Sunday, February 16, 2014

Kegel Exercise for Men ယောက်ျားများ စိတ်ဝင်စားကြသည် - အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ

Posted by drmyochit Sunday, February 16, 2014, under | No comments



သည်းခြေကြိုက် ခေါင်းစဉ်ဆိုတာ ကျန်းမာရေး နယ်ပယ်မှာလဲ ခေတ်စားပါတယ်။ “(ကီးဂယ်လ်) လေ့ကျင့်ခန်းဖြင့် ကျား-အင်္ဂါ ကျန်းမာရေး နှင့် ကြီးထွားနည်း”။ “အမျိုးသမီးများအကြား ရေပန်းစားပေမဲ့ ယောက်ျားလေးများ မသိသူ ကျော်သွား၊ သိသူ ဖေါ်စားနည်း” လဲပါတယ်။

ကိုယ်ဝန်ဆောင် နဲ့ ကလေးဖွါးပြီးသူ အမျိုးသမီးတွေ မ-အင်္ဂါအတွင်းမှာ ရင်းစားပြန်ရဘို့ Pelvic Floor exercise တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို ဆရာဝန်တွေက ထောက်ခံချက် ပေးယုံသာမကာ လုပ်ခိုင်းတဲ့နည်းလဲ ဖြစ်ပါတယ်။ အမျိုးသားအတွက် ဆိုတာတော့ ဆရာဝန်တွေက မညွှန်းဘဲ၊ “ကျွမ်းကျင်သူ” ဆိုသူ များကသာ ရေးကြတာပါ။ “ကျွမ်းကျင်သူ” လို့ ဘယ်သူက ဘွဲ့ပေးသလဲ။ “ဗမာ့အရေး ကျွမ်းကျင်သူ” ဆိုတာတော့ ရေဒီယိုတွေကနေ ပေးတယ်။
ဘာဘဲဖြစ်ဖြစ် ဗဟုသုတ ရလိုသူများ၊ ဆန္ဒပို အလိုရှိသူများ သိစေဘို့ ရေးပါရစေ။ လေ့ကျင့်ပေးရမဲ့ ကြွက်သားကို သိအောင် အရင်လုပ်ရတယ်။ “ဆီးသွားနေတုံး ဆီးမကုန်ခင် ရပ်အောင် ကြိုးစားတဲ့အခါ ကြုံ့ပေးရမဲ့ ကြွက်သားတွေ” ဖြစ်ပါတယ်။ Pubococcygeus muscle ခေါ်တယ်။ ဆီးစပ်ရိုး နောက်ကနေ ဟိုနောက်ဆုံးက အမြီးပိုင်း နေရာအထိ ဆက်နေတဲ့အရာ ဖြစ်ပါတယ်။

(ပြူဘို-ကောက်ဆီဂျီယပ်စ်) ကြွက်သားဟာ Levator ani ဆိုတဲ့ တင်ပါးဆုံတွင်းမှာ Pelvic floor အခင်းသဘော ဖြစ်နေတဲ့ ကြွက်သားကြီးရဲ့ အစိတ်အပိုင်းပါ။ ဒီကြွက်သားကြီးကနေ စအို နဲ့ (ဗဂျိုင်းနား) တွေကို ထိန်း-မ-ပင့်တင် ပေးထားတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုသာ ဆေးနည်းပေးတာ ဖြစ်ပါတယ်။ ကျားအင်္ဂါနဲ့ အဆက် အစပ်က အတော်ကြီး အမျိုးလိုက်စပ်မှ ရတယ်။

“သူ့ကို လေ့ကျင့်ရင်း Cremaster muscle ဆိုတဲ့ ကျား-ကပ်ပဲ့အိတ်၊ ကျား-အစိနဲ့ ဆိုင်တဲ့ ကြွက်သားကိုပါ လေ့ကျင့်ရာ ရောက်တယ်၊ ယောက်ျားတိုင်းတော့ မလုပ်နိုင်ကြဘူး” တဲ့။ အပြောကတော့ ချောသလား မမေးနဲ့။ “အင်္ဂါ သန်မာစေမယ်၊ သုတ်လွှတ်စောတာ ထိန်းနိုင်မယ်” တဲ့။ ကြွက်သား မှန်သမျှ လေ့ကျင့်ပေးရင် သန်လာစေတာတော့ မှန်ပါတယ်။

ကျား-လိင်အင်္ဂါ Penis မှာ Corpora Cavernosa ဆိုတာက လိုအပ်ချိန်မှာ သန်မာလာစေဘို့ ဆောင်ရွက်ပါတယ်။ သူ့မှာ အနုစား-ကြွက်သားတွေ ပါတယ်။ အနုစား-ကြွက်သားကို စိတ်ကနေ ထိန်းမရသလို၊ သန်မာအောင် လေ့ကျင့်ပေးလို့လဲ မရဘူး။ Sexual stimulation လိင်စိတ် နိုးထလာမှသာ အဖြစ်အပျက်တွေ တလှေကြီး ဖြစ်လာတယ်။ သွေးလျှောက်တာ ပိုများလာမယ်၊ ဝင်လာတဲ့ သွေးတွေကို စုပေးထားမယ်၊ သွေးပြန်ထွက်မှာကိုလဲ ထိန်းထားအုံးမယ်၊ အတွင်းဖိအား ဆိုတာ တက်လာမယ်၊ Ischiocavernosus ဆိုတဲ့ ကြွက်သားက ရှုံ့-ကြုံ့လာမယ်။ Kegel exercise ဆိုတာ ဒီ (မာဆယ်လ်) ကို လေ့ကျင့်ပေးရတာပါ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။ ခန္ဓာဗေဒကို ခပ်ပေါ့ပေါ့ ရေးသူတွေက ဒီကြွက်သားလို့ တည့်တည့် မပြောကြဘူး။

လိင်အင်္ဂါ နှစ်မျိုး မသုံးဘဲ အာသာဖြေခြင်း (မာစတာဘေးရှင်း) ကြောင့် ကျား-လိင်အင်္ဂါ ပိုမို ကြီးထွား-သန်မာ စေသလား။ ကျွမ်းကျင်သူ ဆိုသူများက စနစ်ကျဘို့ လိုကြောင်း၊ (မာစတာဘေးရှင်း) လုပ်ရတာနဲ့ နဲနဲ မတူကြောင်း၊ ဖါသာ အာသာ-ဖြေဖျောက်မှုက ကျားအင်္ဂါကို အင်ပြည့်-အားပြည့် အနေအထားမှာ ဆောင်ရွက်ရတာ ဖြစ်ပြီး၊ လေ့ကျင့်တာက သန်းမာမှု တဝက် အနေအထားမှာ လုပ်ပါတဲ့။ ပဌမ-ရည်မှန်းချက်အတွက် ပြီးပြီးရော လုပ်တာများပေမဲ့ ဒုတိယ-ပန်းတိုင် အတွက်တော့ စိတ်ရှည်ပါ။ အချိန် (တနေ့ ၁ဝ မိနစ်) ပေးပါတဲ့။

(မာစတာဘေးရှင်း) လုပ်ရတဲ့သူတွေ ဘာအကျိုး-အပြစ်တွေ သက်ရောက်သလဲ။ ပြောကြတယ် “ထိခိုက်စေတယ်။ သုတ်လွှတ် မြန်စေမယ်။ အားယုတ်တယ်။ ဘာ-ညာ”။ တကယ်လို့ တယောက်ထဲ စခန်းသွားတဲ့ အကျင့်မှာ မြန်တဲ့အလေ့ ရှိရင် နှစ်ယောက်တွဲလဲ မြန်တတ်တာ ဖြစ်နိုင်တယ်။ ဒါမျိုး မဖြစ်အောင် အချိန်ယူ နည်းလုပ်ခြင်းဟာ အင်္ဂါ-လေ့ကျင့်ခန်း လုပ်ရာလဲ ကြာစေမယ်လို့ ယူဆနိုင်တယ်။ စိတ်အလိုကို မလိုက်သေးဘဲ Climax မဖြစ်ခင် နားထားရမှာ ပြောတာပါ။ ဆေးပညာအရ (မာစတာဘေးရှင်း) ခဏခဏလုပ်လို့ သုတ်ရည် များမယ်၊ နည်းမယ်၊ ဆီးကြိတ်-ကင်ဆာ ဖြစ်မယ်-မဖြစ်ဘူး၊ ဆိုတာ ကံသေကံမ မပြောနိုင်ပါ။

“စိတ်ကို အားပေးတဲ့ အစားအစာများ နဲ့ သုတ်ပိုးကို အားပေးတဲ့အစာများ” ဆိုတာတွေ ပြောစမှတ်ရှိတယ်။ ဆေးပညာ အရတော့ သတ်မှတ်ထားတာမျိုး မရှိသလောက်ပါ။ ဒီစိတ်ကို အားပေးတဲ့ အစား-အစာတွေကို ဗဟုသုတအတွက် ရေးပါရစေ။

