မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုတွေကို အကူညီတွေတိုက်ရိုက်ပေးနိုင်ဖို့အတွက် အသင့် အနေ ထားမှာ ရှိနေပြီးလို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe က မနေ့ကပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် Shinzo Abe (Credit: Reuters)
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရောက်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ ပြောပြချက် အရ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား တွေကို တိုက်ရိုက် အကူအညီ ပေးနိုင်မယ့် မူဘောင် တခုကို စတင်ပြုလုပ် မယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ နေရာသုံးခုဖြစ်တဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ အရေ အချင်းမြင့် တင်ရေး နဲ့ အခြေခံအဆောက်အဦး ဆောက်လုပ်ရေးတွေမှာ ပူးပေါင်း လုပ်ဆောင် မှုတွေ လုပ်နေပြီး ဆက် လက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားမယ်လို့ ဂျပန်နိုင်ငံက ဝန်ကြီးချုပ် Shinzo Abe က ညီညွတ်သောတိုင်းရင်းဖဒရယ်ကောင်စီ - UNFC ဥက္ကဌ ဦးအင်ဘန်လကို ပြောသွား တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကတိုင်းရင်းသား လူနည်းစုတွေအနေနဲ့ နိုင်ငံရေးပြဿနာမှာ အတည်တကျဖြစ်ပြီး မြန် မာနိုင်ငံမှာ ပြည်ထောင်စုစနစ် အုပ်ရေးဖြစ်အောင် မျော်လင့်ကြောင်းနဲ့ အဲဒီအတွက် ဂျပန်နိုင်ငံ အနေနဲ့စေ့ စပ်ဆွေး မှုတွေပိုမို ပူးပေါင်းလုပ်ဆောင်ပေးဖို့ UNFC ဥက္ကဌက အစည်းအဝေးအပြီးပြုလုပ်ခဲ့တဲ့ သတင်း စာရှင်း ပွဲမှာ တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင်မှာ UNFC ဥက္ကဌနဲ့ ကိုယ်စားလှယ်တွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က မြန်မာနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ဂျပန်နိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံက အမျိုးသား စည်းလုံး ညီညွတ်ရေး ဖြစ်မြောက် အောင် ပိုမိုကြိုးစား ကူညီပေးမယ်လို့လည်း သိရပါတယ်။
From: ABC Radio Australia
.jpg)
0 comments:
Post a Comment