မနေ့က သြဂုတ်လ (၂၉)ရက် ညနေ (၆)နာရီအချိန်မှာ ကချင်ပြည်နယ်၊
ဖားကန့်မြို့၊ ဆိပ်မူရဲစခန်းကို KIA က ၀င်ရောက် ပစ်ခတ်ခဲ့ပါတယ်။
KIA အဖွဲ့က
အင်အား (၅)ဦးခန့်ဟာ ဖားကန့်မြို့၊ ဆိပ်မူရဲကင်းအရှေ့ကို ပါဂျယ်ရိုးကား (၁)စီးနဲ့
ရောက်လာပြီး ကားပေါ်ကနေ (၂)ဦးဆင်းလာကာ လက်နက်များနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုပစ်ခတ်မှုကြောင့် ဆိပ်မူရဲကင်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်
ပစ်ခတ်မှုတွေဖြစ် ပွားပြီး KIA အဖွဲ့က ယာဉ်နဲ့ ပြန်လည် ထွက်ပြေးသွားတယ်လို့
သိရပါတယ်။
အဆိုပါ
ပစ်ခတ်မှုတွေကြောင့် ရဲကင်းရဲ့အရှေ့မျက်နှာစာမှာ ကျည်များ ကျရောက် ပေါက်ကွဲခဲ့ပေမဲ့
လည်း လူနဲ့ အဆောက်အဦတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ဆိပ်မူရဲကင်းမှူး
ဒုရဲအုပ် မင်းဦးထံမှ သိရှိရပါတယ်။
0 comments:
Post a Comment