Sunday, August 05, 2012

ကိုဖီအာနန်သည် ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်၏ ဆီးရီးယား နိုင်ငံဆိုင်ရာ အထူး သံတမန်အဖြစ်မှ နုတ်ထွက် ခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments


PressTV.com;Aug-2(Thu)

ဆီးရီးယား မငြိမ် သက်မှု များသည် စစ်ပွဲ အသွင် ဆောင်မှုများ ပိုမို များပြား လာခဲ့ ခြင်းနှင့် ၄င်း၏ ငြိမ်းချမ်း ရေး လုပ်ငန်း စဉ်အပေါ် ထောက်ခံ မှုအ ပြည့်အဝ မရ ရှိခြင်းကို အကြောင်း ပြု၍ ကိုဖီ အာနန်သည် ကုလ သမဂ္ဂ - အာရပ် အဖွဲ့ ချုပ်၏ ဆီးရီးယား နိုင်ငံ ဆိုင်ရာ အထူး သံတ မန်အဖြစ် တာဝန် ထမ်းဆောင် နေရာမှ နုတ်ထွက် ရန်ဆုံး ဖြတ်ခဲ့ ပါသည်။ မိမိသည် လုံလောက် သောထောက် ခံမှု မရ ရှိခဲ့ကြောင်း ကိုဖီ အာနန်က သြဂုတ်လ ၂ ရက် နေ့၌ ဂျီနီ ဗာမြို့တွင် ပြုလုပ် သည့် သတင်း စာရှင်း လင်းပွဲ တစ်ရပ်တွင် ပြောကြား ခဲ့ပါသည်။
ကိုဖီ အာနန် ၏ နုတ်ထွက် မှုကြောင့် အလွန် စိတ်မ သက်မသာ ဖြစ်ရ ကြောင်း၊ ဆီးရီးယား နိုင်ငံ အတွက် အထူး သံတမန် အဖြစ် တာဝန်ယူ ဆောင်ရွက်စဉ် ၄င်း၏ ခိုင်မာ ရဲဝံ့သော ကြိုးစား အားထုတ် မှုများ အတွက် ကျေးဇူးတင် အသိ အမှတ် ပြုပါကြောင်း ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီ မွန်းက ပြောကြား ခဲ့ပါသည်။

 အခက် အခဲ ဆုံးနှင့် ကျေးဇူး တင်ခံရ ဖွယ်ရာ မရှိသော တာဝန် ပေးအပ် မှုတွင် ခန့်ညား လေးစား ဖွယ်ရာ ကောင်းသည့် ကျွမ်းကျင် မှုများနှင့် သိက္ခာ တရားဖြင့် အတ္တ ကင်းမဲ့စွာ ဆောင်ရွက် မှုများ အတွက် ကိုဖီ အာနန်သည် မိမိ တို့၏ အလွန် အမင်း လေးစား အသိ အမှတ် ပြုမှု များနှင့် ထိုက်တန် ကြောင်း ဘန်ကီ မွန်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။
ကုလ သမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီး Vitaly Churkin က ကိုဖီ အာနန် နုတ်ထွက် မှုအတွက် စိတ်ပျက် မိကြောင်း၊ ကိုဖီ အာနန် ၏ ဆုံးဖြတ် ချက်ကို နားလည် ကြောင်းနှင့် ၄င်း၏ ကြိုးစား မှုများ အပေါ် အားကိုး ယုံကြည် စွာထောက်ခံ ခဲ့ကြောင်း နယူး ယောက်မြို့ရှိ ကုလ သမဂ္ဂ ရုံးချုပ်တွင် ပြောကြား ခဲ့ပါသည်။ ဆီးရီး ယားနိုင်ငံ အနေ ဖြင့်လည်း ကိုဖီ အာနန် အဆို ပြုသော ငြိမ်းချမ်း ရေးလုပ်ငန်း ၆ ရပ်အား ကြိုးစား ဆောင်ရွက် ခဲ့ကြောင်း ဖော်ပြလျက် ကိုဖီအာနန်၏ နုတ်ထွက် မှုအတွက် စိတ်ထိ ခိုက်ရကြောင်း ဆီးရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာန ကလည်း ဖော်ပြ ခဲ့ပါသည်။
ဆီးရီးယား နိုင်ငံတွင်းတည်ငြိမ် မှုများပြန်လည် ရရှိရေးအတွက် အချက် ၆ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အဆိုပြုခဲ့ သော ကိုဖီအာနန်သည် ဆီးရီးယား နိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တွင် ခန့်အပ် ခြင်းခံခဲ့ရပြီး သြဂုတ်လ ၃၁ရက်နေ့အထိ တာဝန်ထမ်းဆောင် ခဲ့ခြင်းဖြစ်ပါသည်။ ကိုဖီအာနန် အနေဖြင့် သြဂုတ်လ ၃၁ ရက်နေ့ နောက်ပိုင်းမှစ၍  ဆက်လက် တာဝန်ထမ်း ဆောင်ရန် အစီအစဉ် မရှိကြောင်း သိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်