Friday, October 12, 2012

စင်္ကာပူသွားမည့်သူများ သတိထားပါ

Posted by drmyochit Friday, October 12, 2012, under | No comments



ရန်ကုန် လေဆိပ်မှာ လူကြုံ ထည့်ပေး လိုက်ပါရ စေဆိုပြီး လာအကူ အညီ တောင်းတဲ့ လူတွေနဲ့ တွေ့ရင် အားနာ မနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ် အကင်းဆုံး ဖြစ်ပါ လိမ့်မယ်။


ကျွန်တော့ အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ် ခတ်ခံ ရပြီး ရဲစခန်း ရောက်သွား ပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာ လာပြီး၊ ဟိုမှာလည်း ပတ်ပတ် နပ်နပ် လိုက်လုပ် ပေးနိုင်တဲ့ မြန်မာ တွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက် လာနိုင် တာပါ။
စင်ကာပူ အထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွား ပါလိမ့်မယ်။ လူကြုံ ထည့်ပေး လိုက်ပါရ စေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွား ပေးတာ
ဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီးလိုဟာတွေ ၀ှက်ပြီး ထည့်ပေး လိုက်တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ
သတိထားကြပါ။
ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည် သန့်သန့် ပြန့်ပြန့် သားသား နားနား အမျိုးသမီး တစ်ယောက် ရှိတယ် လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန် လေဆိပ်က သန့်ရှင်း ရေးဝန်ထမ်း များအဆုံး ထိုအမျိုး သမီးကို သိကြ တယ်လို့လည်း ကျွန်တော့ အသိက ဆိုပါတယ်။
သူ့ကိုလည်းအဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေးလိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေ တုန်းပါပဲ။ ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေး ရွက်ကြီး ထည့်ပေး လိုက်တာကို တရား မ၀င်လုပ်ရပ် အဖြစ် အရေးယူလို့ မရနိုင်ဘူး လို့လည်း သိရပါတယ်။
ဒါကြောင့် စင်ကာပူ သွားမယ့် လူများ ကသာ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ ရန်ကုန် ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င် ပစ္စည်း မဟုတ်တဲ့အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက် တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူ လက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော်
ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။
စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြား သော မြန်မာတွေလည်း အဲ့လို လူကြုံ ထည့်ပေး ပါရစေဆို တာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက် ကုန်တာ မနည်းဘူးလို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်