Thursday, January 30, 2014

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးတွေအပေါ် အပြစ်ပုံချတဲ့ အမတ်ကို ဝေဖန်ကြ

Posted by drmyochit Thursday, January 30, 2014, under | No comments

အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ (Credit: ABC) 


အိန္ဒိယနိုင်ငံက အမျိုးသမီးနိုင်ငံရေးသမား တစ်ဦးက အမျိုးသမီးတွေ အတင်းအဓမ္မ ပြုကျင့်ခံရတာဟာ အမျိုးသမီးတွေ ဝတ်ဆင်တဲ့ အဝတ်အစား၊ သွားလာတဲ့နေရာနဲ့ အမူအယာတွေကြောင့် ဖြစ်နိုင်တယ်လို့ ပြောဆိုလိုက်တဲ့အပေါ် မကျေမနပ် ဖြစ်နေကြပါတယ်။

Nationalist Congress Party ခေါင်းဆောင် Asha Mirje ဟာ အိန္ဒိယနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူတစ်ဦး ဘတ်စ်ကားပေါ်မှာ အုပ်စုလိုက် အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ လွှတ်တော်အမတ်က အဲဒီဆေးကျောင်းသူဟာ ည ၁၁ နာရီအချိန်မှာ သူငယ်ချင်းတွေနဲ့ ဘာကြောင့် အပြင်ထွက်တာလဲ ပြီးတော့ စက်ရုံဟောင်းတစ်ခုမှာ သတင်းယူရင်း အဓမ္မပြုကျင့်ခဲ့ရတဲ့ အမျိုးသမီးနဲ့ ပတ်သက်ပြီး အဲဒီ ဓာတ်ပုံသတင်းထောက်ဟာလည်း ဘာကြောင့် လူသူကင်းမဲ့တဲ့ နေရာမှာ သတင်းယူရတာလည်း ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ပြီးတော့ အမျိုးသမီးတွေရဲ့ ဝတ်ဆင်မှု၊ အမူအယာနဲ့ မသင့်တော်တဲ့ နေရာမှာ သွားလာတာတွေက မုဒိမ်းကျင့်မှုတွေကို ဖြစ်စေတယ်လို့ အဆိုပါ လွှတ်တော်အမတ်က ပြောလိုက်ပါတယ်။

ဒီလို ပြောဆိုမှုတွေကို သူ့ပါတီတွင်းက လူတွေကတောင် နှုတ်ဆိတ်နေပြီး တခြားပါတီတွေကလည်း ဝေဖန်မှုလုပ်လိုက်ပါတယ်။

ဝေဖန်သူတွေကတော့ မုဒိမ်းကျင့်ခဲ့သူကို အပြစ်မတင်ပဲ မုဒိမ်းကျင့်ခံရသူတွေကို အပြစ်တင်တာကို ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

အမျိုးသမီးတိုင်းဟာ သူတို့ သွားချင်တဲ့နေရာ၊ ဝတ်ချင်တဲ့ အဝတ်အစားကို ဝတ်ခွင့်ရှိတဲ့အကြောင်း ဒီလို ဝတ်တာကို ကြည့်ပြီး စိတ်ရိုင်းဝင်၊ စိတ်မထိန်းနိုင်တဲ့ ယောင်္ကျားတွေအပေါ်မှာသာ အပြစ်ရှိကြောင်း ပြောလိုက်ပါတယ်။

ယောင်္ကျားတွေဟာ တိရိစ္တာန်တွေမဟုတ်တဲ့အတွက် စိတ်တွေထိန်းသင့်တဲ့အကြောင်း ပြောဆိုနေကြပါတယ်။

ABC

ဖိလစ်ပိုင်ရဲများ တရားခံများအား နှိပ်စက်ရာတွင် ကံစမ်းမဲနှိုက်၍ နှိပ်စက်နည်းများး ရွေးချယ်ကာ နှိပ်စက်ခဲ့ကြ

Posted by drmyochit Thursday, January 30, 2014, under | No comments


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အနီးရှိ ရဲတပ်ဖွဲ့အပိုင် လျှို့ဝှက်ထိမ်းသိမ်းရေး စခန်းတစ်ခုတွင် တရားခံများအား ဖမ်းဆီး မေးမြန်းစစ်ဆေးရာ၌ အသုံးပြုလေ့ရှိသည့် နှိပ်စက်နည်းရွေးချယ်သော ကံစက်ဝိုင်းတစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရသည်။

