Monday, August 06, 2012

အရင်ကတည်းက ရိုဟင်ဂျာဖက် ပါပြီး ဘင်္ဂလီ (၅) ဦးအပြင် ဒေါ်စုနဲ့ သာ သီးခြားတွေ့ခဲ့ပေမယ့် ရခိုင်တိုင်းရင်းသားများကို တွေ့ဆုံမေးမြန်းခြင်းမလုပ်တဲ့ ကွင်တားနား

Posted by drmyochit Monday, August 06, 2012, under | No comments


From : 11


Mr. Tomás Ojea Quintana အနေဖြင့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံဆွေးနွေးမှု ဘာကြောင့် မရှိခဲ့သလဲဆိုသည့် Eleven Media Group ၏ မေးမြန်းမှုအပေါ် Mr. Tomás Ojea Quintana က ''ကျွန်တော့်အနေနဲ့ ရခိုင်ဒုက္ခသည်များ နေထိုင်ရာ ကယ်ဆယ်ရေးစခန်းတွေကို သွားရောက်လေ့လာခဲ့ ပါတယ်။ နောက်ပြီး မီးရှို့ ခံရတဲ့ ရခိုင်ကျေးရွာကိုလည်း သွားရောက်ခဲ့ပါတယ်။ ကျွန်တော် ရခိုင်ပြည်နယ်က မြို့နယ်တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ကြောင့် Mr. Tomás Ojea Quintana အနေဖြင့် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှု မရှိခဲ့ ဘူးဆိုတာ ဟုတ်တယ် မဟုတ်လားဟု ထပ်မံမေးမြန်းခဲ့ရာ ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ ယင်းသတင်းစာရှင်းလင်းပွဲ၌ မေးခွန်းလေးခုသာ မေးမြန်းခွင့်ပြုခဲ့ပြီး ပြည်တွင်း မီဒီယာများအတွက် မေးခွန်းနှစ်ခုနှင့် ပြည်ပမီဒီယာများအတွက် မေးခွန်းနှစ်ခုကို မေးမြန်းခွင့်ပြုခဲ့သည်။

Mr. Tomás Ojea Quintana သည် မောင်တောမြို့သို့ သွားရောက်လေ့လာခဲ့ရာတွင် ဘင်္ဂါလီငါးဦးကို သီးခြားတွေ့ဆုံခဲ့ကြောင်း သိရပြီး ရခိုင်တိုင်းရင်းသားများနှင့် သီးခြားတွေ့ဆုံမှုမရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလီ ငါးဦး အပြင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ ညှိနှိုင်း သဘောတူပြီးနောက် "နိုင်ငံသား ဥပဒေ ပြန်လည်ပြင်ဆင်ရန် လို အပ်" ဟု မှတ်ချက် ထွက်ပေါ်ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်