Tuesday, August 21, 2012

အမေရိကန်အနေဖြင့် ဥဇဘက်ကစ္စတန်တွင် စစ်အခြေစိုက်စခန်းတည်ဆောက်သွားရန် အစီအစဉ်မရှိဟုဆို

Posted by drmyochit Tuesday, August 21, 2012, under | No comments



အမေရိကန်နိုင်ငံအနေဖြင့် ဥဇဘက်ကစ္စတန် နိုင်ငံတွင် စစ်အခြေစိုက် စခန်းတစ်ခုတည် ဆောက်သွားရန် အစီအစဉ်မရှိကြောင်း တောင်အာရှနှင့် အလယ်အာရှဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Robert Blake ကပြောကြားခဲ့သည်ဟု သြဂုတ်လ ၁၈ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည် ။

 Blake က ၄င်း၏ဥဇဘက် ကစ္စတန်သို့ အလည်အပတ်ခရီးစဉ်တွင် ဥဇဘက်ကစ္စတန်၌ အမေရိကန်တပ်ဖွဲ့များ တပ်ဖြန့်ချထား ရေးသဘောတူညီချက်အား လက်မှတ်ရေး ထိုးသွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက် နှင့်ပတ်သက်၍ ထိုကဲ့သို့ ငြင်းဆိုပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ အာဖဂန်နစ္စတန်မှ နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ (ISAF) များ ရုပ်သိမ်းသွား ပြီးနောက်တွင် အာဖဂန်အား ဆက်လက် အကူအညီပေးရန် စီစဉ်ထားကြောင်း၊ အခြား NATO အဖွဲ့ဝင်နိုင်ငံများ သည်လည်း ၂ဝ၁၄ ခုနှစ်နောက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံအား အကူအညီပေးရန် ကတိပြုထား ပြီးဖြစ်ကြောင်း Blake က ပြောကြားခဲ့ပါသည်။ Blake သည် ၂ နိုင်ငံဝန်ကြီး အဆင့်ဆွေးနွေးပွဲ မတိုင်မီ ဥဇဘက်ကစ္စတန်နှင့် အမေရိကန်တို့၏ စီးပွားရေး ဆက်ဆံမှုဆိုင်ရာ ဖိုရမ်နှင့်၂ နိုင်ငံကြားရှိ တတိယအကြိမ် နိုင်ငံရေးစေ့စပ် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဥဇဘက်ကစ္စတန်နိုင်ငံ သို့အလည်အပတ် ရောက်ရှိနေခြင်းဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးများနှင့် စေ့စပ်ဆွေးနွေးမှုများ တွင်ကုန်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ လွှတ်တော်အချင်းချင်း ဆက်ဆံရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ကုန်သွယ်မှု ဆန့်ကျင်တိုက်ဖျက်ရေး၊ ဘာသာရေးလွတ်လပ်မှု၊ လူမှောင်ခိုကူးမှုနှင့် လူ့အခွင့်အရေး ဆိုင်ရာတို့နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်