Monday, May 27, 2013

သမ္မတအား ၀ါရှင်တန်တွင် ဆန္ဒပြသူများ ပြဿနာတက်

Posted by drmyochit Monday, May 27, 2013, under | No comments



၈၈ ဇော်ဝင်း (RFA သတင်းထောက် ဒေါ်စုမွန်၏ ယောင်္ကျား၊ မိန်းမထဘီနားခိုစားနေရသူ) နှင့် ၀ါကာအူဒင် (ပြည်ပရောက် ရိုဟင်ဂျာခေါင်းဆောင်ကြီးဟု VOA တွေ့ဆုံပွဲတွင် ကိုယ့်ကိုယ်ကို အမွှန်းတင်ခဲ့သူ) နှစ်ဦး ကြို တင်ကြံ စည်ခဲ့သော ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဆန္ဒပြမှုများ မအောင်မြင်ခြင်းကြောင့် ငွေကြေး စိုက်ထုတ် ကျခံသည့် အဖွဲ့အစည်းများနှင့် အချေအတင် အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရ ပါသည်။

ငွေကြေးစိုက်ထုတ်ပေးသော အဖွဲ့အစည်းများ (၃ ခုသာ ရှိသည်)က ဆန္ဒပြရာတွင် လူအင်အား နည်း ပါးခြင်း၊ ထိုသို့နည်းပါးခြင်းကြောင့် ထိထိရောက်ရောက် မရှိခြင်းတို့ ဖြစ်ပေါ်စေကြောင်း၊ အမေရိကန် အစိုးရ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့်လည်း စနစ်တကျ ကြိုတင်ချိတ်ဆက်မှု အားနည်းခဲ့ကြောင်း၊ ထို့ကြောင့် ငွေကြေးစိုက်ထုတ်ကျခံရကျိုး မနပ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည် ဟု သိရှိရပါသည်။

၈၈ ဇော်ဝင်းနှင့် ၀ါကာအူဒင်တို့ကလည်း အမေရိကန်အစိုးရကသာ အဓိကဖြစ်ပြီး မူလကတည်းက အများ ဝေဖန်နေသည့်ကြားမှ ဦးသိန်းစိန်ကို ဖိတ်ခေါ်ခဲ့ခြင်းမှာ ယခုကဲ့သို့ ဆန်ရှင်များ ဖယ်ရှားပေးရန် ကြိုတင် စီစဉ် ထားသောကြောင့် ဖြစ်ကြောင်း၊ ဆန္ဒပြပွဲနှင့်ပတ်သက်၍ အမေရိကန် နှင့် မြန်မာ အစိုးရနှစ် ဘက် စ လုံး မှ ကြိုတင်သတင်း ရရှိမှု အားနည်းခဲ့ကြောင်း၊ ဦးသိန်းစိန် သွားလာမည့် ခရီးစဉ်အစီအစဉ်များ မသိရှိ ရသဖြင့် ဆန္ဒပြမှုများ ကြိုတင်စီစဉ်ရန် အချိန် မရရှိခဲ့သောကြောင့် ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ဟု ဒီစီရှိ သတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့ပါသည်။

ထို့ပြင် အိမ်ဖြူတော်ရှေ့၊ ဖြတ်သန်းသွားရာ လမ်းမဘေး စသည်တို့တွင် ဆန္ဒပြခဲ့ရာ၌ ပါဝင်ခဲ့ကြ သူများ အား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၂၀၀)စီ ခွဲဝေပေးရာတွင် ကြားမှဖြတ်၍ ယူထားခြင်း၊ စားစရိတ်ကို ဒေါ်လာ(၂၀၀)မှ ဖြတ်တောက်ခြင်း၊ မိမိဆန္ဒဖြင့် လာရောက်ဆန္ဒပြသူများ ကို ငွေမပေးဘဲ မ သိချင် ယောင်ဆောင်နေခြင်း စသည်တို့ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ မဟုတ်မမှန် လုပ်ဆောင်မှုများကြောင့် ဆန္ဒပြသူအချို့က မကျေမနပ်ဖြစ်ကာ အခကြေးငွေယူ၍ ဆန္ဒပြခြင်း ဖြစ်သည်ကို မီဒီယာများသို့ ထုတ်ဖော်ပြောကြား ရန် ပြုမူလာခြင်းကြောင့် ၈၈ ဇော်ဝင်းက လိုက်လံဖုံးဖိနေကြောင်း သိရှိရပါသည်။

