Friday, March 08, 2013

ငြိမ်းချမ်းရေး လမ်းလျှောက် သူများ ရရှိသည့်ငွေ များကို ဒုက္ခသည် စခန်းတွင် လှူဒါန်း

Posted by drmyochit Friday, March 08, 2013, under | No comments


ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေး လမ်းလျှောက် သူတွေ ဟာ မြစ်ကြီး နားကို ၁၂ ရက်နေ့လောက် ရောက် ရှိမှာ ဖြစ်ပြီး လမ်းမှာရရှိတဲ့ အလှူငွေတွေကို မြစ်ကြီးနားနဲ့ ၀ိုင်းမော် ဒုက္ခသည် စခန်းတွေ ဆီကို သွားရောက် လှူဒါန်း မယ်လို့ လမ်းလျှောက် ရာမှာ ပါဝင်တဲ့ ကိုဇင်ကို ကိုက ပြောပါတယ်။


“၁၂ ရက်နေ့ မြစ်ကြီးနားရောက်မယ်။ မြစ်ကြီးနားမှာ ၃-၄ ရက်လောက် နားမယ်။ မြစ်ကြီးနားနဲ့ ၀ိုင်းမော် မှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူများ ဒုက်ခသည်စခန်းတွေကို လိုက်ကြည့်ပြီး အလှူငွေလိုက်ပေးမယ်။ ပြီးတာ နဲ့ လိုင်ဇာ ဘက်ကို ဆက် ထွက်မယ်။ ၂၀ ရက်နေ့လောက်ဆို လိုင်ဇာရောက်ပြီ။”

ဒီအဖွဲ့ဟာ အလှူငွေ သိန်း ၂၂၀ ရရှိခဲ့ပြီး ရန်ကုန်ကေနထွက်လာခဲ့အချိန်မှာ မြေမှုပ်မိုင်းထိတဲ့သူကို ၂ သိန်း၊ မိုးညှင်း ဒုက္ခသည် စခန်းမှာ ၁၀ သိန်း၊ မိုးကောင်းက ဒုက္ခသည်စခန်း ၃ ခုမှာလည်း ၁၀ သိန်းကျော် လှူဒါန်းခဲ့ တယ်လို့ လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“ကျနော်တို့ လက်ထဲမှာ သိန်း ၂၀၀ ကျော်ကျော်လောက် ရှိသေးတယ်။ ဒါတွေကို ဖြန့်ပြီးလှူမယ်။ တကယ်ကို လိုအပ်နေတဲ့ ဒုက္ခသည် စခန်းတွေကို ကျနော်တို့ အီးစီအဖွဲ့နဲ့ တိုင်ပင်ပြီးတော့ အားလုံးလှူ ရင်လည်း လှူမယ်။ အီးစီအဖွဲ့တွေနဲ့ ယာယီ သဘောတူ ထားချက်ကတော့ ၀ိုင်းမော်နဲ့ လိုင်ဇာကို အဓိက ထား လှူမယ်။”

ရန်ကုန်က စတင်ထွက် ခွာစဉ် အာဏာပိုင်တွေက တားမြစ်ခဲ့ပေမယ့် လမ်းမှာတော့ မတားဆီးဘဲ ကူညီစောင့်ရှောက် ခဲ့တယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက် သူတွေ လိုင်ဇာ ကို ချီတက်တာ ၄၆ ရက် ရှိပြီဖြစ်ပြီး အခု အချိန်မှာ နမ္မတီးကို ရောက်ရှိ လာကာ လူအင်အား ၁၃၀ နီးပါး ရှိသွားပြီလို့ ပြောပါတယ်။

ဒီအ ထဲက လမ်းလျှောက်သူ ၆ ဦးဟာ ကျန်းမာရေး အေခြအေနေကြာင့် မြစ်ကြီးနား ဆေးရုံမှာ ဆေးကုသ ခံနေရ ပါတယ်။

မတ်လ ၂၀ ရက်နေ့မှာ လိုင်ဇာကို ရောက်ရှိဖို့ မျှော်လင့်နြေပီး လိုင်ဇာက ဒုက်ခသည် စခန်းတွေကိုလည်း သွားရောက် မယ်လို့ သိရပါတယ်။

DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်