• Celery တရုတ်-နံနံကြီး။ ပြောသူတွေကတော့ “ဒီအရေးအရာ သာမက (ကိုလက်စထော) ပါ နည်းစေတယ်၊ ကင်ဆာကို ကာကွယ်နိုင်တယ်” တဲ့။ (ဟိုးမား) ရဲ့ ခရီးရှည် ကဗျာရှည်ကြီးထဲမှာလဲ Celery ပါခဲ့သေးတယ်။ ဆေးပညာအရ ထောက်ခံချက် ပေးနိုင်တာက ဗီတာမင် K နဲ့ C တွေပါတာ သေခြာတယ်။
• Oysters မုတ်ကောင်ကလဲ နာမယ်ကြီးပါတယ်။ စိတ်ကိုသာမက သုတ်လဲ ပွါးများပါသတဲ့။ အစိမ်းစားရင် ပိုသိသာတယ်၊ သန့်ရှင်းဘို့တော့ မမေ့ပါနဲ့။ စားနည်းလဲ သူများကို မေးပါတဲ့။
• Bananas ငှက်ပျောသီး၊ သူများတိုင်းပြည်တွေမှာက ငှက်ပျောသီးဆို သီးမွှေး အမျိုးအစားသာ သိတာများတယ်။ ဗမာတွေက ကျန်းမာရေးအတွက် ဖီးကြမ်းငှက်ပျောဘဲ ညွှန်းတယ်။ ဂျပန်မှာ ငှက်ပျောသီး Crazy ဖြစ်နေတာ မကြာခင်က ရေးရသေးတယ်။
• Avocado ထောပတ်သီး၊ လိင်စိတ်ကို အားပေးစေချင်သူ ယောက်ျားတွေသာမက အမျိုးသမီးတွေလဲ စားပါတဲ့။ Vitamin K, Potassium, Vitamin B6, Vitamin C တွေ ပါတာ သေခြာတယ်။
• Almonds ဗာဒံစေ့၊ အစေ့-အဆံတွေရဲ့ အစွမ်းကို နှလုံးရောဂါအတွက်ပါ ရေးကြ-ပြောကြတယ်။ ကျား-ဟော်မုန်း ကိုလဲ အားပေးလို့ ဒီအနံ့ပါတဲ့ ဖရောင်းတိုင်းထွန်းပြီး၊ ကုတင်ဘေးမှာ Almonds ပန်းကန် ထားပါတဲ့။
• Mangoes သရက်သီး၊ ဒီအရေး အားပေတာ သေခြာတယ် ပြောတယ်။ LDL (ကိုလက်စထော) ကျစေတယ်။ Manganese, Copper နဲ့ ဗီတာမင် ဘီ ၂ တွေ ပါတယ်။
• Eggs ကြက်ဥ။ ဗမာတွေလဲ ယုံကြ-လက်ခံကြတယ်။ မတူတာက အစိမ်းသောက်တာ ထူးတယ်လို့ သူများတွေက သိပ်မယုံဘူး။ Libido ဒီစိတ်မှာ အရေးပါတဲ့ ဗီတာမင် B5 and B6 တွေ ပါတယ်။
• Liver အသဲ။ ဒီကိစ္စအတွက်တော့ ကျွမ်းကျင်သူများလို ဟုတ်-မဟုတ် မပြောတတ်ဘူး၊ Glutamine ဆိုတဲ့ ခုခံအား၊ သွေးအား ကောင်းတာတွေ ပါတယ်။ ဂေါက်ရောဂါရှိသူအတွက်တော့ မကောင်းဘူး။
• Chocolate ချော့ကလက်။ အကောင်းစားက ကောင်းစေပါသတဲ့။

Q: ဆရာခင်ဗျား Masters and Johnson method ဂျွန်ဆင်နည်းစနစ်၊ Kegel exercises ကြွက်သား လေ့ကျင့်ခန်းများ ဆောင်းပါးထဲက လေ့ကျင့်ခန်းဟာ လိုသလောက် ဆွဲထားနိုင်တဲ့အတွက် သုတ်တွေကို ထိန်းထားသလို ဖြစ်မနေဘူးလား။ သုတ်တွေ အတွင်းမှာ ခဲတာ (သို့) အခြားအန္တရာယ်များ ရှိနိုင်မလား။ သုတ် မထွက်အောင် လက်နဲ့ ဖြစ်ဖြစ် အကြောကို ထောက်ပြီး ပိတ်ထားမိရင်ရော ရောဂါရနိုင်ပါသလား။

A: သုတ်ရည်က အထဲမှာ မခဲနိုင်ပါ။ လက်နဲ့ ပိတ်ထားလို့ မရနိုင်ပါ။ စိတ်နဲ့သာ ထိန်းနိုင်ပါတယ်။ တကယ် လွှတ်ချင်လာရင် အဲဒီစိတ်ကို ထိန်းမရတော့ပါ။ Spinal reflex အလိုအလျှောက်-တုံ့ပြန်မှုကနေ ဖြစ်တာမို့ပါ။ မလွှတ်သေးအောင်တော့ ထိန်းနိုင်ပါတယ်။ ဒါပေမဲ့ ထိန်းတဲ့ကြားက တစက်လောက် ထွက်ရင် ကိုယ်ဝန် ရစေတာမို့ မိသားစု စီမံကိန်းနည်းတွေထဲက သုတ်ရည် ပြင်ပစွန့် ထုတ်နည်းဟာ ၁၅-၂၈% ကိုယ်ဝန်ရတယ်။ လဖက်ရည်ဇွန်း တဝက် (၂့၅ စီစီ) မှာ သုတ် ကောင်ရေ သန်း ၅ဝ ပါတယ်။

သင်ရ-လေ့လာရတဲ့ ဆေးပညာအလိုအရ Professional advice ပေးပါ့မယ်။ ကြိုက်ရင် ယူပေါ့။ လေ့ကျင့်ခန်းရော အစာအာဟာရပါ အန္တရာယ် ဖြစ်စရာ မတွေ့ပါ။ ဒါလုပ်လို့၊ ဒါစားလို့ ပိုကောင်းမယ်လို့ ယုံကြည်မှုကိုနှိုက်က တဝက် ကောင်းနေပြီ မဟုတ်ပါလား။

Fri, May 4, 2012 at 12:23 PM
ဆရာ ရေးသားတဲ့ Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည် စာစောင်မှာ exercises ဘယ်လိုဘယ်ပုံ လုပ်ရလဲဆိုတာ ကျနော် မတွေ့မိပါဘူး။ ကျနော်ပဲ မျက်စိလျှမ်းတာ နေမှာပါ။

• ဆီးသွားနေချိန်မှာ ဆီးမကုန်သေးခင် ရပ်ဘို့ကြိုးစားကြည့်ပါ။ အဲလို ကြိုးစားရင် ညှစ်ရ-တင်းရတဲ့ ကြွက်သားတွေဟာ ဘာတွေလဲလို့ သိလာမယ်။
• အဲဒီ ကြွက်သားတွေကို တကယ် ဆီးမသွားဘဲ နေရင်း၊ ထိုင်ရင်း ညှစ်လိုက်၊ လျှော့လိုက် လုပ်တာဖြစ်ပါတယ်။
• ဒါက အမျိုးသမီးတွေအတွက် အကုန်ပါဘဲ။
• အမျိုးသားတွေဆိုရင်လဲ မကွာပါ။ ကိုယ့်လက်နဲ့ကိုယ် ကိုင်တွယ်လို့ ရတဲ့နေရာတွေကို တင်းချီ-လျှော့ချီ လုပ်နိုင်သေးတယ်။ ဆုပ်နယ်ပြီး သန်မာစေအောင်လဲ လုပ်ပေးနိုင်သေးပါတယ်။

Dr. တင့်ဆွေ

လာဘ်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် နယူးဒေလီ အုပ်ချုပ်ရေးမှူး ဖြစ်လာသော အေအေပီ ပါတီ ခေါင်းဆောင် ရာထူးမှနုတ်ထွက်

Posted by drmyochit Sunday, February 16, 2014, under | No comments



နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၅

လာဘ်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် အိန္ဒိယနိုင်ငံ၏ နယူးဒေလီမြို့တော် အုပ်ချုပ်ရေးမှူး ဖြစ်လာသော Arvind Kejriwal သည် အာဏာရယူအပြီး ၄၉ ရက်အကြာတွင် ရာထူးမှ နုတ်ထွက်သွား ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီ လွှတ်တော်တွင် အုပ်ချုပ်ရေးမှူးသစ် Arvind Kejriwal က လာဘ်စား မှု တိုက်ဖျက်ရေး ဥပဒေကြမ်း တစ်ရပ်ကို တင်သွင်းရာတွင် အတိုက်အခံ ပါတီကြီးနှစ်ခုက ပယ်ချခဲ့ပြီး နောက် အုပ်ချုပ်ရေးမှူးသစ်မှာ ရာထူးမှ နုတ်ထွက်သွားခြင်းလည်း ဖြစ်သည်။

အိန္ဒိယနိုင်ငံရေးကို အဓိက လွှမ်းမိုးထားသော ပါတီကြီး နှစ်ခုဖြစ်သည့် BJP ပါတီနှင့် Congress ပါတီတို့မှ လွှတ်တော် အမတ်များက ဗဟိုအစိုးရက လက်ခံသဘောတူညီချက် မရဘဲ ဥပဒေပြုခွင့်မရှိဟူသော အကြောင်းပြ ချက်ဖြင့် နယူးဒေလီ မြို့တော် အုပ်ချုပ်ရေးမှူးသစ်၏ လာဘ်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ပယ်ချခဲ့ခြင်း ဖြစ်သည်။

