Thursday, July 19, 2012

HIV တိုက်ဖျက်ရေးအထောက်အကူပြုဆေးပြားအဖြစ်အတည်ပြု

Posted by drmyochit Thursday, July 19, 2012, under | No comments


AIDS ရောဂါဖြစ်ပွားစေသည့် HIV ပိုးအား တားဆီးတိုက်ဖျက်ရာတွင် အထောက် အကူဖြစ်စေ သည့် ဆေးဝါးအဖြစ် Gilead Science မှထုတ်လုပ်သည့် Truvada ဆေးပြားအား အမေရိကန် အစားအစာနှင့် ဆေးဝါး စီမံထိန်းချုပ်ရေးဌာနမှ ဇူလိုင်လ ၁၆ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ HIV ဗိုင်းရပ်စ် တိုက်ဖျက်ရေး နှစ် ၃၀ အတွင်း သမိုင်းတွင်စေမည့် ပထမဆုံးဆေးဝါးဖြစ်ပါသည်။ HIV ဗိုင်း ရပ်စ်ပိုးရှိသူအဖော်နှင့်အတူ လိင်ဆက်ဆံနေ ထိုင်လျက်ရှိသူများအတွက် ရောဂါကူးစက်ရန်အန္တရာယ်မှ ကာကွယ်သည့်ဆေးဝါးဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း တစ်နှစ်လျှင် HIV ရောဂါကူးစက်သူ ၅၀,၀၀၀ ခန့် အထိသာကူးစက်မှုနှေးကွေးအောင် ထိန်းထားနိုင် ခဲ့ကြောင်း ပြည် သူ့ကျန်းမာရေးဆောင်ရွက်သူများမှ ပြောကြားခဲ့ပါသည်။ အမေရိကန်တွင် HIV ပိုးရှိသူခန့်မှန်းချေ ၁.၂ သန်းခန့်ရှိပြီး ၎င်းင်းဆေးဝါးကုသမှုကြောင့် AIDS ရောဂါဖြစ်ပွားမှုနည်းပါးသွားခြင်း ဖြစ်သည်ဟု သိပံ္ပ ပညာရှင်များက ယုံကြည်ကြပါသည်။ HIV ပိုးသယ်ဆောင်သူအလွှာစုံပါဝင်သည့် ၂၄၀,၀၀၀ မှ ဗိုင်းရပ်စ် ပြန့်ပွားမှုအား တိုက်ဖျက်ရန်နည်းစနစ်သစ် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
          HIV ဗိုင်းရပ်စ်ရှိသူများအား ကုသရန်အတွက် Truvada ဆေးအား Gilead Sciences ကုမ်္ပဏီမှ ၂၀၀၄ ခုနှစ်ကတည်းက ဈေးကွက်အတွင်းရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ၂၀၁၀ ခုနှစ်မှ စတင်လေ့လာမှု ပြုလုပ်ရာကြိုတင်ကာကွယ်ဆေးအဖြစ်သုံးစွဲခြင်းဖြင့် HIV ပိုးကူးစက်ခြင်းအား အမှန် တကယ် တားဆီးကာကွယ် နိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။ ၃ နှစ်ကြာလေ့လာတွေ့ရှိချက်အရ ကျန်းမာကြံ့ခိုင်သူ ယောက်ျားလျာများနှင့် နှစ်ဖက်ချွန်များသည် ကာကွယ်ဆေးအား နေ့စဉ်စားသုံးပြီး အဖော်နှင့် Condom သုံး၍ဆက်ဆံရာတွင် ၄၂ ရာခိုင်နှုန်း အထိ ရောဂါကူးစက်မှုေ လျာ့ကျခဲ့ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်လေ့လာတွေ့ရှိမှုအရ HIV ပိုးရှိသူနှင့် ပိုးမရှိသူ ၂ ဦး လိင်ကွဲဆက်ဆံရာတွင် Truvada ဆေးမှာ ၇၅ ရာခိုင်နှုန်းအထိ ကူးစက်မှုေ လျာ့ကျ နိုင်ေ ကြာင်း တွေ့ရှိရပါသည်။
