Tuesday, March 26, 2013

မမှန်မကန် တရားစီရင်ခဲ့သည်ဟု ယူဆရသော အမှုတစ်ခုကို လွှတ်တော်က စုံစမ်းဖော်ထုတ်မည်

Posted by drmyochit Tuesday, March 26, 2013, under | 3 comments


ဧရာ ၀တီ တိုင်းဒေ သကြီး ဟင်္သာ တခရိုင် လေး မျက်နှာ မြို့နယ်မှ ငွေချေး ယူမှုနှင့် ပတ် သက်ပြီး ခရိုင် တရား ရုံး၏ အဆုံး အဖြတ် အား မျှတမှု မရှိဟု ယူဆ ရ၍ အမျိုးသား လွှတ်တော်က ကွင်း ဆင်း စစ် ဆေး မှုများ ပြု လုပ် ကာ စုံစမ်း ဖော် ထုတ် သွား မည် ဖြစ် ကြောင်း သတင်း ရ ရှိ သည်။

မိတ်ဆွေ တစ်ဦး ၏ ငွေကျပ် ခြောက်သိန်း ချေးယူ မှုတွင် နှုတ်ဖြင့် အာမခံပေး ခဲ့သည့် ကွယ် လွန် သွားသော ခင်ပွန်း သည်က ပါဝင် ပတ်သက် နေ သဖြင့် ဇနီး ဖြစ်သူ မစန်းအား ကျပ် ၅၃၀,၀၀၀ ပေး လျော်ရန် တရား ရုံးက အမိန့် ချမှတ် ခဲ့ကြောင်း၊ အမှန် ချေးယူ သူက ကျန်ငွေ ကျပ် ၅၃၀,၀၀၀ ကို ပေး ဆပ်ခြင်း မရှိ၊ တရားရုံး သို့ မလာ ရောက် ဟူသော အကြောင်း ပြချက် ဖြင့် မစန်း၏ အိမ်၊ ခြံ၊ မြေကို ကျပ် ခြောက် သိန်းဖြင့် တန်ဖိုး ဖြတ်ကာ ငွေထုတ် ချေး သူအား သိမ်း ယူရန် တရား ရုံးက ထပ်မံ ဆုံးဖြတ် ခဲ့ကြောင်း ပြည်သူ တို့၏ တိုင်ကြား စာနှင့် အ သ နား ခံစာ ကော် မတီ ၏ အစီ ရင် ခံစာ တွင် ဖော်ပြ ပါ ရှိ သည်။
မူလက ကျပ် ခြောက် သိန်း ချေး ယူ ပြီး တစ် နှစ် ခန့် အကြာ (အတိုး/ အရင်း) ကျပ် ၁၂ သိန်းဟု သတ်မှတ် သော အဆိုပါ အမှု တွင် အမှန် ချေး ယူ သူက ၎င်း ပေးဆပ် ရမည့် ကျပ် ၅၃၀,၀၀၀ ကို လုံးဝ မပေး ဆပ်ရဘဲ မစန်း (အာမခံ ပေးသူ ခင် ပွန်း သည် ၏ ဇနီး) ပိုင် အိမ်၊ ခြံ၊ မြေ၊ လှည်း၊ သစ်ခွဲ သားနှင့် အိမ်ရှိ ပစ္စည်း အားလုံး (တန်ဖိုး ကျပ်သိန်း ၆၀ ခန့်)အား ငွေချေး သူက အပြီး အပိုင် သိမ်းယူ သွား ခဲ့ခြင်း၊ ငွေ ချေး ယူ သူ သည် တရား ရုံးသို့ သုံးကြိမ် လာရောက် ပါလျက် လုံးဝ လာရောက်ခြင်း မရှိဟု အဆုံး အဖြတ် ပြု ခဲ့ခြင်း၊ တရား လွှတ်တော် ချုပ် ကလည်း အောက်ခြေ ဖြစ် ရပ် မှန်များ အပေါ် လျစ်လျူ ရှု ခဲ့ခြင်း စသည့် အခြေ အ နေ များကြောင့် ယင်း အမှု ကို ပြန်လည် စစ် ဆေး ရန် ဖြစ် လာ ကြောင်း အ စီ ရင် ခံ စာ က ဆို သည်။

