Friday, August 30, 2013

မြန်ဆန်သော Firefox အဖြစ် လုပ်ဆောင်ခြင်းနည်းလမ်းများ

Posted by drmyochit Friday, August 30, 2013, under | No comments


မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်းချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။


(၁) FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။

(၂) network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။

(၃) network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။

(၄) network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကို TRUE ပြောင်းလိုက်ပါ။

(၅) network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။
CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာRIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲကNEW ကိုရွေးပြီး BOOLEANကိုတဆင့် ရွေးပေး ပါ။ ပေါ်လာတဲ့ New booleanvalue pop-up window ထဲမှာcontent.interrupt.parsing လို့ရိုက်ထည့် ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUE ထားပေးပါ။

(၆) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 2250000 လို့ထားလိုက်ပါ။

(၇) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ 750000 လို့ထားပါ။

(၈) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUE ထားပေးပါ။

(၉) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5 လို့ထားပေးပါ။

(၁၀) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။
OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။

(၁၁) နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။

အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့ပြီပေါ့။


အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>

KIA အဖွဲ့မှ တာလောကြီးရွာသား ရှမ်းလူငယ်တစ်ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

Posted by drmyochit Friday, August 30, 2013, under | No comments

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာနေ ရှမ်းလူငယ်နှစ် ဦးသည် သြဂုတ် ၂၈ ရက် မနက်ပိုင်းက မုန်ဆန်ယန်ကျေးရွာအနီးဝန်းကျင်၌ ကျွဲပျောက်၍ လိုက်ရှာစဉ် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့ တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တာလောကြီးရွာ သားများ ထံမှ သိရသည်။

“ အဲဒီနေ့က ကျွဲကျောင်း လွှတ်လိုက်တာပါ၊ ကိုယ့်ရွာအနီးတ၀ိုက်မှာ ပဲ ကျောင်းဖို့ မှာလိုက်သေးတယ်၊ ညနေ စောင်းလို့ ပြန်မလာတာနဲ့ လိုက်ရှာတော့ ကျွဲတွေပဲ တွေ့တယ်၊ သူနဲ့ ကျွဲအတူတူသွားကျောင်း တဲ့ မောင်ဌေး ကတော့ အဖမ်းမခံရဘဲပြန်ပြီး လွှတ်လာခဲ့တယ်၊ကျွန်တော့် သား မောင်ညီထွေးကို လူသစ်အဖြစ် အတင်းအဓမ္မ ခေါ်သွားတာပါဗျာ ” ဟုတာလောကြီးရွာမှ မောင်ညီထွေး၏ ဖခင်ဖြစ်သူ ကပြောပြသည်။

“ ကျွန်တော်နဲ့ ညီထွေးတို့ ကျွဲပျောက် လိုက်ရှာရင်း မုန်ဆန်ယန်ရွာ ဘက်ကို ရောက်သွားပါတယ်၊ အဲဒီရွာနားမှာ သေနတ်ကိုင်ထားတဲ့ ကချင်စစ်သားတွေနဲ့ တွေ့တယ်၊ ဘာမပြောညာမပြော ကျွန်တော်တို့ကို ဖမ်းပါတယ်၊ ညီထွေးက လူကောင်ကြီးတော့ လူသစ်လုပ်လို့ရတယ်၊ ကျွန်တော့် ကိုတော့ လူကောင်သေးလို့ လူသစ်လုပ်လို့ မရသေးဘူး လို့ပြောပြီး လွှတ်ပေးလိုက်တာပါ” ဟု ကိုယ့်တွေ့ကြုံခဲ့ရသော မောင်ဌေး က ပြောပြခဲ့သည်။

ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေဆဲအချိန်တွင် အတင်းအဓမ္မလူသစ်စုဆောင်းမှု များ ပြုလုပ်လျက်ရှိရာ ဒေသခံရှမ်းလူငယ်များအား အဓိကထား စုဆောင်းနေ ကြောင်း၊ တာလောကြီး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ KIA မှလူသစ်စုဆော င်း
နေမှုကြောင့် လူငယ် များမှာ ကျေးရွာများတွင် မနေရဲတော့ဘဲ ထွက်ပြေးပုန်းရှောင်နေကြ ရကြောင်း၊ လူသစ်မပေးနိုင်ပါက ငွေဒဏ် ကောက်ခံခြင်းများလည်း ရှိနေရာ ဒေသခံတိုင်းရင်းသားများမှာ မိသားစုတကွဲတပြားနေထိုင်ကြရပြီး စားဝတ် နေရေးအဆင်မပြေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေ ရကြောင်း ဒေသခံ ရှမ်းတိုင်းရင်းသားများ၏ ပြောပြချက်အရ သိရှိရပါသည်။ KIA မှ အတင်း အဓမ္မ လူသစ်စုဆောင်းခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်လာရောက်စဉ်ကလည်း ရှမ်းလူမျိုးစုယဉ်ကျေးမှုကော်မတီမှ ဦးစိုင်းထိန်လင်းက တင်ပြခဲ့ကြောင်း သိရှိရပါသည်။

Shan News

မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း

Posted by drmyochit Friday, August 30, 2013, under | No comments



MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင်သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများ ဖြစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေးခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေမှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲလာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏ သူငယ်ချင်းများကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။ လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကား ပြောဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

From: Planet Myanmar Network

လေးနှစ်သမီးကို အဓမ္မကျင့်ရန်ကြံစည်သည်ဟုဆိုကာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး အမှုဖွင့်ခံရ

Posted by drmyochit Friday, August 30, 2013, under | No comments

လေးနှစ်အရွယ်သာ ရှိသေးသည့် သူ့သမီးငယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ ကလေး၏ မိခင်က အသက် ၃၀ ကျော်ရွယ် အမျိုးသားတစ်ဦးအား သင်္ဃန်းကျွန်းရဲစခန်းတွင် သြဂုတ်လ ၂၉ ရက်က တိုင်တန်း ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက် ည ၈ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

ထိုနေ့က သူ့သမီးငယ်လေးကို တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦးက လမ်းကြားတစ်ခုအတွင်းသို့ ခေါ်ဆောင် သွားကြောင်း ရပ်ကွက်အတွင်းမှ ကလေးများက လာရောက်ပြောပြခဲ့ကြောင်း ကလေးမိခင် က ရဲစခန်းတွင် ထွက်ဆို ထားသည်။

