Saturday, December 22, 2012

ဆင်းတုတော်ခေါင်းဖြတ်ခိုးယူသူကို စုံစမ်းဆဲ၊ ကျောင်းထိုင်ကို တံတားဦးမြို့သို့ ရွှေ့ပြောင်းစေခဲ့

Posted by drmyochit Saturday, December 22, 2012, under | No comments

From : Myanmar Times

အင်းဝ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ညောင်ရမ်းမင်း တည်ထား ခဲ့သောဘုရား ၀င်း အတွင်းမှ ဆင်းတုတော် သုံးဆူကို ယခုလ ၁၁ ရက်ညက ခေါင်းဖြတ် ခိုးယူ ခံခဲ့ရမှုဖြစ် ပွားပြီးနောက် တရားခံကို မမိသေးကြောင်းနှင့် အဆိုပါ ဘုရားဝင်းနှင့် ကပ်လျက် ဘုန်းကြီးကျောင်း မှကျောင်းထိုင် ဆရာတော်ကို တာဝန်ရှိ သူများက တံတားဦးမြို့သို့ ပင့်ဆောင် ပြောင်းရွှေ့ ထားကြောင်း သိရသည်။

ဟံသာဝတီ ကျေးရွာအုပ်စု စန္ဒာမုနိ ဘုရား အတွင်းရှိ ဘုရားသုံး ဆူမှာခေါင်းဖြတ် ခိုးယူ ခံခဲ့ရပြီးနောက် သုံးဆူ အနက် တစ်ဆူ၏ ဦးခေါင်းတော်မှာ အဆိုပါ ဘုရားနှင့် ကပ်လျက် ရှိတောင် တွင်းကြီကျောင်း တိုက် အတွင်း ကျကျန်နေသည် ကို ရွာသူ ရွာသားများက တွေ့ရှိခဲ့ရာ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရွာသူရွာ သားများမှ အဆိုပါကျောင်း တိုက်ရှေ့ တွင် စုပေါင်းဆန္ဒဖော်ထုတ်ကာ ကျောင်ထိုင် ဘုန်းကြီးကို လူဝတ် လဲစေကာ စစ်ဆေးပေးရေး တောင်းဆိုခဲ့ကြသည်။

သို့ဖြင့် တာဝန်ရှိ သူများက အဆိုပါ ကျောင်းတိုက်အတွင်းဝင်ရောက်စစ်ဆေးပြီးနောက်ကျောင်းထိုင် တောင် တွင်းကြီး ဆရာတော်အား တံတားဦးမြို့ သို့ ပင့်ဆောင်ခဲ့ကြောင်း၊ တရားခံကို မမိသေးဘဲ စုံစမ်းစစ်ဆေး ဆဲဖြစ်ကြောင်း တံတားဦးရဲစခန်းမှ ရဲအုပ်သန်းလွင်က ယခုလ၁၈ ရက်နေ့က ပြောသည်။ 

အမှုကို (ပ)၁၆၅/၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၂၉၅ ဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

"ဒီကျောင်းထိုင်ဘုန်းကြီးကို ကျွန် တော်တို့ရွာနီးဝန်းကျင်က ၀ိုင်းကျဉ်ထားခဲ့ကြတာ နှစ်ပေါင်းကြာခဲ့ပါပြီ။ သူ့ရဲ့ နောက်ကြောင်း ရာဇ၀င်တွေကြောင့်ပါ။ သူကလည်း သူ့ကျောင်းဝင်းထဲဝင်သမျှ ခွေးက အစ အရှင် မထား ပါဘူး။ ဘယ်ရွာသူရွာသားကိုမှ အ၀င်မခံသလို ကျွန်တော်တို့ကလည်း သာရေးနာရေး မှန်သမျှ သူနဲ့မ ပတ်သက်ဘူး။ ဟံသာဝတီတိုက်နယ်တစ်ခုလုံးကသူ့ကိုဆွမ်း မလောင်းကြဘူး၊ တံတားဦးမြို့ပေါ်ကိုပဲ ကားနဲ့ဆွမ်းခံထွက်ရတယ်။ မြို့ပေါ်ကလည်း ကိုရင်တွေကိုသနားလို့ လောင်း ကြတယ်" ဟု ယွန်းတန်းရပ်မှ ဦးနေခြည် နှင့်ဦးဘသိန်းတို့က ယခုလ ၁၂ ရက်က ပြောသည်။

အင်းဝယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားဆင်းတုများကို ခိုးယူခြင်းများ ယခင်ကလည်း ရှိခဲ့ဖူးကြောင်း ရွာသူရွာသားများက ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်