မကြာသေးခင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး နယူးဒေလီမြို့တော် အုပ်ချုပ်ရေးမှူးအဖြစ် ၄၉ ရက်ကြာ သက်တမ်းသာ ရှိသေးပြီး ၎င်းတင်သွင်းသော လာဘ်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ကန့်ကွက်ခဲ့ပါက ရာထူးမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ထားပြီး ယခု နုတ်ထွက်စာ တင်ခဲ့ခြင်းလည်း ဖြစ်သည်။
“လာဘ်စားမှု တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ ကျွန်တော့်ရဲ့ ကြိုးပမ်းမှုကို ပါတီကြီးနှစ်ခုက ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့က ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်း၏ပါတီ Aam Aadmi Party ဌာနချုပ်ရှေ့တွင် ၎င်းကို ထောက်ခံသူများကို မိန့်ခွန်း ပြောကြားခဲ့သည်။

လာဘ်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့သော Aam Aadmi Party ပါတီသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသော နယူးဒေလီမြို့တော် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၂၈ မဲဖြင့် အနိုင်ရရှိခဲ့သည်။

အမတ်နေရာ ၇၀ ရှိသော နယူးဒေလီမြို့တော် လွှတ်တော်တွင် အစိုးရဖွဲ့နိုင်သည့် လွှတ်တော်အမတ် အရေအတွက်ကို မည်သည့်ပါတီကမျှ ရရှိခြင်း မရှိခဲ့ဘဲ BJP ပါတီက ၃၁ နေရာ၊ INC ပါတီက ရှစ်နေရာသာ ရရှိခဲ့ပြီး ပါတီသစ် Aam Aadmi Party က အမတ်နေရာ ၂၈ နေရာအထိ ရရှိခဲ့သည်။

Credit To : The Voice Weekly

ဝိဥာဉ် ခေါ်ပြီး မဲဆွယ် တဲ့ အပေါစား စည်းရုံးရေးနဲ့ NLD

Posted by drmyochit Sunday, February 16, 2014, under | No comments



မြန်မာပြည် နိုင်ငံရေးအတွင်းမှာ ရဟန်းတော်တွေ လူတွေတင် မဟုတ်ဘူး နတ်ကတော်တွေ နတ်စိမ်း
တွေ မြေဖုတ်တစ္ဆေတွေပါ ရာနောပါလာပြီ ........ ။

မန္တလေး ဟောပြောပွဲစင်မြင့်ထက်က စာရေးဆရာ မောင်သွေးသစ်က နတ်ဝင်ပြီး ဟောပြောသွားတဲ့
အကြောင်း တွေ့လိုက်ရပါတယ် .... ။

ကန်တော့ပွဲ တစ်ပွဲကို ရှေ့ချပြီး ဗိုလ်ချုပ်ဝိညဉ်ကို ပူးကပ်စေအောင် ခေါ်ပြီး ၄င်းဝိညဉ်က NLD ကို
မဲပေးစေဖို့ ပြောသွားကြောင်း လည်း သိရပါတယ် ။

ယုတ္တိယုတ္တာမဲ့လွန်းပြီး လူတွေကို အကြောင်ရိုက် စေတယ်လို့ မြင်မိပါတယ် ။ ဆိုပါစို့

မောင်းသွေးသစ် ခေါ်လိုက်တဲ့ ၀ိညဉ်က ပူးကပ်ပြီး NLD ကို မဲပေးဖို့ အမှန်တကယ် ပြောသွားတယ်ပဲ
ထားပါဦး ။ ဗိုလ်ချုပ်ဝိညဉ်ဆိုတာ ဘယ်လိုသက်သေ ပြမလဲ ။ ဗိုလ်ချုပ်မဟုတ်ပဲ လမ်းဘေးမှာ သေတဲ့
အရက်သမား တစ်ယောက်ရဲ့ ၀ိညဉ်ကော မဖြစ်နိုင် ဘူးလား ........ ။

ဒါတောင်မှ ဖြစ်နိုင်ချေ ရှိလွန်းမှ ပြောတာပါ တကယ့်တကယ် ဖြစ်နိုင်ချေ ရှိဖို့ကလည်း
၉၉% လောက် မသေချာမရေရာပါဘူး .............. ။

ကဲ .. နောက်တစ်ဆင့်တက်ကြပါစို့ ၀ိညဉ်ပူးတာလည်း ဟုတ်တယ် ။ဗိုလ်ချုပ်လည်း
ဟုတ်တယ် ဆိုရင် ။ ကျနော်တို့ လေးစားတဲ့ ဗိုလ်ချုပ်က ပြိတ္တာခေါ် လမ်းဘေး ၀ိညဉ်တစ်ကောင်
ဖြစ်နေတယ်လို့ ဆိုလိုချင်တာလား........ ။

ဒါဟာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အရာ မဟုတ်ပါဘူး လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး
ဒါဟာ ဗိုလ်ချုပ်ရဲ့ သိက္ခာကို စော်ကားသလို ပြည်သူတွေကို လိမ်ရာလည်း ကျပါတယ် .... ။

ဝိညဉ်ပူးကပ်ခြင်း လက္ခဏာကို ကျနော် အနည်း ကျဉ်း ရှင်းပြချင်ပါတယ် ။ အမှန်တကယ် ၀ိညဉ်
ပူးကပ်ခံရပါက ။ ပူကပ်ခံရသူဟာ ပုံမှန်အခြေအနေမှ လုံးဝ ပြောင်းလဲသွားပါတယ် ။

၁ ။ ခန္ဒာကိုယ်တစ်ခုလုံး တုန်ခါနေပါတယ်

၂ ။ မျက်စေ့မှိတ်သော် တင်းတင်းကြပ်ကြပ် စုံမှိတ်ပါတယ်

၃ ။ မျက်စေ့ဖွင့်သော် တစ်နေရာတည်းကိုသာ စူးစိုက်ကြည့်တတ်ပါတယ်

၎ ။ အပူကပ်ခံသူ၏ ပင်ကိုယ် အသံနေအသံထား ပျောက်ပြီး ပူးဝင်လာသူ၏ အသံသို့ ပြောင်းလဲသွားတတ်ပါတယ် (အနီးစပ်ဆုံး အသံသြ) သွားပါတယ် ။

၅ ။ ပူးကပ်ချိန် ပြောခဲ့ပြီးသော စကားကို ပြန်မမှတ်မိပါ

၆ ။ သရေယိုတတ်ပါတယ်

၇ ။ ပြန်ထွက်သွား ချိန်တွင် အပူးကပ်ခံသူသည် ရုပ်သေးကြိုးပျက်ပမာ ရှိပါတယ်

၈ ။ ပူးကပ်ရာမှ ပြန်ထွက်ခါနီး ကျို့ထိုးတတ်ပါတယ်

ဒီလိုလက္ခဏာတွေ ပြမှ ၀ိညဉ်ပူးကပ်တယ်ဆိုတာ ယုံနိုင်ဖွယ်ရာရှိပါတယ်

သို့ပေမဲ့ မသေချာတဲ့ အကြောင်းတစ်ခု ပြောပါမယ် ။ ၀ိညဉ်တစ်ကောင်ကို ခေါ်ပြီး ပူးကပ်စေတဲ့အခါမှာ ခေါ်သူ၏ အနီးတ၀ိုက်မှာ ကျင်လည် ကျက်စားနေတဲ့ ၀ိညဉ်များစွာထဲမှ တစ်ကောင်ကောင် ပူးကပ်ဟန်ဆောင် ခံရနိုင်ခြင်းလည်း ဖြစ်တတ်ပါတယ် ။

မည်သို့ပင်ဆိုစေ နိုင်ငံရေးမှာ ယ္ခုလို အပေါစားဆန်ဆန် လုပ်ကွက်မျိုးပြပြီး မဲဆွယ်တယ် ဆိုကတည်းက အဲဒိလူတွေကလည်း အပေါစားတွေ ဖြစ်ကုန်ပါတယ် ။

နိုင်ငံရေး ပုံရိပ်ကောင်းလျှင် ဘယ်ဝိဥာဉ်မှ ခေါ်ပြီး မဲစွယ်စရာလည်း မလိုပါဘူး ။ နိုင်ငံရေးပုံရိပ် ကောင်းကြောင်း ပြချင်လို့ ခေါ်ခါမှ အဲဒီပါတီက မကောင်းဆိုးဝါး ပါတီလို့တောင် သတ်မှတ်ခံရဖွယ် ရှိပါသေးတယ် .... ။

တကယ်လို့ လူတွေကို ယုတ္တိရှိရှိနဲ့ လိမ်လည် မဲစွယ်ချင်ပါက အကောင်းဆုံးနည်းကတော့ မျက်လှည့်ဆရာ စက္ကောမကို ခေါ်ပြီး မဲစွယ်ပါက ပရိသတ်လည်း အပျင်းပြေပြီး မဲစွယ်မှုလည်း အောင်မြင်နိုင်ကြောင်း
အကြံပြုလိုက်ပါစေ ခင်ဗျာ ....... ။

လိမ်မယ်ဆိုလည်း ယုတ္တိရှိရှိ လိမ်စမ်းပါဗျာ

ထက်နေခ

Photo Credit = ကိုဂျွန်

၁၀ တန်းကျောင်းသူကို ချစ်သူများနေ့တွင် တည်းခိုခန်းခေါ်သည့် လူငယ် အမှုဖွင့်ခံရ

Posted by drmyochit Sunday, February 16, 2014, under | No comments


Sunday, February 16, 2014

ရန်ကုန် ၊ မဇ္ဈိမ

ချစ်သူများနေ့ (Valentine's Day) ညတွင် အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူကို တည်းခိုးခန်းသို့ ခေါ်ဆောင် အိပ်စက်ခဲ့သည့်  လူငယ် တစ်ဦးကို မိန်းကလေးမိခင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် တိုင်တန်း လိုက် သဖြင့် မြောက်ဥက္ကလာပရဲစခန်းက အမှုဖွင့် စစ်ဆေးလျှက်ရှိသည်။