ထို့ကြောင့် သူသမီးကို သွားရောက်ရှာဖွေရာ ကလေးငယ်မှာ ယင်းလမ်းအတွင်းမှ ငို၍ ပြေးထွက်လာသဖြင့် မိတ်ဆွေအမျိုးသမီးနှင့်အတူ ချော့မော့၍ မေးမြန်းရာ ကလေးကသူ့ကိုမဖွယ်မရာ ပြုလုပ်ရန် ကြံစည်ခံရကြောင်း ပြန်လည်ပြောပြခဲ့သည်ဟုလည်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားခဲ့သည်။

ကလေးကို လမ်းကြားအတွင်းသို့ ခေါ်ဆောင်သွားသူက ဘောင်းဘီချွတ်၍ မဖွယ်မရာပြုလုပ်ရန် ကြံစည်ခဲ့သည်ဟု ပြန်လည် ပြောကြားကြောင်း ကလေးမိခင်က ဆိုထားသည်။

ထို့ကြောင့် သူ့သမီးအား မဖွယ်မရာပြုလုပ်သူကို အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားခဲ့သဖြင့် ရဲစခန်းက အမှုအမှတ် (ပ)၃၆၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံထားရသည့် အမျိုးသားအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်းနှင့် ထိုအမျိုးသားကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ တို့ဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

မလေးရှားက တရားမဝင် အလုပ်သမားတွေ ပြန်ပို့မယ့် ကိစ္စကို ဝေဖန်ပြီ

Posted by drmyochit Friday, August 30, 2013, under | No comments

 မလေးရှားရောက် ဘင်္ဂလားဒေ့ရှ် အလုပ်သမား

မလေးရှား နိုင်ငံမှာ ပြည်ပကနေ တရားမဝင် လာရောက် အလုပ်လုပ်ကိုင်သူ ငါးသိန်းကျော်ကို နေရပ်ပြန်ပို့မယ့် အစိုးရ အစီအစဉ်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။

အခုလို ပြည်ပ လာရောက် အလုပ်လုပ်သူတွေထဲက အများစုဟာ လူကုန်ကူး သမားတွေရဲ့ ဖျားယောင်း ခံရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လိမ်ညာ ၊ အလွဲသုံးစား လုပ်ခံရတဲ့ လူတွေကို သူတို့ ကျူးလွန်မှု မရှိတဲ့ အခြေအနေမှာ ရမယ်ရှာ အပြစ်ပေးတာဟာ လက်ခံစရာ မရှိဘူး ၊ ရှက်ဖို့လည်း ကောင်းတယ်လို့ ရွေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်တဲ့ အဖွဲ့တခုရဲ့ ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

လာမယ့် တနဂနွေနေ့မှာ စစ်ဆင်ရေး မစခင် တရားမဝင် ရွေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ မှတ်ပုံတင်ခွင့် ပေးထားကြောင်းလည်း သိရပါတယ်။

အာဏာပိုင်တွေဖက်က ထိုက်သင့်တဲ့ ဥပဒေရေးရာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ဖို့ ပျက်ကွက်တယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

မလေးရှားမှာ ရွေ့ပြောင်း အလုပ်သမား အများစုဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား နိုင်ငံက လာရောက် အလုပ်လုပ်ကိုင် ကြတာ ဖြစ်ပါတယ်။

BBC

မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်သားများမြေနေရာအငြင်းပွား

Posted by drmyochit Friday, August 30, 2013, under | No comments


မိုးညှင်း၊ သြဂုတ် ၃၀။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မြို့နယ် အရန်မီးသတ်ဟု ဆိုင်းဘုတ်တင်ထားသော မြေနေရာအား မြို့နယ်အရန်မီးသတ်နှင့် အောင်သပြေရပ်ကွက်သားများကြား မြေနေရာ အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။.

အောင်သပြေရပ်ကွက် အရန်မီးသတ်မြေနေရာကို မြို့နယ်မီးသတ်အဖွဲ့သို့ လွှဲပြောင်းပေးမည်ဆိုပါက တစ်ရပ်ကွက်လုံးက လက်ခံကြမည်မဟုတ်ကြောင်း၊ နောင်တွင်ပြဿနာများဖြစ်လာနိုင်ကြောင်း ဥက္ကဋ္ဌဟောင်း ဦးကျော်ဌေးက ပြောကြားသည်။

“ပြည်သူလူထု လှူဒါန်းကြခဲ့တဲ့ ကားကြီး(၂)စီးကို လာထားခဲ့တာလည်း(၁)နှစ်ကျော်နေပြီ။ မိုးညှင်းမြို့အတွက်ရော၊ အောင်သပြေရပ်ကွက်အတွက်ရော၊ မီးဘေးအန္တရာယ်ကင်းရှင်းဖို့ အရှေ့စုရပ်ကွက်က ရဲဘော်တွေနဲ့ မြို့မရပ်ကွက်က ရဲဘော်တွေကသာ ကင်းစောင့်ကြရတာ။ အောင်သပြေရပ်ကွက်သား မပါပါဘူး။ မီးသတ်ကားတွေ တစ်ခြားနေရာ ရောက်သွားရင် အောင်သပြေရပ်ကွက်မှာ အဖြစ်များတဲ့ မီးဘေးကို ဘယ်လို ကာကွယ်ကြမလဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်တဲ့ အုပ်စုက အရန်မီးသတ် ဂရန်ကို ရပ်ကွက်ပိုင် ဖြစ်စေချင်ကြတာ။ သက်ဆိုင်ရာ လူကြီးတွေ သေသေချာချာစစ်ဆေးကြည့်ရှုပေးရင် ကောင်းမှာပါ”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

“အရှုပ်အရှင်းတွေ ပိုဆိုးလာရင် စေတနာ့ဝန်ထမ်း သက်သက်ဖြစ်တဲ့ မီးသတ်ရုံးကိုပြောင်းရွေ့ပေးသွားမှာပါ”ဟု မြို့နယ်အရန် မီးသတ်တပ်ဖွဲ့မှူးက ပြောကြားသည်။

