် အတွက် သင့်တော်သော စင်ကာပူနိုင်ငံသား တစ်ဦးနှင့် အချိန်ကာလ တစ်ခုအထိသာ ဟန်ဆောင်လက်ထပ်ရန် အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသော ဦးကျော်ကျော်ဦးထံ အကူအညီ တောင်းခဲ့ကြောင်း၊ ယင်းသို့ လက်ထပ်ရန် ဒေါ်အေးအေးက အမေရိကန် ဒေါ်လာ ၃၀၀၀ အကုန်ခံခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
စင်ကာပူနိုင်ငံတွင် အလားတူ ဟန်ဆောင်လိမ်ညာ လက်ထပ်မှုများ ပြုလုပ်ရန် မလွယ်ကူကြောင်း၊ စင်ကာပူ နိုင်ငံတွင် လက်ထပ်ထိမ်းမြားလိုပါက နိုင်ငံတော်တရားရုံးတွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးရကြောင်း၊ အများအားဖြင့် စင်ကာပူနိုင်ငံတွင် တရားဝင်နေထိုင်၍ လုပ်ငန်းသစ် ရှာဖွေလုပ်ကိုင်သူများ၊ ကိုယ်ပိုင်စီးပွားရေး အသေးစား လုပ်ကိုင်လိုသူများက ယင်းကဲ့သို့ လုပ်လေ့ရှိကြောင်း စင်ကာပူနိုင်ငံတွင် လေးနှစ်ကြာ နေထိုင်ခဲ့ဖူးသူ တစ်ဦးက ဆိုသည်။
စင်ကာပူနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် များအတွက် လက်ထပ်မော်ကွန်းရုံးနှင့် မွတ်ဆလင် မဟုတ်သူများ အတွက် လက်ထပ်မော်ကွန်းရုံး ဟူ၍ ခွဲခြားထားရှိသည်။ မွတ်ဆလင် မဟုတ်သူများသည် သီးခြားလွတ်လပ်စွာ လက်ထပ်နိုင်ပြီး အစ္စလာမ်ဘာသာဝင်များ အတွက်မူ ၎င်းတို့၏ ရှီးယိုက် ဥပဒေအရ လက်ထပ် ထိမ်းမြားခွင့် ပြုထားသည်။
စင်ကာပူနိုင်ငံတွင် လက်ထပ်ထိမ်းမြား လိုပါက လက်ထပ်လိုသူ တစ်ဦးဦးက စင်ကာပူအစိုးရက တရားဝင်ဖွင့်ထားသော လက်ထပ်မော်ကွန်းရုံးတွင် စာရင်းပေးသွင်းရမည် ဖြစ်သည်။
လက်ထပ်ရာတွင် အစိုးရက ချမှတ်ထားသော နည်းဥပဒေများနှင့် မညီညွတ်သော အမျိုးသား၊ အမျိုးသမီးများကို လက်ထပ်ခွင့်မရခြင်း၊ လိင်တူသူအချင်းချင်း လက်ထပ် ခွင့်မရခြင်း ဟူ၍ ဥပဒေအချို့ ရှိသည်။
လက်ထပ်သူ၏ အသက်အပိုင်းအခြားပေါ် မူတည်၍ ၁၈ နှစ်အောက်ရှိသူများ လက်ထပ်လိုပါက အထူးထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရယူရန် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပါလိုင်စင်ကို စင်ကာပူနိုင်ငံရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှသာ လက်ထပ်ခွင့်ပြုသည်။
အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ လက်ထပ်လိုပါက မိဘနှစ်ဦး၏ ခွင့်ပြုချက်၊ မိဘ တစ်ဦးတည်း ရှိပါက တစ်ဦး၏ခွင့်ပြုချက်၊ မိဘများ သေဆုံးသွားပါက တရားရုံး တရားဝင် ခန့်အပ် ပေးထားသော အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ အကယ်၍ မိဘနှစ်ပါးစလုံး နိုင်ငံရပ်ခြားတွင် ရောက်ရှိနေပါက သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သူများမှတစ်ဆင့် မော်ကွန်းရုံးထံသို့ ထောက်ခံစာ ပေးပို့ပေးရမည် ဖြစ်သည်။
စင်ကာပူနိုင်ငံသား မဟုတ်သူ တစ်ဦးဦးနှင့် အမြဲတမ်း နေထိုင်သော နိုင်ငံသားတစ်ဦးတို့ လက်ထပ်လိုပါက နိုင်ငံသား မဟုတ်သူသည် တရားဝင် လက်ထပ်ရန် တရားရုံးမှ ကြေညာစာ မထွက်ခင် အနည်းဆုံး ၁၅ ရက် အလိုကတည်းက ယင်းနိုင်ငံတွင် နေထိုင်နေသူ ဖြစ်ရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။
