Thursday, January 24, 2013

တိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာမဲ့ကြသည့် ပြည်သူများမှ ကေအိုင်အေ အပစ်ရပ်ကြည့် ပါဟု မည်သည့် အတွက်ကြောင့် မတောင်းဆိုကြသနည်း

Posted by drmyochit Thursday, January 24, 2013, under | No comments



ပြည်ထောင်စု မြန်မာနိုင်ငံတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရကို ဝေဖန်၊ တပ်မတော် ကို သုံး သပ်၊ ၀န်ထမ်း များ၏ အားနည်း ချက်များကို ဘက်ပေါင်း စုံမှ ရှုမြင်သုံး သပ် တတ်ကြ သည့် မြန်မာ ပညာရှင် များ သည် ယနေ့ ကချင်ဒေသ အတွင်း ကေအိုင်အေနှင့် ဖြစ်ပွားသော စစ်ပွဲများ တွင်တော့ ထူးခြားသည့် တစ်ဖက်မြင် ဝေဖန်သုံး သပ်ချက်များ ထုတ်ပြန်ပြော ဆိုလျှက် ရှိကြသည်။


ကချင်ပြည်နယ်မှ လိုင်ဇာ ဒေသသည် ပထ၀ီ အနေအထားအရ အင်အားကြီးနိုင်ငံ တစ်ခုနှင့် နယ်နိမိတ်ချင်း ထိ စပ်နေ သည့် နေရာ ဖြစ်သည်။ ထို့ပြင် မြန်မာ့ တပ်မတော် နှင့် အပြိုင် လက်နက် တပ်ဆင်ပြီး ကိုယ်ပိုင် အစိုး ရ၊ ဘဏ်လုပ် ငန်း၊ ကိုယ်ပိုင် နိုင်ငံသား စိစစ်ရေး ကတ်များဖြင့် နိုင်ငံငယ်လေးတစ်ခုပမာ တည်ရှိနေ သည့် နယ် စပ် ဒေသတစ်ခုလည်း ဖြစ်သည်။ မြန်မာအစိုးရ၊ ကချင်အစိုးရ အုပ်ချုပ်မှုအာဏာနှင့် ဥပဒေများ သက်ရောက် မှု မရှိသည့် အပြင် မြန်မာနိုင်ငံအတွင်း၌ ရှိပြီး မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ မသက်ဆိုင် သည့် နေရာလည်း ဖြစ်သည်။

ယခင် အပစ်ရပ်စဉ် ကာလအတွင်း လိုင်ဇာအတွင်း စစ်ဌာနချုပ်၊ စစ်သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး လက် နက်သစ်များ ၀ယ်ယူစုဆောင်း နေခြင်းသည်ကိုလည်း အမှု မထားခဲ့ကြ။ သို့သော် အပစ်ရပ် ပျက်ပြယ် သွားသည့်နောက် အဆိုပါ အမှုမထားခဲ့သည့် အရာများမှ အပျက်အစီးနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ် လာ ခဲ့ရသည်။ တံတားများ၊ လမ်းများ ပျက်စီးသည်။ ဒုက္ခသည်များ တိုးပွားလာသည်။ ကျေးရွာများမှ လူသစ် စုဆောင်းခံရသူ များ ပိုမိုများပြားလာသည်။

နိုင်ငံရေးအရ ဆွေးနွေးမှုဟု တောင်းဆိုရာမှ တိုက်ရိုက် မဆွေးနွေးတော့ဟု ဆိုကာ UNFC အဖွဲ့အစည်းဖြင့် ကိုင်လှုပ်သည့် အနေအထားသို့ ဖြစ်လာသည်။ ထို အနေ အထားနှင့် နောက်ဆက် တွဲ ဖြစ်လာနိုင်သည့် အနေအထားမှာတော့ ပြည်နယ်တစ်ခုလျှင် လက်နက် ကိုင် တပ်ဖွဲ့ ၁ ခု၊ တပ်မတော်နှင့် ပေါင်းလျှင် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် တပ်ဖွဲ့ ၁၀ ခုလောက်ထိ ဖြစ်လာနိုင်သည့် အနေအထား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောက်ထပ် ၁၀ ခုခန့် ထပ်မံ တိုးမြှင့်ပေးရမည့် အနေအထားသို့ ရောက်လာနိုင် ပေသည်။ ပျားရည် တစ်စက်ကြောင့် ပြည်ပျက်သည်ဆိုသော စကားပုံ အတိုင်း မဖြစ်ပါဟု မည်သူ အာမခံနိုင် မည်နည်း။

