Wednesday, August 08, 2012

ပိုလန်နိုင်ငံတွင် အမေရိကန်၏ ဒုံးပျံများဖြန့်ကြက်ချထားရန် သဘောတူညီခဲ့မှုသည် မှားယွင်းသောလုပ်ဆောင်မှုဖြစ်ကြောင်း ပိုလန်သမ္မတက ပြောကြားခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



Press TV.com;Aug-6(Mon)
၂ဝ၁၈ ခုနှစ်တွင် ပိုလန်နိုင်ငံ ပိုင်နက်နယ် မြေအတွင်း အမေရိကန်ဒုံး ပျံများဖြန့်ကြက် ချထားရန် ပိုလန်နိုင်ငံက သဘောတူခွင့် ပြုခဲ့ခြင်းသည် နိုင်ငံရေးအရ မှားယွင်းသော ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်း ပိုလန်သမ္မတBronislaw Komorowski  က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံ၏ အဆိုပြုချက်ကို သဘောတူ လက်ခံခဲ့စဉ်အတွင်း မိမိတို့၏ မှားယွင်းမှုမှာ အမေရိကန် သမ္မတအပြောင်းအလဲ နှင့်ပတ်သက်သော နိုင်ငံရေး အရအန္တရာယ် ရှိမှုကို ထည့်သွင်းစဉ်း စားမှုမပြုခဲ့ခြင်း ပင်ဖြစ်ကြောင်း၊ ၄င်းကိစ္စအတွက် မိမိတို့အနေဖြင့် နိုင်ငံရေးအရ ကြီးမားစွာပေး ဆပ်လိုက်ရကြောင်း Komorowski Wprost  ကRIA Novosti မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်ဟုRIA Novosti  သတင်းဌာနက သြဂုတ်လ ၆ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။
စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ စွာအတွက် ငွေကြေးအမြောက် အမြားကျခံသုံး စွဲခဲ့သော်လည်း ဒုံးပျံတိုက် ခိုက်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်းမရှိခဲ့ပါက အမှန်တကယ် အဓိပ္ပါယ်မဲ့သော ဆောင်ရွက်ချက် များသာဖြစ်မည် ဖြစ်ကြောင်း Komorowski က ပြောကြားခဲ့ ပါသည်။ ချက်နှင့်ပိုလန် နိုင်ငံတို့တွင် ဒုံးပျံစနစ် ချထားမည့် အစီအစဉ်များကို အမေရိကန်နိုင်ငံက ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလတွင် စွန့်လွှတ်ခဲ့ပါသည်။ ရုရှားအစိုးရက ၄င်းဆောင်ရွက်ချက်ကို ကြိုဆိုခဲ့ပြီးနောက် သမ္မတဟောင်း ဒီမီထရီမက်ဗီဒက်ဗ်က ရုရှားနိုင်ငံသည် နေတိုးအဖွဲ့ ဝင်နိုင်ငံများ ဖြစ်သော ပိုလန်နှင့် လစ်သူရေးနီးယား နယ်စပ်ရှိ ကလင်နင်ဂ ရက်ဒေသတွင် Iskander-M နည်းဗျူဟာ ဒုံးပျံများ ဖြန့်ကြက်ချထား မည့်အစီအစဉ်များကို ရွှေ့ဆိုင်းထား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
သို့သော် အမေရိကန် အစိုးရသည် ၂ဝ၁၈ ခုနှစ်တွင် ပိုလန်နိုင်ငံ၌ အမေရိကန်နိုင်ငံ၏ မျိုးဆက်သစ် တိုက်ချင်း ပစ်ဒုံးပျံစနစ်ဖြန့် ကြက်ချထားရန် စီစဉ်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ၂ဝ၁၁ ခုနှစ်တွင် ကြေညာခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်