Friday, August 03, 2012

ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်းခန့် ဖူးမြော်

Posted by drmyochit Friday, August 03, 2012, under | No comments


ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ သက္ကရဇ် ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့တွင်ရွှေတိဂုံ စေတီတော်သို့ ဘုရားဖူး သုံးသိန်း ဝန်းကျင် တက်ရောက် ဖူးမျှော်ကြည်ညိုခဲ့ကြရာ ပုံမှန်ထက် ၁ဝ ဆ နီးပါး တက်ရောက် မှုရှိကြောင်းရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှတာဝန်ရှိသူများကပြောသည်။
“ပုံမှန်ဆိုရင်တော့ ရွှေတိဂုံစေတီတော်ကို တရက်ကို ဘုရားဖူး နှစ်သောင်းခွဲကနေ သုံးသောင်းကျော်အထိ လာဖူးတာ ရှိပါတယ်၊ အခု ဒီနေ့ ဝါဆိုလပြည့်နေ့မှာ ဘုရားဖူး သုံးသိန်း ဝန်းကျင်လာဖူးပါတယ်။ ပုံမှန်ထက် ၁ဝ များတယ်လို့ပြောရမှာပေါ့” ဟု ဂေါပက ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များလည်း ယခုနှစ် ပိုမို လာရောက်ကြသည်ဟုဆိုသည်။


ဓမ္မစကြာ အခါတော်နေ့ နံနက် ၅ နာရီ၌ ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ နံနက် ၆ နာရီ ၃ဝ မိနစ်တွင် ဘာသာရေး အသင်းအဖွဲ့များက ရွှေကြာသင်္ကန်း ကပ်လှူပွဲ၊ အခမ်းအနား အဆောင်အယောင်များဖြင့် ဘုရားတပတ် လှည့်လည် ပူ ဇော် ခဲ့ကြသည်။

ထို့နောက် အရှေ့ဘက်မုခ်ရှိ ကကုဿန် မြတ်စွာဘုရား၊ တောင်ဘက်မုခ်ရှိ ကောဏဂုံ မြတ်စွာဘုရား၊ အနောက်ဘက် မုခ်ရှိ က ဿပ မြတ်စွာဘုရား၊ မြောက်ဘက်မုခ်ရှိ ဂေါတမ မြတ်စွာဘုရား၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ဘုရား တို့အား ရွှေသ င်္ကန်းကပ် လှူပူဇော်မှုပြုလုပ်ကြသည်။
“ဘာသာရေး အသင်းအဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း စတုဒီသာ လှူဒါန်းတာတို့၊ သောက်ရေသန့် ဗူးတွေ လှူဒါန်း တာတို့၊အဖွဲ့လိုက်ဓမ္မစကြရွတ်ဆိုတာတို့တွေလာလုပ်ကြတယ်”ဟုဦးဝင်းကြိုင်ကပြောသည်။

ထို့အပြင် နေ့လည် ၁ နာရီတွင် ရွှေတိဂုံ စေတီတော် သြဝါဒ ဆရာတော်မှ ဘုရားဖူးများအား ဓမ္မစကြာတရား ဟောကြားပေးသည့် အ ပြင် ရှေးဟောင်း ရုပ်ပွားတော် တန်ဆောင်း၌ ဂေါပကအဖွဲ့မှ ကြီးမှူးကာ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားနှင့် ဟောပြောပွဲတရပ် ကျင်းပပေးသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်