အဆိုပါ အမှုတွင် အသက် ၁၅ နှစ်ရှိ ၁၀ တန်းကျောင်းသူမှာ ကျောင်းသွားရာမှ ပြန်လည်ရောက်ရှိလာခြင်း မရှိ သဖြင့် မိခင်ဖြစ်သူက လိုက်လံရှာဖွေခဲ့ရသည်ဟု ဆိုထားသည်။

ထို့နောက် ည ၂ နာရီအချိန်တွင် သမီးဖြစ်သူကို မောင်အောက်ထက်ပိုင် (စိစစ်ဆဲ) ၊ မြောက် ဥက္ကလာပ မြို့နယ် (စ) ရပ်ကွက်နေသူနှင့်အတူ (ဋ)ရပ်ကွက်ရှိ မဟာကျိန်သစ္စာရှင်  ဘုရားရှေ့ တွင် ပြန်လည်တွေ့ ရှိခဲ့ သည်။

ထို့ကြောင့် လှမ်းခေါ်ရာ အောင်ထက်ပိုင်မှ ထွက်ပြေးသွားသဖြင့် သမီးဖြစ်သူကို နေအိမ်သို့ ပြန်လည် ခေါ်ဆောင် လာပြီး မေးမြန်းရာ အောင်ထက်ပိုင်မှာ သူမချစ်သူဖြစ်ပြီး ညနေ  ၆ နာရီ အချိန်က (ဋ)ရပ်ကွက်ရှိ တည်ခိုးခန်းတွင် အတူနေထိုင်ခဲ့ကြောင်း သိရှိရသည်ဟု တရားလိုက ရဲတိုင်ရာတွင် ပြောပြ ထားသည်။

ထို့ပြင် သမီးဖြစ်သူ ဝတ်ဆင်ထားသည့် ရွှေနားကပ်(၁)ရံနှင့် ရွှေလက်စွပ်(၁)ကွင်း၊ စုစုပေါင်း တန်ဖိုး (၈၀၀၀၀) ကျပ် ကိုလည်း အောင်ထက်ပိုင်က ရယူထားသည်ဟု ဆိုထားသည်။

ထို့ကြောင့် အုပ်ထိန်းသူ ခွင့်ပြုချက်မရဘဲ ဆောင်ယူသူ အောင်ထက်ပိုင်ကို အရေးယူပေးရန် မိန်းကလေး မိခင်ဖြစ်သူက အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ယင်းတိုင် တန်းမှုကို (ပ)၁၂၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ထွက်ပြေးသွားသူကို ဖမ်းဆီးစစ်ဆေးရန် ဆောင်ရွက် နေ ကာ ဖမ်းဆီးရမြိ့ပီး ပြစ်မှုထင်ရှားကြောင်း တွေ့ရှိပါက ပုဒ်မ ၃၆၃ ဖြင့်  အရေး ယူ မည်ဟု ဆိုထားသည်။

Mizzima - News in Burmese

မန္တလေးတိုင်းအတွင်း လူဦးရေ လေးသောင်းကျော်သာ ဝင်ငွေခွန်ဆောင်ဟုဆို

Posted by drmyochit Sunday, February 16, 2014, under | No comments


မန္တလေး၊ ဖေဖော်ဝါရီ ၁၅

မြန်မာနိုင်ငံ အထက်ပိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်မြင့်တက်လာသော တိုင်းတစ်တိုင်းဖြစ်သည့် မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေသိန်း ၆၀ အနက် ဝင်ငွေ ခွန်ဆောင်သည့် လူဦးရေမှာ ၄၄,၈၉၂ ဦးသာ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသော မြို့ခံအခွန်ထမ်း ပြည်သူများနှင့် အခွန်ကိစ္စ ရှင်းလင်းပွဲတွင် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှု GDP အချိုးနှင့် ဝင်ငွေခွန်ဆောင်သည့် လုပ်ငန်းများမှ ဝင်ငွေခွန် အခွန်ကောက်ခံရရှိမှု အနေအထား နှိုင်းယှဉ်ကြည့်လျှင် ၂၀၁၂ -၂၀၁၃ ခုနှစ်တွင် ၀ ဒသမ ၂၅ ရာခိုင်နှုန်းသာ ရှိကြောင်း၊ တိုင်းအစိုးရ အနေနှင့် လူထုအတွက် လိုအပ်နေသည့် ရေ၊ မီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် အခြားလူထုနှင့် သက်ဆိုင်သော ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီးပွားရေး မောင်းနှင်အားဖြစ်သည့် အခွန်စနစ် ပီပြင်ရန် လိုအပ်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အခွန်စနစ် ပီပြင်မှသာလျှင် အလုပ်အကိုင် ဖန်တီးမှုနှင့် လူနေမှု အဆင့်အတန်း မြင့်မားလာမည် ဖြစ်သောကြောင့် နိုင်ငံတော် အစိုးရက သတ်မှတ်သည့် အခွန်နှုန်းထားများ ပေးဆောင်ရန် တာဝန်ရှိသည့်အပြင် အခွန်ဆောင်သည့်အတွက် အခွင့်အရေးနှင့် မက်လုံးများပါ ဒွန်တွဲလာမည်ဟု ဆိုသည်။
“အခွန်စနစ်ပီပြင်မှ နိုင်ငံရဲ့ စီးပွားရေး အသွင်ကူးပြောင်းမှု ကောင်းမွန်စွာ ဆောင်ရွက်နိုင်မယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်း အခွန်ဦးစီးဌာန အနေနှင့် နေ့စဉ်နေ့တိုင်း အခွန်ထမ်းအသစ်များ ပေါ်ပေါက်လာအောင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ ရှိကြောင်းနှင့် အခွန်နှင့် ပတ်သက်သည့် အသိပညာပေး ရှင်းလင်းမှုများလည်း ဆောင်ရွက်ပြုလုပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းဇော်ဝင်းက ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရက မန္တလေးတိုင်းဒေသကြီးအတွင်း ဘဏ္ဍာနှစ်အလိုက် ကောက်ခံရရှိသည့် အခွန်ငွေများနှင့် ပတ်သက်ပြီး သုံးစွဲပုံ သုံးစွဲနည်းများကို မန္တလေးတိုင်းအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များက လည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက လိုက်လံရှင်းပြသည့် နည်းဖြင့် လည်းကောင်း မီဒီယာများမှတစ်ဆင့် ပွင့်လင်းမြင်သာစွာ ချပြခြင်းဖြင့် ပြည်သူများ တာဝန်သိသိနှင့် အခွန်ထမ်းဆောင်ခြင်းများ ဖြစ်ပေါ် လာစေရန် စည်းရုံးသင့်သည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခွန်ကိစ္စ ရှင်းလင်းပွဲကို တက်ရောက်လာသည့် မန္တလေးမြို့ခံ ကုန်သည်အချို့က ပြောကြားသည်။

“တိုင်းအတွင်း အခွန်ထမ်းဆောင်သူ ဦးရေနည်းတာက အခွန်စနစ် မပီပြင်လို့ပေါ့။ ပီပီပြင်ပြင် ဖြစ်အောင် အခွန်ဥပဒေပြင်ဆင်မှု လုပ်နေတယ်ဆိုတာ သိထားတယ်” ဟု အခွန်စနစ်နှင့် ပတ်သက်ပြီး သုတေသန ပြုလုပ်နေသော မန္တလေးမြို့ခံ စာရေးဆရာ ဦးဝင်းဖေမောင်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းအတွင်းရှိ ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်ငွေများဖြင့် ၂၀၁၂ခု-၂၀၁၃ ခုနှစ် ဘဏ္ဍာငွေတွင် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၈၂ ဘီလီယံ အသုံးပြုခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ် ဖြစ်သည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးတွင် ကျပ်သန်းပေါင်း ၁၄၂ ဘီလီယံ အသုံးပြုရန် အစီအစဉ်ရှိကာ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၁ မြို့နယ် ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

Saturday, February 15, 2014

လူ့အခွင့်အရေးဆရာကြီး ကင်တိန်းနားမှ သူ့အား ဆန္ဒပြသူများကို ဖမ်းဆီးရန်တောင်းဆို

Posted by drmyochit Saturday, February 15, 2014, under | No comments


မနေ့က (၁၄-၂-၁၄) ကင်တိန်းနား ရခိုင်သို့လာရောက်သည်ကို ရခိုင်ပြည်သူများက ကင်တိန်းနား GET OUT ဟုဆန္ဒထုတ်ဖေါ်ကြသည်ကို ကင်တိန်းနားက တွေ့မြင်သည့်အတွက် တာဝန်ရှိသူများအား “ငါ့ကိုကန့်ကွက်ဆန္ဒ ထုတ်ဖေါ်နေကြသည်ကို မည်သည့်အတွက်ကြောင့် မဟန့်တား၊မဖမ်းဆီး ကြသနည်း” မေးမြန်းသည်ဟု သိရှိရပါသည်။

