Thursday, September 06, 2012

မန်းဘူတာကြီးတွင် ကော် ရှူ သည့် လေ လွင့်ကလေး ဦးရေ တိုးပွားနေ

Posted by drmyochit Thursday, September 06, 2012, under | No comments


 
မန္တလေး ဘူတာကြီးတွင် မလေးရှားနိုင်ငံထုတ် oci S100 ပိုက်ဆက် ကော်စွဲလမ်းစွာရှူရှိုက်နေကြသည့်  တောင်းရမ်း စားသောက်ကြသော ကလေးငယ်များ မျုားပြားနေကြာင်း ဒေသခံများထံကသိရသည်။ ကလေးငယ် အများစုအနေဖြင့် မလေးရှားနိုင်ငံထုတ် ociS100 အမှတ်တံဆိပ် ပိုက်ဆက်ကော်အား ရှူ ရှိုက်ခြင်းမှာ ထမင်းအဆာပြေ သောကြောင့် ရှူရှိုက်ရခြင်း ဖြစ်ကြောင်း သုံးစွဲသူ ကလေးငယ်များထံက သိရှိရသည်။
“ ကော်မရှုရရင်မနေနိုင်ဘူး၊ တောင်းရတဲ့ပိုက်ဆံနဲ့ ပိုက်ဆိုင်တွေကနေ ကော်တစ်ဘူး(၆၀၀)နဲ့ ၀ယ်တယ်၊ ကော်တစ်ဘူး ဆိုခဏနဲ့ ကုန်ကုန်သွားတယ်” ဟု ကော်ရှုရင်း ပိုက်ဆံ တောင်းနေသော(၁၃)နှစ် အရွယ် ကလေးငယ် တစ်ဦးက ပြောသည်။
ဘူတာကြီးတွင် နေထိုင်သော ကလေးဦးရေ(၂၀)ကျော် (၃၀)ခန့်ရှိကြောင်း သိရှိရပြီး လေလွင့် ရောက်ရှိလာသော ကလေးငယ် များဖြစ်ပြီး စားဝတ် နေရေးအခက်
အခဲကြောင့် ဘူတာကြီးအနီးတွင် တောင်းရမ်း စားသောက်နေခြင်း ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“ကလေးတွေကအုပ်စုဖွဲ့ပြီးနေတယ်၊ လစ်ရင် လစ်သလို အလစ်သုတ်တယ် တစ်ချို့ကလေးတွေက မိုက်ရိုင်းတယ် သူတို့ကိုငေါက်ရင်တောင် ပြန်ဆဲတယ်”ဟု ဘူတာကြီး တွင် ဈေးရောင်းသော ဒေါ်အေးသန်းက ပြောသည်။ ကော်ရှူသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာဝန် တစ်ဦးက ယခုကဲ့သို့ ဆိုသည်။“ ကော်ရှူလို့ ထမင်းမဆာတာကတော့ သူတို့ရဲ့ စွဲလမ်းမှု တစ်ခု ပဲနေမှာပါ ကော်ရှူလို့ ချက်ခြင်း အသက်အန္တရယ် မထိခိုက်ပေ မယ့်ကြာလာရင် ကော်ခဲမှာပါတ ဓာတုပစ္စည်းတွေက အသဲခြောက်ရောပါ ဖြစ်စေနိုင် ပါတယ်။” ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ကလေးငယ်များအား လူငယ်ပြုစုပျိုးထောင်ရေး အသင်းများမှ ခေါ်သူစောင့်ရှောက် နေသော်လည်း ပြန်လည်ထွက်ပြေးလေ့ရှိကြောင်းကို လည်း သိရှိရသည်။ထိုကဲ့သို့ ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများမှ စတင်ပြီး နောင်အနာဂတ်တွင် ရာဇ၀တ်မှုများပါ ကျူးလွန်လာနိုင်ကြောင်း   လူ့အခွင့်ရေး လှုပ်ရှားသူကိုမျိုးမင်းထွန်းက ၄င်း၏ အမြင်ကို သုံးသပ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်