Wednesday, January 30, 2013

သြစတြေးလျတွင် ရေကြီးမှုများ ဆိုးရွားစွာဖြစ်ပေါ်

သြစတြေးလျနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက် ရန်အတွက် စစ်တပ်ကို အကူအညီ တောင်းခံထားရကြောင်း သိရသည်။ 
သြစတြေးလျနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်တပ်ကို အကူအညီ တောင်းခံထားရကြောင်း သိရသည်။ သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်ရှိ Sunshine နှင့် Gold ကမ်းခြေဒေသများတွင် ယခုရက်ပိုင်းအတွင်းက Oswald မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။ အဆိုပါ ကမ်းခြေများတွင် တက်ရောက်လာသော ရေလှိုင်းနှင့် မုန်တိုင်း၏ လေပြင်းတိုက်ခိုက်မှုတို့ ထိတွေ့ကာ ကမ်းခြေတစ်လျှောက် ရေမြှုပ်များမှာ ၄ ပေခန့် အမြင်အထိ ဖြစ်ပေါ်ခဲ့သည်။
သြစတြေးလျရေကြီးမှုအတွင်း သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူ ၄ ဦးသေဆုံးကြောင်း သိရသည်။ ကွင်းစ်လန်းတွင် တာဝန်ရှိသူများက ရေကြီးမှုအန္တရာယ် သတိပေးချက်များ ထုတ်ပြန်ထားပြီး ဒေသခံ ထောင်ပေါင်းများစွာမှာ နေအိမ်များမှ စွန့်ခွာခဲ့ရပြီး ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ကြရသည်။

























Planet: News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်