by The Voice Weekly

မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ်အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်
Posted by drmyochit
Saturday, June 29, 2013, under ပြည်တွင်းသတင်းများ | No comments
၁၅၀၀ တန် တန်ဖိုးနည်းဖုန်းအတွက် မဲနှိုက်နေကြစဉ်
မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။
လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့် လက်ကိုင်ဖုန်း များ၏ ပြောဆို ဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြု လာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ သတ်မှတ်ပေး ရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့် သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင် မကဘဲ တခြားအခွန် အခတွေ ကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေ ဖို့ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်'' ဟု ဒုတိယ ၀န်ကြီး က ပြောကြားသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာ မည် ဖြစ်သည့် အတွက် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေး ခုအား ပြည်သူအတွက် မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်း မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက်ယှဉ်ပြိုင်မှုများအရ ဈေးနှုန်းကို အပြိုင် အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်းအပေါ် နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွား မည် ဖြစ်ကြောင်း ပြောကြားသည်။
''တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင် ဈေးကွက်ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ ယှဉ်ပြိုင် ခွင့်ပြုပေး ပါမယ်။ ကုမ္ပဏီတွေက အပြိုင် အဆိုင် လျော့ချမှုတွေ ပြုလုပ်နိုင်တဲ့ အတွက် နောင်တစ် ချိန် ချိန် မှာတော့ ခေါ်ဆိုခတွေ ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်'' ဟု ဒုတိယ ၀န်ကြီးက ပြောကြားသည်။
From: Eleven
Facebook Hack ခံရသည့် ကိစ္စကို ခွန်းဆင့်နေခြည် နှင့် ခင်ဇာခြည်ကျော် တို့ ဖုန်းပြောထားသော အသံ File
Posted by drmyochit
Saturday, June 29, 2013, under ပြည်တွင်းသတင်းများ | No comments
ခွန်းဆင့်နေခြည် ၏ Facebook Account Hack ခံရသည့် ကိစ္စကို ခွန်းဆင့်နေခြည် နှင့် ခင်ဇာခြည်ကျော် တို့ ဖုန်းပြောထားသော အသံ File နားထောင်ကြည့်ကြပါ ချစ်ပရိတ်သတ်တို့။
၁၃ကြိမ်မြောက်အာရှမော်ဒယ်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်မြန်မာမော်ဒယ်များရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံတွေပါ...