ပျော်ရွင်ပွဲများ၌ လက်ဆောင်ပစ္စည်းများ ကံစမ်းရွေးချယ်ရာတွင် အသုံးပြုလေ့ရှိသည့် ကံစက်ဝိုင်းလှည့် ကံစက်ဝိုင်းလှည့် ကိရိယာ ကဲ့သို့ ပြုလုပ်ထားသော နှိပ်စက်နည်း ရွေးချယ်ကိရိယာကို အဆိုပါရဲဘက် လျှို့ဝှက်အချုပ်စခန်း၌ ဆယ်စုနှစ် သုံးခုကျော်ကြာအောင် အသုံးပြုခဲ့ကြသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖိလစ် ပိုင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့၏ ဥက္ကဌ လောရီတာအန်ရိုဆယ်လီက ဇန်န၀ါရီလ ၂၈ ရက် တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ရဲအရာရှိများက မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူများကဲ့သို့ တရားခံ များကို စစ်မေး ရာတွင် ခြိမ်းခြောက်ခြင်း၊ အမှုကွင်းဆက်များ ဆက်လိုက်နိုင်ရန် အချစ်အလက်များ အစ်အောက် မေးမြန်း၍ နှိပ်စက်ခြင်းတို့တွင် ယင်းကံစက်ဝိုင်းကို အသုံးချနေကြကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် လူ့အခွင့်အရေး အဖွဲ့ကဆိုသည်။ စက်ဝိုင်းပေါ်တွင် အရုပ်ပုံစံ အမျိုးမျိုးကို ရေးဆွဲထားပြီး ကံစက်ဝိုင်း လှည့်ရာတွင် ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကွိုင်အိုရုပ်တွင် စက်ဝိုင်းရပ်တန့်သွားပါက တရားခံကို ထိုးကြိတ်နှိပ်စက်လေ့ရှိပြီး လင်းနို့ရုပ်တွင် ရပ်တန့်သွားပါက တရားခံကို လင်းနို့ကဲ့သို့ ကြိုးဖြင့် ပြောင်းပြန် ချိတ်ဆွဲကာ နှိပ်စက်လေ့ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့ များ၏ ပြောကြားချက်များအရ သိရသည်။

ယင်းကံစက်ဝိုင်းကို လှည့်၍ တရားခံများကို နှိပ်စက်ရာတွင် ပါဝင်ခဲ့သည့် ရဲအရာရှိများကို ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး တရားဥပဒေနှင့်အညီ အရေးယူသွားရန် စတင်ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရအဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။


(Fox News,28.1.14) သံသာ
ပြည်မြန်မာဂျာနယ်မှ


ဓာတ်ပုံရိုက်တာကို စနစ်တကျလေ့လာပြီး တကယ်တတ်မြောက်လိုသူများအတွက်

Posted by drmyochit Thursday, January 30, 2014, under | No comments

မြန်မာဒုက္ခသည်များကိုခေါ်ယူမှု အမေရိကန် ရပ်ဆိုင်း

Posted by drmyochit Thursday, January 30, 2014, under | No comments

ထိုင်းမြန်မာနယ်စပ် စခန်းတခုမှ ဒုက္ခသည် ကလေးများ (ဓာတ်ပုံ - လောအယ်စိုး)


ထိုင်းမြန်မာနယ်စပ် စခန်းတွေဆီက ဒုက္ခသည်များကို ခိုလှုံခွင့်ပေးတဲ့ အစီအစဉ်ကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ဒီအစီအစဉ်ကို အကောင်အထည်ဖော်နေတာ ၉ နှစ် ရှိပြီ၊ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ရေးအတွက် နောက်ဆုံး လုပ်ဆောင်ပေးခဲ့တာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်တယ်လို့ ဆိုတယ်။

ဒီ ၉ နှစ်အတွင်း မြန်မာပြည်က ဒုက္ခသည် ၇၃,ဝဝဝ ကျော်ကို အမေရိကန်ရောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့DPA သတင်းဌာနက ရေးသားတဲ့ သတင်းကို ဘန်ကောက်ပို့စ်သတင်းစာ အွန်လိုင်းမှာ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာ ဖော်ပြထားတာပါ။

တခြားနိုင်ငံတချို့ကလည်း မြန်မာဒုက္ခသည်တွေကို လက်ခံခဲ့ဖူးပေမယ့် အမေရိကန်ကတော့ အလုံးအရင်းနဲ့ လက်ခံခဲ့တဲ့နိုင်ငံပါ။
အမေရိကန်အစီအစဉ်ရပ်ဆိုင်းလိုက်ချိန် ထိုင်းမြန်မာနယ်စပ်စခန်းတွေထဲ ဒုက္ခသည် ဘယ်လောက် ကျန်ပါသလဲ။

တသိန်းကျော် ကျန်ပါသေးတယ် တဲ့။
ဒီတသိန်းကျော် ဘယ်တော့ မြန်မာပြည်ပြန်ရမလဲ ဆိုတာကတော့ ဘယ်သူမှ သေချာမပြောနိုင်သေးပါ။

ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းလက်ကျန် ၂ နှစ်အတွင်းတော့ ဟုတ်မယ် မထင်ပါ။

သူတို့ပြည်တော်ပြန်ရေးအသံက ခပ်တိုးတိုးတောင် မထွက်၊ ပြီးတော့...ဦးသိန်းစိန်တို့က ဆောင်ရွက် စရာတွေ အများအပြား ရှိနေတာကြောင့် ဒုက္ခသည်အရေးကို ဦးစားပေးမယ်လို့ မယူဆနိုင်ပါဘူး။

သူတို့ ပြည်တော်ပြန်ရေးအသံက ရွေးကောက်ပွဲနီးတဲ့အခါ နိုင်ငံရေးသမားတချို့က နေရာကွက်ကြား ပြောဆိုကြ ဖွယ် ရှိတယ်လို့ ယူဆရပါတယ်။



