Monday, October 08, 2012

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်လျာထားစာရင်းတွင်မြန်မာပြည်သူတွေလေးစားချစ်ခင်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါဝင်

Posted by drmyochit Monday, October 08, 2012, under | No comments




ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လျာထားစာရင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါရှိနေကြောင်းသိရှိ ရသည်။နိုဘယ်ငြိမ်းချမ်းရေး ဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏အမည်များကို ထုတ်ဖော်ပြောကြားလေ့မရှိသော်လည်း နော်ဝေနိုင်ငံအော်စလိုမြို့ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု့ အကြီးအကဲ Mr.Kristian Berg Harpviken ကအဆိုပါကော်မတီ၏ လုပ်နည်းလုပ်ငန်းကို လေ့လာပြီး ဆုရရှိနိုင်ခြေရှိသူ လျာထားအတိုချုပ်စာရင်းအား နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။ ယခုနှစ်အတွက်
ထုတ်ပြန်သော ငြိမ်းချမ်းရေးနိုဘယ်ဆုလျာထားစာရင်းတွင် သမ္မတဦးသိန်းစိန်နှင့်အတူ အကြမ်းမဖက်ငြိမ်း ချမ်းစွာ တော်လှန်ရေးဆိုင်ရာ ကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား Dr . Sharp ၊ရုရှားသူ အခွင့်အရေးအုပ်စု Memorial တည်ထောင်သူ Ms Svetlana Gannushkina ၊ အမှီအခိုကင်းသော ရုရှားမီဒီယာအဖွဲ့ Echo of Moscow တည်ထောင်သူ Mr Alexei Venediktov ၊ဘာသာရေးအားလွဲမှားစွာအသုံးပြုခြင်း ကိုဆန့်ကျင်သူ နိုင်ဂျီးရီးယား နိုင်ငံသားနှစ်ဦးတို့ ပါဝင်ကြသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အား အောက်တို ဘာလ ( ၁၂ )ရက်တွင်ကြေငြာမည်ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်