Thursday, June 27, 2013

ကျွဲ/နွားနှင့် ရွာသူရွာသားများ ရောက်ရှိလာပါက လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ ပစ်သတ်မည်ဟု ခြိမ်းခြောက်

Posted by drmyochit Thursday, June 27, 2013, under | No comments


နမ့်ဆီကျိန်ရွာတွင် အဓမ္မ ၀င်ရောက် နေထိုင်သည့် အက်စ်အက်စ်အေ (၀မ်ဟိုင်း) အဖွဲ့ဝင်များသည် ပတ်ဝန်း ကျင် ကျေးရွာများအား နိမ့်ဆီကျိန်ရွာ အနီးတ၀ိုက်တွင် တောင်ယာ ပြုလုပ်ခြင်း၊ ကျွဲ/နွားများ မလာစေ ရန်နှင့် အခြား ရွာသားများအား တွေ့ရှိပါက သတ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုလျက် ရှိပြီး နမ့်ဆီ ကျိန်ရွာ အနီးတ၀ိုက်ရှိ တောင်ယာများတွင် တောင်ယာ လုပ်ကိုင်ခွင့် မရသဖြင့် ရွာသားများမှာ အခက် အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း ရွာသားများမှ သတင်း ပေးပို့ လာပါသည်။

အက်စ်အက်စ်အေ (၀မ်ဟိုင်) အဖွဲ့ဝင်များမှ နမ့်ဆီကျိန် ဒေသခံ ရွာသူ/ရွာသား များအား ခြိမ်းခြောက် ပြောဆို ခဲ့မှုများနှင့် ပတ်သက်ပြီး သတိပေး တားမြစ်ပေးပါရန် ရွာသူရွာသားများမှ အားကိုတကြီး အကူ အညီ တောင်းခံလာပါသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတကြီးထံ ဆက်သွယ် တိုင်ကြား သွားမည် ဖြစ်ကြောင်း ကျေးရွာအတွင်း နေထိုင်သူများ ဆီမှ သတင်း ရရှိပါသည်။

ကျော်စိုး
Daily Mail

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်