ဧရာဝတီ

ဒုချီးရားတန်းကျေးရွာ မီးလောင်မှုဖြစ်ရပ်မှန် ပြန်ကြားရေးက ထုတ်ပြန်

Posted by drmyochit Thursday, January 30, 2014, under | No comments



ရခိုင်ပြည်နယ် မောင်းတောမြို့နယ် ဒုချီးရားတန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ ပတ်သက်ပြီးပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၂၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့ ဒုချီးရားတန်း အနေက်ရွာ၌ မီးလောင်မှုဖြစ်စဉ်မှန်
စစ်တွေ၊ ဇန်န၀ါရီ ၂၉ မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာ (ဘင်္ဂါလီ)၌ ဇန်န၀ါရီ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မီးသတ် တပ်ဖွဲ့ ၀င်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ သွားရောက်ငြိမ်းသတ်ခဲ့ကြသည်။

အဆိုပါ မီးလောင်မှုမှာ ဒုချီးရားတန်း အနောက် (ဘင်္ဂါလီ)ရွာနေ အဘူဖွေယာ့ (၅၀)နှစ် (ဘ) ကာဆိမ်း၏နေအိမ်မှ စတင်မီးလောင်ကျွမ်း၍ မီးငြိမ်းသတ်နေစဉ် တောင်ဘက်ကိုက် (၁၅၀)အကွာ အဏ္ဏ၀ါဆလာမ် (၅၀)နှစ် (ဘ) ဆီရာဇူ ၏ အိမ် ထပ်မံမီးလောင်သည့်အတွက် မီးငြိမ်းသတ်ရန်သွားစဉ် ဘင်္ဂါလီလူမျိုးများ (၅)ဦးခန့်ထွက်ပြေးသွား သည်ကို တွေ့ရှိခဲ့ရ သည်။

မီးလောင်မှုဖြစ်စဉ်တွင် အိမ်များထူထပ်ခြင်း၊ သက်ကယ်၊ ၀ါးများဖြင့် ဆောက်လုပ်ထားခြင်းကြောင့် နေအိမ် အကြီး (၄)လုံး၊ အိမ်သေး (၁၂)လုံး စုစုပေါင်း (၁၆)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ပြီး လူသေဆုံးမှု၊ ထိခိုက် ဒဏ် ရာ ရရှိမှု မရှိကြောင်း သိရသည်။

မီးရှို့မှုဖြစ်စဉ်အား တပ်ဦးချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ကာ မီးရှို့သွားခဲ့သူများအား အမှုဖွင့် တိုင်ကြားခဲ့ သဖြင့် မောင်တောရဲစခန်းမှ (ပ) ၁၉/၂၀၁၄၊ ပုဒ်မ - ၄၃၆ ဖြင့် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။

မီးလောင်မှု ဖြစ်စဉ်အနီးတွင် ရခိုင်ရွာများမရှိဘဲ ဘင်္ဂါလီရွာများသာရှိပြီး မိမိ၏အိမ်များအား မီးရှို့ထွက်ပြေး သွားခဲ့ပြီး ထိုဖြစ်စဉ်အား ပုံကြီး ချဲ့ကာ သတင်းမှား ထုတ်လွှင့်ခြင်းများ မဖြစ်စေရန်အတွက် သတင်း အချက် အလက်များအား သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရှိ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြည်နယ် အစိုးရကထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘုတ်စာမျက်နှာ

ဧရာဝတီ

Wednesday, January 29, 2014

ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း

Posted by drmyochit Wednesday, January 29, 2014, under | No comments


ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အမျိုးသမီးတွေအတွက် အလှအပရေးရာဆိုင်ရာ ကုထုံးအဖြစ် အတော်လေး ရေပန်း စားလို့လာ ပါပြီ ။ မြန်မာနိုင်ငံမှာသာ ယဉ်ကျေးမှုအရ ဓလေ့ထုံးတမ်းစဉ်လာတွေအရ ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ သိပ်ပြီးခေတ်မစားပေမယ့် အနောက်နိုင် ငံတွေ မှာတော့ ရေပန်း စားတွင် ကျယ်လာခဲ့တာ အတော်လေးကြာပြီဖြစ်ပါတယ် ။ အမှန်တော့ ရင်သားခွဲစိတ်ပြုပြင်တယ်ဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ရင်သားအရွယ်အစား ၊ ပုံသဏ္ဍာန် ၊ အလုံးအကြိတ်တွေခွဲထုတ်ပြီးလို့ ရင်သားကို ပြန်လည် ပြုပြင်ခြင်း ( post-mastectomy breast reconstruction) အတွက် ခွဲစိတ်ပြုပြင်ခြင်းတစ်မျိုးဖြစ်ပါတယ် ။ ဒါ့အပြင် မွေး ရာ ပါ ရင်အုံ ( chect wall ) ပုံသဏ္ဍာန်မမှန်ခြင်း နဲ့ အမျိုးသားကနေ အမျိုးသမီး အဖြစ် အသွင် သဏ္ဍာန်ပြောင်းလဲခြင်း မှာလည်း ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အဓိက အခန်းကဏ္ဍ အဖြစ် ပါဝင်ပါတ် သတ်လာပြီဖြစ်ပါတယ် ။ ရင်သားအတွင်း ထည့်သွင်းတဲ့နေရာမှာ breast implant devices တွေဖြစ်တဲ့ saline ၊ silicon နဲ့ silicon+saline ဆိုပြီး သုံးမျိုးရှိပါတယ် ။ Saline implant ဟာ elastomer silicone အခွံ ပါဝင်ပြီး saline အရည် တွေဖြည့်ထားခြင်းဖြစ်ပြီး Silicon implant ကတော့ အခွံခြင်းတူပေမယ့် အထဲမှာ silicon gel ထည့်သွင်းထားခြင်းဖြစ်ပါတယ် ။ ပေါင်းစပ်ထည့်သွင်းခြင်းဖြစ်တဲ့ Alternative composition မှာတော့ များစွာသောအရာတွေဖြစ်တဲ့ soy အဆီ ၊ polypropylene ကြိုး ၊ et cetera စသည်တို့ ပါဝင်ပါတယ် ။

