အစိုးရတပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)
တို့ တိုက်ပွဲများဖြစ်ပွားနေသော ဖားကန့် မြို့နယ် တွင် ယနေ့ နံနက် ၈နာရီ
မိနစ် ၃၀ ခန့်က ချိန်းကိုက်ဗုံးပေါက်ကွဲခဲ့ပြီး တပ်မတော်သားတစ်ဦး
နှင့် ဒေသခံပြည်သူ နှစ်ဦး ဒဏ် ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ
စုံစမ်းသိရသည်။မိုင်းပေါက်ကွဲမှုသည့်နေရာမှာ ဖားကန့်မြို့နယ်တွင် လူ အစည်ကားဆုံးကျေးရွာ
တစ်ခုဖြစ်သည့် ဆိပ်မူ (ဆိုင်းတောင်)ကျေးရွာအထွက် (ဖားကန့်မြို့ဘက်သို့) ဒေါ်တင်လှ
စက်သုံးဆီအရောင်းဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း
ယင်းရဲစခန်း၏ တာဝန်ရှိသူ၏ အဆိုအရသိရသည်။ပေါက်ကွဲမှုဖြစ်ပွားသည့် ဆိပ်မူ
ရပ်ကွက်(၃)တွင် နေထိုင်သူ အမျိုးသားတစ်ဦးက “ ဖားကန့် ဘက်က အစိုးရစစ်ကြောင်းက
ခြေလျင် တက်လာတယ်။ အဲဒီဆိုင် ကယ်နား ရောက် တဲ့အချိန် မှာ ပေါက် ကွဲသွားတာ” ဟု
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ The Voice Weekly ၏ မေးမြန်းချက်ကို
ဖြေကြားသည်။
The Voice Weekly
0 comments:
Post a Comment