အမေရိကန်ရောက် မြန်မာနိုင်ငံသား အများစုမှာ ဦးသိန်းစိန်၏ ခရီးစဉ်အပေါ် များစွာ ထောက်ခံ ကြိုဆိုလျက် ရှိကြပြီး ဆန္ဒပြသူများ၏ အတွင်းရေးကို ဖွင့်ချရန် စီစဉ်နေသူများပင် ရှိနေကြောင်း သိရှိရပါသည်။

"ဒီလူတွေအကြောင်း ကျနော်တို့ အတော်များများ သိရှိထားပါတယ်။ အချို့ကိစ္စတွေက ပုဂ္ဂိုလ်ရေး တွေ ဖြစ်နေ လို့ အကျယ်တော့ မပြောလိုပါဘူး။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ ။ သူတို့ကို တွေ့ရင် အသေး စိတ် မေးကြည့် ကြပါ။ ဒီလိုအချိန်မှာ ဘာသာရေးတွေ ထည့်မပြောသင့်ပေမယ့် အဓိက ငွေကြေး စိုက်ထုတ် တာက အစ္စလာမ်ဘာသာဝင်တွေကို တောက်လျှောက် လော်ဘီလုပ်ပေးခဲ့တဲ့ အဖွဲ့အစည်းတွေပါပဲ။ ခွပ်ဒေါင်း အလံတွေ သုံးတယ်၊ တိုင်းရင်းသားအလံတွေသုံးတယ်။ ရောကြိတ်တဲ့ သဘောပေါ့ဗျာ" ဟု အမည် မဖော် လိုသူ နယူးယောက်နေ မြန်မာလူမျိုးတစ်ဦးက ပြောပါသည်။

ဆန်ဖရန်စစ္စကိုနေ မြန်မာလူမျိုးတစ်ဦးကလည်း "အခု သမ္မတကြီးကို အမေရိကန်က ထောက်ခံကြောင်း ပြ လိုက်ပြီ။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမယ်လို့ အထက်လွှတ်တော်က ပြောလိုက်ပြီဗျ။ ဆန္ဒပြ တဲ့သူတွေ ကတော့ မပြော ချင်တော့ပါဘူး။ ဆွမ်းဆန်ထဲမှာ ကြွက်ချေးလည်း ရှိတတ်တာပါပဲ။ သူတို့ကြောင့် အမေရိ ကားရောက် မြန် မာတွေ ကို သိမ်းကျုံးမပြောစေချင်ဘူး။ ဒီလူတွေက ဆန္ဒပြတာတောင် ဒေါ်လာစားရမှ ဆန္ဒပြကြ တာဗျ" ဟု ထုတ်ဖော်ပြောကြားခဲ့ပါသည်။

မည်သို့ပင် ဆိုစေ ဦးသိန်းစိန်၏ ခရီးစဉ်မှာ အောင်မြင်လှသော ခရီးစဉ်ဖြစ်ပြီး ပိတ်ဆို့မှုများ မကြာခင် ဖယ်ရှားပေး မည် ဖြစ်ပြီး နောက်ပိုင်းတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ဖြစ်ပေါ် လာဖွယ်ရာ ရှိကြောင်း သိရှိရပါသည်။

(Source-PLT News)
From : ..ပလေတို ဒီမို
Credit: Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်