Sunday, May 12, 2013

ဒေါ်အောင်ဆန်းစုကြည် ပညာဒါန ကျောင်းအစည်းအဝေး တက်ရောက်၍ ဆရာများမှ အသက် မပြည့်ကျောင်း သူများအား ထပ်မံ မုဒိန်း ကျင့်ခြင်း မပြု လုပ်ရန် မှာကြား

Posted by drmyochit Sunday, May 12, 2013, under | No comments



NLD ပညာရေး ကွန်ယက်တွင် ပြုလုပ်သည့် ပညာဒါန ဆရာ၊ ဆရာမ များ ဂုဏ်ပြုပွဲအား တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်  တက်ရောက်၍ ဆရာများမှ အသက် မပြည့်ကျောင်း သူများ အား ထပ်မံ မုဒိန်း ကျင့်ခြင်း မပြုလုပ်ရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်း မြို့နယ် (၇) ရပ်ကွက်၊ အနော်ရထာ လမ်းရှိ NLD ပညာဒါန ကျူရှင် ကျောင်း မှ ကျောင်း တာဝန်ခံ ဆရာ ခင်မောင်ထူး (ခ) သားကြီးက ယင်းကျောင်း တွင် တက်ရောက် နေသူ အသက် ၁၅နှစ် အရွယ်ရှိ မ ------ ကို ဇန်နဝါရီ ၃ရက်နေ့ မွန်းလွဲ ၁၂နာရီကျော် ခန့်က အလိုမတူ အဓမ္မ ပြုကျင့် မှု ဖြစ်ပွား ခဲ့ပြီး တစ်လ အကြာတွင် ယင်းအမှုမှာ လုံးဝ ငြိမ်သက် ၍ သတင်း အစ အန ပျောက် သွားခဲ့သည်။

NLD ပါတီရုံး ပညာဒါန ကျူရှင်ကျောင်း တွင် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပ ပြီးချိန်တွင် ခင်မောင်ထူး(ခ) သားကြီး က ကိုကာကိုလာ အချိုရည် သံဗူးထဲတွင် မူးမေ့ စေတတ်သော ဆေး ထည့်တိုက်၍ မူးမေ့ နေစဉ် အလို မတူပဲ အဓမ္မပြုကျင့် ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ကာယကံရှင်က မကျေနပ်၍ ပန်းဘဲတန်း မြို့နယ် ရဲစခန်း တွင် အမှုဖွင့် တိုင်ကြား ခဲ့ပြီး မကြာခင်တွင် NLD ပါတီဝင်များ၏ ဖိအားပေး မှုကြောင်း အမှုကို ပြန်ရုတ်သိမ်းသွားခဲ့သည်။ စစ်သားမှ မဒိန်းကျင့်သည် ဟူသော သတင်းများအား ဂျာနယ်ပေါင်း စုံတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလေ့ ရှိကြ သော် လည်း တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ တည်ထောင် ထားသည့် ကွန်ယက်တွင် အသက်မပြည့်သေး သူအား မုဒိန်းကျင့်သည့် သတင်းအား မြန်မာ မီဒီယာ သမားတို့ ယနေ့ အထိ နှာဆေး လျှက်ရှိသည်။

From: Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်