Tuesday, October 30, 2012

မီးရှို့ခံ ရွာများအား စစ်တပ်မှ ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံ

Posted by drmyochit Tuesday, October 30, 2012, under | No comments


ကျောက်တော်မြို့နယ်တွင် ခမရ(၃၇၅) ဗိုလ်မှူး စနိုင်မောင် ဦးဆောင်သော အဖွဲ့သည် ဘင်္ဂလီ ရခိုင် အဓိ ကရုဏ်း အတွင်း အကြမ်းဖက် မီးရှို့ ခံခဲ့ ရသည့် ကျေးရွာများမှ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ခြိမ်းခြောက် ငွေကြေး တောင်းခံ ခဲ့ကြောင်း သိရသည်။

ဆင်အိုးချိုင်ရွာ (၅၀၀၀၀ိ/-)ကျပ်၊ ဆင်အိုးချိုင် ရွာသစ်(၂၀၀၀၀ိ/-)ကျပ်၊ ဗျာလ ကျေးရွာ (၃၀၀၀၀ိ/-)ကျပ်၊ ပိုက်ဆိပ်ကျေးရွာ (၅၀၀၀၀ိ/-) ကျပ်စီဖြင့် စစ်တပ်မှ ခြိမ်းခြောက်ငွေတောင်းခံခဲ့ကြောင်း ဆင်အိုးချိုင်ရွာမှ ရွာသားတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါဒေသခံက " အခု ခမရ(၃၇၅) ဗိုလ်မှူး စနိုင်မောင် ဦးဆောင်တဲ့အဖွဲ့က မီးရှို့ ခံထားရပြီး ဒုက္ခရောက် နေကြတဲ့ ရွာတွေကို လိုက်ပြီးတော့ ခြိမ်းခြောက်ကာ ငွေတွေ ကောက်ခံ နေပါတယ်။ အဲဒီရွာတွေက ရွာလူကြီး၊ ဥက္ကဌ၊ ရွာအုပ်ချုပ်ရေး မှူးတွေ ဆီကို လာပြီးတော့ ပိုက်ဆံ ဘယ်လောက် ပေးရမယ်၊ ရွာသားတွေကို အသိ ပေးထားလိုက် ဆိုပြီးတော့ လာပြော ပါတယ်။
 ပြီးတော့ ပိုက်ဆံတောင်းတဲ့အချိန်မှာ မင်းတို့ရွာမှာ လက်နက်ရှိတယ်လို့ ကြားတယ်။ အဲဒီလက် နက်တွေကို ငါတို့ဆီကို အပ်ရမယ်။ မအပ်ရင် ဖမ်းမယ်။ အဖမ်း မခံချင်ရင် ပိုက်ဆံ ပေးရမယ် ဆိုပြီးတော့ ခြိမ်းခြောက် တောင်းသွားပါတယ်။ " ဟု ပြောသည်။
ဒေသခံပြည်သူများမှာ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းဒဏ်ကြောင့် အိုးအိမ်များ စွန့်ခွာ ထွက်ပြေး နေရသည့် အချိန်တွင် တပ်မတော်သားများအနေဖြင့် ကူညီထောက် ပံ့မှုမပေး သည့်အပြင် ယုခုကဲ့သို့ ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ရှိသည့် အတွက် ဒေသခံများမှာ ထပ်ဆင့်ဒုက္ခရောက် နေကြကြောင်း သိရသည်။


ရွှေမြန်မာမီဒီယာဂရုမှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်