Saturday, September 29, 2012

စစ်တွေမြို့ လက် ရှိအခြေအနေထိ တင်းမာနေဆဲဟုသိရ (ဓါက်ပုံ များ)

Posted by drmyochit Saturday, September 29, 2012, under | No comments


 
 
အခု စစ်တွေမြို့တွင် လက်ရှိ အခြေအနေ တင်းမာနေသည်ဟုဆိုသည်။ ။ လူများသည် အင်ပါလာရပ်ကွက်ကိုချီ တတ်လျှက် ရှိပါသည် ဟုရွှေမြန်မာမီဒီယာဂရုသတင်းထောက်မှပြောသည်။ စစ်တပ်များက ယခုအခါ လုံးခြုံရေး တင်းကျပ်ထားကြောင်းသိရသည်။

Eleven Media Group

ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်မှ ရေခဲချောင်းရောင်းသော ကလေးတစ်ဦးသည် စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက် အတွင်း သို့ ရေခဲချောင်းသွားရောင်း ရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ သေပြီဟုယူဆကာ မွန်း လွဲ ၁ နာရီခန့်တွင် သံဃာတော် တစ်ရာကျော်ခန့်နှင့် လူဦးရေ သုံးထောင်ခန့်စုဝေးကာ အဆိုပါရပ်ကွက်အတွင်း သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ရေးရာတာဝန်ရှိသူများ၊ ရဲများ နှင့် စစ်တပ် တစ်တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန် ရောက်ရှိနေကြပြီး ညနေ ၄ နာရီခန့်တွင် ရဲ ၆၀ ဦး ခန့်က ပြည်သူများကို တားဆီးနေပြီး စစ်တပ်က မီးတိုင်တစ်တိုင်အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။

 ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရ သတင်း ထုတ်ပြန်ရေး နှင့် မှတ်တမ်းပြုစုရေး ကော်မတီဥက္ကဌ ဦးလှသိန်းက Eleven Media Group သို့ ပြောကြား သည်။
 























0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်