Pectoral implant လို့ခေါ်တဲ့ ရင်ဘတ်တစ်ခုလုံး ခွဲစိတ်ပြုပြင်ခြင်းဟာ ယောင်္ကျားလေးတွေမှာ အလှအပရေး ရာအတွက် ( ကျားမှ မပြောင်းခြင်း) ဖြစ်စေ ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ( gynecomastia - အမျိုးသားတွင် ရင်သားကြီးခြင်း ) စသည်တို့ကြောင့်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ် ။ ရင်သားခွဲစိတ်ပြုခြင်ခြင်းမှာ ရင်သားတစ် ရှူးတွေ ကြီးအောင် လုပ်တဲ့ breast tissue expander ဟာ ရင်သားခွဲစိတ်ပြုပြင်ခြင်းအဆင့်မှာ ယာယီသုံးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၉ ရာစုနှစ်တုန်းက breast implant device တွေကို ရင်သားရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား အာရုံခံစားမှု ( feel) စသည်တို့ကို ပြုပြင်ပြောင်း လဲရန်အတွက် အသုံးပြုခဲ့ကြပါတယ် ။ ၁၉၈၅ ခုနှစ်မှာတော့ ခွဲစိတ် ဆာဂျင် Vincez Czerny ဟာ လူနာရဲ့ ကိုယ်ပိုင် adipose တစ်ရှူး တွေ ၊ ဖယ်ထုတ်လိုက်တဲ့ အန္တရာယ်ရှိ benign lumbar lipoma တွေကိုအသုံးပြုပြီး ကျူမာတစ်ခုကနေ သူဖယ်ထုတ်လိုက်လို့ တစ်ဖက်နဲ့တစ်ဖက်ရင်သားမညီတဲ့ ပြဿနာကို ဖြေရှင်းခဲ့ခြင်းအားဖြင့် ခွဲစိတ် မှုကို ပြုလုပ်ခဲ့ပါတယ် ။ ၁၈၈၉ ခုနှစ်မှာတော့ ခွဲစိတ်ဆာဂျင် Robert Gersuny ဟာ ပါရာဖင် ထိုးဆေးထိုး သွင်းခြင်း ကိုစမ်းသပ်လုပ်ဆောင်ခဲ့တယ် ။ ၂၀ ရာစုအစောပိုင်းမှာတော့ ဆရာဝန်တွေဟာ breast implant filters တွေဖြစ် တဲ့ ivory ၊ ဖန်ဘောလုံး ၊ ရာဘာ ၊ နွားထီး အရိုးနု ၊ Terylene wool ၊ gutta-percha ၊ Dicora ၊ polyethylene အစရှိတို့ကို ဆက်လက် အသုံးပြုလာခဲ့ကြပါတယ် ။

Breast Implant သုံးမျိုး

၁ ။ saline impants ( saline အရည် ထည့်သွင်းထားခြင်း)
၂ ။ silicone implants ( ဆီလီကွန်ဂျယ် ထည့်သွင်းထားခြင်း)
၃ ။ Alternative- composition implants ( soy အဆီ ၊ polypropylene string ၊ et cetera စသည်တို့ ထည့်သွင်းခြင်း ) စတဲ့ သုံးမျိုးဖြစ်ပါတယ် ။

ရင်သားအတွင်းဆီလီကွန်ထည့်ခြင်းနှင့်ပတ်သတ်သော အမေးအဖြေများ

မေးခွန်း ၁ - ရင်သားထဲမှာ ဆီလီကွန် ထည့်တာက နှစ်နှစ်တစ်ကြိမ်လောက်ထုတ်ပြီးလဲရတယ်လို့ကြားရတယ် ။ ဟုတ်ပါ သလား ။

အဖြေ - ရင်သားကို ဆီလီကွန်ထည့်တာက အရွယ်အစားအမျိုးမျိုးရှိပါတယ် ။ ခွဲစိတ်ထည့်ပေးမယ် ။ ဆရာဝန် နဲ့ ဆွေးနွေး တိုင်ပင်ပြီးမှ ထည့်ကြတာပါ ။ ထည့်တာမှန်မယ် ၊ ခွဲစိတ်တာလည်းကောင်းမယ် ၊ ပုံစံလည်းကျ တယ်ဆိုရင် ပြန်ထုတ်ပြီးလဲစရာမလိုဘူး ။ တစ်သက်လုံးလဲစရာမလိုပါဘူး ။ နှစ်နှစ်တစ်ခါ လဲရတယ်ဆိုတာလည်း မဟုတ်ပါဘူး ။

