Thursday, August 02, 2012

ဆီးရီးယားတပ်မတော်သည် Aleppo မြို့ရှိလက်နက်ကိုင်အဖွဲ့များအား ရှင်းလင်းခဲ့သည်ဆိုခြင်း

Posted by drmyochit Thursday, August 02, 2012, under | No comments

Press TV.com;July-31(Tue)
ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့များသည် ပြည်ပမှ အထောက်အပံ့ ပေးထားသော လက်နက်ကိုင် အဖွဲ့များ ရှိရာ Aleppo  မြို့ အနောက် မြောက်ပိုင်းရှိ Salahuddin  နှင့် Hamdaniya  ခရိုင်များအား ရှင်းလင်း ခဲ့ကြောင်း သိရှိ ရပါသည်။ ယခု အချိန်တွင် Aleppo  မြို့၏ နေရာ အများစုမှာ ၄င်းတို့၏ ထိန်းချုပ်မှု အောက်တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆီးရီးယား တပ်မတော်က ဇူလိုင်လ ၃ဝ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ ၄င်းအပြင် Babal-Hadid ခရိုင်နှင့် Sokari ခရိုင် တောင်ပိုင်း တို့တွင်လည်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိရပါသည်။ လွန်ခဲ့သော ရက်အနည်းငယ် ကလည်း Aleppo  မြို့ရှိ ဆီးရီးယား တပ်ဖွဲ့ဝင် များနှင့် လက်နက်ကိုင် သူပုန်များ အကြား ပဋိ ပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့ ပါသည်။
ဆီးရီးယား တပ်မတော်သည် လက်နက်ကိုင် အဖွဲ့များအား ရှင်းလင်းရန် Aleppo  မြို့ အနောက်တောင် ဘက်ရှိ ဆင်ခြေဖုံး များတွင် ဇူလိုင်လ ၂၈ ရက်နေ့မှ စ၍ ကြီးမားသော စစ်ဆင်ရေး တစ်ရပ် စတင် ပြုလုပ်ခဲ့ ပါသည်။ ဇူလိုင်လ  ၂၉ ရက်နေ့ ကလည်း အိမ်နီးချင်း တူရကီ နိုင်ငံမှ ဆီရီးယား နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်း နေသော အကြမ်းဖက် သမားများ စွာအား ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့ဝင် များက သုတ်သင် ခဲ့ကြောင်း သိရှိရ ပါသည်။ ၂ဝ၁၁ ခုနှစ် မတ်လ အတွင်းက စတင်ခဲ့သော ဆီးရီးယား နိုင်ငံအတွင်း ဆူပူ အုံကြွ မှုများတွင် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား အပါအဝင် ပြည်သူများစွာ သေဆုံးခဲ့ကြောင်း သိရှိရ ပါသည်။
ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး အဖွဲ့များသည် အစိုးရအား တိုက်ခိုက်ရန် Aleppo  မြို့တွင် စုရုံးနေကြ ကြောင်း၊ ၄င်းတို့သည် လုံးဝ ရှုံးနိမ့်မည်ဟု မိမိ အနေဖြင့် ယုံကြည် ထားကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး Walid al-Muallem က ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ တီဟီရန်၌ အီရန် နိုင်ငံခြားရေး ဝန်ကြီး Ali Akbar Salehi  နှင့် ပြုလုပ်သော ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် Muallem က အထက်ပါ မှတ်ချက်အား ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်