Friday, December 07, 2012

မင်းပြားမြို့နယ်မှ ဘင်္ဂလီများ ဓါးဖြင့်လိုက်လံခုတ်သတ်မှုတွင် ဒဏ်ရာရှိခဲ့သူ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေရဆဲ

Posted by drmyochit Friday, December 07, 2012, under | No comments


မင်းပြားမြို့နယ် ၊ သေကံကျေးရွာနေ ဦး မောင်သိန်းနုမှာ ဒီဇင်ဘာလ ၂ ရက် နေ့ က စမ္ဘလေကျေးရွာမှ    ဦးကျော်ဇံလှပါ ငါးဦးတို့က ဓါးဖြင့် ၀ိုင်းခုတ်ကြရာ လက်တွင် ဒဏ်ရာအား သုံးချက်ခြုပ်ရပြီး ၀မ်းဗိုက်တွင် ၄ ချက်ခြုပ်ရကြောင်း သိရသည်။ ယခုအခါတွင် မင်းပြားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ရဲများက တရားခံများကို ဖမ်းဆီးခြင်းမရှိကြောင်းလည်းသိရသည်။


ယင်းသို့ပြုလုပ်ခြင်းသည် ဘင်္ဂလီများက ရဲအားကိုးဖြင့် ပြုလုပ်ခြင်းသုံးသပ်နိုင် ပြီး ဓါးဖြင့် လာသည် မြင် သည့်တိုင် ထိုသို့ပြုလုပ်လိမ့်မည်မဟုတ်ဟုထင်မှတ်ခဲ့ သဖြင့် မြင်ကတည်းက ထွက်ပြေးခြင်းမဟုတ်ဘဲ ဓါးဖြင့်ခုတ်မှသာ ထွက်ပြေး ခြင်းဖြစ်ကြောင်းလည်း ဦးမောင်သိန်းနု ကပြောပါသည်။

ဘင်္ဂလီများသည် ရခိုင် တစ်ဦးတည်း၊တစ်ယောက်တည်းသွားလာနေလျင် ထို သို့ သတ်ဖြတ်ရန် ကြံစည် နေခြင်းကို ရခိုင်များက သတိမမူသဖြင့် ပုံမှန်သွား မြဲ တိုင်းသွားနေခြင်းဖြစ်ကြောင်းနှင့် ဓါးဖြင့်ခုတ်မှသာ အမှန်တကယ်လုပ်မှန်းသိ ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဦးမောင်သိန်းနုသည် လက်ရှိတွင် မင်းပြားပြည်သူ့ဆေးရုံတွင် ကုသမှုခံယူ လျက် ရှိပြီး ဒဏ်ရာမှ အနည်း ငယ်သက်သာ လာပြီဖြစ်ကြောင်းလည်းသိရှိ ရ ပါသည်။ 

ရက်အနည်းငယ်ကြာမှ ဆေးရုံမှ ဆင်းခွင့်ရမည်ဖြစ်ကြောင်းလည်းသိရသည်။ ရဲ များက တရားခံအား မဖမ်းဘဲ ရခိုင်တိုင်းရင်းသားများကို ဒုတိယအကျော့ ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပတ်သက်ပြီး လိုက်လံ ဖမ်းဆီးခြင်း များကိုသာ ပြုလုပ်နေကြောင်းလည်းသိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်