ယခင်က ၁၉၈၄ ခုနှစ် ပါတီကောင်စီခေတ်တွင် ရပ်ကွက်လူကြီးဦးညွန့်သိန်းမှ ရပ်ကွက် အရန် မီးသတ်မြေနေရာအတွက် မြေကွက်လပ်ကို ဦးအူရာတန်ထံမှ ၁၃၀၀၀ ကျပ်ဖြင့် ၀ယ်ယူခဲ့ကြောင်း၊
၁၉၈၇ ခုနှစ်မှစပြီး ဆိုင်ခန်းများ ဆောက်ကာ မြေနေရာခိုင်မာစေရန် အောင်သပြေရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးအုန်းမောင်အမည်ဖြင့် ၁၅နှစ်ဂရန် ရရှိခဲ့ပြီးကြောင်း ရပ်မိရပ်ဖ ဦးနော်အောင်က ပြောကြားသည်။

သီဟ(ကချင်)
မြန်မာ့ခေတ်

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး

Posted by drmyochit Friday, August 30, 2013, under | No comments


လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာ လိုနေလဲ။ ဘာတွေကြိုးစား ရမလဲ ဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက်ဝမ်းသာရပါတယ်။

ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကို လည်း ပြောပြပေးပါ လို့
တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလား လား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ် ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့် မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်း တာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ် လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှု တူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်း ရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာ မှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ် တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာ မျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါ တယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာ မာ ပြတ်ပြတ် သားသား ရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟို ဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက် ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ် တယ်။ မျှော် လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်း သာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေ ကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေး သမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။

ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော် ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အ ကြိမ်ကြိမ် ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ် က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော် ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ် ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိ ယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်း မကြီး မာသာထရီဇာ ရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ ဖတ်ရှုသင် ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်း လာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်သဖွယ် ဖြစ်နေ တဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။

လူထုစိန်ဝင်း
ရွှေအိမ်စည်စာကြည့်တိုက်

မြို့နယ်အုပ်ချုပ်ရေးမှူး၏ စစ်ဆေးခြင်းခံနေရစဉ် သက်သေအစစ်ခံရသော စစ်မှုထမ်းဟောင်း ရုံးအဖွဲ့မှူး တပ်ကြပ်ကြီး အသက်ထွက်