          Truvada ဆေးသည် HIV ထိန်းချုပ်သည့်ဆေးအဖြစ် ဈေးကွက်တွင်ရောက်ရှိနေသဖြင့် အချို့ဆရာဝန် များသည် HIV ကာကွယ်ဆေးအဖြစ် ၎င်းဆေးကိုသောက်သုံးရန်ညွှန်းကြခြင်းဖြစ်ပါသည်။ FDA ၏ခွင့်ပြုချက်ဖြင့် Gilead Science သည် ဈေးကွက်အတွင်း ၎င်းဆေးဝါးကို တရားဝင်အသုံးပြုခွင့် ရရှိတော့မည်ဖြစ်ပါသည်။ ၎င်းဆေးအား ညွှန်ကြားချက်အတိုင်းစနစ်တကျ သုံးစွဲပါက တစ်နှစ်အတွက် ၁၄,၀၀၀ ဒေါ်လာခန့်ကုန်ကျမည်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ခြင်းမရှိသေးပါ။ ၎င်းဆေး၏ေ ဘးထွက် ဆိုးကျိုးအနေဖြင့် ၀မ်းလျောခြင်း၊ မအီမသာပျို့အန်ခြင်း၊ ၀မ်းဗိုက်နာ ကျင်ခြင်း၊ ခေါင်း ကိုက်ခြင်းနှင့် ကိုယ်အလေးချိန်လျော့ကျခြင်းတို့ဖြစ်ပေါ်စေပါသည်။ HIV အဖွဲ့အစည်းများတွင်လည်း ၎င်းဆေးဝါး၏ အာနိသင်နှင့်ပတ်သက်၍ ရောဂါထိန်းချုပ်မှုမတူညီသည့် လက္ခဏာများ ကို ဖော် ထုတ်ခဲ့ပါသည်။
          HIV လူနာများအား လှုပ်ရှားဆောင်ရွက်မှုအသစ်များ၊ မှားယွင်းသောအာမခံချက်များ၊ Condom အသုံးပြုမှုလျော့ကျရေး၊ HIV တားဆီးရေးအတွက် အပြည့်အ၀ယုံကြည်မှုပေးခြင်းများမပြုလုပ်ရန် ကျန်းမာရေး စောင့်ရှောက်မှုဖောင်ဒေးရှင်း FDA သို့တောင်းဆိုခဲ့ပါသည်။ Truvada ဆေးဝါး သုံးစွဲသူများသည် အန္တရာယ်ကြီး သောလိင်ဆက်ဆံထိတွေ့မှုကို ပို၍ကြိုက်နှစ်သက်ကြကြောင်း၊ သို့သော် လည်း လက်တွေ့စမ်းသပ်မှုအရ အရိပ် လက္ခဏာမပြကြောင်း  ဇူလိုင်လ ၁၆ ရက်နေ့က FDA သိပံ္ပပညာရှင်များမှ ပြောကြားခဲ့ပါသည်။
          Condom သုံးစွဲမှုများပြားလာပြီး လိင်ဆက်ဆံခြင်းမှ ကူးစက်ခြင်းသည် အခြေခံအကြောင်းရင်းဖြစ် ကြောင်း (သို့မဟုတ်) ဖြစ်ပွားမှုလျော့နည်းကြောင်းတို့ကို မိမိ တို့မှတွေ့ရှိခဲ့ကြောင်း FDA HIV ဗိုင်းရပ်စ် တိုက်ဖျက်ရေးဒါရိုက်တာဒေါက်တာ ဒီဘရာ ဘိန်းကရန့်က ပြောကြားခဲ့ပါသည်။ အချုပ်အားဖြင့်ဆိုပါက Condom မသုံးစွဲခြင်း၊ သို့မဟုတ် Condom အသုံးပြုခြင်းဖြင့် လျော့ကျစေခြင်းလား ဆိုသည်ကို ခိုင်လုံသည့်မည်သည့် သက်သေအထောက်အထားမှ မရှိပါ။ အဓိကရည်မှန်းချက်မှာ နောက်ဆုံးတွင် အမေရိကန်နိုင် ငံ၏ ရောဂါ ကူးစက် မှု နှုန်း ကို လျှော့ချခြင်းဖြစ်ပါသည်။ မကြာသေးခင်နှစ်များက ကူးစက်မှုနှုန်းမှာတည်ငြိမ်ခဲ့ကြောင်း ဘိန်းက ရန့်က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ HIV AIDS တိုက်ဖျက်ရေး အဓိက မဟာဗျူဟာ ရည်မှန်းချက်မှာ ၂၀၁၅ ခုနှစ်တွင် ကူးစက်မှုအရေအတွက် ၂၅ ရာခိုင်နှုန်းသို့ လျှော့ချသွားေ ရးပင်ဖြစ်ပါသည်။
Aljazeera.com;July-16(Mon)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်