တာဝန်ရှိသူများမှ ဖြေကြားလိုက်သည်မှာ ခင်ဗျားတို့ လူအခွင့်အရေးကိုယ်စားလှယ် တစ်ယောက်အနေဖြင့် ယခုကဲ့သို့ မိမိဆန္ဒကို လွတ်လပ်စွာထုတ်ဖေါ်နေကြသူများအား ပိုပြီးလေးစားလက်ခံရမည်ဖြစ်ပါကြောင်း၊ ယခုလည်း သူတို့၏ဆန္ဒကို ငြိမ်းချမ်းလွတ်လပ်စွာ ထုတ် ဖေါ်နေကြခြင်းဖြစ်သည့်အတွက် ကျွန်တော်တို့အနေဖြင့် လူ့အခွင့်အရေးကို လေးစားသောအားဖြင့် ဖမ်းဆီးနေစရာလိုမည်မထင်ပါကြောင်း၊ လူကြီးမင်း၏ အသက်ဘေးအန္တရယ်အတွက် မိမိတို့က လုံခြုံရေးအပြည့်အ၀ဖြင့် စောင့်ရှောက်ပေးရမည်မှာ မိမိတို့တာဝန်သာ ဖြစ်ကြောင်း
၊ ပြန်လည်ပြောဆိုလိုက်သည့်အတွက် ထိုအကြောင်းအရာအား ဆက်လက် မပြောဆိုတော့ကြောင်း” ဟု အမည်မဖေါ်လိုသော တာဝန်ရှိသူ တစ်ဦးပြောပြ၍သိရှိရပါသည်။

Aung Mra Kyaw
ပုဂံအွန်လိုင်းမီဒီယာ

14.2.2014 to 20.2.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Saturday, February 15, 2014, under | No comments


တနင်္ဂနွေ

ကံဇာတာကောင်း၏။ လိုအင်ဆန္ဒတွေ ပြည့်ဝမည်။ အချစ်ဟောင်းနှင့် ပြန်ဆုံမည်။ အချစ်လက်ဆောင်တွေ ရမည်။ မမျှော်လင့်ဘဲ ခရီးထွက်ဖြစ်မည်။ မရည်ရွယ်ဘဲ လက်ထပ်ဖြစ်မည်။ ရာထူးတက်၊ လစာတိုးမည်။ ကြီးသူ၁ဦး ချူချာမည်။ စက်ပစ္စည်း ဝင်ထွက်မည်။ မြေရောင်း၊ ဝယ်ဖြစ်မည်။ စာမေးပွဲအောင်မည်။ ကြိုးစားမှုကောင်းသည်။

အကျိုးပေးဂဏန်း - ၁၊၅၊၇။

အထူးဟော - အားလုံးokမည်။

ယတြာ - အုန်းဆွမ်း ဘုရားကပ်လှူပါ။



တနင်္လာ

ပြောတော့တမျိုးလုပ်တော့ တခြားဘဲ အတိုက်အခံတွေ ကျော်လွှားနိုင်မည်။ စီးပွားရေး အောင်မြင်မှုတွေ ရမည်။ အချစ်ရေးကောင်းမည်။ လက်ဆောင်လှလှလေး မုချရမည်။ ယခုရက်ပိုင်းအတွင်း သင်ကံကောင်းပြီ။ သင်လုပ်သမျှတွေ အားလုံး အဆင်ပြေမည်။ ပညာရေးကြိုးစားမှုတွေ အထူးအောင်မြင်မည်။ ချစ်သူအသစ်တိုးမည်။ ခြေ၊ လက်အဖျားပိုင်းတွေ အနာရတတ်သည်။ ဂရုစိုက်ပါ။ ခရီးယာယီတွေ ရောက်မည်။ ကတိ၁ခု လွယ်လွယ်မပေးနှင့်။ လူပေါင်းမှားတတ်သည်။ ဆင်ခြင်ပါ။ လူယုံမထားသင့်ပါ။ စိတ်ဆိုးနေသော ချစ်သူ ပြန်ရောက်လာမည်။

အကျိုးပေးဂဏန်း - ၂၊၄၊၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - တနင်္လာနေ့တွင် ငါးလေးတွေ အစာကျွေးပါ။

အင်္ဂါ

သူများအရှုပ်၊ ကိုယ့်အရှုပ်ဖြစ်တတ်၏။ လူပေါင်းမှားမည်။ လူလိမ်၊ ငွေလိမ်ခံရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးကောင်းသည်။ ချစ်သူတွေ ပိုများလာမည်။ အချစ်လက်ဆောင် ၁ခုမက ရမည်။ ရုတ်တရက် ကား၊ ဆိုင်ကယ်ခိုက်မိတတ်၍ ဂရုစိုက်ပါ။ ပညာရေးအောင်မြင်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ ရာထူးတက်မည်။ ကား၊ စက် ပြောင်းလဲဖြစ်မည်။ အိမ်ထောင်သည် တို့လည်း ဤအပတ်အတွင်း ကျန်းမာရေးဝမ်းဗိုက် ဂရုစိုက်ပါ။ စပ်တူရှယ်ယာ အကျိုးမပေးပါ။ ငွေလိမ်ခံရတတ်သည်။

အကျိုးပေးဂဏန်း - ၈၊၃၊၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - အင်္ဂါနေ့နံနက်တွင် အင်္ဂါနံဘုရားကို အောင်သပြေ၁၀ညွန့်လှူပါ။

ဗုဒ္ဓဟူး

ကံဇာတာဆက်တိုက် ကောင်းနေမည်။ အချစ်ရေးပိုများလာမည်။ စိတ်လေမည်။ ချစ်သူထံမှ စာ၊ လက်ဆောင်ရမည်။ စာမေးပွဲအောင်သည်။ စကားပြောဆင်ခြင်ပါ။ လူခင်ချင်း စိတ်ဝမ်းကွဲမည်။ ခရီးယာယီတွေ ရောက်မည်။ ရွှေတို့ဝင်မည်။ ပစ္စည်း၊ ငွေကြေးပျောက်ကိန်း ရှိ၍ ဂရုစိုက်ပါ။ အရင်းနှီးဆုံးသူငယ်ချင်းနှင့် စိတ်ဝမ်းကွဲမည်၊ အထင်လွဲမည်။ ပြန်အဆင်ပြေမည်။ စပ်တူရှယ်ယာ စီးပွားရေးမလုပ်သင့်ပါ။ စိတ်လေနေမည်။ လုပ်ငန်းအားလုံးအောင်မြင်မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျကိန်း ရှိသည်။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်သည်။ သတိထားပါ။

အကျိုးပေးဂဏန်း - ၄၊၉၊၆။

အထူးဟော - အားလုံးအောင်မြင်မည်။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် မြတ်စွာဘုရားရင်တော်ကို ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး

ရည်ရွယ်ချက်တွေ များနေပြီ။ အလုပ်တွေ များနေမည်။ လုပ်ငန်းတွေ အဆင်ပြေမည်။ စာမေးပွဲတွေ အားလုံးအဆင်ပြေမည်။ အင်တာဗျူးတွေ အောင်မြင်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေမည်။ ချစ်သူထံမှ လက်ဆောင်ရမည်။ ကွက်ကျော်မြင် အကဲခတ်ကောင်းသော်လည်း ကိုယ့်စိတ်ကို မပိုင်ပါ။ လွတ်လပ်စွာ လုပ်ကိုင်ရခြင်း ဝါသနာပါသော်လည်း မှားမှာစိုးရိမ် နေရတတ်သည်။ လူခင်ချင်း စိတ်ဝမ်းကွဲပြီး ပြန်ခေါ်မည်။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၂။

အထူးဟော - အောင်မြင်မည်။

ယတြာ - ကြာသပတေးနေ့ နံနက်တွင် ပေါက်ပေါက်ပွင့်လှူပါ။

သောကြာ

တယူသန်၊ တဇွတ်ထိုးလုပ်ဆောင်မှုတွေ ရပ်တန့်ပါ။ မိတ်ဆွေကို ရန်သူထင်တာတွေ လျှော့လိုက်ပါ။ ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေတာ အဓိပ္ပာယ်မရှိဘူးဟု မှတ်ပါ။ အကြီးကဲ အထင်လွဲခြင်း ခံရတတ်၍ ဆင်ခြင်ပါ။ ချစ်သူဟောင်း၏ လက်ထပ်မင်္ဂလာ ဆောင်ရန် တောင်းဆိုမှု ဖြစ်လာမည်။ သူများအိမ်ထောင်ရေးကို မနှောင့်ယှက်ပါနှင့်။ စကားပြောဆင်ခြင်ပါ။ အချစ်လက်ဆောင်ရမည်။ ကျန်းမာရေးချူချာ တတ်သည်။ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၆၊၉၊၄။

အထူးဟော - အားလုံးအဆင်ပြေမည်။

ယတြာ - သောကြာနေ့ တွင် ဘုရား၊သံဃာတော်ကို အုန်းဆွမ်း ကပ်လှူပါ။

စနေ

အားလုံးကံကောင်းနေပြီ။ စာမေးပွဲတွင် အမှတ်ကောင်းနှင့် အောင်မြင်မည်။ အင်တာဗျူးတွေ အောင်မြင်မည်။ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်မည်။ စွန့်ခွာပြီးချစ်သူထံမှ လက်ဆောင်ရမည်။ ကိုယ့်ထံပြန်လာလိမ့်မည်။ မလွတ်လပ်သောသူ ထံမှ လက်ဆောင်ရခြင်း၊ ချစ်ရေးဆိုခြင်း ခံရမည်။ စကားပြောဆင်ခြင်ပါ။ ရည်ရွယ်ချက်များမည်။ ၁ခုပြီး၁ခုလုပ်ပါ။ အောင်မြင်မည်။ သင့်ဆန္ဒတော့ သင့်မိသားစုက နံပါတ် ၁ ဟုမှတ်သားခြင်းဖြစ်ပါသည်။ မိဘကို ငဲ့သည်။ အနစ်နာခံသူ ဖြစ်ပါသည်။ အန္တရာယ်ကင်းပါသည်။ ခြေ၊ လက်ဖျားပိုင်း ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၇၊၂၊၉။