Posted by drmyochit Friday, August 30, 2013, under | No comments

ရန်ကုန်၊ သြဂုတ် ၂၉

သြဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် တာမွေမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အပေါ်ထပ်၌ အပေါ်ထပ် အောက်ထပ် ရန်ဖြစ်သည့် ကိစ္စ ခေါ်ယူညှိနှိုင်း ဖြေရှင်းပေး ရာမှ သက်သေများ ခေါ်ယူ စစ်ဆေးစဉ် သက်သေအဖြစ် လိုက်ပါ ထွက်ဆိုသူ တာမွေမြို့နယ်၊ စစ်မှုထမ်းဟောင်း ရုံးအဖွဲ့မှူး တပ်မတော် ရေတပ် တပ်ကြပ်ကြီး (ငြိမ်း) ဖြစ်သူ အမှတ် ၂၁၈၊ ၄ လွှာ၊ ကျိုက္ကဆံလမ်း၊ ကျားကွက်သစ် ရပ်ကွက်နေ (ဦး—) ၆၉ နှစ်သည် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ရှေ့မှောက်၌ သက်သေ ထွက်ဆို စဉ် သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါဖြစ် စဉ်နှင့် ပတ်သက်၍ သေဆုံးသူနှင့် တစ်လမ်းတည်းနေ လမ်းသာယာရေး အဖွဲ့ဝင် တစ်ဦးက ပြောကြား ရာတွင် ““စဖြစ်တာက သေဆုံးသူ ဦးရဲမြင့်၏ အိမ်ရှေ့က တိုက်မှာ ရန်ဖြစ်တဲ့ ကိစ္စနှင့် ပတ်သက်ပြီး သက်သေ လိုက်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က (ဦး—) ရုံး အပေါ်ထပ်မှာ ခေါ်စစ်ခြင်းဖြစ်ကြောင်း၊ ရှေ့တုန်းက ရန်ဖြစ်တဲ့ ကိစ္စ ဖြစ်စဉ်ကို ပြောကြားစဉ် ခင်ဗျား ယခင်က ဖြစ်ခဲ့တဲ့ အကြောင်း ပြောစရာမလိုဘူး။ … အခုဖြစ်တဲ့ ဟာကိုပဲပြော၊ ဆရာရှေ့တုန်းက ဖြစ်ခဲ့တဲ့ အကြောင်း မပြောလျှင် မပြည့်စုံဘူးဟု ပြောပြီး၊ အမှန်အကန် သက်သေထွက်ရာ ခင်ဗျား ဆက်ပြောစရာ မလိုဘူးဟု မြို့နယ် အုပ်ချုပ ရေးမှူးက ဟောက်လိုက်ရာ၊ သူက နှလုံးရောဂါကလည်း အခံရှိသည့်အတွက် မြို့နယ် အုပ်ချုပ် ရေးမှူး စစ်နေသည့် ခုံရှေ့မှာတင် ဇက်ကျိုးပြီး သေဆုံး သွားခြင်းဖြစ်ကြောင်း၊ ရန်ကုန် ဆေးရုံ ကြီးတွင် PR No,016 ဖြင့် လက်ခံထားကြောင်း၊ သေဆုံးသူနှင့် ပါသွားသည့် အမျိုးသမီးကြီးက ကျောက်မြောင်းဈေး မီးပွိုင့်မှာ အော်ဟစ်ပြီး ပြောဆိုနေကြောင်း နေ့လယ် ၂ နာရီတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူစစ်ဆေးတာဖြစ်ပြီး၊ ၂ နာရီ ၅၅ မိနစ် လောက်မှာ ဆုံးသွားတာ ဖြစ်ကြောင်း၊ ကျွန်တော်တို့နေတဲ့ အိမ်ရှေ့ကို အဲဒီအလောင်းကြီး သယ်လာပြီး အဲဒီမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်ကြောင်း”" မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာမွေမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ဒု ဦးစီးမှူး ဦးမြမင်းကျော်က ““အဘိုးကြီးတစ်ယောက် ဆေးရုံမှာ ဆုံးသွားသည့် သတင်းလား၊ ဖြစ်စဉ်က ဒေါ်ခင်ဝေနှင့် ဒေါ်ခင်ဝှာ တို့က တိုက်ခန်းနှစ်ခန်းမှာ အိမ်ငှားတင်မယ့်ကိစ္စနှင့် ပြဿနာ ဖြစ်ကြတာ။ ဒေါ်ခင်ဝှာက မေတ္တာညွှန့် ရပ်ကွက်က ရေသန့်စက်ရုံ အလုပ် သမားတွေ တင်မယ်၊ အောက်ထပ်က ဒေါ်ခင်ဝေက လက်မခံဘူး။ ဒီက လူမှုရေးအနေနဲ့ ညှိနှိုင်းဖို့ စာတင် လာတယ်။ ပထမတစ်ကြိမ် ဆွေးနွေးပေးတယ်။ ညှိနှိုင်းပေးတယ်။ နှစ်ဦးနှစ်ဖက်စလုံး လက်မ ခံဘူး၊ ဒေါ်ခင်ဝေက လူတွေဆူမယ်၊ အောက်ထပ်အနေနဲ့ လက်မခံဘူး။ အပေါ်ထပ်၊ အောက်ထပ် ဖြစ်ကြတာ ဖြစ်တဲ့တိုက်က အမှတ် ၂၁၉၊ ကျိုက္ကဆံလမ်း၊ ဗျိုင်းရွာမရပ်ကွက်၊ ဘယ်လိုမှ ညှိမရသည့်အဆုံး တိုက်နှင့် ပတ်သက်တဲ့ အပေါ်ထပ်၊ အောက်ထပ်မှာ ရှိတဲ့ လူအကုန်လုံး ခေါ်လာခဲ့ပြီး လာထွက်ဆိုခိုင်းမှ သိရမယ်ဆိုပြီး ပြောလိုက်တာ ဒေါ်ခင်ဝေတို့ ဘက်ကလည်း ခေါ်လာတာပေါ့။ အခု ဆုံးသွားတဲ့ အဘိုးကြီးက ဒေါ်ခင်ဝေတို့ တိုက်ရဲ့ မျက်နှာချင်းဆိုင် တိုက်မှဖြစ်ပြီး သူတို့နဲ့ ရင်းနှီးတော့ အဲဒီလူက ထွက်ဆိုဖို့ဆိုပြီး ရုံးကို လိုက်လာတာ အခုဆုံးသွားတဲ့လူ အပါအ၀င် လူတွေ အများကြီးပါပဲ။ ၂၀ ယောက်၊ ၁၅ ယောက်လောက် ထိုင်နေကြတာ၊ သူတို့နှစ်ယောက် အပြန်အလှန် ဆွေးနွေးကြတာ ဒေါ်ခင်ဝေဘက်ကလည်းပြော၊ ဒေါ်ခင်ဝှာဘက်ကလည်း ပြောနေကြတဲ့
အခါမှာ အဲဒီအဘိုးကြီးက ထိုင်နေရတာ။ ကျွန်တော်တို့က ဒီဘက်ထောင့်က ထိုင်နေတာ အသံတော့ ကြားနေရတယ်။ (— နဲ့) ချောင်းဆိုးတဲ့အသံ အဲဒီမှာတင် အဘိုးကြီးက အသက်ရှူ ကျပ်လာသလိုဖြစ်တာ၊ ဖြစ်တော့ ရုံးဝန်ထမ်းတွေလည်း ၀ိုင်းမပြီး သူတို့ကား ပါလာတယ်။ အဲဒီကားပေါ်တင်ပြီး ရွှေဗဟိုဆေးခန်းကို ပို့တာပေါ့၊ ဆေးခန်းက လက်မခံဘူး ပြောတယ်။ ဆေးရုံကြီး ရောက်သွားတယ်။ နောက်သတင်း စုံစမ်းကြည့်တော့ ဆုံးသွားပြီးတဲ့။ အုပ်ချုပ်ရေးမှူးက မဟောက်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က ဒီမှာ ဖြေရှင်း ညှိနှိုင်းလို့ မရရင် တရားရုံးသွားဖို့ ပြောခဲ့ကြောင်း ဒေါ်ခင်ဝေနှင့် ဒေါ်ခင်ဝှာနေတာက ဗျိုင်းရွာမ ရပ်ကွက်၊ သေဆုံးသူ (ဦး–) နေတာက ကျားကွက်သစ်ရပ်ကွက်၊ ကျိုက္ကဆံလမ်း တစ်လမ်းတည်း မျက်နှာချင်းဆိုင်တိုက် ဖြစ်ကြောင်း”" မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

အဆိုပါ အမှတ် ၂၁၉ ကျိုက္ကဆံလမ်း၊ ဗျိုင်းရွာမရပ်ကွက်၊ ကန်ထရိုက်တိုက် နေအိမ်တွင် ဒေါ်ခင်ဝေက ညာဘက် တတိယထပ်၊ ဒေါ်ခင်ဝှာက ညာဘက် စတုတ္ထထပ်တွင် နေထိုင်လျက်ရှိပြီး အဆိုပါ အပေါ်ထပ်၊ အောက်ထပ် အခန်းနှစ်ခန်းမှာ ယခင်ကပင် မကြာခဏ အချင်းများမှုများ ရှိခဲ့ကြောင်း သိရသည်။

တာမွေအောင်ကို

ဓာတ်ပုံ – တာမွေအောင်ကို
From: Myanmartandawsint Newspaper

iOS Devicesတွေက Video,Mediaတွေကို TVမှာ ကြည့်မယ်

Posted by drmyochit Friday, August 30, 2013, under | No comments


မကြာခင်က Googleက Chromecastဆိုတဲ့ Gadgetကို 35$နဲ့ ရောင်းချခဲ့ ပါတယ်။ Chromecastက Android, iOS Deviceတွေက Online Video, Mediaတွေကို TVမှာ ကြည့်လို့ရအောင် ပြုလုပ် ပေးနိုင်ပါတယ်။ Chromecastကို TVရဲ့ HDMI Portမှာ တင်ဆင် အသုံးပြုရမှာပါ။ နောက်ပြီး Android, iOS, Mac, Windowsမှာ Chromecast Appကို အင်စတောလုပ်ပြီး အသုံးပြုရမှာပါ။ Android, iOS, Macအတွက်ကတော့ ထွက်ရှိပြီးဖြစ်ပြီး အခုမှ iOSအတွက် ထွက်ရှိလာတာပါ။ ဒီဆောင်းပါးမှာတော့ Chromecastနဲ့ iOSကို Setupလုပ်နည်း ရေးပါမယ်။