မြန်မာ ရာဇ၀င်တွင် မန္တလေးနှင့် အထက်မြန်မာနိုင်ငံတစ်ကွက် ကျန်သည့် အနေအ ထား အထိ အာဏာ လု ၍ မဆုံးခဲ့သည့် သမိုင်းကြောင်း ရာဇ၀င်ရှိသည်။ လွတ်လပ်ရေး ရပြီး သည့်နောက် တပ်မတော်မှ အာဏာ မ သိမ်းလျှင် မရသည့် အခြေအနေအထိ ပြည်တွင်း ရန် ကို ထည့်မတွက်ဘဲ အာဏာ လုနေခဲ့ကြ သည်မှာ လည်း သမိုင်းတွင် ပယ်ဖျောက်၍ မရခဲ့ပါ။ လမ်းပေါ်ထွက် ဆူပူရန်၊ အလုံးစုံဆန့်ကျင်ရေး ပြုလုပ်ရန်၊ လက် နက်ဖြင့် တော်လှန် ဆန့်ကျင်ရန် စသည့် မူဝါဒများဖြင့် တပ်မတော်မှ အာဏာယူထားစဉ် ကာလ အတွင်း ပူးပေါင်းဆောင် ရွက်မည် ဆိုသည့် စကားတစ်ခွန်းမထွက်ခဲ့သူများမှ ယနေ့ ပူးပေါင်းဆောင် ရွက်သည့် အချိန် ကာ လတွင်တော့ ရနိုင် သည့် အာဏာများအတွက် မြန်မာနိုင်ငံ နယ်နိမိတ် ကို ငဲ့ကွက်စဉ်းစားခြင်း မရှိကြတော့။

၈၈၊ဗကသ၊အန်အယ်လ်ဒီ စသည့် ကြေငြာချက်ထုတ်မြဲ ဖြစ်သော အဖွဲ့များမှ အစိုးရကို တိုက်တွန်းသည်။ ပြည်သူများကို စာနာသည်။ ထိုကြေငြာချက်မှ လွဲ၍ ကေအိုင်အေအား ငြိမ်းချမ်းရေး စားပွဲဝိုင်း သို့ တက်ရောက် ရေး တွန်းအားပေးသည် ဆိုသည့် စကားတစ်ခွန်း မထွက်။ မြ၀တီ၊ လားရှိုး၊တာချီလိတ်ကဲ့သို့ နယ်စပ်ဒေသများမှ ကုန်ကားများကို Mobile Team ဖွဲ့၍ စစ်ဆေးလုပ်ဆောင်ရာမှ နိုင်ငံတော် ဘဏ္ဍာ မည်မျှ တိုးကြောင်း ပြောဆိုသူများမှလည်း လိုင်ဇာမှ မြစ်ကြီး နား အတွင်း ဆုံးရှုံးမှုများအတွက် အသံတစ်ခု မထွက်ကြ။ စစ်ပွဲ သတင်းကို တပ်မတော်မှ ပြောကြားခြင်း မရှိ ဟုဆိုကာ ကေအိုင်အေ ပြောသမျှ သတင်းလုပ်ရေးသည့် မီဒီယာများမှလည်း လတ်တလော အခြေအနေအရ ကေအိုင်အေကို တစ်စုံတစ်ရာ တိုက်တွန်း သည့် သတင်း၊ ဆောင်းပါး ဖော်ပြခြင်း မပြုကြ။