အ ထက် ပါ တရား စီရင် မှုအား ပြည်ထောင်စု တရား လွှတ်တော် ချုပ်က ဖြစ် ရပ် မှန် ဖော် ထုတ် ၍ ခုံ ရုံး ဖွဲ့ပြီး မဖြစ် မနေ ပြန်လည် စစ်ဆေး ရန်နှင့် လွှတ်တော် ကလည်း စုံစမ်း ရေး ကော် မရှင် တစ်ရပ် ဖွဲ့ စည်း ကာ ဖော် ထုတ် ရန် အ တွက် အမျိုး သား လွှတ် တော် ကိုယ် စား လှယ် ဦးနုက ဆွေး နွေး တင် ပြ ခဲ့ ခြင်း ဖြစ် သည်။

ယင်း အမှုနှင့် ပတ် သက် ၍ အမျိုး သား လွှတ်တော် ဥက္ကဋ္ဌ ဦး ခင် အောင် မြင့်က “ကော် မတီ အ နေဖြင့် ဖြစ် ရပ်မှန် ဖော်ထုတ် ရေး အတွက် ကွင်း ဆင်း ဆောင် ရွက် ရန် ဆုံး ဖြတ် ခဲ့ ခြင်း ဖြစ် သည်။

ထို့ အပြင် အဆို ပါ အ မှုကို ပြန် လည် စစ် ဆေး သင့် ကြောင်း ကော်မ တီက ၂၀၁၁ ခုနှစ် ဒီဇင် ဘာ ၂၀ တွင် ပြည် ထောင် စု အစိုး ရ အ ဖွဲ့ သို့ တိုက် တွန်း ခဲ့ ကြောင်း၊ ၂၀၁၂ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ကြယ်ပွင့်ပြ မေး ခွန်း ဖြင့် မေး မြန်း ခဲ့ သော် လည်း တရား လွှတ် တော် ချုပ် တ ရား သူကြီး ဦး မြ သိမ်းက ခရိုင် တရား ရုံးချုပ် ၏ အဆုံး အဖြတ် မှန်ကန် ကြောင်း သာ ဖြေ ဆို သွား ခဲ့ ကြောင်း လည်း အ စီ ရင် ခံစာ အရ သိရ သည်။

အ ထက် ပါ ဖြစ် ရပ် များ ကြောင့် မ ဏ္ဍိုင် ကြီး သုံး ခု အ နက် တရား ရေး မဏ္ဍိုင် သည် လူပြော သူပြော အများ ဆုံး ဖြစ် ကြောင်း လည်း ကိုယ် စား လှယ် များ နှင့် ပြည် သူ များ က မှတ် ချက် ပြု ထား ခြင်း ဖြစ် သည်။

7Day News Journal

3 comments:

လာပြန်ပြီတမျိုး မ၇ိုးနိုင်ပါလား အချစ်၇ယ်။

Be scrutinize carefully with your thinking. Judge should consider in accord with the presentation of two sides by their lawyers. Do you think, the clients and their lawyers present the real matters and facts, 100% truth. Before court, they appear to lie after oath for their evil success. So judgement is a solution for the justice as much as possible regarding the records of cases including witness' oral evidence and documentary evidence, and also exiting laws. Talking about others sitting at beside is the easiest way in the world. Be a wiser. You all should find who is real victim, and what's weak of the provisions, and whose responsibility. Don't interrupt the judiciary system and don't do to be popular. If you do, you destroy not only the importance of the judicial role but also the rule of law.

Mentions by one side are used by pleaders and legal officers for their job. Judges don't use matters stated by one person. They hear both sides and consider what is right or what is wrong in conformity with provisions. Judges stand at the middle for justice. Complainants or accused or defendants, all are public so that don't distinguish the status of clients. Don't think, the person who sent the letter to you will be a real vicitm. Learn "Kar Lar Ma Toat" teaching by Buddha, and practice the true way.

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်