Plugging It In
Chromecastကို TVမှာ တပ်ဆင်ပါ။ Power ကြိုးကို ချိတ်ဆက်ပြီး TVကို ဖွင့်ပါ။ သင့်တော်တဲ့ HDMI Input Settingကို ပြောင်းပါ။ iOSအတွက် Chromecast Appကို အင်စတောလုပ်ပါ။ iOSရဲ့ Settingsထဲမှာ Wifiကိုဖွင့်ပြီး Chromecast Deviceနဲ့ ချိတ်ဆက်ပါ။

Connecting
Chromecast Appကို ဖွင့်လိုက်တာနဲ့ Chromecast Deviceနဲ့ အလိုလို ချိတ်ဆက်နေတာတွေ့  ရမှာပါ။ Device Nameကို ပြောင်းလဲနိုင်သလို Wifi Networkကိုလည်း ရွေးနိုင်ပါတယ်။iPhone or iPadနဲ့ Chromecast Deviceက တူညီတဲ့ Network တစ်ခုထဲမှာ ရှိရပါမယ်။

Compatible Apps
Mediaတွေကို TVကို လွှင့်ထုတ်ဖို့  Compatible Appတွေကနေ ပြုလုပ်ရမှာပါ။ Compatible App တွေကတော့ Androidအတွက် YouTube, Netflixအပြင် Google Play Music, Movies,TV တို့ကိုပါ အသုံးပြုနိုင်ပေမယ့် iOSအတွက် ဆော့ YouTube, Netflicတို့ကိုသာ အသုံးပြုနိုင်မှာပါ။ iOS Device က YouTube, Netflix Appကို ဖွင့်ပြီး ညာဘက်အပေါ်ထောင့်က Chromecast Iconကိုနှိပ်ပြီး Video တွေကို TVသို့စတင်ပြီး ထုတ်လွှင့်နိုင်ပါပြီ။

Factory Reset
Chromecastရဲ့  Android, Mac, Windows clientsတွေမှာ Factory Resetပြုလုပ်ဖို့  Function ပါရှိပါတယ်။ တကယ်လို့  iOS Appမှာ မပါခဲ့ရင် Chromecast Buttonကို (၂၅)စက္ကန့်  ကြာအောင်ဖိထားပြီး Factory Reset ပြုလုပ်နိုင်ပါတယ်။

Myanmar ICT

ကမ္ဘာဂြိုဟ်မှသက်ရှိများ၏အစသည် အင်္ဂါဂြိုဟ်မှဖြစ်ကြောင်း သိပ္ပံပညာရှင်များပြော

Posted by drmyochit Friday, August 30, 2013, under | No comments

ကမ္ဘာပေါ်တွင် သက်ရှိများမပေါ်ပေါက်မီအချိန်တွင် မားစ်ဂြိုဟ်၌သက်ရှိများပေါ်ပေါက်ခဲ့ချေရှိဟု သိပ္ပံ ပညာရှင်များက ပြောကြားလိုက်ကြောင်း သြဂုတ် ၂၉ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

လေ့လာတွေ့ရှိချက် အသစ်များအရလွန်ခဲ့သည့်နှစ်ပေါင်း ဘီလီယံများစွာက သက်ရှိများစတင်ရန် မားစ် ဂြိုဟ်မှာ ကမ္ဘာဂြိုဟ်ထက် ပို၍ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်းဆိုသည်။

ယင်းတွေ့ရှိချက်မှာ သက်ရှိများစတင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပထမဆုံးသော မော်လီကျူးများ မည်သို့ စုစည်းခဲ့သည်ဆိုသည့်အပေါ် အခြေခံသည်။

တွေ့ရှိချက်အားရှင်းပြသည့် သီအိုရီအသေးစိတ်အား ပါမောက္ခစတိဗ်ဘန်နာက အီတလီနိုင်ငံ ဖလော့ရင့် မြို့တွင်ကျင်းပခဲ့သည့် Goldschmidt အစည်းဝေးပွဲတွင် ရှင်းပြခဲ့သည်။

သိပ္ပံပညာရှင်များအနေဖြင့် သက်ရှိများဖြစ်ပေါ်ရန်အတွက် အလွန်ရေးပါသည့် မော်လီကျူးအစိတ်အပိုင်း သုံးခုဖြစ်သော အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA, DNA နှင့် ပရိုတိန်းများ ပထမဆုံးအကြိမ်အဖြစ် မည် သို့အတူတကွတည်ရှိခဲ့သည်အား စိတ်ဝင်စားနေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

မျိုးရိုးဗီဇဆိုင်ရာ ဒြပ်ထုများပေါင်းစပ်ဖြစ်ပေါ်စေသည့် အဆိုပါမော်လီကျူးများမှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်း သုံးဘီလီယံခန့်က ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့၏ ပေါင်းစပ်ဖြစ်တည်မှုမှာ ကာဗွန်အခြေခံ ဓာတ် သတ္တိများဖြစ်သော သက်ရှိများအား ဖြစ်ပေါ်လာစေသည့် အော်ဂဲနစ်ဓာတ်ပေါင်းများထက် ပိုမိုရှုပ်ထွေး သည်ဟုသိရသည်။ RNA မှာ အထက်ဖော်ပြပါ မော်လီကျူးသုံးခုအနက် အစောဆုံးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

သက်ရှိများဖြစ်ပေါ်လာစေရန်အတွက် အခြေခံကြသည့် အော်ဂဲနစ်မော်လီကျူးများအား အပူနှင့်အလင်း တို့အား ပေါင်းထည့်လိုက်ခြင်းဖြင့် RNA, များ ရိုးရှင်းစွာ ဖြစ်ပေါ်လာခြင်း မရှိပေ။ ယင်းအစားမည်းနက် ထူ ထပ်သည့် အရာများသာ ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။

