Farsnew.com;June-19(Tue)
အီရန်နိုင်ငံအပေါ် စစ်ရေးအရတိုက်ခိုက်မှုပြုလုပ်ခဲ့ပါက နောက်ဆက်တွဲ ရလဒ်အဖြစ် အကြီးအကျယ် ထိခိုက် ပျက်စီးမှုဖြစ်ပေါ်စေလိမ့် မည်ဖြစ်ကြောင်း
အစ္စရေးလျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ (မော့ဆက်) ၏ ညွှန်ကြားရေးမှူးဟောင်း Meir
Dagan က ၎င်းင်းအစိုးရ အရာရှိများကို ထပ်လောင်းပြော ကြားခဲ့ပါသည်။
အီရန်အပေါ် တိုက်ခိုက်မှုပြုလုပ်ခဲ့ပါက
နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်လာ လိမ့်မည်ဖြစ်ကြောင်း အငြိမ်းစားယူခဲ့ချိန်တွင် ၎င်းင်းက
သတိပေးပြောကြားခဲ့ပြီး အီရန်အပေါ် တိုက်ခိုက်ရေး လေလုံးထွားနေမှု များအား လျော့ချရန်
အစ္စရေးအစိုးရ အရာရှိများအပေါ် ၎င်းင်းကတောင်း ဆိုခဲ့ပါသည်။ Meir Dagan ၏ ထင်မြင်ယူဆချက်များအပေါ်
အစ္စရေးနိုင်ငံရှိ အချို့ လူများထံမှ ပြစ်တင်ဝေ ဖန်မှု များပြုလုပ်ခဲ့ကြပြီး အထူးသဖြင့်
ပြည်တွင်း ပြဿနာအား ရှောင်လွှဲ ရန်အတွက် အီရန်နျူကလီးယား အစီအစဉ်အပေါ် ခြိမ်းခြောက်မှု
အဖြစ်ဖော်ပြရန် လိုအပ်လျက်ရှိသည့် အစ္စရေး အစိုးရအရာရှိ များက ပြစ်တင် ဝေဖန်ခဲ့ကြပါသည်။
0 comments:
Post a Comment