ရက်စွဲအတိကျပါတယ်၊ အိမ်လိပ်စာပါတယ်၊ အသက် ပါတယ်။ နာမည်တစ်ခုသာကျန်တော့တယ်။ သို့သော် ဘယ်သူလဲဆိုတာ အားလုံးသိပြီ။
အသုံးမကျတဲ့ စတုတ္ထမန်းတပ်ကြီးကြောင့် မြန်မာစာဖတ်ပရိတ်သက်များ အသိဆိုးတွေ ဝင်ကုန်ကြပါပြီ။ ကင်မရာလေးနဲ့ ဓာတ်ပုံလေး ရုပ်ထွက်အောင်ရိုက်တတ်၊ မြန်မာစာလေး မတောက်တခေါက်ရေးတတ်ရင် သတင်းထောက်ဖြစ်ပြီဆိုတဲ့ ခေတ်ရောက်နေပြီဖြစ်သည်။ ပေါလိုက်တဲ့ သတင်းထောက်များ။ ထွက်လိုက်တဲ့ ဂျာနယ်များ။ ဆန္ဒပြပွဲတွေမှာ သတင်းယူသလိုလိုနဲ့ ဆန္ဒက ဝင်ပြသေးတယ်။ ကျင့်ဝတ်မသိတဲ့ သ တင်းထောက်တွေ၊ ကျင့်ဝတ်မသိတဲ့ အယ်ဒီတာတွေ၊ စောင်ရေတက်ဖို့ပဲ အားသန်နေတဲ့ ထုတ်ဝေသူတွေ စုထားတဲ့ မြန်မာ့ မီဒီယာ လောကကြီး။
အစိုးရနဲ့ တာဝန်ရှိသူတွေကို ပုပ်ခတ်ရေးသားတာတွေ၊ ထိခိုက်ပျက်ဆီး သေကြေကြတာတွေ ကို ဂျာနယ်မျက်နှာဖုံးမှာတင်ပြီး စောင်ရေတတ်အောင် လုပ်နေတာ ကြာလာရင် လူထုရဲ့ ခေါင်းထဲမှာ အစိုးရကို ဆန့်ကျင်ချင်စိတ်နဲ့ မိုက်ရူးရဲစိတ်တွေသာ တိုးလာပြီး ဘာမှ အသိပညာ တိုးမလာ တဲ့အပြင် လူနေမှု အဆင့်အတန်း ပိုဆိုးလာ၏။
လမ်းမှာ အမှိုက်တွေ့လျှင် အမှိုက်ပစ်သူကို အပြစ်မတင်ပဲ အမှိုက်မသိမ်းတဲ့ စည်ပင်ကို အပြစ်တင်ရေး၏။ ယဉ်စီးကမ်းမလိုက်နာသူများကို ရဲဖမ်းလျှင် စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူကို အပြစ်မရေးပဲ ယဉ်ထိန်းရဲကို အပြစ်ရေး၏။ ထူးဆန်းလိုက်တဲ့ မြန်မာ့ စတုတ္ထမန်းတပ်ကြီး။
လူထုအသံဆိုပြီး အကြောင်းပြပြီး ကိုယ်ပြောချင်တာပြောကြ၊ ကိုယ်ရေးချင်တာရေးကြတယ်။ အများအမြင် မှာတော့ ယုံကြည်ချက်ကြောင့်လုပ်နေတဲ့ ပုံစံ။ တကယ်တမ်းတော့ ငတ်လို့လုပ်နေကြတာ။
0 comments:
Post a Comment