ကေအိုင်အေဘက်မှလည်း အပစ်ရပ်ဖို့လိုသည် ဆိုသည့် သတင်းဆောင်းပါး များ စာမျက်နှာ တွင် တင်ဖို့ တွန့်ဆုတ်နေကြသည်။ ထိုအခြေအနေမှာ မီဒီယာ အခွင့် အရေးတစ်ခုအတွက် မီဒီယာ သမားများ ညှိနှိုင်းပြီး အစိုးရမှ အားကိုးပါသည်ဟု တောင်းပန်ပြောဆို ချိန်အား စောင့်နေ သလားဟုပင် ထင်ရပေသည်။ အစိုးရနှင့် တပ်မတော်ကို ပြစ်တင်ဝေဖန်၍ ဒုက္ခသည် များ ဗန်းပြထား ချိန်တွင် ကေအိုင်အေကို တာဝန်ခံမည့် မည်သည့်ပုဂ္ဂိုလ် တစ်ဦးမှ မရှိ။ ကြားဝင်ဆွေးနွေး သူ များမှလည်း တာဝန်ခံနိုင်သည့် အရည်အချင်း မရှိကြ။

စစ်ပွဲချိန် ကြာမြင့်သည်နှင့် အမျှ ဆုံးရှုံးမှု ပိုမို များပြားလာမည် ဖြစ်သည်။ ယေဘူယျ သဘော အရ ကေအိုင် အေ တို့ အနေဖြင့် အပစ်ရပ်ပြီးနောက်တွင် အင်အားဖြည့် တင်းရန် အတွက် လူသစ် စုရအုံးမည် ဖြစ် သည်။ ကုန်ဆုံး သွားသည့် လက်နက်များ နေရာတွင် အစားထိုး ရန်နှင့် နောက်တစ်ကြိမ် အတွက် ကြိုတင် ကာကွယ် ရန် ငွေကြေးများ သုံးစွဲရ မည် ဖြစ်သည်။ ကေအိုင်အေမှ ထိုငွေကြေးများကို မည်သည့် နေရာမှ ရမည်နည်း။ နိုင်ငံ တကာမှ ထောက်ပံ့ မည်လား၊ နိုင်ငံတော်မှ ထောက်ပံ့မည်လား၊ သူ့ဘာသာရှာဖွေစေ မည်လား။ အရှည် သဖြင့် ကို မြင်တတ်ခြင်းဖြင့် ပြည်ထောင်စု မပြိုကွဲရေးကို ကာကွယ်နိုင် မည်သာ ဖြစ်သည်။

အစိုးရနှင့် တပ်မတော်မှ အပစ်ရပ်မည်ဟု တရားဝင် ကြေငြာပြီး ဖြစ်သည်။ ထိုအချိန်တွင် ကေအိုင်အေ မှ လည်း အပစ်ရပ်ပြီး ဆွေးနွေးပါဆိုသည့်စကားကို မည်သူက စ၍ ပြောမည် နည်း။ မည်သည့် အချိန်တွင်မှ စ ၍ ပြောမည်နည်း။ အံ့သြသင့်ဖွယ် တစ်ဖက်မြင်ဝေ ဖန်သုံး သပ်ချက် များမှ တိုင်းပြည်နှင့် ငြိမ်းချမ်းရေး အတွက် မည်သို့ အကျိုး ဖြစ်စေနိုင်မည်နည်း။ မီဒီယာနှင့် နှုတ် စောင့်စည်းမှု လွတ်လပ်သည်မို့ ကေ အိုင်ေ အနှ င့် စစ်ပွဲကို ကချင်စစ်ပွဲဟု ခေါင်းစဉ် တပ်သည်။ လိုင်ဇာတစ်ကွက်ကို ကချင်ပြည်နယ်ဟု ခေါင်းစဉ် တပ် သည်။

လက်မခံ နိုင်သည့် တောင်းဆိုမှုများ ထွက်လာမည့် ဆွေးနွေးပွဲများအတွက် မည်သူတွင်မှ အဖြေ မရှိကြပါ။ တိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာမဲ့ကြသည့် ပြည်သူများမှ ကေအိုင်အေ အပစ် ရပ်ကြည့် ပါဟု မည်သည့်အချိန်တွင် မည်သူတွေ တိုက်တွန်းကြမည်နည်း…

(Oppositeye)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်