Wednesday, February 20, 2013

စက်ဘီးဖြင့် ပုဂံလည်သည့် နိုင်ငံခြားခရီးသွားများ၏ ငွေနှင့် ပစ္စည်း နှိုက်ယူခံရမှု ဖြစ်ပွား

Posted by drmyochit Wednesday, February 20, 2013, under | No comments


ပုဂံ၊ ဖေဖော်ဝါရီ ၂ဝ
 
ပုဂံညောင်ဦး ဒေသတွင် စက် ဘီးဖြင့် လည်ပတ် သည့် နိုင်ငံခြား သားများ၏ စက်ဘီးရှေ့ခြင်း အ တွင်း ထည့်ထားသော ပစ္စည်းများနှင့် ငွေများကို ဆိုင်ကယ် သမားတချို့က နှိုက်ယူထွက်ပြေးမှု ဖြစ်ပွား ခဲ့ကြောင်း နိင်ငံခြားသား များအား စက်ဘီး ငှား သူတစ်ဦးက ပြောသည်။
 
တရုတ်အမျိုးသမီး နှစ်ယောက် ညဘက်ကြီး စကားများ တယ်မှတ်လို့ ကြည့်နေတာ၊ ပြီးမှမ ဟုတ် ဘူး။ တစ်ယောက်က ငိုနေပြီး ရဲစခန်းကို ဘယ်လိုသွား ရမလဲ မေးတယ်။ သူ့ ရှေ့ခြင်း ထဲက အိတ် ဆိုင်ကယ်သမား တစ်ဦး နှိုက်ယူပြေးလို့တဲ့။ ကင်မရာ အကြီးတစ်လုံးရယ်၊ ဒေါ်လာရော၊ မြန်မာငွေရော အတော်များများ ပါသွားတယ်'' ဟု ထိုအမျိုးသမီးအား ကူညီပေးခဲ့သူ တစ်ဦးက ပြော သည်။
 
အခင်းဖြစ်ပွားခဲ့မှုများမှာ ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့ည ခုနစ်နာ ရီခန့်တွင် ညနေ နေဝင်ချိန်အလှ ကြည့်ရှုပြီး စက်ဘီးဖြင့်ပြန်လာသော တရုတ်အမျိုးသမီးနှစ်ဦးအနက် တစ် ဦး၏ စက်ဘီးရှေ့ခြင်းအတွင်းမှ အိတ်အား အလိုတော်ပြည့်ဘုရား အလွန်ညောင်ဦးဘက်သို့ ပြန်အလာ တွင် ဆိုင်ကယ်သမားမှ နှိုက်ယူထွက် ပြေးသွားခဲ့ကြောင်း၊ သူမ၏ အိတ် အတွင်းမှ ကင်နွန်ကင်မရာ အကြီး တစ်လုံး၊ အမေရိကန် ဒေါ်လာ သုံး ရာ၊ မြန်မာငွေနှစ်သိန်းကျော်နှင့် ပတ်စ်ပို့၊ ဘဏ်ကတ်စသည်များပါ ဆုံးသွားကြောင်း သိရသည်။
 
အလားတူ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဝက် ကြီးအင်းရပ်ကွက် အနီးတွင် ဗြိတိန် အမျိုးသမီးတစ်ဦး သူမ၏ စက်ဘီး ရှေ့ခြင်းအတွင်းမှ အိတ်အား ဆိုင် ကယ်သမားမှ နှိုက်ယူထွက်ပြေးခဲ့ရာ အမေရိကန်ဒေါ်လာ ခုနစ်ရာကျော်၊ ဟောင်ကောင်ဒေါ်လာ နှစ်ရာနှင့် ကင်မရာတစ်လုံးဖြစ်ကြောင်း ရဲစခန်းသို့ သွားရောက် အကြောင်း ကြားခဲ့ကြောင်း သိရသည်။
 
ထိုဖြစ်စဉ်များ မတိုင်မီ ဝက်ကြီးအင်းရပ် အတွင်း ဂျာမန်အမျိုးသမီး တစ်ဦး ကလည်း သူမစက်ဘီး ရှေ့ခြင်း အတွင်းမှ အိတ်ကို ဆိုင်ကယ်သမား မှ နှိုက်ယူသွားမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
 
ပုဂံသစ္စာ
Popular Myanmar News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်