Wednesday, July 04, 2012

အငြင်းပွားဖွယ် အကောက်ခွန်နှုန်းထားကြောင့် အမတ်များနုတ်ထွက်

Posted by Anonymous Wednesday, July 04, 2012, under | No comments


ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ၏ အငြင်းပွားဖွယ်အခွန်ကောက်ခံမှုနှုန်းထားများနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏အာဏာရဒီမိုကရက်တစ်ပါတီအကြီးအကဲ Ichiro Ozawa အပါအဝင် ဥပဒေပြုအမတ် ဒါဇင်ပေါင်းများစွာသည် နုတ်ထွက်စာတင်ခဲ့ကြပါသည်။ အောက်လွှတ်တော်အမတ် ၄ဝ ကျော်နှင့် အထက် လွှတ်တော်အမတ် ၁၂ ဦးတို့သည် ဇူလိုင်လ ၂ ရက်နေ့တွင် ၎င်းတို့၏နုတ်ထွက်စာများအား ပါလီမန်သို့ တင်သွင်းခဲ့ပြီး ပါတီသစ်ဖွဲ့ရန်မျှော်မှန်းထားခဲ့ကြပါသည်။ ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါအား အဓိကထိုးနှက်ရန်မျှော်မှန်း၍ ထိုသို့လွှတ်တော်အမတ်များ အစုလိုက်အပြုံလိုက်နုတ်ထွက်ခြင်းဖြစ်ပါသည်။ရောင်းချခွန်အား ၅ ရာခိုင်နှုန်းမှ ၂ ဆမြှင့်၍ ၁ဝ ရာခိုင်နှုန်းကောက်ခံရန် နိုဒါအနေဖြင့်စီစဉ်ခဲ့ပြီး ၎င်း၏အစီအစဉ်အားအောက်လွှတ်တော်မှ လွန်ခဲ့သည့်သီတင်းပတ်အတွင်း၌ ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်