အက်စစ်ဓာတ်တစ်မျိုးဖြစ်သော RNA မှာသတ္တုဓာတ်များ၏ သလင်းကျောက်မျက်နှာပြင်ရှိ အက်တမ်ပုံစံ ပြားဖြင့်ပုံသွင်းရန် လိုအပ်သည်။

RNA အားပုံသွင်းရန် အကောင်းဆုံးဖြစ်သည့် သတ္တုများမှာ ကမ္ဘာ့အစောပိုင်းကာလများတွင် ပင်လယ်ပြင် အတွင်း၌ ပျော်ဝင်နေသည်ဟု သိရသည်။ သို့သော်၎င်းတို့ မှာ မားစ်ဂြိုဟ်ပေါ်တွင် ပိုများသည်ကို တွေ့ရှိ ရကြောင်း ပါမောက္ခဘန်နာကဆိုသည်။ ယင်းတွေ့ရှိချက်အရ သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ ပြီးယင်း၏ဂြိုဟ်အပိုင်းအစများ ကမ္ဘာပေါ်သို့ ကျရောက်လာသည့်အတွက် ကမ္ဘာပေါ်တွင် သက်ရှိများပေါ် ပေါက်လာသည်ဟုအမေရိကန်နိုင်ငံ Gainesville ရှိသိပ္ပံနှင့် နည်းပညာဆိုင်ရာ Westheimerတက္ကသိုလ် မှ ပါမောက္ခဘန်နာက ပြောကြားလိုက်သည်။

သက်ရှိများမှာ မားစ်ဂြိုဟ်ပေါ်တွင် စတင်ခဲ့ပြီး၊ ယင်းမှတစ်ဆင့် ကမ္ဘာဂြိုလ်ပေါ်သို့ ရောက်ရှိခဲ့သည်ဆို သည့်ယူဆချက်မှာ ယခင်ကတည်းကရှိနှင့်ခဲ့ပြီး ဖြစ်သည်။ သို့သော် ပါမောက္ခဘန်နာ၏ ယူဆချက်မှာ ယခင်တည်ရှိခဲ့ပြီးဖြစ်သည့် သက်ရှိတို့၏ ဒေသအစနှင့် သက်ဆိုင်သည့် သီအိုရီအား အားနည်းသွားစေခဲ့သည်။

သို့သော် ကမ္ဘာကြီးကဘယ်အချိန်က စတင်ခဲ့သလဲဆိုသော ပြဿနာနှင့်ပတ်သက်ပြီး မေးခွန်းများက တော့ကျန်နေဆဲဖြစ်သည်။ သို့သော်ကမ္ဘာပေါ်တွင် သက်ရှိများစတင်ရန်အတွက် လိုအပ်သော မော်လီ ဘက်နမ်နှင့် ဘိုနိုဓာတ်သတ္တုများဖွဲ့တည်နိုင်သည့် အခြေအနေတော့
မဟုတ်သေးပေ။ မားစ်ဂြိုဟ်အနေ ဖြင့် ခြောက်သွေ့သော ပတ်ဝန်းကျင်ရှိခြင်းကလည်းသက်ရှိများဖြစ်ပေါ်ရန် ကောင်းမွန်သော အခြေအနေ တစ်ရပ်ဖြစ်ခဲ့သည်။

Mizzima - News in Burmese

မျောက်သောင်းကျန်းများကထိုင်းရွာတစ်ရွာကို ဗိုလ်ကျ

Posted by drmyochit Friday, August 30, 2013, under | No comments


ဥပဒေမဲ့ရမ်းကားသောဂိုဏ်း များက ထိုင်းရွာတစ်ရွာရှိ အိမ်များ ကို ဝင်ရောက်စီးနင်းကာ ပစ္စည်း ပစ္စယများအား အလစ်သုတ်ခြင်း တို့အပြင် ရွာသားများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကျူးလွန်သူမှာ လူမဟုတ်ဘဲ မျောက် များဖြစ်နေသည်။

''သူတို့က ကျွန်တော်အိပ် နေတာမြင်ရင် ကျွန်တော့်အိမ်ထဲ ဝင်လာတယ်။ မီးဖိုထဲကိုသွားပြီး ဟင်းချက်ဆီ၊ သကြားတွေအပြင် ဗီရိုထဲမှာ ဝှက်ထားတဲ့ဆေးတွေကို တောင်ယူတယ်''ဟု ရွာသူတစ်ဦး ဖြစ်သူ ချာလူ ယေးခမ်ကာဂျစ်က ပြောကြားခဲ့သည်။

၎င်းမျောက်များသည် စား ကျက်ဆုံးရှုံးမှုကြောင့် ခလောင် ချာရိုအင်ဝေးရွာထဲသို့ ရောက်ရှိ လာခြင်းဖြစ်ပြီး ယင်းရွာသည် မျောက်များ၏ဆိုးသွမ်းမှုကို နှစ်အ တော်ကြာ ကြုံတွေ့နေရသည်ဟု သိရသည်။
''သူတို့က ကျွန်မရဲ့အဆာ ပြေ စားစရာတွေယူတယ်။ ကျွန်မ နောက်ထပ်အသစ်ဝယ်နိုင်ပါတယ်။ ဒါပေမဲ့ ဆေးဝါးတွေက ကျွန်မအ တွက်အရေးကြီးပါတယ်''ဟု ၇၂ နှစ်အရွယ် အမျိုးသမီးကြီးက ပြောကြားခဲ့သည်။ ၎င်းနှင့် ၎င်းခင် ပွန်းတို့က လက်လုပ်ရေခဲသေတ္တာ သော့အိမ်နှင့် လေးခွအပါအဝင် မျောက်နှိမ်နင်းရေးကိရိယာမျိုးစုံ ကို ပြသခဲ့သည်။

ဘန်ကောက်မှ ကီလိုမီတာ ၈၀(မိုင်၅၀)အကွာ အရှေ့ဘက်ကမ်း ရိုးတန်းပေါ် ချာချိုအင်ဆောင် ပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ် ကိုင်သူ အိမ်ထောင်စု ၁၅ဝရှိ ရွာ လေးမှာ ပင်လယ်မျောက်ဟုခေါ်ဆို သော အမြီးရှည်မျောက်များ၏နှောင့်ယှက်မှုကို ခံနေရသည်မှာ ဆယ်စုနှစ်တစ်စုနီးပါးရှိနေပြီဟု ဆိုသည်။