အထူးဟော - အောင်မြင်မည်။

ယတြာ - စနေနေ့ နံနက်တွင် လမ်းသန့်ရှင်းရေး လုပ်ပါ။

ဒေါက်တာထွန်းလင်း - ဘုတလင်( GOLD MEDALIST) 
မြစ်မခမီဒီယာ

ပဋိဇိဝဆေးဝါးများနှင့် နွားနို့အန္တရာယ် (ကျန်းမာရေးအတွက် မည်သူမဆိုမျှဝေယူပါ)

Posted by drmyochit Saturday, February 15, 2014, under | No comments


- ဆေးဝါးများကို နွားနို့နှင့်တွဲဖက် မသောက်သင့်ပေ။

- ရောဂါတစ်ခုခုအတွက် ခံတွင်းမှ မျိုချသောက်သုံးလိုက်သော သောက်ဆေးများကို အစာအိမ်မှ အက်စစ်ဓာတ်ပြု၍ အစာခြေဖျက်ပေးပြီး သက်ဆိုင်ရာ ရောဂါထံသို့ သွေးစီးကြောင်းများမှတစ်ဆင့် အနာနှင့်ဆေး တွေ့စေ၍ဝေဒနာသက်သာ လာစေပါသည်။

- နွားနို့တစ်မျိုးတည်းသာ သောက်ပါက နို့ထဲတွင်ပါရှိသော ကယ်လ်စီယမ်နှင့် အဟာရဓာတ်တို့ကို အစာအိမ် ဓာတ်ပြု၍ ခွန်အားဖြစ်စေသည်မှာ မှန်သော်လည်း အကယ်၍ တက်ထွာဆိုက္ကလင်း ( tetracycline ) အပါအ၀င် ၎င်းနှင့် အာနိသင်တူသော ပဋိဇိဝဆေးဝါးများကို နွားနို့ဖြင့် ရောသောက်မိပါက နို့ထဲတွင်ပါရှိသော ကယ်လ်စီယမ်ဓာတ်သည် ဟန့်တားစေသော အစွမ်းရှိသဖြင့် ဆေးမတိုးစေနိုင်တော့ပေ။

- ထို့အတူ ကော်ဖီ၊ လက်ဖက်ရည်နှင့် အချိုရည်တို့တွင်ပါရှိသော ကဖိန်းဓာတ်များကလည်း ခန္ဓာကိုယ်မှ ဆေးဝါးကို စုပ်ယူနိုင်မှု နှောင့်နှေးစေသည်။

- ဆေးဝါးအတွက် သောက်ရေတစ်မျိုးတည်းဖြင့် သောက်သုံးခြင်းသည်သာ အမှန်ကန်ဆုံးဖြစ်ပြီး အစာမစားခင် ( သို့မဟုတ် ) စားပြီး နောက်ပိုင်း ဆေးဝါးသောက်သုံးခြင်းက အကောင်းဆုံးဖြစ်ပါကြောင်း အိန္ဒိယ မှ Dr.Sharib Azmi မှ Daily Health Tips တွင် အကြံပြုထားပါသည်။

တင်ထက်ထက်ဇော် (ကြေးမုံ)
Credit To :ပေါက်ခေါင်းသတင်း

အမေရိကန်ကားပြတိုက်၌ ဧရာမမြေကျွံတွင်းကြီးပေါ်ထွက်

Posted by drmyochit Saturday, February 15, 2014, under | No comments


ဘိုးလင်းဂရင်း၊ ဖေဖော်ဝါရီ- ၁၄

အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ် အမျိုးသားကားပြတိုက်တစ်ခုတွင် ဧရာမမြေကျွံ တွင်းကြီး တစ်ခု ရုတ်တရက်ပေါ်ထွက်ခဲ့ရာပြသထားသည့် အဖိုးတန်ရှားပါး မော်တော်ယာဉ်များ မြေကျွံတွင်းအတွင်း
နစ်မြုပ် ခဲ့ရကြောင်း ဖေဖော်ဝါရီ ၁၄ ရက် သတင်းများ၌ ဖော်ပြသည်။

ပြတိုက်အတွင်း ပေါ်ထွက်လာသော မြေကျွံတွင်းကြီးမှာ အနက်ပေ ၂၀ မှ ပေ ၃၀ အထိရှိပြီး အချင်းပေ ၄၀ ကျယ်ဝန်းကြောင်းအမျိုးသားကော်ဗက်ကားပြတိုက် တာဝန်ရှိသူများကပြောကြားသည်။

မြေကျွံတွင်းထဲကျရောက်ခဲ့သော ရှားပါးမော်တော်ယာဉ်ရှစ်စီးအနက်ခြောက်စီးကို ပြတိုက်က ပိုင်ဆိုင်ပြီးနှစ် စီးမှာ ဂျင်နရယ်မော်တာကုမ္ပဏီမှငှားရမ်းပြသထားသည့် ကားများဖြစ်ကြောင်း သတင်းများ တွင်ဖော်ပြ ထားသည်။ ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သောမြေကျွံ ၀င် မှုဖြစ်စဉ်ကြောင့် ဒဏ်ရာ ရရှိသူ တစ်ဦး တစ်ယောက်မျှ မရှိခဲ့ကြောင်း ပြတိုက်တည်ရှိရာဘိုးလင်းဂရင်းမြို့ ရဲတပ်ဖွဲ့ကပြောကြားသည်။

မြေကျွံကျွင်းထဲကျရောက်မည့် အန္တရာယ်ရှိနေသောရှားပါးမော်တော်ယာဉ် တစ်စင်းကို ပြတိုက် တာဝန် ရှိသူများ ကနေရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ဒေါ်စု သမ္မတ ဖြစ်ရေး ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ ဗြိတိန်စစ်ဘက်နှင့် ဆွေးနွေးခဲ့ ဟု ဆို

Posted by drmyochit Saturday, February 15, 2014, under | No comments


Friday, February 14, 2014

ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ် ၁ နာရီ က ပြည်သူ့လွှတ်တော် ၀င်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင် I-12 တွင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား Nicky Bray, Air Commodore (UK OF 6) မှ လာရောက်တွေ့ဆုံရာ ၂၀၁၅ တွင် သမ္မတရာထူး ရရှိနိုင်ရေး မည်သို့ ကူညီဆောင်ရွက်နိုင်မည်ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် မြန်မာ့တပ်မတော်အား နားချနိုင်ရေး ဗြိတိန်နိုင်ငံက အရှိန်မြှင့်တင်ဆောင်ရွက်ပေးမည့် အခြေအနေများကို မေးမြန်းခဲ့ပြီး ဗြိတိန်တပ်မတော်က မြန်မာ့တပ်မတော်သည့် ကိုလိုနီလက်အောက်ခံ ဖြစ်၍ စည်းမျဉ်းစည်းကမ်းများမှာ ယင်းတို့ ချပေးခဲ့သည့်အတိုင်းသာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တပည့် ဟု ဆိုလျှင် ရနိုင်ကြောင်း၊ သို့သော် လက်ရှိအနေအထားတွင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို ခေါင်းဆောင်မှုပေးနိုင်သည် ကို ပေါ်လွင်ထင်ရှားစေရန် ဗြိတိန် တပ်မတော်က ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်အရာရှိများကို ဗြိတိန်တွင် လေ့လာရေး
ခရီးများ ခေါ်ယူပြီး နားချနိုင်ရန် ကြိုးစားမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအတွင်းရေးမှူးက ပြောဆိုသည်။

"စစ်ဘက်ခေါင်းဆောင်တွေ ကျွန်တော်တို့ ဥက္ကဌကို လာတွေ့တယ် ဆိုတာက အကြောင်းမဲ့တော့ ဘယ်ဟုတ်ပါ့မလဲ။ သမ္မတ ဖြစ်ဖို့ ဘာတွေ ကူညီပေးရမလဲ ဆိုတာကို လာပြောတာ၊ ဥက္ကဌ သားတွေကိုလည်း ဗြိတိန်အစိုးရက အထူးဂရုစိုက်ကြောင်းလည်း ပြောသွားသေးတယ်" ဟု ၄င်းက ပြောဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ ဤသည်မှာ မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် သဘောထားနေခြင်း ဖြစ်သည် ဟု ခံစားမိကြောင်း၊ ပြည်ပ စစ်တပ်များက မိမိတို့ စစ်တပ်ကို လွှမ်းမိုးနိုင်ရန် ဤသို့ ၄င်း၏နိုင်ငံသားများမှ တစ်ဆင့် ဆောင်ရွက်နေခြင်းသည် အန္တရာယ်ကြီးမားကြောင်း၊ အကယ်၍ ဒေါ်စုသာ သမ္မတ ဖြစ်လာခဲ့လျှင် စစ်ရေး၊ နိုင်ငံလုံခြုံရေးကိစ္စများ၌ ယခုကဲ့သို့ သူ့နိုင်ငံအား ဆရာတင်၍ ဆောင်ရွက်လာမည့်အရေးကိုလည်း စိုးရိမ်မိကြောင်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန် ကာဆီးထားသော ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်မပေးရန် နိုင်ငံတစ်ဝှမ်း မြိုကကြီးများတွင် သံဃာတော်များ နဲ့
မျိုးချစ်လူငယ်မျာ မှ ဆန္ဒထုတ်ဖော်မှုမျာလည်း ရှိနေသည်။