မေးခွန်း ၂ - နှာခေါင်း ၊ နှုတ်ခမ်းတို့မှာ ထည့်သူတွေရော ထုတ်လဲဖို့ လိုပါသလား ။ တစ်ချို့ကလည်း တစ်သက် လုံး ထုတ်လဲစရာမလိုဘူးပြောပါတယ် ။ တိတိကျကျမသိကြပါဘူး ။ နှာခေါင်းမှာ ဆီလီကွန်ထည့်ထားရင် မထိ ခိုက် မိအောင် ဂရုစိုက်ရတယ်လို့လည်း ပြောကြပါတယ် ။ Accident တစ်ခုခုဖြစ်သွားခဲ့ရင် ဘာတွေ ဖြစ်နိုင် ပါသလဲ ။

အဖြေ - နှာခေါင်း ၊ နှုတ်ခမ်းတွေမှာ ထည့်တာကျတော့ ဆီလီကွန်မဟုတ်ပါဘူး ။ နှုတ်ခမ်းဆိုရင် Fat လို့ခေါ်တဲ့ အဆီ ကို ထိုးထည့်တာပါ ။ အဲဒီ Fat က ကိုယ့်ရဲ့အဆီပဲ ။ ဘယ်ကယူသလဲဆိုရင် အများသောအားဖြင့် တင်ပါး ကနေ ယူတာပါ ။ အဲဒါကိုစုပ်ယူပြီးသန့်စင်ရတယ် ။ အဲဒီသန့်စင်ထားတဲ့ အဆီကိုမှ လိုအပ်သ လို နှုတ်ခမ်းမှာ ပြန်ထိုးထည့်ပေးတာပါ ။ နှာခေါင်းမှာ ထည့်တာကလည်း ဆီလီကွန် အပျော့မဟုတ်ဘူး ။အမာထည့်ရတာ ။ သူ့အတွက် သပ်သပ်စီစဉ်ထားတဲ့ ပစ္စည်းရှိတယ် ။ အမာပြားလေးပေါ့ ။ ဒီတော့ ရင်သားရယ် ၊ နှုတ်ခမ်းရယ် ၊ နှာခေါင်း ရယ်မှာ ထည့်တဲ့ပစ္စည်းချင်းမတူဘူး ။ ထည့်ထားတာမှန်ရင် ခွဲစိတ်ပြုပြင် ထားတာက လည်း ကောင်း ရင်ပြန် လုပ်စ ရာမလိုဘူး ။ နှာခေါင်းမှာထည့်တာကျတော့ အမာပြားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်မိ တာမျိုးကိုတော့ ဂရုစိုက်ဖို့လိုတယ် ။ မတော်တဆ ထိခိုက်မှုမဆိုရာမှာ အခန့်မသင့်လို့ ပိုးဝင်တာ မျိုး တော့ ဖြစ် တတ်တယ် ။ နောက်ပြီးခွဲစိတ်ပြုထားတာပုံမကျရင် ပြန်ပြုပြင်ရတာမျိုးရှိပါတယ် ။ ခွဲတာမကောင်း လို့ အမာ ရွတ်ကျန်တာတို့ ၊ ပြန်ထုတ် ၊ ပြန်ပြင်လို့ ရရင် ပိုးဝင်တာမျိုးတွေတော့ဖြစ်တတ်ပါတယ် ။ ပုံပျက်တာ ၊ ကိုယ်လို ချင်တဲ့ပုံစံ မရတာမျိုးလောက်ပဲရှိပါတယ် ။ ထူးခြားတဲ့အန္တရာယ်တော့မရှိပါဘူး ။

(အရေပြားဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦးမှဖြေကြားပါသည်။)

Ref : wikipadia/breast implant
Q & A they want to know about health produced by Ziwaka

သက်တန့်ချို

Photoshop လေ့လာလိုသူများအတွက် CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း

Posted by drmyochit Wednesday, January 29, 2014, under | No comments




Cs-3 ဆော့ဝဲ သုံးနေသူများအတွက်  အသုံးပြုပုံ အသေးစိတ်နဲ့   နမူနာလေ့ကျင့်ဖို့ 

လေ့ကျင့်ခန်းတွေလည်းပါပါတယ် ။ ဆော့ဝဲရှိပေမယ့်  ဘေးမှာပါတဲ့ Tools တွေကို

သဘောမပေါက်ရင် အဆင်မပြေပါဘူး အဲ့ကြောင့်  ဘယ် Tools က ဘာလုပ်ဖို့ လဲ

ဆိုတာသိဖို့ ပါ။  နမူနာလေ့ကျင့်ခန်း  လိုက်လုပ်လို့ ရတာတွေက  လိုင်စင်ပုံလုပ်ဖို့ 

ကာလာချိန်ဆပြောင်းလည်းနည်း ၊ ပန်းချီဆွဲနည်း၊ နောက်ခံဒီဇိုင်း ပြောင်းလဲနည်း

နောက်ခံကို အုတ်ကွက်နံရံ ဒီဇိုင်းထည့်နည်းအပါအ၀င် လေ့လာလို့ ကောင်းတာ

အများကြီး ရှိနေပါသေတယ် ။ Cs-3 ရှိသူများ လေ့လာ လေ့ကျင့်နိုင်ပါပြီ............။


Download Link >>> Photoshop လေ့လာလိုသူများအတွက် CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း