Ref-AFP ၊ သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာမင်းသမီး နောင်တရ

Posted by drmyochit Friday, August 30, 2013, under | No comments

ဘ၀တွင် ပထမဆုံးရိုက်ကူးသည့် အပြာကားဇာတ်ဝင်ခန်းများ၌ ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံး
မသုံးဘဲကာမစပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ ရမိကြောင်းနှင့် အပြာကားထုတ်လုပ်ရေးလုပ်ငန်း
တွင် ကွန်ဒုံးမသုံးမနေရဟူသော စည်းမျဉ်းအကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော်
ဩသွားမည်ဖြစ်ကြောင်းအမေရိကန်အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ၂၈ရက်နေ့
တွင် ပြောကြားသည်။

အပြာရုပ်ရှင်ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှတစ်ဆင့် ရာဂမွှန် စာတိုများ အပြန်အလှည်
ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး လယ်သာသည် ၎င်း၏ ပထဆုံးအပြာကားဖြစ်သော Weiner & Me
ကို ဇာတ်လိုက် မင်းသား ဇင်ဒါကိုဗတ်စ်နှင့် ကွန်ဒုံးမသုံးဘဲ ရိုက်ကူးဖြစ်ခဲ့သည်။

သို့ရာတွင် လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်းတစ်ခု၌
ကွန်ဒုံးမသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာအိပ်ခ်ျအိုင်ဗီပိုးကူးစက်
ခံရပြီဖြစ်ကြောင်း ဩဂုတ်လလယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ
လယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်
ရေးလုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်းရပ်ဆိုင်းလိုက်သည်။

အဆင့်မြင့်ဆေးခန်းများတွင် လယ်သာက မိမိတွင် ရောဂါပိုးကူးစက်ခံ ထားရခြင်းရှိမရှိအပူ
တပြင်းသွားရောက်စစ်ဆေးခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုး မတွေ့ရကြောင်း အဖြေထွက်လာသည့်အခါမှ
လယ်သာမှာ သက်ပြင်းချနိုင်ခဲ့သည်။လယ်သာက မိမိအနေဖြင့် အပြာရုပ်ရှင်လောကကို
စွန့်ခွာမည် မဟုတ်သော် လည်း နောင်ရိုက်ကူးမည့် ဇာတ်ကားများတွင် ကွန်ဒုံးသုံးမှရိုက်ကူး
တော့မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ်အတော်များများတွင် အပြာကားထုတ်လုပ်ရေး လုပ်ငန်း၌ ဇာတ်
ဝင်ခန်းများ ကို ကွန်ဒုံးသုံးရိုက်ကူးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန် ထားသော်လည်း ထုတ်
လုပ်သူနှင့်မင်းသားမင်းသမီးများက မိမိတို့သည် ပုံမှန်ဆေးစစ်မှုခံယူသူများဖြစ်သဖြင့် ထိုသို
့ညွှန်ကြားရန်မလိုကြောင်း၊ ကွန်ဒုံး အသုံးပြုပါကရုပ်ရှင်ကြည့်ပရိသတ်ကို ကျေနပ်မှုအပြည့်
ပေးနိုင်လိမ့်မည်မဟုတ်ဟုဆိုကာ ဝေဖန်လျှက်ရှိသည်။

အင်ဝိုင်ဒေးလီး
OPP

မြောက်ကိုရီးယားသူလျှိုများ တောင်ကိုရီးယားပေါ့(ပ်)ဂီတနှင့် အကများသင်ယူနေရ

Posted by drmyochit Friday, August 30, 2013, under | No comments

မြောက်ကိုရီးယားနိုင်ငံ၏ သူလျှိုတစ်ဦးဖြစ်သော ကင်ဒုန် ဆစ်သည် ထင်ရှားသော ဗုံးပြု လုပ်သောသင်တန်းများကဲ့သို့ပင် တောင်ကိုရီးယားပေါ့(ပ်)တေးသီ ချင်းအပုဒ် ၁၀ဝနှင့် အကလှုပ်ရှား မှုများကို သင်တန်းတွင်အပြင်း အထန်ကျက်မှတ်လေ့ကျင့်ခဲ့ရ ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ အထူး ထောက်လှမ်းရေးသူလျှိုဖြစ်သော ကင်ဒုန်ဆစ်သည် ယခုအခါ သူ၏ ဘဝမှတ်တမ်းစာအုပ်ထဲတွင် မြောက်ကိုရီးယားစပိုင်အေဂျင်စီ လုပ်ငန်းတချို့ကို မကွယ်မဝှက် ဖွင့်ဟလာခဲ့ကြောင်း သိရသည်။

ယခုအခါ အသက် ၅၁နှစ် ရှိပြီဖြစ်သော ကင်ဒုန်ဆစ်ကို ၁၉၉၅ခုနှစ်က တောင်ကိုရီးယား တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ကင်ကို နှစ်ကာလအတန်ကြာစစ် ကြောမေးမြန်းမှုပြုခဲ့ပြီးနောက် ကွန်မြူနစ်ဝါဒကိုစွန့်ပယ်စေခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏ ထောက် လှမ်းရေးအာဏာပိုင်တို့နှင့် ပူး ပေါင်းစေခဲ့သည်ဟု သိရသည်။

