Tuesday, December 25, 2012

မီးလောင် ဒဏ်ရာရ ဆရာတော်ဦးတိက္ခဥာဏရဲ့ ဆေးကုသစားရိတ်ဘတ်ငွေ သန်း(၂၀) ခန့်ကုန်ကျမည်

Posted by drmyochit Tuesday, December 25, 2012, under | No comments

ဒီကနေ့မနက်က လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးေ က်ာမရှင် အတွင်းရေးမှူး ဦးကျော်တင့်ဆွေက ဆရာတော် ရဲ့ သားဖြစ်သူ ဒေါက်တာနေသူရိန်ထံ ဖုန်းဆက်ပြီး အစိုးရက ကုန်ကျငွေအားလုံးကို တာဝန် ယူမ ယ်လို့ အကြောင်းကြား လာတာဖြစ်ကြောင်း ဒေါက်တာ နေသူရိန် က ပြောပါတယ်။


“စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးကျော်တင့်ဆွေက ပြောပေးတာပါ၊ အဲဒီအတွက် ကျနော်လည်း သူတို့ကို ကျေးဇူး တင်ပါတယ်ဗျာ၊ ဒီလိုကုန်ကျ မယ့် အများကြီးကိုလေ ဒီစုံစမ်းရေး ကော်မရှင် ကနေပြီးေ တာ့လေ အကုန် လုံးကိုစေတနာနဲ့ ကူညီသွားပေးတာ တကယ်လည်းကျေးဇူးတင်တယ်။အဲဒါ ကျနော်ေ လ ဒီဘုန်း ဘုန်းကြီးကို သက်သာတဲ့အထိ ဘန်ကောက်ဆေးရုံမှာပဲ ထားပြီးတော့မှ သက် သာပြီ ဆိုတဲ့ အချိန်ကြ မှပဲ တကယ်လို့ ဘုန်းဘုန်းကြီးရဲ့ စိတ်ဆန္ဒအတိုင်း ဖြစ်ချင်တယ်ဆိုရင် အပြင်ဆေးရုံကို ရွှေ့ပါလို့ ပြောပါ တယ်”

ဒီကနေ့နေ့လည်အထိ ဆေးဖိုးဝါးခနဲ့ ပတ်သက်လို့ မြန်မာအစိုးရဆီက တစုံတရာအကြောင်းပြန်ကြားမှု မရှိ ရင် ထိုင်း ဘုရင့်ဆေးရုံကို သွားရောက် အကူအညီတောင်းပြီး ဆက်လက်ကုသဖို့ စီစဉ်ထားခဲ့ကြောင်း ဒေါက်တာ နေသူရိန် က ပြောပါတယ်။

ဆရာတော် ဦးတိက္ခဥာဏရဲ့ ဆေးဝါးကုသစားရိတ်ဟာ ဒီဇင်ဘာလ (၂၁) ရက်နေ့အထိဆိုရင် ဘတ်ငွေ(၂) သန်း (၃)သောင်းကျော် ကုန်ကျခဲ့ပါတယ်။ ဆရာတော်ကို လက်မောင်းမှာ အသားအစားထိုးကုသမှု စတင်နေပေမယ့် ခန္ဒာကိုယ် အစိတ်အပိုင်းတချို့မှာ ကျန်ရှိတဲ့ပိုးကို ဆက်လက်ကုသနေရဆဲဖြစ် တယ်လို့ ဆိုပါတယ်။

ဒီလိုအစိုးရက ထောက်ပံ့မှုဖြစ်အောင်(၈၈)မျိုးဆက်ကျောင်းသားများက လည်း ကြားဝင်ဆောင်ရွက် ပေးခဲ့ တယ် လို့လည်း ဘန်ကောက်မြို့မှာ ခေတ္တ သတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်က မိန့်ပါတယ်။

ဒီကနေ့ညနေမှာလည်း ရွှေညဝါဆရာတော်ဟာ ဆရာတော် ဦးတိက္ခဥာဏ ဆေးဝါးကုသစားရိတ်အတွက် တတိယအကြိမ်မြောက်အဖြစ် ဘတ်ငွေ (၅)သောင်းကို တရားဟောကြားလို့ရတဲ့ နဝကမ္မ ငွေထဲက ပေးလှူ ခဲ့ပါတယ်။

RFA Burmese

ရန်ကုန်သို့ ဆေးကုသရန် ရောက်ရှိနေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒဏ်ရာရ သံဃာလေးပါးအနက် ဒဏ်ရာပြင်းထန်သည့် မုံရွာမြို့၊ မြို့မရွှေကူကျောင်းတိုက်မှ အရှင်သဇ္ဇန ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူမည်ဖြစ်ကြောင်း ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင်သံဃာတော် ဦးဝိမလက မိန့်ကြားခဲ့သည်။

(Eleven Media Group)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်