မောင်စွယ်စုံကျမ်းမှ

အလုပ်များလွန်းသဖြင့် လက်ထပ်ရန် မစဉ်းစားနိုင်သေးသည့် ကိတ်ဟတ်ဒ်ဆန်

Posted by drmyochit Wednesday, January 29, 2014, under | No comments

အသက်(၃၄)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် မက်သရူး ဘယ်လာမီနှင့် တွဲနေသော်လည်း လက်ထပ်ရန် အစီအစဉ်သည် အလုပ်များလွန်းခြင်းကြောင့် ဖြစ်မြောက်လာဖွယ် မရှိသေးဟု ဆိုသည်

အနုပညာ အလုပ်များဖြင့် ရုန်းကန်နေရသည့် အခြေအနေကြောင့် ချစ်သူနှင့် လက်ထပ်မည့် ကိစ္စကို အကောင်အထည် မဖော်နိုင်သေးကြောင်း ကိတ်ဟတ်ဒ်ဆန်က ဝန်ခံခဲ့သည်။ အသက်(၃၄)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် မက်သရူး ဘယ်လာမီနှင့် တွဲနေသော်လည်း လက်ထပ်ရန် အစီအစဉ်သည် အလုပ်များလွန်းခြင်းကြောင့် ဖြစ်မြောက်လာဖွယ် မရှိသေးဟု ဆိုသည်။ Birbe Warsဇာတ်ဆောင် မင်းသမီးသည် Muse ဂီတအဖွဲ့မှ မက်သရူးနှင့် (၂၀၁၁)ခုနှစ်၊ ဧပြီလကတည်းက စေ့စပ်ထားခဲ့သည်။ သို့သော်လည်း လက်ရှိ အချိန်ထိ မင်္ဂလာဆောင်နှင်းမှု မရှိသေးခြင်းကြောင့် သတင်းထောက်များက မေးမြန်းရာ ကိတ်က သူမအနေဖြင့် အလုပ်များလွန်း၍ ဖြစ်ကြောင်း ညည်းညူဖြေကြား သွားခဲ့သည်။

သူမနှင့် မက်သရူး လက်ထပ်ရန် ပြင်ဆင်နေပြီဆိုသော ကောလာဟလများကို သတင်းသမားများက မေးမြန်းရာ ကိတ်က "မဟုတ်ပါဘူး။ ခုလောလောဆယ် အဲဒီကိစ္စကို မစီစဉ်အားသေးဘူး။ ကျွန်မအနေနဲ့ လောလောဆယ် အရမ်းကို အလုပ်များနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဆက်ဆံရေးက အကောင်းဆုံးမှာ ရှိနေဆဲပါ။ ကျွန်မအနေနဲ့ လက်ထပ်ဖို့ဆိုတာ အရေးအကြီးဆုံး အရာလို့လည်း မယူဆပါဘူး။ ကျွန်မကို ပျိုးထောင်ခဲ့တဲ့ မိဘတွေကလည်း လက်ထပ်ထားတာ မဟုတ်ဘူးလေ"ဟု တုံ့ပြန်ခဲ့သည်။

ကိတ်က "ကျွန်မအနေနဲ့ကတော့ လက်ထပ်ဖို့ စဉ်းစားထားပါတယ်။ လက်တွေ့လည်း အကောင်အထည် ဖော်ဖြစ်မှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ လုပ်စရာတွေ များလွန်းတယ်။ လက်ထပ်ပွဲတစ်ခုကို စီစဉ်ရတယ် ဆိုတာက အင်မတန် အချိန်ယူရတာပါ။ တစ်ဖက်မှာ ကျွန်မက ရုပ်ရှင်တစ်ကားရိုက်ဖို့ တာဝန်ယူရတာတွေ ရှိနေသေးတယ်။ ဒါကြောင့် ခုလောလောဆယ်နဲ့ သိပ်မကြာခင် အတောအတွင်း အချိန်တွေမှာတော့ လက်ထပ်ဖို့ကိစ္စ မဖြစ်နိုင်သေးပါဘူး"ဟုလည်း ရှင်းပြသွားသည်။ ကိတ်နှင့် မက်သရူးတို့သည် (၂၀၁၁)ခုနှစ်၊ ဇူလိုင်လတွင် သားငယ်လေး ဘင်ဟမ်ဟွမ်း ဘယ်လာမီကိုလည်း ဖွားမြင်ထားပြီး ဖြစ်သည်။