ကင်၏ကိုယ်တွေ့ဘဝမှတ် တမ်းထဲတွင် ဖော်ပြရာ၌အသက် ၁ရနှစ်အရွယ်တွင် ကင်သည် ပြုံယမ်းမြို့ရှိ ကမ်ဆောင်နိုင်ငံရေး စစ်တက္ကသိုလ်တက်ရောက်ခွင့် ရခဲ့ပြီး တောင်ကိုရီးယားတွင် လျှို့ဝှက်ထောက်လှမ်းရေးတာဝန် များကိုထမ်းဆောင်ရန် လျှို့ဝှက် သူလျှိုတစ်ဦးအဖြစ် ပြုစုပျိုးထောင် ခဲ့ကြောင်း သိရသည် ကင်တို့သင်တန်းသားများ သည် သူတို့တာဝန်ထမ်းဆောင် ရာတွင် စွန့်လွှတ်စွန့်စားတာဝန် ထမ်းဆောင်ရန် အမြဲတမ်းပြင်ဆင် ထားစေခဲ့သည်ဟုဆိုသည်။ အ ကယ်၍ ရန်သူကဖမ်းဆီးမိပါက အရှင်ဖမ်းခံရခြင်းထက် ဆိုင်ယာ နိုက်အဆိပ်ပါသောဆေးလုံးများ ကိုမျိုချစေရန်အထိ ပေးဆပ်စေ ခဲ့သည်ဟုဆိုသည်။ ထိုအကြောင်း နှင့်ပတ်သက်၍ ကင်က ''ကျွန်တော် တို့ကို သေခြင်းတရားက အမြဲတမ်း ဖိစီးထားသလို ရှိနေတယ်။ ဒါဟာ အသက် ၂ဝအရွယ်လူတစ်ဦးအ တွက် အလွန်ကြီးလေးတဲ့ ဝန်ထုပ် ဝန်ပိုးပဲဖြစ်တယ်''ဟူ၍ ပြန်လည် ပြောပြခဲ့သည်။

ထို့ပြင် သူတို့အဖွဲ့အား မြောက်ကိုရီးယားနိုင်ငံသို့ ဖမ်းဆီး ခေါ်ဆောင်လာသော တောင်ကို ရီးယားနိုင်ငံသားတို့က တောင်ကို ရီးယားဒေသခံတို့၏ လူမှုရေးနှင့် နိုင်ငံရေးယဉ်ကျေးမှုများကို နား လည်သဘောပေါက်စေရန်နှင့် တောင်ကိုရီးယားဒေသခံတို့၏ အပြောအဆို၊ လေယူလေသိမ်းက အစ ကျွမ်းကျင်အောင်ညွှန်ကြား ပြသစေခဲ့သည်ဟု သိရသည်။ ကင် တို့သင်တန်းသားများအတွက် နေ့စဉ်လိုပင် တောင်ကိုရီးယားရုပ် မြင်သံကြားရှိုးပွဲများ၊ ရုပ်ရှင်များ၊ မဂ္ဂဇင်းများနှင့် သတင်းစာနှင့် စာ အုပ်များမှာ မရှိမဖြစ်ကြည့်ရှုမှတ် သားရသည့် ဓာတ်စာများလိုပင် ဖြစ်သည်ဟုဆိုသည်။

သင်တန်းတွင် ၁ဝနှစ်နီးပါး မျှသင်ကြားလေ့ကျင့်ပြီးနောက် ၁၉၉ဝပြည့်နှစ်တွင် ကင်ကို တောင် ကိုရီးယားသို့စေလွှတ်ကာ ပထမ ဦးဆုံးတာဝန်ကို ထမ်းရွက်စေခဲ့ ကြောင်း သိရသည်။

၁၉၉၅ခုနှစ်တွင် ကင်နှင့် တခြားသူလျှိုတစ်ဦးကို တောင် ကိုရီးယားသို့ ပြန်လည်စေလွှတ် ခဲ့ကာ တောင်ကိုရီးယားတွင် နှစ် ဖက်ခွသူလျှိုအဖြစ် လုပ်ဆောင်နေ သည်ဟု သံသယရှိသူနှင့်ပတ်သက် ၍ ဆောင်ရွက်ရန်ဖြစ်သည်။ ထို အချိန်တွင်မူ တောင်ကိုရီးယားလုံခြုံရေးတပ်ဖွဲ့နှင့် ရင်ဆိုင်တိုးမိ ကာ ကင်ကိုဒဏ်ရာများနှင့် ဖမ်း ဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
Yangon Media Group

တောင်ဥက္ကလာက အမျိုးသမီး၏ပါး လှီးခဲ့သူများမှာ ငွေပေးခိုင်းခြင်းခံရသော ထောင်ထွက်များဖြစ်

Posted by drmyochit Friday, August 30, 2013, under | No comments

သြဂုတ်လ(၂၆)ရက်နေ့က တောင်ဥက္ကလာတွင် သားအား ကျောင်းကြိုရန် ဆိုက်ကားဖြင့်သွားသည့် အမျိုးသမီးအား ဆိုက်ကားတားပြီး သံပြားဝိုင်းဖြင့် အမျိုးသမီး၏ပါးလှီးခဲ့သော ဖြစ်ရပ်အား အခင်းဖြစ်ပြီး သုံးရက်အတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာ စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သည့် လှဌေး ၊ လှတိုး ၊ ဟိန်းမင်းလတ်(ခ)အောင်အောင်၊ မိုးသူ နှင့် ဇော်ကြီးတို့ ငါးဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ရဲတပ်ဖွဲ့ဝင်များက ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ်ဖြစ်ကာ ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက် ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊ လှတိုးနှင့် ဟိန်းမင်းလတ်(ခ)အောင်အောင်တို့မှ ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်း မပြုဘဲ မိုး သူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့် အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့တွင် ဇော်ကြီးမှ ပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ လှဌေးမှ ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးမှ ငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင် အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စ နှင့် တိုက်ရိုက်ဆက်စပ်ပတ်သက် သိရှိမှုမရှိဘဲ  တရားခံ(၂)ဦးမှာ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်း သာဖြစ်ကြောင်း သိရသည်။

From: ပုံရိပ်

ကားရှိသူတိုင်းဆောင်ထားသင့်တဲ့ ကားပြုပြင်ထိန်းသိမ်းခြင်း Apk (5.3MB)

Posted by drmyochit Friday, August 30, 2013, under | No comments




Andriod ဖုန်းအသုံးပြုသူများအတွက် မြန်မာလိုရေးသားထားတဲ့ ကားပြုပြင်ရေး ဆော့ဝဲလ်လေး တင်ပေး လိုက်ပါတယ်ခင်ဗျာ။ ကားပြုပြင်ထိန်းသိမ်းခြင်းကို အသေးစိတ်ရေးပေးထားတဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။
ဗားရှင်းက ၂.၀ပါ။ Android version 2.2 နှင့်အထက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


              Download=>> Link 1, Link 2

Credit:  ittharlayblog

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်