ဘရား ဇီးနိုင်ငံတွင် ကမ္ဘာ့ အကြီးဆုံး ပုရွက် ဆိတ်မြို့တော် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ယင်း မြေပုံသည် ပုရွက်ဆိတ် ကဲ့သို့ အကောင်သေး များအတွက် အင်ပါယာ တစ်ခု နီးပါး ကြီးမားပြီး ယခုအခါ ထိုပုရွက် ဆိတ်များ နေထိုင်ခြင်းမရှိတော့ကြောင်း သိရသည်။ ယင်းမြို့တော်အား တည်ထောင်ပြီး အဘယ်ကြောင့် ဆက်လက် မကျက် စားတော့ သည်ကိုမှု မသိရသေးချေ။
ယင်းမြို့၏ တည်ဆောက် ပုံသည် ခိုင်ခိုင် မာမာရှိကာ၊ စနစ် တကျဖြစ်နေ သည်ကို တွေ့ရသည်။ ဥပမာ- လမ်းပမ်း ဆက်သွယ်ရေး အတွက် အနီးဆုံး လမ်းဖောက် ထားခြင်း၊ တစ်နေရာနှင့် တစ်နေရာ အချိတ် အဆက် ကောင်းခြင်း စသည် တို့ဖြစ်သည်။ ထို့အပြင် လေဝင်လေထွက် ကောင်းမွန်ရန် Ventilation system မျာ စနစ်တကျ ရှိနေသည် ကိုလည်းတွေ့ ရသည်။
ထို့ကြောင့် လေ့လာသူ သုတေသီများ အံ့သြောမင်သက်ခဲ့ရပြီး ပုရွက်ဆိတ်တို့၏ ဥာဏ်ပညာကြီးမားမှုကို မယုံနိုင် စရာ ဖြစ်ခဲ့ရသည်။ မြေနေရာအနေအထားမှန်ကန်ပြီး ခိုင်ခိုင်မာမာရှိကာ ယင်းမြို့ကို တည်ဆောက် ရန် မြေ တန် ၄၀ ခန့်အသုံးပြုထားသည်။ အပေါ်ပိုင်း လေဝင်လေထွက်နှင့် အဝင်အထွက် ဂိတ်စနစ် အတွက် ၁၀ တန်အသုံးပြုထားပြီး အတွင်းတွင် တန် ၃၀ ကျော် အသုံးပြု ထားသည်။
ထို့ကြောင့် လေ့လာတွေ့ရှိထားသမျှ ဘရာဇီးနိုင်ငံရှိ ယင်းပုရွက်ဆိတ် တွင်း (မြို့တော်)ကို ကမ္ဘာ့အကြီးဆုံး ပုရွက်ဆိတ်မြို့တော်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။







0 comments:
Post a Comment