Planet Myanmar Network

Graphic Design နဲ့ Professional ဓာတ်ပုံဆရာကောင်းဖြစ်ဖို့ စာအုပ်

Posted by drmyochit Wednesday, January 29, 2014, under | No comments



ဒီစာအုပ်လေးက  Graphic Design နဲ့   ဓာတ်ပုံရိုက်တာ  ၀ါသနာပါသူတွေအတွက်

လေ့လာသင့်  ဖတ်သင့်တဲ့  စာအုပ်ကောင်းတစ်အုပ်ပါ ။  ဓာတ်ပုံပညာပိုင်းကိုလည်း

အခြေခံကျကျ ရှင်းထားပါ၏ လှုရှားနေတဲ့ ပုံတွေ ဘယ်လို ရိုက်မလဲ သုံးလက်မအနီး

ကပ်ရိုက်ရင်  ဘယ်လိုရိုက်ရမယ်  ဆိုတာတွေကအစ အသေးစိတ် ပညာသားပါပါနဲ့ 

ရေးပြထားတာမို ဓာတ်ပုံကို တကယ်ရိုက်တတ်ချင်တယ် အနုပညာမြောက်တဲ့အထိ

ကောင်းမွန်စွာရိုက်တတ်ချင်တယ်ဆို ဒီစာအုပ်လေးက  အထောက်ကူပြုပါလိမ့်မယ်

အခန်းတွေ အကြောင်းအရာတွေ  အများကြီးပါပေမယ့် ကျနော် သဘောကျတာကို

ရွေးပြတာပါ ကြိုက်နှစ်သက်ရာကို လေ့လာနိုင်ပါတယ်.................................။


ဒီလင့်မှာ Download ယူပါ - Graphic Design နဲ့ Professional ဓာတ်ပုံဆရာကောင်းဖြစ်ဖို့ စာအုပ်

From: မောင်စွယ်စုံကျမ်း

Android ဖုန်းကိုင်နေသူများနဲ့  Android ဖုန်းပြုပြင်သူများအတွက်စာအုပ်

Posted by drmyochit Wednesday, January 29, 2014, under | No comments

Android ဖုန်းကိုင်နေသူများနဲ့  Android ဖုန်းပြုပြင်သူများအတွက်စာအုပ်


Download - Android ဖုန်းကိုင်နေသူများနဲ့  Android ဖုန်းပြုပြင်သူများအတွက်စာအုပ်

Phone နဲ့ ကွန်ပျုတာ အင်တာနက် ချိတ်ဆက်နည်း ( Android-Java-ios)

Posted by drmyochit Wednesday, January 29, 2014, under | No comments



Android -Java- ios ဖုန်းအမျိုးအစုံမှာ အင်တာနက်လိုင်း ဖွင့်နည်းလဲပါပါတယ်


Download - ကွန်ပျုတာ အင်တာနက် ချိတ်ဆက်နည်း 

Android Phone Root လုပ်ချင်သူများအတွက် Root လုပ်နည်း အမျိုးမျိုး

Posted by drmyochit Wednesday, January 29, 2014, under | No comments


Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ

ရေးသားပေးပို့ ဖြန့် ဝေစေတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ် ..................။


Chateau Man
 
Founder At Collection Of Android
 
Admin At Android Users Group


ဒီလင့်မှာ Download ယူပါ -Google Drive/Root လုပ်နည်းစာအုပ်

From: မောင်စွယ်စုံကျမ်း

ပျောက်ဆုံးနေသည့် ဂျပန် မောင်းသူမဲ့ ရေငုပ်သင်္ဘော ပြန်တွေ့နိုင်ဖွယ် မရှိတော့

Posted by drmyochit Wednesday, January 29, 2014, under | No comments

ယခုနှစ်အတွင်းတွင် ဒေါ်လာ (၅)သန်းတန် သုတေသန သင်္ဘောလေးကို ၎င်းပျောက်ဆုံးသွားသည့် နေရာဝန်းကျင်၌ (၉)ရက်ကြာ ရေငုပ်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း လုံးဝ အစအန ရှာမတွေ့ခဲ့ချေ။


ဂျပန်ရေတပ် အနေဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ကတည်းက အဆက်အသွယ် ပြတ်တောက်သွားသည့် သုတေသန ရေငုပ်သင်္ဘောလေး တစ်စင်းကို လက်လွှတ် ဆုံးရှုံးခံလိုက်ရပြီဟု ဝန်ခံ ပြောကြားခဲ့သည်။ ယခုနှစ်အတွင်းတွင် ဒေါ်လာ (၅)သန်းတန် သုတေသန သင်္ဘောလေးကို ၎င်းပျောက်ဆုံးသွားသည့် နေရာဝန်းကျင်၌ (၉)ရက်ကြာ ရေငုပ်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း လုံးဝ အစအန ရှာမတွေ့ခဲ့ချေ။ ရေအောက်ကြမ်းပြင် တစ်နေရာတွင် နစ်မြုပ်နေသည်ဟု ယူဆရသော မောင်းသူမဲ့ ရေငုပ်သင်္ဘောလေးအား မိမိတို့ လက်လွှတ်လိုက်ရပြီဟု ယူဆကြောင်း ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


အဝေးထိန်း စနစ်ဖြင့် မောင်းနှင်သော သင်္ဘောလေးသည် ဆူဂါရူ ရေလက်ကြားနှင့် ဂျပန်ပင်မကုန်းမြေကြား ရေပြင်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ဟွန်ရှူးကျွန်းမှ ဟော်ကိုင်ဒိုသို့ ဦးတည်သွားလာနေစဉ် နိုဝင်ဘာလက အဆက်အသွယ် ပြတ်တောက်သွားသော ရေယာဉ်လေးကို  ပိုက်စိပ်တိုက် ရှာဖွေသော်လည်း ပြန်မတွေ့ဟု ကာကွယ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ "အဲဒီ ရေငုပ်သင်္ဘောလေးက ရေအောက်ကြမ်းပြင် အခြေအနေ၊ ရေစီးကြောင်းတွေနဲ့ အပူချိန်ကို လေ့လာတိုင်းတာဖို့ အသုံးပြုတာပါ"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းရေငုပ်သင်္ဘောလေးသည် (၃)မီတာရှည်ပြီး (၂)မီတာ အကျယ်ရှိကာ (၅)တန်မျှ အလေးချိန်စီးသည်။ ၎င်းသည် ရေပေါ်ရှိ ပင်မထိန်းချုပ်ရေး သင်္ဘောနှင့် အဆက်အသွယ် ပြတ်သွားပြီးကတည်းက စုပ်စမြုပ်စ ပျောက်ကွယ်သွားခြင်းဟု သိရသည်။