Posted by drmyochit
Saturday, June 29, 2013, under ဓါတ်ပုံများ | No comments
ချီလီမှ အမျိုးသမီး တစ်ဦး ငိုကြွေးရာမှ သွေးမျက်ရည်များ ကျဆင်း
Posted by drmyochit
Saturday, June 29, 2013, under နိုင်ငံတကာသတင်းများ | No comments
ဆန်တီယာဂို ဇွန် ၂၈
ချီလီနိုင်ငံမှ ဟာရစ်တ်ဇာ အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီးငယ် တစ်ဦးသည် ယခုလ အစောပိုင်းတွင် ထူးခြား ဆန်းကျယ်သော အခြေအနေ တစ်ရပ်ကြောင့် စိတ်ဖိစီးမှု ဝေဒနာကို ခံစားရပြီး နောက်တစ်ရက်တွင် ငိုကြွေး လိုက်သည့် အကြိမ်တိုင်း သူမမျက်နှာ ပေါ်တွင် သွေးမျက်ရည်များ စီးကျလာကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ထို့ကြောင့် ယင်းအမျိုးသမီးသည် သူမ၏ မျက်လုံးအိမ်အား စစ်ဆေးမှုများ ခံယူရန်အ တွက် ဒေသတွင်း ရှိ ဆေးရုံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။
သူမ၏ မျက်လုံး အိမ်အား ဆရာဝန် များက စစ်ဆေးမှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် ရောဂါ အမျိုး အမည်ကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း haemolacria အမည်ရှိ ဖြစ်ခေါင့် ဖြစ်ခဲ ရောဂါတစ်မျိုး ခံစားနေ ရဖွယ် ရှိသည်ဟု ယူဆရကြောင်း ဒေသတွင်းရှိ ဆေးရုံမှ ဆရာဝန် များက ထုတ်ဖော် ပြောကြား ထားသည်။
သို့ရာတွင် သွေးယိုစိမ့်မှုကြောင့် မျက်လုံးအိမ် အတွင်း နာကျင်မှု ဝေဒနာကို သက်သာ စေရန်အတွက် မျက် စဉ်းဆေး တစ်မျိုးကို အသုံးပြုရန် ဆရာဝန်များက ညွှန်ကြား ပြသခဲ့သည့် အတွက် ယခုအခါတွင် သက်သာ လာပြီ ဖြစ်ကြောင်း ဟာရစ်တ်ဇာက ပြောကြား ခဲ့သည်ဟု သိရသည်။
မြ၀တီ
နာမည်ကြီးမော်ဒယ် စံရတီမိုးမြင့်ရဲ့အမိုက်စား Sexy ဓာတ်ပုံတွေ
Posted by drmyochit
Saturday, June 29, 2013, under ဓါတ်ပုံများ | No comments
ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ
Posted by drmyochit
Saturday, June 29, 2013, under နိုင်ငံတကာသတင်းများ | No comments
လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲ တစ်တွဲ ပြူတင်းပေါက် မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေ ဆုံးရသောကြောင့် ဖြစ်သည်။
မကြာသေးခင်က စုံတွဲတစ်တွဲက လေရအောင် ပြူတင်းပေါက်မှာ ချစ်တင်းနှောရလောက်တဲ့အထိ ပူအိုက်ကြောင်းကို netizen က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲဒီစုံတွဲက ပျော်ရွှင်ရန်အတွက်သာ စိတ်အားပြင်းပြနေခဲ့ပြီး၊ သူတို့ရဲ့ ပျော်စရာအချိန်လေးကို ၎င်းပြူတင်းပေါက်က ဖျက်ဆီးသွားလိမ့်မယ်ဆိုတာကို သတိမပြုမိခဲ့ပါဘူး။ သူတို့ ပျော်ပါးနေစဉ်မှာပဲ ရုတ်တရက် ပြူတင်းပေါက်ကျိုးပျက်သွားပြီး သူတို့နှစ်ဦးလည်း အဆောက်အအုံထက်မှ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။
netizen ရဲ့ ပြောပြချက်အရ ထိုစုံတွဲက သူတို့ရဲ့ ပျော်စရာအချိန်လေးမှာ ဒီပြူတင်းပေါက်ရဲ့ အားနည်းမှုကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒီလိုနဲ့ အမျိုးသမီးက အထွတ်အထိပ်ရောက်လာတာနဲ့ တပြိုင်နဲ့ သူမခါးကိုလည်း ခုံးလိုက်တာကြောင့် ပြူတင်းပေါက်က တွန်းအားကို မခံနိုင်ပဲ ကျိုးပျက်သွားပြီး သူမ ဟန်ချက်ပျက်သွားပါတယ်။ စုံတွဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတာကြောင့် သူတို့နှစ်ဦးစလုံး အဆောက်အဦးပြင်ပကို ပြုတ်ကျသေဆုံးခဲ့ပါတယ်။
http://therealsingapore.com/content/prc-couple-fell-death-while-having-sex-window မှ သတင်းကို Myanmar CNN မှ ဆီလျှော်သလို ဘာသာပြန် ဖော်ပြပါသည်။
From:Myanmar CNN