Wednesday, December 26, 2012

အဖျက်စွမ်းအားကြီးသော STUXNET virus က အီရန်အား ထပ်မံတိုက်ခိုက်

Posted by drmyochit Wednesday, December 26, 2012, under | No comments


အဖျက်စွမ်းအားကြီးသော STUXNET virus က Version ပြောင်းလဲကာ အီရန်နိုင်ငံအား နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ကြောင်း သိရသည်။ အဆိုပါ Worm ဟာ အီရန်နိုင်ငံရဲ့ အရေးပါဆုံး Power Plant နှင့် အီရန်တောင်ဘက်ပိုင်းရှိ စက်ရုံများအား အဓိကထား တိုက်ခိုက်ခြင်းဖြစ်သည်။

BBC မှ သတင်းများအရ အဆိုပါ စက်ရုံများတွင် အီရန်တို့အတွတ် ထိခိုက်မှုများရှိမည်ဟု ခန့်မှန်းထား သည်။

ဆန်းပြားရှုပ်ထွေးလှသော code system ဖြင့်ဖွဲ့စည်းထားသော STUXNET virus အား ၂၀၁၀၊ ဇူလှိုင်လ တွင် စတင်တွေရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ stuxnet သည် အီရန်၏ ယူရေနီယံ စက်ရုံများအား လုပ်ငန်းလည် ပတ်မှုရပ်ဆိုင်း သွားအောင် ရည်ရွယ်၍ အမေရိကန်နှင့် အစ္စရေးတို့မှ ရေးသား ထားခြင်းဖြစ် သည်။

Cyber စစ်ပွဲများအား ပိုမိုပီပြင်လာအောင် ပုံဖော်ခဲ့သော WORM အဖြစ် ထင်ရှားပြီး ပထမဆုံးသော computer များကို ကျော်လွန်၍ စက်ယန္တရားများကိုပါ ဖျက်ဆီးပစ်နိုင်သည့် အစွမ်းထက် Virus(worm)လည်းဖြစ်သည်။

အဆိုပါ stuxnet သည် USB drive များမှ စတင်ကူးစက်ခြင်းဖြစ်ပြီး WINDOWS OS ၏ Zero-Day အားနည်းချက်နှင့် အခြားသော လုံခြုံရေးအားနည်းချက်များမှ ကူးစက်ခြင်းဖြစ်သည်။

Stuxnet အပါအ၀င် Duqu, Gauss, Mahdi, Flame, Wiper နှင့် Shamoon၊ စသည့် virus များသည် အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများသို့ အဓိကထားတိုက်ခိုက်ခြင်းဖြစ်သည်။

အီရန်သတင်းဌာနတစ်ခုမှ အီရန်နိုင်ငံဟာ STUXNET WORM ဖြင့် တိုက်ခိုက်မှုများအား နိုင်ငံ၏ Cyber လုံခြုံရေးအဖွဲ့နှင့် Kaspersky တို့မှ ပူးပေါင်း၍ အပြည့်အ၀ ကာကွယ်သွားမည်ဟု ပြောကြားသွားခဲ့သည်။

Kaspersky ကမှု stuxnet version အမြဲအသစ်ထွက်နေလျှက်ရှိပြီး version အားလုံးအား တပြိုင်နက်တည်း ထိန်းချုပ်ရန် ခက်ခဲသည်ဟုဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်