From: Planet Myanmar Network

မွတ်ဆလင်သူပုန်များကို အစွမ်းကုန်ဖြိုခွင်းမည်ဟု ဖိလစ်ပိုင်သမ္မတဆို

Posted by drmyochit Wednesday, January 29, 2014, under | No comments

ဖိလစ်ပိုင်တွင် ဆယ်စုနှစ်နှင့်ချီ ကြာညောင်းသည်အထိ အုံကြွနေသော ခွဲထွက်ရေး စစ်သွေးကြွများကို စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှု ပြုလုပ်နေပြီ ဖြစ်သည်။

ဖိလစ်ပိုင် သမ္မတ ဘီနီဂို အကွီနိုက အဖျက်သမား မွတ်ဆလင် ခွဲထွက်ရေး သူပုန်အဖွဲ့များကို ဖြိုခွင်းရန် အပြင်းအထန် လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်သည်။ ဖိလစ်ပိုင်တွင် ဆယ်စုနှစ်နှင့်ချီ ကြာညောင်းသည်အထိ အုံကြွနေသော ခွဲထွက်ရေး စစ်သွေးကြွများကို စစ်တပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှု ပြုလုပ်နေပြီ ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း စစ်တပ်၏ ထိုးစစ်များကြောင့် စစ်သွေးကြွ (၃၈)ဦးထက်မနည်း သေဆုံးခဲ့သလို ယင်းတိုက်ခိုက်မှုများကို ဆက်လက် မြှင့်တင်ရန် သံဓိဋ္ဌာန် ချထားကြောင်း အကွီနိုက ဆိုသည်။

အစိုးရသည်  နိုင်ငံ၏ အင်အားတောင့်တင်းသော သူပုန်အဖွဲ့ တစ်ခုဖြစ်သည့် ဘန်ဆာမိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး စစ်သည်များ (BIFF)နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို စနေနေ့က ရပ်ဆိုင်းလိုက်သည်။ ထို့နောက် ချက်ချင်းလိုလိုပင် သူပုန်တပ်များ အခြေစိုက်ရာ နယ်မြေများတွင် တပ်များဖြန့်ကျက်ကာ ထိုးစစ်ကို စတင်ခဲ့သည်။ "လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ဒီစစ်ဆင်ရေးတွေကို အလေးအနက် လုပ်ဆောင်မှာပါ။ ကျွန်တော်တို့ ဖိလစ်ပိုင် လူထုကို ထိခိုက်လာစေမယ့် ဥပဒေမဲ့ လှုပ်ရှားမှုတိုင်းကို တိုက်ဖျက်သွားပါမယ်။ အဖျက်သမားတွေရဲ့ လုပ်ဆောင်မှုတိုင်းကို ဆိုးဆိုးရွားရွား ကျဆင်းထိခိုက်သွားစေရမယ်။ သူတို့ဟာ ငြိမ်းချမ်းမှုကို နှောင့်ယှက် ဖျက်ဆီးနေသူတွေ ဖြစ်ပါတယ်"ဟု အကွီနိုက မနီလာမြို့တော်တွင် သတင်းထောက်များအား ပြောကြားသွားခဲ့သည်။

ဖိလစ်ပိုင်တွင် အင်အားအကြီးဆုံး အစ္စလာမ်မစ် သူပုန်အဖွဲ့မှာ မိုရိုအစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦးဖြစ်ပြီး (၁၉၇၀)ပြည့်လွန် နှစ်များကတည်းက မွတ်ဆလင်ဦးရေ ထူထပ်သည့် နယ်မြေများကို ခွဲထွက်ခွင့်ပေးရန် အစိုးရကို ထောင်ထားခြားနား တိုက်ခိုက်လျှက် ရှိသည်။ ဖိလစ်ပိုင်သည် ကက်သလစ် ဘာသာဝင် အများစု နေထိုင်သော နိုင်ငံဖြစ်သည်။ အဆိုပါ နှစ်များအတွင်း သူပုန်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်သည် (၁၅၀၀၀၀)ကျော် ရှိခဲ့ကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

Pee Mak ထိုင်းမင်းသမီးလေး မြန်မာပြည်လာတုန်းက ဘုရားဖူးနေတဲ့ ဓာတ်ပုံများ

Posted by drmyochit Wednesday, January 29, 2014, under | No comments










Actress of Pee Mak film, Davika Hoorne, who come to Yangon and performed to the Myanmar audiences with Thai Actor Mos for Sea Game. More interesting thing is Sai Sai Kham Hlaing and many more famous singers are performed too.

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်