Xinhuanet.com;July-17(Tue)
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh သည် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီ G.L. Peiris နှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ မြို့တော်ဟနွိုင်းတွင် ဇူလိုင်လ ၁၇ ရက်နေ့က ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး Peiris ၏ ဗီယက်နမ်သို့ ချစ်ကြည်ရေးခရီးစဉ်သည် ဗီယက်နမ်- သီရိလင်္ကာနိုင်ငံတို့၏ အစဉ်အလာအရချစ်ကြည်ရင်းနှီးမှုအား ပိုမိုတိုးမြှင့်ရန် အရေးပါသောအခန်းကဏ္ဍမှပါဝင် နေကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး Phan Binh Minh ကပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး G.L. Peiris က ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တီထွင်ဆန်းသစ်လုပ်ငန်းစဉ်အတွင်း တိုးတက် အောင်မြင်ဖြစ်ထွန်းမှုများကို ချီးကျူးပြောဆိုခဲ့ပါသည်။
နှစ်နိုင်ငံဝန်ကြီးများသည် လွန်ခဲ့သောနှစ်များအတွင်း နှစ်နိုင်ငံသံတမန်ဆက်သွယ်ရေး တိုးတက်ဖွံ့ဖြိုးမှု များအား ကျေနပ်အားရဖွယ်ရှိကြောင်းနှင့် ပညာရေး၊ ရေနံသဘာဝဓာတ်ငွေ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံခြင်းများ၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေးနယ်ပယ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း သိရှိရပါ သည်။ ဗီယက်နမ်-သီရိလင်္ကာဦးစားပေးကုန်သွယ်ရေး သဘောတူညီမှု (PTA) အား အနာဂတ်တွင် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် လေ့လာမှုပြုလုပ်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ပါသည်။ ဗီယက်နမ်-သီရိလင်္ကာ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂ဝ၁၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာသန်း ၁ဝဝ ရှိကြောင်းနှင့် ၂ဝ၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိ လာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။
0 comments:
Post a Comment