Friday, July 13, 2012

ကာဂျစ်္စတန်နိုင်ငံတွင် ရုရှား၏ စစ်စခန်းငှားရမ်းခအားတိုးမြှင့်ရန်စီစဉ်

Posted by drmyochit Friday, July 13, 2012, under | No comments



ကာဂျစ်္စတန်နိုင်ငံအတွင်း ရုရှားစစ်ဘက်က စစ်စခန်းများငှားရမ်းအသုံးချမှုအတွက် ငှားရမ်းခအား တိုးမြှင့် ရန် ကာဂျစ်္စတန်နိုင်ငံ မှစီစဉ်လျက်ရှိကြောင်း ကာဂျစ်္စတန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Taalaibek Omuraliyev က ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ စာချုပ်သက်တမ်း ကုန်ဆုံးမည့်၂၀၁၄ ခုနှစ်မှစ၍ စစ်စခန်း ငှားရမ်းစရိတ်အားတိုးမြှင့်ပေးရန် မိမိတို့အနေဖြင့် ရုရှားနိုင် ငံအား တောင်းဆိုရန်စီစဉ်ထားကြောင်း Omuraliyev က ပြောကြားခဲ့ပါသည်။ ကာဂျစ်္စတန်နိုင်ငံသည် လက်ရှိအချိန်တွင် ရုရှားစစ်စခန်း ၄ ခု လက်ခံ ထားပြီး Kant လေတပ်စခန်းသည် စုပေါင်း လုံခြုံရေးစာချုပ်အဖွဲ့၏လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားအတွက် လည်ပတ်နေကြောင်း သိရှိရပါသည်။ ၎င်းတိုးမြှင့်တောင်းဆိုမည့်မြေငှားရမ်းခတွင် Kant အခြေစိုက်စခန်း မပါဝင်ကြောင်း သိရှိရပါ သည်။
                                                                                                                   RIA Novosti.com;July-11(Wed)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်