Wednesday, October 24, 2012

၂၂.၁၀.၂၀၁၂ ရက်နေ့ မြောက်ဦးမြို့နယ် အရေးခင်းတွင် သေဆုံးစာရင်း၊ ဒဏ်ရာရ စာရင်း

Posted by drmyochit Wednesday, October 24, 2012, under | No comments


၁။ ဦးအောင်မိုး အသက်(၃၈)နှစ်၊ ဘီလူးရွာ အလောင်းရ

၂။ ကိုမောင်ဌေးဝင်း အသက် (၂၁)နှစ်၊ ပန်းမြောင်းကျေးရွာ အလောင်းမရ
၃။ ဦးမောင်ဘုချေ အသက် (၄၀) နှစ်၊ မြင်းခုန်တန်းကျေးရွာ အလောင်းမရ

ဒဏ်ရာရသူများ

မြောက်ဦးဆေးရုံတွင် ၅ ဦး နှင့် စစ်တွေဆေးရုံတွင် ၃ ဦး ပေါင်း ၈ဦး ရှိပါပြီ။ ယခု ခလရ ၅၄၀ တပ်မှ ပစ်သဖြင့် ခြေတွင် ဒဏ်ရာရတစ်ယောက်နှင့် ကုလား ဂျင်ကလိမျှားများထိ၍ ၃ ဦး တို့အား မြောက်ဦး ဆေးရုံသို့ ပို့ရန် လုပ်ဆောင်နေကြပါသည်။
၃.၁၀.၂၀၁၂ ရက်နေ့ ၁၁း၄၈ နာရီတွင် စုံစမ်းချက်အရ ဆက်လက်၍ မြောက်ဦးမြို့နယ် ယိုင်သည်ရွာတွင် အခင်း ဆက်လက် ဖြစ်ပွါးလျှက်ရှိသည်ဟု သည်ရှိရပါသည်။ အိမ်များမှာ ဆက်လက် မီးလောင်းကျွန်းဆဲဟု သိရှိရပါသည်။ အခြေအနေကို ဆက်လက် RSV ဆက်လက် စုံစမ်းနေပါသည်။


မင်းပြားမြို့နယ်တွင်တော့ အခြေအနေမှာ ဆက်လက် တင်မာလျှက်ရှိပြီး ၊ လုံခြုံရေးများကို တိုးချ ထားလျှက်ရှိသည်ဟု သိရှိရပါသည်။

Rakhine Straight Views
The Voice Weekly

မြောက်ဦးတွင် ပဋိပက္ခမှုကြောင့် လူ ငါးဦး သေဆုံး ရှေးဟောင်း စေတီပုထိုးများတည်ရှိရာရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဖြစ်ပွါးနေသော ပဋိပက္ခကြောင့် ရခိုင်တိုင်းရင်းသား သုံးဦးနှင့် ဘင်္ဂါလီ နှစ်ဦး သေဆုံး သွားပြီး ဒဏ်ရာရရှိသူ ရခိုင်တိုင်းရင်းသား ငါးဦးမှာ စစ်တွေ ဆေးရုံကြီးသို့ အရေးပေါ် ကုသရန် ရောက်ရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သတင်းပြန်ကြားရေးကော်မတီဝင် ဦးမျိုးသန့်က The Voice Weekly သို့ပြောကြားသည်။
မြောက်ဦးမြို့နယ်တွင် ဒဏ်ရာရရှိသူများစွာရှိသော်လည်း စာရင်းအတိအကျရရှိရန်နှင့် ပဋိပက္ခမှုများကို ဖြေရှင်း ပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး နှစ်ဦး အပါအ၀င် အကြီးတန်းအရာရှိများသည် အခင်း ဖြစ်ပွါးရာ နေရာများကို သွားရောက်နေပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။
ယမန့်နေ့ညကစတင်ကာ မြောက်ဦးနှင့် မင်းပြားမြို့တို့တွင် လုံခြုံရေး အခြေအနေ ပြန်လည် ကောင်းမွန် စေရန် ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရကြောင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်