၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီး သွားတဲ့ မှုခင်း တစ်ခုဖြစ် ပါတယ်။ ဝမ်းနည်း ဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ် ပါတယ်။တရားရုံး တစ်ရုံးက အမိန့် တစ်ခု ချစရာ ရှိနေပါ တယ်။ အမှုက ဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက် ကို လက်ထပ် ခဲ့တဲ့ အသက် ၂၉ နှစ် အရွယ် Soupolos ဟာ သား သမီး လိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေ လို့ ကလေး မရနိုင်ဘူး ဖြစ်နေ ပါတယ်။ ဒါကြောင့် ကိုယ်တိုင် ကလည်း ကလေး လိုချင်၊ ဇနီးဖြစ် သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင် ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။
ယင်း အလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေးရပါတယ်။
သား သမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလို လုပ်တာကို မကြိုက်ပေမယ့် “ငါဒီ အလုပ်တွေ မလုပ်ချင်ပါဘူး မိန်းမရာ ပိုက်ဆံကြောင့်ပါ” လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့...စာချုပ် သက်တမ်း ၆ လ အတွင်း တပတ် သုံးကြိမ်နဲ့ မှန်မှန်ကြိုးစား လာလိုက်တာ ၇၂ ကြိမ်နဲ့ ၆ လသာ ပြည့်သွားတယ်။ ကံဆိုးစွာပဲ အလှမယ်လေး ကိုယ်ဝန် မရခဲ့ပါ။
ဒါနဲ့ ကလေးဖအေ Frank Maus ကို စစ်ဆေးကြည့်လိုက်တော့ သူလည်း အမြုံဖြစ်နေပါတယ်။ အလှမယ် ယောက်ျား က စိတ်ဆိုးပြီး တရားစွဲ ခဲ့ပါတယ်။ Frank Maus ကလည်း သူ "စွမ်းသလောက် ကြိုးစားမယ်လို့ ပဲပြောခဲ့တာ... ကလေးရစေ့ရမယ်လို့ အာမ မခံခဲ့ဘူး" ဆိုပြီး အေးအေးဆေးဆေး တရား ရင်ဆိုင်ခဲ့ ပါတယ်။
ဒီနေရာမှာ အားလုံးက အံ့အားသင့်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအံ့သြဘဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ Frank Maus ရဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။
သားသမီး နှစ်ယောက်ထွန်းကားနေတဲ့ Frank Maus က အမြုံဆိုတော့ ကလေးအဖေက ဘယ်သူပါလဲ။
Ref:islandmix.com
0 comments:
Post a Comment