From: OE

တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက်ကောင်း

Posted by drmyochit Saturday, February 15, 2014, under | No comments


ဖေဖော်ဝါရီလ ၊ ၁၅-၂-၂၀၁၄ ၊ စနေနေ့

တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေးအတွက် ကောင်းကြောင်း လေ့လာချက် အသစ်အရ သိရသည်။
တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက် စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေးသည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစား ကို မြင့်တက် စေကြောင်း လေ့လာ ချက် အသစ်များအရသိရသည်။

တင်ပါးလုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကိုလည်း လျော့ချ ပေးနိုင်သည်။

ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း ထောက်ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာလိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။

အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက် ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။

သုတေသန ပညာရှင် ကန်စတန် တီနိုမန်လိုပိုးလောက်စ်က “ကျွန်မတို့ရဲ့ တင်ပါးနဲ့ ပေါင်တစ်ဝိုက်မှာ ရှိတဲ့ အဆီတွေ ဟာ ဝမ်းဗိုက်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေနဲ့ မတူပါဘူး။ ကျန်းမာရေး အတွက် ကောင်းတဲ့ ကိုလက် စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရော ရှိသလိုပဲ ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီဆိုတာ ရှိပါတယ်။

ခန္ဓာကိုယ်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေဟာ ခန္ဓာကိုယ် အထက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေနဲ့ မတူပါ ဘူး” ဟုဆို၏ ယခုတွေ့ရှိချက်အရ လူတစ်ဦး၏ ခါးနှင့် တင်ပါးအချိုးသည် ကိုယ်အလေးချိန်နှင့် အရပ် အမြင့် အချိုးဖြစ်သော BMI ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းရန် အသုံးဝင်သည်ဟု ဆိုသည်။ ဘီယွန်ဆေးနိုးသည် ဝသော်လည်း တင်ပါးနှင့် ပေါင်လုံးကြီးပြီး ကျန်းမာသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

ရောင်းစားခံရသူ သမီးကို ဖခင်က အင်တာနက်ဖြင့် ကယ်တင်

Posted by drmyochit Saturday, February 15, 2014, under | No comments


ရန်ကုန်၊ ဖေဖော်ဝါရီ ၈ -တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ သမီးဖြစ်သူကို ဖခင်က အင်တာနက် အဆက် အသွယ် ကနေ တစ်ဆင့် သိရပြီး ကယ်တင်နိုင်ခဲ့တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။ 

ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ယခင် တစ်ရွာတည်းနေထိုင်သူ သုံးဦးရောက်ရှိလာပြီး တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံမှာ တစ်လ ယွမ်ငွေ ၂၀ဝ၀ ခန့်ရမယ်၊ မြန်မာငွေနဲ့တွက်ရင် သိန်းချီရမယ်ပြောတာကြောင့် သမီးဖြစ်သူကို ထည့်ပေးလိုက်ကြောင်း သိရပါတယ်။ 

၂၀၁၃ ဧပြီမှာ သမီးဖြစ်သူကို ခေါ်ဆောင်သွားတဲ့ အဆိုပါမိသားစု ၎င်းတို့ကျေးရွာကို ပြန်လည် ပြောင်း ရွှေ့နေ ထိုင်လာ သဖြင့် သမီးဖြစ်သူနဲ့ ဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ်တောင်းပေမဲ့ မရရှိခဲ့ကြောင်း လူကုန် ကူးခံရ သူရဲ့ ဖခင်က ဆိုပါတယ်။ ၂၀၁၄ ဇန်နဝါရီလထဲမှာ အင်တာနက်မှတစ်ဆင့် သမီးဖြစ်သူနဲ့ အဆက် အသွယ် ရပြီး တရုတ်အမျိုးသားတစ်ဦးထံ ယွမ် ၆၀,ဝ၀ဝ နဲ့ ရောင်းစားခဲ့ကြောင်း သိရှိရပါတယ်။
၎င်းရဲ့ သမီးဖြစ်သူက ဖုန်းနံပါတ်ပေးတာကြောင့် အဆက်အသွယ်လုပ်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (မူဆယ်) ကို ဖခင်ဖြစ်သူက တိုင်ကြားခဲ့ပါတယ်။ 

တပ်ဖွဲ့စု (မူဆယ်)မှ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်ကယ်ဆယ်ခဲ့ပြီး ရောင်းစားခဲ့တဲ့ မိသားစုသုံးဦးကို (ပ) ၁၈/၂၀၁၄ ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈ (က) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ရောင်းစားခံရသူ အမျိုးသမီးငယ်ဟာ အသက် ၁၉ နှစ်သာရှိသေးပြီး ပြန်လည်ကယ်တင်ချိန်မှာ ကိုယ်ဝန် ရှစ်လရှိနေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Author: ရဲလင်းလင်းသန်း
Credit To :Kumudra

ဘဲဥနှင့်ငံပြာရည်ချက် စားပြီးနောက် ပေပင်ကြီးမှကျောင်းသားများ အစာအဆိပ်သင့်မှုဖြစ်ပွား

Posted by drmyochit Saturday, February 15, 2014, under | No comments


ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ပေပင်ကြီးကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ တက္ကသိုလ် ၀င်တန်း ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား ၊ကျောင်းသူ(၃၂)ဦးသည် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ နံနက်ပိုင်းက အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့ပြီး ပုသိမ်ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသမှု ခံနေရ သည်ဟု ပေပင်ကြီးဒေသခံများထံမှ သိရှိရသည်။

ဇန်န၀ါရီလ(၁)ရက်နေ့မှစတင်၍ ကျောင်းအိပ်ကျောင်းစားနေထိုင်ပြီး တက္ကသိုလ်ဝင်တန်းဝင်ရောက် ဖြေဆို ရန်ပြင်ဆင်နေသည့် အဆိုပါကျောင်းသား၊ကျောင်းသူများမှာ ထိုနေ့မနက်(၆)နာရီခန့်က နံနက်စာကို ထမင်း ကို ဘဲဥ၊ငံပြာရည်ချက်တို့ဖြင့် စားသောက် ပြီး နောက်ပိုင်းအစာ အဆိပ် သင့်မှုဖြစ်ပေါ် ခဲ့ခြင်းဖြစ် သည်။

“ဇန်န၀ါရီလ(၁)ရက်နေ့ကစပြီး ကျောင်းအိပ်ကျောင်းစားနဲ့ တစ်နေ့ကို ည(၁၁)နာရီအထိ စာကျက်ပြီး မနက် ၅နာရီမှာ အိပ်ယာ ထပြီးထပ်စာကျက်ရတယ်။ အဲ့ဒီလိုကျောင်းတတ် စာကျက်တဲ့ကျောင်းသား ကျောင်းသူတွေ ကို ကျောင်းမိဘတွေက အလှည့်ကျ မနက်စာချက်ကျွေးရပြီး အဲ့ဒီနေ့အလှည့်ကျ မနက်စာ က ဘဲဥနဲ့ ငံပြာရည်ချက်ကျွေးပြီး နောက်ပိုင်း တစ်ယောက် အန်တာကို မြင်တော့ နောက်ကျောင်းသား တွေမြင် ပြီးလိုက်ပြီးတော့၊ အော့ရယ်အန်ရယ် ဖြစ်ကုန်တာ”ဟု ပေပင်ကြီးကျေးရွာမှ ဦးသန်းဦးက ပြော သည်။

အစာအဆိပ်သင့်ဝေဒနာကို ကျောင်းသား၁၆ဦး၊ကျောင်းသူ ၁၆ဦး ခံစားခဲ့ရပြီးဖြစ်ပွားရာကျေးရွာသို့ တိုင်း အစိုးရ လူမှုရေးဝ န်ကြီးနှင့်အတူ ဒုတိယတိုင်းကျန်းမာရေးဦးစီးမှူးခေါင်းဆောင်သော ဆရာဝန်အဖွဲ့ မှစောင့် ရှောက်ကု သပေးနေပြီး စိုးရိမ်ရသူ ကျောင်းသား၁၀ဦးနှင့်ကျောင်းသူ၅ဦးကို ပုသိမ်ဆေးရုံသို့ တင်ပို့ကုသခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ညက စာကျက်ထားတော့ အားနည်းနေတာကြောင့်လည်း ဖြစ်တာ၊ ကျောင်းသားတိုင်းတော့ မဖြစ်ဘူး၊ ဖြစ်တဲ့ကျောင်းသား တွေကိုပုသိမ်ကို ဆက်ပို့ပြီးကုပေးထားတယ်”ဟု ပေပင်ကြီး အထက်တန်းကျောင်းခွဲမှ ဆရာဦးစိုးနိုင်က ပြောသည်။

ဝေဒနာခံစားခဲ့ရသော ကျောင်းသားကျောင်းသူများကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌမှ တစ်ဦးလျှင် ကျပ်တစ်သောင်း စီနှင့် ကန်ကြီးထောင့်မြို့နယ်၊ လွှတ်တော် ကိုယ်စားလှယ် ဦးချစ်လွင် မှကျောင်း သား (၁၅)ဦးအတွက် ငွေကျပ်တစ်သိန်း လှူဒါန်းခဲ့ကြပြီး ပုသိမ်မြို့ပေါ်ရှိ CSO အဖွဲ့များမှ လူနာရှင်များ၊ဆေးရုံဝန်ထမ်းများနှင့် ကူညီဆောင်ရွက်ပေးသူများအား ထမင်းဘူးများ ဝေငှလှူဒါန်း ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပုသိမ်ဆေးရုံကြီးသို့ ဧရာဝတီတိုင်းဒေသကြီးးဝန်ကြီးချုပ်ဦးသိန်းအောင်နှင့်တိုင်းအစိုး ရ အဖွဲ့ဝင် ၀န်ကြီး များ၊ ခရိုင်၊မြို့နယ်၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့များမှ လာရောက်ကူညီပံ့ပိုးမှုများလည်း ပြုလုပ်ခဲ့ကြသေးသည်။

BY မျိုးမင်းထွန်း ( မြစ်မခ )

ဦးခေါင်းဖြတ် အသတ်ခံရသည့် အမျိုးသမီးအမှုမှ ပြစ်မှုကျူးလွန်သူအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီး ရမိ

Posted by drmyochit Saturday, February 15, 2014, under | No comments


နေပြည်တော် ၊ ၁၅-၂-၂၀၁၄

လွန်ခဲ့သည့် တစ်နှစ်ခန့် က ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ရန်ကုန် - မန္တလေး ကားလမ်းဘေး ၌ ဦးခေါင်းဖြတ် အသတ်ခံ ရသည့် အမျိုးသမီး အမှုမှ ပြစ်မှု ကျူးလွန်သူအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်ဆင့် စစ်ဆေး ဖော်ထုတ်ခဲ့ မှုကြောင့် ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်း က ဖြူးမြို့နယ် သပြေလှ ကျေးရွာအနီး ရန်ကုန် - မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၁၃၉/၁-၂) အကြား၊ တံတားအမှတ် (၁၄ဝ/၁) ဇဟားချောင်း တံတား အနောက်ဘက် ချောင်းဘေးတွင် သွေးစွန်း နေသော ပီနံအိတ် အထုပ်တစ်ထုပ် အား တွေ့ရှိ သဖြင့် ဖြူးမြို့နယ် ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ ဦးခေါင်းမပါ ကိုယ်လုံးတီး အမျိုးသမီးအား ခြေလက်များ ကြိုးတုပ်လျက် တွေ့ရှိသဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ ကျောက်တံခါး မြို့နယ် တောကျွဲအင်းမြို့ အောင်ဇေယျ ရပ်ကွက်နေ မသန်းထွေး (၄၁)နှစ် ဖြစ်ကြောင်း သိရှိရပြီး ငွေတိုး ပေးသည့် လုပ်ငန်း လုပ်ကိုင်သူ ဦးတင်စိုး နှင့် လူမှုရေးအရ ငြိစွန်း ခဲ့ရာမှ ၄င်းက သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ် သိရှိရသဖြင့် ဦးတင်စိုး (၅၉) နှစ် အား အမှုဖွင့် ဖမ်းဆီး ထားကြောင်း သိရသည်။

စုံစမ်း စစ်ဆေးချက်များ အရ ၂ဝ၁၂ ခုနှစ် မေလ ခန့်တွင် မသန်းထွေး သည် ဘားအံမြို့မှ ပြန်လာစဉ် ငွေကျပ် သိန်း ၃ဝ ခန့်နှင့် ရွှေထည် ပစ္စည်း ပါလာကြောင်း၊ ထို့နောက် ခင်မင် ရင်းနှီးသူ တောကျွဲအင်းမြို့ နေ ဦးတင်စိုး နှင့် ဇနီးတို့ နေအိမ်တွင် လိုက်ပါ နေထိုင်ပြီး ပါလာသော ငွေများ အတိုးပွား ရရှိရန် ဦးတင်စိုး ထံတွင် အတိုးပေး ခဲ့ကြောင်း၊ ထိုနောက်ပိုင်း တွင် ဦးတင်စိုး နှင့် မသန်းထွေး တို့ ငြိစွန်း ခဲ့ကြောင်း၊ ဇနီးဖြစ်သူ ရန်ကုန်မြို့သို့ သွားရောက် နေသဖြင့် ဦးတင်စိုး တစ်ဦးတည်း နေအိမ်တွင် ရှိနေစဉ် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီခွဲခန့် တွင် မသန်းထွေး ရောက်ရှိ လာပြီး ထိုညက အတူအိပ်စက် ခဲ့ကြောင်း၊ နောက်နေ့တွင် မသန်းထွေး က နှစ်လုံးထီ ရှုံးထားသဖြင့် ထပ်မံ ကစားရန် ငွေသုံးသိန်း တောင်းခံရာမှ စကားများ ရန်ဖြစ်ပြီး ဦးတင်စိုး က ဓားဦးချွန်ဖြင့် မသန်းထွေး ၏ လည်ပင်းအား ခုတ်ခဲ့ကြောင်း၊ ထို့နောက် လည်ပင်းအား လှီးဖြတ်ခဲ့ပြီး အထုပ်များ ဖြင့်ခွဲထုတ်၍ ည ၇ နာရီခန့်တွင် ဆိုင်ကယ်ဖြင့် တင်ဆောင်ကာ ရန်ကုန် - မန္တလေး လမ်းဘေးတွင် သွားရောက် စွန့်ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ် ရရှိခဲ့သည်။

မသန်းထွေး၏ ကိုယ်လုံး ထည့်ထားသည့် အထုပ်အား ဆိုင်ကယ်ပေါ် မှ တွန်းချစဉ် အရှိန်ဖြင့် ဆိုင်ကယ် လဲကျသွား ခဲ့ကြောင်း၊ ထိုသို့ လဲကျစဉ် ကတ္ထီပါ ဖိနပ် ဝဲဘက် တစ်ဖက်၊ ဆိုင်ကယ် ဝဲဘက် နောက်ကြည့်မှန်၊ ဆိုင်ကယ် ရှေ့ခြင်းထဲမှ ရေသန့်တစ်ဘူး၊ ဓာတ်မီး တစ်လက်၊ မျှော့ကြိုး တစ်ချောင်းတို့ ကျကျန် ခဲ့သဖြင့် အဆိုပါ သဲလွန်စ များမှတစ်ဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်ဆင့် ဖော်ထုတ်မှု ကြောင့် ယခုကဲ့သို့ ပြစ်မှု ကျူးလွန် သူအား ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း အစီရင်ခံစာ အရ သိရှိရသည်။

ပြည်ချစ်သား

မြန်မာမင်းသမီး ထိပ်စုဖုရားကြီး သာမန်အရပ်သားဘဝဖြင့် နေထိုင်ဆဲ

Posted by drmyochit Saturday, February 15, 2014, under | No comments



ရန်ကုန်ရှိ အသင့်အတင့်သာရှိသောတိုက်ခန်း၌ မြန်မာ့နောက်ဆုံးဘုရင်၏ မြေးမတော်သည် ရိုးရိုးရှင်းရှင်း နေထိုင်လျက်ရှိပြီး အိမ်နီးချင်းတို့ကပင် သတိမပြုမိကြချေ။

အသက် ၉၀ အရွယ် မင်းသမီး ထိပ်စုဖုရားကြီး (ပုံ) က ဘုရင်ခေတ် အဆင့်အတန်းအချို့ကို သူမမိသားစုက ထိန်းသိမ်းခဲ့ချိန် သူမ၏ငယ်ဘဝနေ့များမှာ ယခုအခါ မှုန်ပြပြသာရှိတော့ကြောင်း ပြောခဲ့သည်။

ဗြိတိသျှကိုလိုနီစနစ်က သူမ၏အဘိုး သီပေါမင်းကို ၁၈၈၅ ခုနှစ်၌ နန်းချပစ်ခဲ့သည်။ ဆယ်စုနှစ်များနှင့်ချီ ကြာခဲ့သော စစ်အုပ်ချုပ်သူတို့က ဘုရင့်မိသားစုကို အများပြည်သူမြင်ကွင်းမှ ဖျောက်ထားခဲ့ကြသည်။

သူတို့က မိမိတို့အား ထူးခြားသူအဖြစ် မလိုလားကြောင်း အင်တာဗျူးအတွက် ပန်းရောင်ခြုံပုဝါကို အထူး လွှမ်းထားသည့် မင်းသမီးက ပြောခဲ့သည်။ သူမသည် နှစ်ပေါင်း ၆၀ သာမန်အရပ်သားဘဝဖြင့် နေထိုင်ခဲ့ကြောင်း AFP သို့ ပြောခဲ့သည်။

မြန်မာအများစုက ဘုရင်အကြောင်း မေ့ပျောက်နေခဲ့ကြကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ဆိုသည်။ ဒုတိယဝန်ကြီးသည် အိန္ဒိယမှ မြန်မာသို့ သီပေါမင်း၏ ရုပ်ကြွင်းကို ပြန်လည်သယ်ယူရေး လှုပ်ရှားမှုတစ်ခုကို ဦးဆောင်နေသူ ဖြစ်သည်။

စောရူထီ့
မူရင်း- Myanmar Princess Lives Ordinary Life; ဟစ်တိုင်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်